မလွတ်မြောက်ခြင်း မှတ်တမ်း (ဇူလိုင် ၂၄,၂၀၂၃)

ဒီနေ့ ကျွန်တော့် ကောင်မလေး မွေးနေ့ ။ အသက်ကြီးလာတဲ့ အကြောင်း ၊ မကြာခင် အိမ်ထောင်ပြုသင့်တဲ့အကြောင်း ၊ တည်ဆောက်ရမယ့် အနာဂါတ်တစ်ခုအကြောင်း တွေ တွေးဖြစ်နေတယ်။ စာမေးပွဲလဲ ဖြေရဦးမယ်။ စာက အခုထိ သေချာ မလုပ်ဖြစ်သေး။ အဓိက က စိတ် ကို control လုပ်ဖို့ လိုနေတာ။ တစ်ခုခုဆိုရင် စိတ်အလိုလိုက်တာတွေ အရမ်းများလွန်းနေတယ်။ (အလွန်အမင်းကို များတာလို့ ပြောလို့ ရပါတယ်။) စာမလုပ်ချင်တဲ့သူကိုမှ စင်္ကာပူ NUS drop-out တစ်ယောက်အကြောင်း podcast နားထောင်မိတယ်။ Amazon လိုမျိုး ကုမ္မဏီကနေ Bus Captain အဖြစ်ကို ပြောင်းတာတဲ့။ ကျောင်းစာက အရမ်း အရေးမကြီးဘူး ဆိုတဲ့ အဓိပ္ပါယ်လား။ ဒါပေမယ့် ရေခံမြေခံ တွေတော့ ကွာဦးမယ် ထင်တယ်။ မြန်မာပြည် ကျောင်းကနေ dropout လုပ်ပီး အောင်မြင်သွားတဲ့ Developer က ရှားတာကိုး။ စင်္ကာပူ နဲ့ ပြောင်းပြန် – dropout လုပ်ပြီး bus driver ဖြစ်တဲ့သူ အရေအတွက်က ပိုများလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် စိတ်တော့ သက်သာသွားတယ်။ အရင်တုန်းက ကျောင်းစာ မလိုက်နိုင်တာနဲ့ ကိုယ့်ကိုယ်ကို အသုံးမကျဘူးလို့ တွေးနေတဲ့ အတွေး ကို ဖျောက်စရာ အကြောင်းတစ်ခု ရတာပေါ့ ။ ဒါပေမယ့်လဲ ကိုယ့်ပြဿနာ က ပျင်းရိမှု ၊ စိတ်အလိုလိုက်မှု ဖြစ်နေတာ မေ့လို့ မရဘူး။ လူက ပုံစံအမျိုးမျိုး ဖြစ်နေတာ။ တစ်ခါတစ်ခါ တစ်ခုခု ကို အရမ်းစိတ်ဝင်စားသွားရင် နာရီပေါင်းများစွာ မထတမ်း လုပ်ဖြစ်တယ်။ မနေ့ကတောင် bug လေးတစ်ခု ကို ၃ နာရီကျော်လောက် ထိုင်ရှင်းလိုက်ရတာ။ ပြဿနာ က အဲဒီလိုမျိုး motivation က နေ့တိုင်း ဖြစ်မနေဘူး။ ကိုယ် မသိသေးတာတွေ အများကြီးပဲ။ အထူးသဖြင့် SQL , Bash ကို လေ့လာဖို့ လိုမယ်။ နောက်ပြီး ကိုယ် မကြိုက်တဲ့အရာကိုတောင် ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် အောင်မြင်အောင် လုပ်တတ်တဲ့ အကျင့်လေးလဲ မွေးရဦးမယ်။ မနေ့ညက ပြန်ကြည့်ဖြစ်တဲ့ Enemy at the

မလွတ်မြောက်ခြင်း မှတ်တမ်း (ဧပြီ ၂၂)

Exam နောက် ၁ ရက် ၊ ၂ ရက် ဆိုရင် စာမေးပွဲ ဖြေရတော့မယ်။ မသိရင် ဆယ်တန်းစာမေးပွဲ ပြန်ဖြေတုန်းက အချိန်လိုမျိုး ပြန်ရောက်သွားသလိုပဲ။ ရေးဖြေ မို့လဲ ပါမယ် ထင်တယ်။ မဖြေခင် စိတ်တွေ တင်းကြပ်ပီး လုပ်ချင်တာတွေ လျှောက်လုပ်နေတာ။ ညပိုင်းကျမှ နဲနဲ တည်ငြိမ်သွားတော့တယ်။ Sailing Vlog တစ်ခု ကြည့်လိုက်တယ်။ ပူတူး ဆီကနေ အားပေးစကားတွေ ကြားရတယ်။ Sailing Vlog ကို ကြည့်ရင်း ဘာတွေးဖြစ်သလဲဆိုတော့ ဒီကောင်တွေ ဘာမှ မရှိတဲ့ ပင်လယ်ပြင်ကြီးထဲမှာ တစ်နေ့ – တစ်နေ့ မသေအောင် နေရင်း ဖြတ်သန်းကြမှာပဲ။ လိုချင်တဲ့ နေရာရောက်ဖို့ ဆိုတဲ့ ရည်မှန်းချက်နဲ့ ရှင်သန်။ target နေရာ ရောက်ပြန်တော့လဲ နောက်တနေရာ ထပ်ရွေးရပြန်ရော ။ ပူတူးပြောသလို စာမေးပွဲနားနီးရင် ကိုယ့်အတွေးအခေါ်ဥာဏ်တွေ အလင်းပွင့်နေသလိုပဲ ????

မလွတ်မြောက်ခြင်း မှတ်တမ်း (ဧပြီ ၁၈၊ ၂၀၂၃)

မနေ့က နှစ်ဆန်း (၁)ရက်နေ့ ။ ၂၀၂၃ သင်္ကြန် ဘာမှ မဟုတ်လိုက်ပဲ ပြီးသွားပြန်ပြီပေါ့။ အိမ်ထဲမှာပဲ စာကြည့်လိုက် ၊ ဇာတ်ကားကြည့်လိုက်နဲ့ အချိန်တွေကုန်သွားတယ်။ စာမရေးဖြစ်တာတောင် ကြာပါပီ။ အဓိက က အိပ်မပျော်တဲ့အချိန်မှာ စိတ်များသက်သာမလားလို့ ကွန်ပျူတာ ထဖွင့်ပြီး ရေးလိုက်တာ။ မီးပျက်နေတယ်။ ပူလောင်ပြီး ခြင်က ကိုက် ၊ အပြင်ထွက်အိပ်မယ်ဆိုပြန်တော့လဲ ကြမ်းပိုးက ထိုးသလိုနဲ့ အခန်းထဲ ဝင်လိုက် ၊ ထွက်လိုက်နဲ့ မှောင်မှောင်မဲမဲကြီးထဲမှာ တစ်ယောက်ထဲ ဖြစ်ပျက်နေတာ။ ပိုဆိုးတာက စာမေးပွဲ ရှိတာကြောင့်လဲ ပါမယ်။ Procrastination မြန်မာလိုဆိုရင်တော့ “အချိန်ဆွဲ ပျင်းရိခြင်း” လို့ ဘာသာပြန်ရမယ်ထင်တယ်။ အပျင်းကြော ကတော့ ငယ်ငယ်ကလေးထဲက ရေတောင် ထမသောက်ပဲ အော်ခေါ်ပီး သောက်ခဲ့တာဆိုတော့ အကျင့်ဆိုး ပြင်မရအောင် စွဲကပ်နေတာ။ Procrastination ဆိုတဲ့ အင်္ဂလိပ်စကားလုံးကို ကြားဖူးတာက ဒီနှစ်ပိုင်းမှ။ အရင်တုန်းကတော့ ကိုယ့်မှာ ပြဿနာ ရှိမှန်းတော့သိတယ်။ ဒါပေမယ့် အဓိပ္ပါယ်မဖွင့်တတ်ခဲ့ဘူး။ ကျောင်းသားဘဝတုန်းကတည်းက စာမေးပွဲနားနီးရင် ဖြစ်တဲ့ ရောဂါပေါ့ ။ ဒုတိယနှစ် ထင်တယ်။ ဘယ်လောက်ဆိုးသလဲဆိုတော့ မနက်ဖြန် စာမေးပွဲ တစ်ဘာသာ ဖြေတော့မယ့်အချိန်မှာ တညလုံး အိပ်မရလို့ သူငယ်ချင်း ခြင်ထောင်ထဲ ဝင်တိုးအိပ်ရတာ။ နောက်ပိုင်းနှစ်တွေလဲ အဲဒီပြဿနာ က ပိုပိုဆိုးလာတာပါပဲ။ အမေ့ကို ဘုရားစာရွတ်ခိုင်းရတာနဲ့ ပါချုပ်ဆရာတော်ကြီး တရားတွေ ဖွင့်ပီး အိပ်မှ အိပ်ပျော်တဲ့ စာမေးပွဲတွင်းညတွေ။ ပြဿနာ က ရှင်းရှင်းလေး။ တစ်နှစ်လုံး ကျောင်းစာ တလုံးမှ မလုပ်ခဲ့ပဲ စာမေးပွဲနားနီး တစ်ရက် ၊ နှစ်ရက် လိုမှ ကောက်လုပ်တာ။ ဆယ်တန်းလောက်ကတည်းက စတဲ့အကျင့်ဆိုတော့ နှစ် ဆယ်နဲ့ချီပီး ကျင့်သုံးခဲ့တာပဲ။ ပြဿနာကို ပိုဆိုးသွားစေတာက “ဒါကျက် ၊ ဒါမေး ၊ ဒါဖြေ” စနစ်အောက်မှာ ဖြစ်နေတော့ ဥာဏ်လေးနဲနဲကောင်း (သို့မဟုတ် – ကံလေးနဲနဲကောင်းပီး) စာမေးပွဲထဲမှာ ကျက်တာတိုး ၊ ချရေးပီး အမှတ်ကောင်းတဲ့အချိန်မှာ ပြဿနာကို ပြင်မယ့်အစား ကိုယ့်ဘာသာ အဟုတ်ကြီး ထင်သွားတော့တာ။ (ဒီနေ့ အိပ်မပျော်တော့ နားထောင်ဖြစ်တဲ့ podcast တစ်ခုမှာတောင် လူတစ်ယောက်က ပြောတယ်။ သူ့ပြဿနာက procrastination ကို ပြဿနာလို့

မလွတ်မြောက်ခြင်း မှတ်တမ်း (ဖေဖော်ဝါရီ ၆၊၂၀၂၃)

အိပ်မပျော်ည ညဘက်တွေ အိပ်မပျော်ပြန်ဘူး။ အကျိုးရှိတဲ့ အလုပ်တွေ လုပ်နေတာလဲ မဟုတ်ပြန်ဘူး။ စဥ်းစားမယ်ဆိုရင်တော့ အရာရာ စိတ်ပူပင် သောကရောက်စရာတွေချည်းပဲပေါ့။ ငယ်ငယ်တုန်းက ကိုယ့်ကိုယ်ကို အခုထိ ပြန်မြင်နေရတုန်းလား။ ပြာယာခတ်ပီး priority မစဥ်တတ်တဲ့ ပြဿနာ။ အလုပ်တွေ ၊ ကျောင်းကိစ္စ ၊ အခြားပြင်ပအလုပ်တွေ၊ ကိုယ်ရေးကိုယ်တာကိစ္စတွေ ။ တစ်နေ့ တစ်နေ့က ဘယ်လို ကုန်သွားသလဲကို မသိလိုက်ဘူး။ ညအိပ်မပျော်တာတွေကလဲ နေ့လည်ဘက် အာရုံစိုက်မှုကို ရော့စေပြန်တယ်။ ဘယ်လို ပြန်တည်ဆောက်ရမလဲ။ အရေးကြီးဆုံးက ဘာလဲ။ full-time အလုပ်ဖြစ်မယ်။ ပီးရင် ကျောင်းကိစ္စ ဖြစ်မယ်။ ပီးမှ ပြင်ပအလုပ် ဖြစ်မယ်။ နိုင်ငံရေး ဘာမှ ပိုကောင်းမလာပေမယ့် ဒီရက်ပိုင်း ရဟတ်ယာဥ်ပစ်ချတဲ့ သတင်းလို သတင်းကောင်းတွေ ကြားရတယ်။ Myanmar Now ဂျာနယ်လစ် ရဲ့ အညာသွား ကိုယ်တွေ့မှတ်တမ်းတွေ စောင့်ဖတ်ချင်စရာပဲ။ ရှုရှိုက်နေရတဲ့ လေကိုက ပင်ပန်းစရာကောင်းလိုက်တာ။ ဘယ်တော့များမှ ဘယ်လို ပုံစံမျိုးနဲ့မှ လွတ်မြောက်နိုင်မှာလဲ။ ဗုဒ္ဓတရားအရတော့ သံသရာကနေ လွတ်မြောက်ဖို့ အဓိက ဆိုပေမယ့် ငရဲပြည်ကနေရော အရင် လွတ်မြောက်အောင် မလုပ်သင့်ဘူးလား။ စစ်အုပ်ချုပ်ရေးနယ်မြေတွေ တိုးတယ်။ မီးလောင်ပြာကျပီးသား ဒေသတွေကိုပါပဲ။ ဝင်လေ ထွက်လေ ကို ပြင်းပြင်းရှုမိတယ်။ အိပ်သင့်နေပီ။ အနည်းဆုံးတော့ ဒီညမှာ hand-over တစ်ခု လုပ်ပီးသွားတာပဲ။ အလုပ်အကုန်မပီးပေမယ့် အပိုင်းအစတစ်ခုတော့ ပီးသွားပီလို့ မှတ်လို့ရပါတယ်။

မလွတ်မြောက်ခြင်း မှတ်တမ်း (ဇန် – ၃၁၊ ၂၀၂၃)

ထိုင်းရောက် မြန်မာအလုပ်သမားတွေအကြောင်း ဖတ်ရင်း လူသားဆန်မှု ၊ ကိုယ်ချင်းစာတရား ရဲ့ အဆင့်တွေကို စဥ်းစားမိတယ်။ မိမိကိုယကြို ဖှဈတဲ့ ကိုယခြငွြးစာတရား နဲ့ တခှားသူအတှကဆြို ကှာတယြာ။ အဲဒီကနေ အိမတြအိမြ နဲ့ တအိမြ၊ ရပကြှကြ တခုနဲ့ တခု ၊ မှို့တမှို့နဲ့ တမှို့ ၊ တနိုငငြံ နဲ့ တနိုငငြံ။ lvl မှင့လြာတာနဲ့အမွှ တဖှညြးဖှညြးနဲ့ကိုယခြငွြးစာတရားက အမွားပှောစကား ဖှဈလာတယြ။ အမွားက ကိုယခြငွြးစာတယြ ဆိုရငြ ကိုယပြါ လိုကစြာနာသလိုမွိုး (ဥပမာ – ထိုငြး ဂူ ၁၃ ယောကြ ၊ ဒါမှမဟုတြ လမြးထိပြ မီးပှိုင့တြှမှော တောငြးနရတေဲ့ ကလေး ၁၃ ယောကြ – ကလေးခငွြး တူပမယေ့ြ ကိုယခြငွြးစာမိတာခငွြး ကှာသလိုမွိုးပဲ။) ထိုငြးမှာ မှနမြာ ရှေ့ပှောငြးအလုပသြမားတှေ ဒုကျခတှရေောကကြွ ၊ တရားမဝငဘြဝ နဲ့ ပှဲစားက ယုတမြာ ၊ ထိုငြးလဝက က တငြးကှပြ အခှအနေကှေားမှာ ရှငသြနနြရတေဲ့ ဒုကျခတှကေို ဘယသြူတှေ၊ဘယလြိုတှေ ကိုယခြငွြးစာ,နာကှပါ့မလဲ။(စိုးလှငလြှငြ ရဲ့ ကိုယခြငွြးစာ,နာခဲ့ရပီ လဆေိုတဲ့ စကားဖှတကြိုတောငြ ဒီနရောမှာ ယူသုံးခငွတြယြ။ ကိုယခြငွြး, စာနာ ဆိုတာထကြ ကိုယခြငွြးစာတယြ ဆိုတာက နာခှငြးတရားတူမှ စဈမှနသြလို ဖှဈနလေို့လေ။) ထိုင်းတွေဘက်က စဥ်းစားမိတယ်။ အလုပ်သမားခ စျေးပေါတယ်။ ထိုင်းတွေတောင် မလုပ်တဲ့အလုပ်တွေကို ဒီ တရားမဝင် ရွေ့ပြောင်းအလုပ်သမားတွေကို ခိုင်းလို့ရတယ်။ စီးပွားရေးအရ အမြတ်ကျန်မယ်။ သူတို့ ပတ်ဝန်းကျင် ၊ နိုင်ငံအတွက်ဆို ဒါက အကောင်းပဲ။ လူ့ပတ်ဝန်းကျင်ကြီးကိုက နိမ့်တဲ့သူကို နင်းပီး တက်သွားတဲ့ အောင်မြင်မှုတွေကိုပဲ အားပေးကြတာ။(ဥပမာ – ကာတာ ကမ္ဘာ့ဖလားမှာ ရွေ့ပြောင်းအလုပ်သမားတွေ ဘယ်လောက်သေပါတယ် လို့ပြောပြော ကျွန်တော်တို့ ကိုယ်ချင်းစာ,နာမပေးနိုင်ကြဘူး။ ဘောလုံးပွဲကြည့်ပီး ကမ္ဘာ့ဖလားဆိုတဲ့ အောင်မြင်မှုကိုပဲ လိုချင်ကြတာကို။) ဒီတော့ ထိုင်းရောက် မြန်မာရွေ့ပြောင်းတွေရဲ့ ဖြစ်ရပ်ကို အဲဒီ နင်းတက်တဲ့ ဖြစ်ရပ်တွေထဲက တစ်ခုပဲ။ ဒါကို ဘယ်လို ဖြေရှင်းမလဲ။ ဒီမိုကရေစီနိုင်ငံ ဖြစ်ရင်ကော ဒါတွေ ပျောက်သွားနိုင်သလား။ (အနည်းအကျဥ်းတော့ ရော့သွားမယ်လို့ ထင်တယ်။ NLD ခေတ် ရွေ့ပြောင်းအလုပ်သမား ဒေတာတွေ ပြန်ကြည့်ရင်တော့ ရမယ်။)

ချစ်ခြင်းတရားနဲ့ ပထမဆုံး လူချင်းဆုံတဲ့နေ့

တော်လှန်ရေးအကြောင်း မပါမယ့် တော်လှန်ရေးပန်းခြံရှေ့အနားက အချစ်အကြောင်းပါပဲ။ ဒီနေ့ ပထမဆုံး သူ(မ) နဲ့ အပြင်မှာ လူချင်းတွေ့ရတယ်။ ချစ်သူသက်တမ်း ၂ နှစ်ကျော် (၃ နှစ်နီးပါးလားမသိ) မှာ ပထမဆုံး တွေ့ရတာပဲ။ ၂၀၂၃ ကတော့ ကြည်နူးစရာတခုနဲ့ပဲ စဖွင့်ခဲ့ရသလို တညလုံး မအိပ်ထားပဲနဲ့လဲ တနေကုန် ဟိုသွားဒီသွားနဲ့ နေနိုင်ခဲ့တာ အံ့သြစရာပဲ။ သူ(မ) ကို စတွေ့လိုက်တဲ့အချိန်မှာ အရုပ်ကလေးတခုလိုပဲ ခံစားမိတယ်။ ရက်ပေါင်းများစွာ ဖန်သားပြင်ကနေတဆင့် မြင်ခဲ့၊ရင်းနှီးဖူးတဲ့ အရုပ်ကလေးတစ်ခုက အခု ကိုယ့်ရှေ့မှာ သက်ဝင်လှုပ်ရှားလာသလိုပဲ။ သူ(မ) ဘာပဲ လုပ်လုပ် ၊ အထူးအဆန်းလို ဒီကနေ့မှ စသိတဲ့သူတစ်ယောက်ကို မြင်နေရသလို ခံစားရတယ်။ အရင် ကျောင်းမှာတုန်းက သိခဲ့ဖူးတယ်လို့တောင် မထင်မိတဲ့အထိပဲ။ ပြုံးတဲ့ ပုံစံတွေ ၊ စကားပြောတဲ့ပုံစံတွေကအစ မြင်ရကြားရတာ ပိုချိုလာတယ်။ သူ(မ) ရဲ့ အထိအတွေ့ ၊ ကိုယ်သင်းရနံ့တွေအားလုံးက အမြဲ အနားနားမှာ ရှိစေချင်နေတဲ့အထိပဲ။ အချစ်အကြောင်းတွေ စာအရှည်ကြီး မရေးဖြစ်တာ တော်တော်ကြာပါပီ။ အဓိကက ချစ်တယ် ဆိုတာ ဘာလဲ ဆိုတာမျိုးအထိ အရင်က မေးနေမိတာ။ အတိတ်မှာ ကြုံခဲ့ရတာတွေက အခုချက်ချင်းပဲ ကိုယ်ပဲ အဖြတ်ခံရတော့မလား၊ အခုချက်ချင်းပဲ စိတ်ဆိုးမာန်ဆိုးနဲ့ တခုခု လုပ်လိုက်မလားဆိုတဲ့ စိုးရိမ်လောင်မြိုက်မှုတွေနဲ့ပဲ အဓိပ္ပါယ် ချဥ်းကပ်မိတယ်။ ဒါပေမယ့် သူ(မ) နဲ့ တွေ့ပြီးကတည်းက အခုအထိ မပြောင်းလဲတဲ့ခံစားချက်ကတော့ အားအင် ပဲ။ အမြဲ ကိုယ့်ဘေးနားရှိနေရင် အားအင်တခု ရနေသလိုပဲ။ စိတ်ကောက်မှာလဲ ကြောက်စရာမလိုဘူး။ ပြတ်မယ် ဘာညာ ဒရာမာတွေလဲ ယောင်လို့တောင် မတွေးဖူးဘူး။ တနေ့နေ့မှာ လက်ထပ်မယ်။ လောကအတွက် တတ်နိုင်သလောက် ကောင်းကျိုးတွေကို နှစ်ယောက် အတူတူ လုပ်ကြမယ် ဆိုတာမျိုး မတိုင်ပင်ထားပဲ လုပ်နေသလိုပဲ။ ဒီနေ့လဲ သူ(မ) အနားမှာ ရှိချိန် သာမန်လူလိုပဲ။ သူ(မ) လဲ မရှိရော လူက နှုန်းခွေသွားတာပဲ။ တနေကုန် သူ(မ) နဲ့ အတူတူ ရှိတဲ့အကြောင်းတွေ ပြန်တွေးရင်း အိပ်တော့မယ်။ အိပ်မက်ထဲမှာ လာနှောက်ယှက်ဦးမှာလဲ အသေချာပါပဲ။

မလွတ်မြောက်ခြင်း မှတ်တမ်း(ဇန်နဝါရီ ၁၀၊၂၀၂၃)

မနေ့က (စျေးကြီးပေး တက်ရတဲ့) online course တစ်ခု စတက်ဖြစ်တယ်။ ခရီးသွားမယ့် အချိန်နဲ့ conflict ဖြစ်လို့ email ပို့ပြီး အရေးဆိုလိုက်ရသေးရဲ့။ ပျက်စီးသွားတဲ့ ပညာရေးစနစ်နေရာမှာ နေရာဝင်ယူတဲ့ ပုံပါပဲ။ 2023 resolution ကို note ထဲမှာတော့ အကြမ်းဖျဥ်း ရေးဖြစ်တယ်။ အနည်းဆုံးတော့ အရင်နှစ်ကထက် Programming မှာ confident ရှိတဲ့သူ ဖြစ်ချင်တယ်။ နှစ်စမှာကတည်းက အလုပ်တွေတော်တော်များတယ်။ Time Management / Project Management အတွက် စိန်ခေါ်မှုတွေချည်းပဲ။ ပိတ်ရက်ကြောင့် Insomnia အကျင့် ပြန်ဖြစ်နေတာကိုလဲ ပြင်ရဦးမယ်။ Passport ရုံးတွေ ပိတ်ထားတယ်။ ခွေးသားတွေ ဘာကြံနေသလဲ မသိ။ ဒီနိုင်ငံက ထွက်သွားနိုင်ခဲ့ရင်ရော တကယ့် ဒုက္ခတွေရဲ့ လွတ်မြောက်ရာကို ရောက်နိုင်ပါ့မလား။ ဒီရက်ပိုင်း အမေရိကား တက္ကသိုလ် ကျောင်းသူ/သား ၄ ယောက်ကို သတ်သွားတဲ့ PhD ကျောင်းသားအမှုကိစ္စ လိုက်ဖတ်ဖြစ်နေတယ်။ နောက်ပီး ၆ နှစ်အရွယ်ကလေးက ဆရာမ ကို သေနတ်နဲ့ ပစ်တဲ့ ကိစ္စရော။ အဲဒီ ဖြစ်ရပ် ၂ ခုလုံးက မြန်မာပြည်မှာ မဖြစ်ဖူးလောက်ဘူး။ လူတွေရဲ့ (အထူးသဖြင့် လူအများစု) စိတ်ရင်းကို မပြောင်းလဲနိုင်ရင် ဒီမိုကရေစီရပီးရင်တောင် အခြေအနေတွေ ဆိုးမြဲဆိုးနေဦးမှာပဲ။ ဒါတွေကလဲ အချိန်ကာလတစ်ခု (နှစ်ပေါင်း ၁၀၀၊၂၀၀) ရောက်ရင် ပုံနှိပ်ထဲက သမိုင်းတွေ ဖြစ်ကုန်မှာပါပဲ။ သီချင်းများ ဒီရက်ပိုင်း Pink Nation ရဲ့ Lily , Khar Khar ရဲ့ သိမ်ငယ်စွာနဲ့ချစ်လို့နေသူ သီချင်းတွေ ထပ်ခါထပ်ခါ နားထောင်ဖြစ်တယ်။ ခရစ်စမတ် ပိတ်ရက်ရှည်အတွင်းမှာ ဇာတ်ကားတွေ ကြည့်ဖြစ်တယ်။ အလုပ်နည်းနည်း လုပ်ဖြစ်တယ်။ အလုပ်လုပ်ရင်း အိန္ဒိယသီချင်းတွေ နားထောင်ရတာလဲ ပိုပီး focus ရသလိုပဲ။ (ချစ်သူ ပြောသလို အရင်ဘဝက အိန္ဒိယလူမျိုး ဖြစ်ခဲ့မလား မသိဘူး။) မိသားစု အမေ နဲ့ အန်တီမွှေးကို အိပ်မက်မက်တယ်။ နယ်မြို့လေးကို အိပ်မက်မက်တယ်။ အသက်တွေ ကြီးလာမှ ကိုယ် ပြန်ရောက်ဖို့ မလွယ်ကူတဲ့ နေရာတွေကို လွမ်းတတ်တဲ့ ခံစားချက် ပိုပြင်းထန်လာတယ်။ ဒါကြောင့်လဲ အလွမ်းအဆွေးသီချင်းတွေ ကြီးလေ နားထောင်လေ

မလွတ်မြောက်ခြင်း မှတ်တမ်း (ဒီဇင်ဘာ ၁၉၊၂၀၂၂)

မနေ့က ကမ္ဘာ့ဖလား ၂၀၂၂ (ကာတာ) ပြီးသွားတယ်။ အာဂျင်တီးနား နိုင်သွားတယ်။ မီးရှုးမီးပန်းတွေနဲ့ ပိတ်ပွဲကို ကြည့်ရင်း ဒီလို ပွဲတစ်ပွဲ အောင်အောင်မြင်မြင်ပြီးသွားဖို့ လူပေါင်း ဘယ်လောက်များများ စတေးခဲ့ရလဲလို့ တွေးမိတယ်။ ရွေ့ပြောင်းအလုပ်သမားတွေ ဘယ်လောက်များများ အနစ်နာခံခဲ့ရသလဲ။ ကမ္ဘာကြီးက အဲဒီလို နင်းခြေခြင်းနဲ့ပဲ တဆင့်ပီး တဆင့် တက်လာတာလား။ Elon Musk က Twitter ပေါ်မှာ အခြား social media link တွေကို share ခွင့် ပိတ်တဲ့ policy တစ်ခု လုပ်တယ်။ Journalist တချို့နဲ့ tech activist တချို့ကို Twitter ကနေ ban တယ်။ Billionaire တစ်ယောက်က သူ လုပ်ချင်တိုင်း လုပ်ခွင့်ကို ပိုက်ဆံပေး ဝယ်လိုက်သလိုပါပဲ။ Steve Jobs ဇာတ်ကား ကြည့်ဖြစ်တယ်။ သူ့မှာ သမီးတစ်ယောက် ရှိမှန်း movie ကြည့်မှ သိတာ။ အဲဒီကလေးကို Steve Jobs က အစပိုင်းမှာ သူ့ကလေး အဖြစ် လက်မခံဘူး။ သေခါနီးမှ လက်ခံတယ် တူပါရဲ့ ။ ဇာတ်ကားထဲမှာလဲ Billionaire တစ်ယောက်ရဲ့ တယူသန်စိတ်၊အတ္တ ကို မြင်ရတယ်။ ဒါပေမယ့် လူတွေက အဲဒါကိုမှ အဟုတ်ထင်အောင် လုပ်နိုင်တယ် ဆိုတော့ marketing တော်တယ် ဆိုရမှာပဲ။ (ဒီစာကို mac ပေါ်မှာရေးတာဆိုတော့ ကိုယ်တိုင်လဲ marketing သားကောင် လို့ ဆိုကြပါစို့ ?) Social Media တွေမှာ တော်လှန်ရေးအကြောင်းတွေ နည်းသထက် နည်းလာပီ။ နိုင်ငံလဲ ခွေးဖြစ်သထက် ခွေးဖြစ်ဖို့ပဲ ရှိတော့မယ်။ အကြောက်တရား လွှမ်းမိုးတဲ့အခါမှာ အမှန်တရားဘက်က လူတွေကိုတောင် အပြစ်တင်ရဲလာတယ်။ ဒါပေမယ့် နယ်ဒေသတွေမှာတော့ မီးလောင်ခံခဲ့ရတဲ့၊ဆုံးရှုံးလိုက်ရတဲ့လူတွေရဲ့ နာကျည်းမှုကတော့ တော်လှန်ရေးကို ဆက်သယ်ဆောင်သွားမယ်လို့ ယုံတယ်။ Social Media ပေါ်က trend က နိုင်ငံရေးကို တကယ် အဆုံးအဖြတ်ပေးနိုင်သလား။ လုပ်စရာတွေ အပြီးမသတ်နိုင်သေးဘူး။ project တစ်ခုအတွက် Python code မနက်ဖြန် အပီးရေးရမှာရှိတယ်။ Udacity SQL course လဲ ဒီဇင်ဘာပိတ်ရက်အတွင်း အပြီးတက်မယ်တွေးထားတာ။ External Project

မလွတ်မြောက်ခြင်း မှတ်တမ်း (ဒီဇင်ဘာ ၁၁ ရက်၊၂၀၂၂)

Monica Bellucci ဒီနေ့ Monica Bellucci ရဲ့ Malena ဇာတ်ကား ကြည့်ဖြစ်တယ်။ ကျော်လိုက် ရစ်လိုက် ပြန်ကြည့်လိုက်ပါပဲ။ Monica Bellucci သရုပ်ဆောင်တဲ့ “Tears of the Sun” ဆိုတဲ့ ဇာတ်ကားလဲ အရင် ကြည့်သေးတာ။ အဲဒီကနေမှ Monica Bellucci ဇာတ်ကားတွေ လိုက်ရှာကြည့်ဖြစ်တာဆိုတော့ ။ “Tears of the Sun” ကတော့ Nigeria နိုင်ငံမှာ အာဏာသိမ်းမှု ဖြစ်ပီး ပိတ်မိနေတဲ့ အမေရိကန်နိုင်ငံသားတွေကို အထူး mission လွှတ်ပီး သွားကယ်တဲ့ ဇာတ်လမ်းပါပဲ။ မြန်မာနိုင်ငံ ရဲ့ ပုံစံနဲ့တောင် ခပ်ဆင်ဆင်။ သူတို့ဆီမှာတော့ ရွာလုံးကျွတ် လူမျိုးမတူရင် Ethnic cleansing သတ်တာ။ ဒီမှာတော့ ရွာလုံးကျွတ် မဟုတ်ပေမယ့် အခုတောင် ပျူရွာ ၊ အနီရွာ ဆိုတာမျိုးတွေ ရှိနေပီ။ လူတွေကို လူ-လူချင်း သတ်ဖြစ်အောင် တွန်းအားတွေက ဘာတွေလဲ။ အဲဒီ သတ်ဖြတ်ခြင်းသံသရာ ထဲက ရုန်းထွက်ဖို့ နည်းလမ်းကရော ဘာလဲ။ လူဖြစ်ရခြင်း ရဲ့ အဓိပ္ပါယ်ထဲမှာ လူမျိုးမတူတာတွေ ၊ ကိုးကွယ်ရာမတူတာတွေက ဘယ်လောက် အရေးပါသလဲ။ ကဗျာ ကဗျာပေါင်းချုပ် စာအုပ်တွေ ဝယ်ဖြစ်တယ်။ (မောင်ချောနွယ် ၊ အောင်ချိမ့် ၊ မင်းလူ ၊ တာရာမင်းဝေ) ။ ဘဝမှာ ပထမဆုံး ဝယ်ဖူးတဲ့ ကဗျာပေါင်းချုပ် ။ ဒါပေမယ့် အမြဲ စိတ်ထဲမှာ ငါ ကဗျာကို ခံစားတတ်ရဲ့လား ဆိုတာမျိုး မေးခွန်းရှိတယ်။ တချို့ ကဗျာစာပိုဒ် တွေကို နားလည်တယ် ၊ တချို့ အပိုဒ်တွေမှာ နားမလည်ဘူး ဆိုတာမျိုး ။ ဒါပေမယ့် သူများရှင်းပြမှ နားလည်တာမျိုးကြီးကျလဲ ကဗျာ ဖတ်ရတာ ဘယ် အဓိပ္ပါယ် ရှိမှာလဲ။ တာရာမင်းဝေ ရဲ့ “ကျောင်းဖွင့်ချိန်” ကို အသံထွက်ပီး ဖတ်ဖြစ်တယ်။ နှစ်ပေါင်း ၃၀ လောက် ရှိတာတောင် ကဗျာပါ အကြောင်းအရာတွေက လက်ရှိအချိန်ထိ မှန်နေတာ စိတ်မကောင်းစရာပဲ။ ကဗျာထဲမှာတော့ စစ်တပ်ခင်းပေးထားတဲ့ တုံးတံတားပေါ်ကနေ လျှောက်ရင်း သွေးပင်လယ်ကို လျှစ်လျှူရှုလိုက်တဲ့ လူတွေကို သမိုင်းတရားခံ မျိုး