မလွတ်မြောက်ခြင်း မှတ်တမ်း (မတ်လ ၂၁ ၊ ၂၀၂၄)

နိုင်ငံရေး မအလ ရဲ့ စစ်မှုထမ်း ဥပဒေကြောင့် တနိုင်ငံလုံး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ရဆုံးအချိန်ကာလပဲ။ ဘယ်သူနဲ့ တွေ့တွေ့ ဒီအကြောင်းပဲ ပြောကြတယ်။ မိဘတိုင်းကလဲ အိမ်ရောင်း၊ကားရောင်းပြီး သားသမီးကို နိုင်ငံခြားပို့ဖို့ ကြိုးစားနေကြတယ်။ နယ်တွေမှာတော့ မဲနှိုက် ရွေးချယ်တာတွေ ကြားနေရပြီ။ ရန်ကုန်၊မန္တလေးလို မြို့ကြီးတွေမှာလဲ အိမ်တိုင်ရာရောက် စာပို့တာတွေ ရှိလာပြီ။ ကချင်ဘက်က ထိုးစစ်တွေ အခြေအနေကောင်းတဲ့ပုံပဲ။ ရခိုင်ဘက်မှာလဲ မြို့နယ် ၈ မြို့နယ်လောက်အထိ AA က ထိန်းချုပ်ထားပြီးပြီ။ ရှမ်းမြောက်ဘက်ကတော့ ဗမာစစ်တပ် မရှိသလောက် ဖြစ်သွားတဲ့ ပုံ။ ဒီတော့ ရွေးချယ်စရာမရှိတဲ့အခါမှာ ဗမာစစ်တပ်က ပြည်မအတွင်းဘက်ခြမ်းကို ပိုင်ပိုင်နိုင်နိုင် ခံစစ် လုပ်ချင်ပုံပေါ်တယ်။ ဒါတောင် ရွာတွေ မီးရှို့ခဲ့တဲ့ အကျိုးဆက်ကြောင့် တကယ်တမ်း ထိန်းနိုင်မယ် မထင်ပါဘူး။ ဒါပေမယ့် စစ်မှုထမ်းဥပဒေကြောင့် စတေးခံရမယ့် လူဦးရေ ပိုများသွားမှာတော့ သေချာတယ်။ (ရခိုင်မှာ မကြာသေးခင်ကမှ ဆွဲသွင်းထားတဲ့ မွတ်စလင်ရိုဟင်ဂျာတွေကို စစ်တိုက်ခိုင်းတာကြောင့် သေနေကြတဲ့ ပုံတွေ တွေ့ရတယ်။) တော်လှန်ရေးဘက်က စိတ်မကောင်းစရာကတော့ Non-CDM တွေကို နှင်ထုတ်တဲ့ ကိစ္စ နဲ့ ထောင်ချတဲ့ ကိစ္စတွေ ကြားလာရတာပဲ။ ဒါ မဖြစ်သင့်တဲ့ ကိစ္စလို့ မြင်တယ်။ (အမြင်သာဆုံး ဥပမာ ပြောရရင် NLD ခေတ်မှာ ဗမာတွေ အုံလိုက်ကျင်းလိုက် AA ကို တိုက်ခိုက်ခဲ့ကြပေမယ့် AA ဘက်က သူတို့အသာရချိန်မှာ သာမန်ပြည်သူ ဗမာ (အစိုးရဝန်ထမ်း) တွေကို နှင်ထုတ်၊ထောင်ချတဲ့ သတင်း ကြားဖူးလို့လား)။ နောက်ပြီး မော်လူးဘက်မှာလဲ သစ်ခိုးထုတ်တာကို ပကဖ က ခွင့်ပြုလို့ ပြည်သူတွေ က တားတဲ့ သတင်းလဲ ထွက်လာတယ်။ နောက်ပြီး ဆားလင်းကြီးဘက်မှာ စက်ရုံကနေ ပစ္စည်းယူတာနဲ့ ပတ်သတ်ပြီး ပကဖ နဲ့ ပြည်သူနဲ့ ပြဿနာတက်တဲ့ သတင်းလဲ ထွက်လာတယ်။ တကယ်တို့ ပကဖ၊ပအဖ တွေက ပြည်သူတွေကိုယ်တိုင် (သို့) ဆန္ဒပြဦးဆောင်သူတွေအနေနဲ့ အလျင်စလို စိတ်လိုက်မာန်ပါ လုပ်ဆောင်ခဲ့မှု ရဲ့ အကျိုးဆက်ကနေ စတယ်လို့လဲ ပြောလို့ရတယ်။ (ဘာလို့လဲဆိုတော့ အာဏာသိမ်းသိမ်းချင်း လောက်မှာ ကိုယ့်မြို့ကို ကိုယ် အုပ်ချုပ်မယ် ဆိုတဲ့ အယူအဆကနေ အပြိုင်အဆိုင် ပကဖ၊ပအဖ တွေကို

မလွတ်မြောက်ခြင်း မှတ်တမ်း (ဖေဖော်ဝါရီ ၂၊၂၀၂၄ ခုနှစ်)

WordPress Error တက်ပြီး မနည်း ပြန်ဆယ်ထားရတယ်။ ရှိသမျှ plugin / theme အကုန် uninstall လုပ်ပီး minimal ဖြစ်တယ်လို့ ခံစားရတဲ့ Independent Publisher theme ကို သုံးနေတယ်။ နိုင်ငံရေး မနေ့က အာဏာသိမ်းမှု ၃ နှစ်ပြည့်။ Silent Strike လုပ်ကြတယ်။ တိုက်ပွဲတွေကတော့ နေရာအနှံ့မှာပဲ။ ရှမ်းမြောက်ဘက်မှာ ငြိမ်သွားပေမယ့် ရခိုင်ဘက်မှာ စခန်းသိမ်းတိုက်ပွဲတွေ ပြန်ဖြစ်နေတယ်။ တနင်္လာရီဘက်မှာ ဖြစ်တဲ့အကြောင်းလဲ ဖတ်လိုက်ရတယ်။ မြန်မာနိုင်ငံအလယ်ပိုင်းကတော့ တိုက်ပွဲ အပြင် မီးရှို့ခံရတဲ့ သတင်းတွေ ဖတ်နေရဆဲပဲ။ မြေစာပင်တွေရဲ့ နာကျည်းမှုက နှစ်ပေါင်းများစွာ ပျောက်ပျက်မှာ မဟုတ်နိုင်ဘူး။ ဗမာစစ်တပ် + သူ့လော်ဘီတွေကတော့ စစ်တပ် ဘာလုပ်လုပ် အမှန် ဆိုတဲ့ အချိုးမျိုး တသက်လုံးချိုးနေမှာပဲ။ နာကျည်းမှု နဲ့ တဖက်ကန်းအယူအဆ ဘယ်အရာက နိုင်သွားမလဲ ဆိုတော့ နှစ်ပေါင်း ၆၀ ကျော် မပြီးပြတ်သေးတဲ့ ပြည်တွင်းစစ်က အဆုံးအဖြတ်ပေးလိမ့်မယ် ထင်တယ်။ ပြည်တွင်းမှာတော့ နေရာအများစု မီးပိတ်နေပေမယ့် နေပြည်တော်မှာတော့ ၂၄ နာရီ မီးရတယ် ဆိုလားပဲ။ နည်းပညာ ယောင်တဲ့ ရက်စွဲတွေပဲ။ DE ပိုင်းပဲ လုပ်ရမလိုလို ၊ Web Dev ပိုင်းပဲ လေ့လာရမလိုလို၊ Flutter + Dart ပိုင်းပဲ လုပ်ရတော့မလိုလို။ personal project တွေလဲ ရပ်နေတာ တစ်လလောက် ရှိတော့မယ် ထင်တယ်။ ကလေးတွေကို CS50 Python သင်ပေးနေတာတော့ ပြီးတော့မယ်။ အနာဂါတ် ပိုအားစိုက်ဖို့ လိုနေပြီ။ အင်္ဂလိပ်စာ ပိုကောင်းအောင် ရေးတတ်၊ပြောတတ်ဖို့ လိုနေပြီ။ ကျန်းမာရေး ပိုလိုက်စားဖို့ လိုနေပြီ။ အလေလွင့်တာတွေ လျှော့ဖို့ လိုနေပြီ။ နေ့စဥ်ဘဝ အိမ်မှာ တစ်ယောက်ထဲ ဖြစ်နေတော့ အချိန်တော့ မှန်နေတယ်။ မနက်ဆိုရင် Gym သွားတယ်။ ပြီးရင် ဟင်းချိုင့်ဆေးတယ်။ ထမင်းချက်ရမှာတော့ ပျင်းလို့ အပြင်ကနေပဲ ဝယ်စားလိုက်တယ်။ US Senate မှာ Child Safety အတွက် Tech CEOs (Facebook, X, TikTok, Discord, SnapChat) hearing နားထောင်ဖြစ်တယ်။

ကုသ အလွမ်း

ဒီ ‘ကုသအလွမ်း’ သီချင်းရဲ့ original song ကို အခုမှ နားထောင်ဖူးတာ။ ပိုးအိစံ ဆိုတာ အရင် နားထောင်ဖူးတယ်။ ဒီသီချင်း ကြားတော့ အဘိုး ကို သတိရမိတယ်။ ဒီသီချင်း ဟုတ်၊မဟုတ်တော့ မသိဘူး ။ ကျွန်တော့်ကို စတဲ့အနေနဲ့ “မင်းက ဟိုသီချင်းထဲကလို မင်းကုသ လို ဖြစ်နေပြီ။ ဒါပေမယ့် စိတ်မပူပါနဲ့ ။ ရုပ်ဆိုးတဲ့သူက ကောင်မလေးချောချော နဲ့ ညားတတ်တယ် တဲ့” အဘိုး နဲ့ ပတ်သတ်ရင် နောက်ဆုံး အမှတ်တရက အရမ်းတော့ ကျေနပ်စရာ ၊ ပျော်စရာ ဟုတ်မနေခဲ့ဘူး။ ဒါပေမယ့် ပျော်စရာတွေ လဲ အများကြီး ရှိခဲ့ဖူးပါတယ်။ အမှတ်ရဆုံးက အဲဒီရက်ပိုင်းတွေက လေကြီးမိုးကြီးတွေ တိုက်နေတာ။ ၂၀၀၇ ၊ ၂၀၀၈ ဝန်းကျင်လောက်ဖြစ်မှာပေါ့ ။ အဲဒီအချိန် အိမ်မှာလဲ မီးဖိုချောင်အကြီး ဖျက်ပြီး အသစ်ဆောက်နေတဲ့အချိန် ။ ဖျက်လက်စ မီးဖိုးဆောင်အဟောင်း(အကြီး) က အကုန် ဖျက်မပီးသေးဘူး။ လေတွေတိုက်တာရော ၊ အိမ်မှာ အဘိုးနဲ့ ၂ ယောက်တည်း ရှိတာကော နဲ့ ထမင်းလောက်ပဲ ချက်တယ်။ အဲဒီနေ့က တခြား ဘာဟင်းမှ မရှိတော့ ထမင်းကို ပုန်းရည်ကြီးနဲ့ နယ်ပြီး ကြက်သွန်ဖြူ ကိုက်စားခဲ့တာ။ ဘဝမှာ တနပ်ထဲသော ထမင်းပဲ။ နောင်လဲ အဲဒီလိုမျိုး မစားဖြစ်တော့သလို အဲဒီတုန်းက အဘိုးနဲ့ အတူ စားခဲ့ရသလို ခံစားချက်မျိုးလဲ ပြန်မရတော့ဘူး။ အဘိုးနဲ့ ပတ်သတ်ပြီး အမှတ်တရတွေကို ပြန်စဥ်းစားရင် အိမ်အောက်ထပ် ထင်းပုံကြီးရယ် ၊ မီးစက်ရယ် ၊ မီးစက်ဘေးနားက အဘိုး ထိုင်နေကြ ခုံရယ် ၊ ပြီးတော့ အိပ်ရာ ရယ် အဲဒါကို မျက်စိထဲ ပြန်မြင်တယ်။ နေ့လည်ဆို ရွာထဲက တယောက်ပီး တယောက် အဘိုးဆီ လာလည်ကြတယ်။ မဟုတ်လဲ အလည်ခေါ်ခိုင်းတာပါပဲ။ ကိုယ်ကိုတိုင် အသက် ၇၀ ၊ ၈၀ ရောက်မှ စကားပြောဖော် လိုချင်တဲ့ အဘိုးရဲ့ ခံစားချက်ကို တကယ် ကိုယ်ချင်းစာပေးနိုင်တော့မယ် ထင်တယ်။ နောက်ပီး အဘိုး ရဲ့ ကက်စက်ဟောင်းကြီး ရယ် ၊ အိမ်အဟောင်းကြီးတုန်းက

VSCode တွင် Python Code Formatting စမ်းသပ်ခြင်း

Python Code Formatter tool တွေအကြောင်း (Black , Ruff, etc) ဖတ်ဖူးတာ ကြာပီဆိုပေမယ့် vscode မှာ setup မလုပ်ဖြစ်ဘူး။ ဒီမနက် အစောကြီး နိုးနေတာနဲ့ computer ရှေ့ ထိုင်ရင်း လျှောက်စမ်းရင်း တော်တော်ကြာသွားတယ်။ အကြောင်းရင်းက vscode မှာ သွင်းထားမိတဲ့ pylance က အနီရဲရဲ error message တွေကို ကြာလာတော့ မြင်ရတာအဆင်မပြေတာကြောင့် ရယ် ၊ နောက်ပီး ကျောင်း project မှာ Guide ဆရာ က အဲဒီ equal sign = ရှေ့ space ဖြုတ်ဖို့ ခနခန ပြောလွန်းတာရယ်ကြောင့် အဲဒါကိုလဲ code formatting ထဲမှာ ရှိမှာပဲ ဆိုတာကနေ စလုပ်မိတာ။ (Assignment မပြခင် Code Formatting လုပ်လိုက်လေ လို့ စ အကြံဥာဏ်ပေးလိုက်တဲ့ Putuuu lay ကိုလဲ ဒီနေရာက credit ပေးပါတယ် 😀 ) Installation pip install နဲ့ပဲ လွယ်လွယ်ကူကူသွင်းလို့ ရတယ်။ ဒါပေမယ့် အမှန်က မလိုလောက်ဘူး ။ VScode extension ကနေ Black formatter (or) Ruff ရှာသွင်းရင် အဲဒီ description မှာ extension နဲ့ အတူ သွင်းပေးထားတဲ့ version တစ်ခု ပါတယ်လို့ ဆိုထားတယ်။ ဒါပေမယ့် ကျွန်တော်က command line (vscode မဟုတ်တဲ့ အခြားအပြင်ဘက်နေရာတွေမှာပါ) လျှောက်စမ်းချင်တာနဲ့ pip install black (or) pip install ruff နဲ့ သွင်းလိုက်တယ်။ Black Formatter ဒီကောင်က နာမည်ကြီးတာရော ၊ နောက်ပြီး vscode ထဲမှာ miscrosoft ရဲ့ official extenstion အနေနဲ့ ရှိနေတာရောကြောင့် အရင် စမ်းဖြစ်လိုက်တာ။ vscode ရဲ့ setting.json ထဲမှာ နဲနဲသွားပြင်ရုံပါပဲ။ (vscode setting.json ထဲသွားရန် >> Command Palette >

မလွတ်မြောက်ခြင်း မှတ်တမ်း (အောက်တိုဘာ ၁၀၊၂၀၂၃)

အလုပ်တစ်ခု ရှိတော့ မနက်စောစောထပြီး အလုပ်လုပ်ဖြစ်တယ်။ Youtube မှာ သီချင်းဖွင့်ထားရာကနေ အစ္စရေး-ပါလက်စတိုင်း စစ်ပွဲသတင်းတွေ တက်လာလို့ နားထောင်ဖြစ်သွားတာ။ စစ်ပွဲတွေရဲ့ အစ-အဆုံးက ဘာလဲ။ စစ်ပွဲတွေမှာ တရားသောစစ် ဆိုတာ ရှိသလား။ သေဆုံးသွားကြသူတွေ (စစ်သားတွေပဲ ဖြစ်ဖြစ် ၊ အရပ်သားတွေပဲ ဖြစ်ဖြစ်) – တရားသော နည်းဖြင့် သေဆုံးခြင်း မှ မဟုတ်တာ။ ဒီ အပေါ်စာတပိုဒ် မဆုံးခင်မှာပဲ ဒီ မနက် သတင်းတွေတက်လာတာက လိုင်ဇာ မှာ ဗမာစစ်တပ်ရဲ့ လက်နက်ကြီးကြောင့် စစ်ဘေးရှောင်စခန်းက အရပ်သားတွေ အစုလိုက် သေတဲ့ သတင်း ကြားလိုက်ရပြန်တယ်။ လိုင်ဇာ နဲ့ Gaza ဘာများ ကွာတော့လို့လဲ။ ပါလက်စတိုင်း – Hamus တွေဘက်က စစ်သွေးကြွပီး အစ္စရေးကို မနေ့တနေ့က ဝင်တိုက်တဲ့ သတင်းပဲ လူတိုင်း ပြောကြတယ်။ ဒါပေမယ့် နှစ်ပေါင်း ၇၅ နှစ်ကျော်လောက် က စဖြစ်တဲ့ အကြောင်းတရားကိုတော့ ဘယ်သူမှ မပြောကြတော့ဘူး ။ နားလည်ရသလောက်တော့ အနောက်နိုင်ငံတွေက ပါလက်စတိုင်းတွေ သပ်သပ် တနိုင်ငံ (သို့) တနေရာ ၊ အစ္စရေး (ဂျူး)တွေအတွက် တနိုင်ငံ (သို့) တနေရာ သတ်မှတ်ဖို့ ကြိုးစားတာကနေ စတယ် လို့ ထင်တယ်။ ဒုတိယကမ္ဘာစစ် အပြီးမှာ အစ္စရေးက နိုင်ငံ ကြေညာပြီး အာရပ်-အစ္စရေး စစ်ပွဲ ဖြစ်လိုက်သေးတယ်။ သမိုင်းကြောင်းကို ဒီ Washington Post က ရှင်းပြထားတာ ဖတ်ကြည့်သင့်တယ်။ တောင်ကိုရီးယား – မြောက်ကိုရီးယား ၊ ဗီယက်နမ် တောင်-မြောက် ၊ အိန္ဒိယ – ပါကစ္စတန် ၊ ဘာကျန်ဦးမလဲ။ သွေးခွဲခဲ့မှုတွေကို ပြန်ကြည့်ရင် တော်တော်များများ အောင်မြင်တာ တွေ့ရတယ်။ ဗီယက်နမ် ပြန်ပေါင်းနိုင်သွားတာတောင် စစ်နိုင်လို့ ဖြစ်မယ်။ သွေးခွဲမှုတွေ အားလုံးနီးပါးက ဘာသာရေး ၊ လူမျိုးရေးအပေါ် အခြေခံထားတာကြီးပဲ။ မြန်မာနိုင်ငံလဲ တိုင်းရင်းသား – ဗမာ ကြား အဲဒီလိုသာ ဖြစ်ခဲ့ရင် ကြားလူ (အာဏာရှင် ဖြစ်ဖြစ် ၊ တရုတ် ဖြစ်ဖြစ် ၊ အင်အားကြီး လက်နက်ကိုင်တဖွဲ့ ဖြစ်ဖြစ်) အေးအေးဆေးဆေး

မလွတ်မြောက်ခြင်း မှတ်တမ်း (စက်တင်ဘာ ၂၀၊၂၀၂၃)

စိတ်ထဲမှာ တစ်စုံတစ်ရာ ကြောက်ရွံ့ခြင်းကို ခံစားနေရတယ်။ Eminem ရဲ့ Not Afraid သီချင်းကို ဖွင့်ထားတယ်။ မနေ့က mechanical keyboard မွေးနေ့ လက်ဆောင်ရတယ်။ Code ရေးတဲ့ အရည်အသွေးများ ပိုတိုးတက်လာမလားပဲ။ အခုထိ Design Patterns တွေကို နားမလည်သေးဘူး။ နားမလည်ခြင်းရဲ့ အကြောင်းအရင်းက အလေ့အကျင့် (ချရေးကြည့်နေတာ) မဟုတ်လို့ ထင်တာပဲ။ အလုပ် ပရောဂျက်တွေထဲမှာ ထည့်သုံးမယ် လို့ စဥ်းစားပေမယ့်လဲ ဘယ်က စရမယ်မှန်း မသိ။ နိုင်ငံရေး စီးပွားရေးသမားတွေကို ဖမ်းစစ်တဲ့သတင်းတွေ ဒီရက်ပိုင်း ဆက်တိုက် ဖတ်နေရတယ်။ ကနေဒါ နဲ့ အိန္ဒိယ ပြဿနာ တက်တယ်။ (ကနေဒါ နိုင်ငံသား အိန္ဒိယမျိုးနွယ်စု အဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင်လိုမျိုး အသတ်ခံလိုက်ရတာမှာ အိန္ဒိယ ပါဝင်ပတ်သတ်မှု ရှိတယ် ဆိုပြီး ကနေဒါဘက်ကစပြီး သံတမန်အရာရှိတစ်ဦး နှင်ထုတ်လိုက်တာ။ အိန္ဒိယဘက်ကလဲ ပြန်နှင်ထုတ်တယ် ထင်တယ်။) ကိုယ်ပိုင်ဘဝ အာရုံပြောင်းတာ အရမ်းမြန်လွန်းနေတယ်။ လုပ်ရမယ့် အလုပ်တွေကိုလဲ (အထူးသဖြင့် code ရေးရမှာတွေ)ကို အာရုံမစိုက်နိုင်ဘူး။ တနေ့က ဆံပင်ညှပ်ဖြစ်တယ်။ ဆံပင်အတိုအပိုင်းအစတွေ ကြားမှာ အဖြူရောင်ဆံသားတွေ တွေ့တိုင်း သေခြင်းတရား အကြောင်း တွေးမိတာပဲ။ တကယ်ဆို ဗုဒ္ဓ ဆိုရင် ဆံဖြူတစ်ချောင်းတွေ့တာနဲ့ အားလုံးပစ်ချပြီး ရှာဖွေတာလေ။ ကိုယ့်မှာတော့ အထွေးလိုက် တွေ့နေတာတောင် ဘာရှာဖွေရမှန်း မသိသေးဘူး။ အရာအားလုံးကရော တချိန်ချိန်မှာ လွှတ်ချဖို့ လွယ်ပါ့မလား။ ဒီနေ့ အင်တာနက်မှာ meme တစ်ပုံတွေ့လိုက်တယ်။ Tom & Jerry ထဲက Tom က သေနေတဲ့ပုံစံကို caption တပ်ထားတာ။ “သေခါနီး browser history မဖျက်ရသေးမှန်း သတိရသောအခါ..” ဆိုပြီး။ တွယ်ညှိမှုတွေက ရုပ်ဝတ္ထု တိုးတက်မှု ပိုပိုများလာတာကို။ ဗုဒ္ဓဘာသာဝင် ဆိုပေမယ့် ခေတ်နောက်လိုက် ရှင်သန်ရင်းနဲ့ပဲ ဗုဒ္ဓစကားတွေနဲ့ ဝေးကွာသွားတာပါပဲ။ ခေါင်းဖြူလာရတာ အရမ်းတွေးလို့လားလို့လဲ တွေးဖြစ်တယ်။ ဒီနှစ်ထဲမှာ ခနခန တွေးဖြစ်တာက မှတ်ဥာဏ်တွေ မပျောက်သွားခြင်းတဲ့ အကြောင်းပဲ။

ဗီယက်နမ် ခရီးမှတ်တမ်း – ၂

August 20,2023 ၉ နာရီ လေယာဥ်ကို ၆နာရီခွဲဝန်းကျင်လောက် လေဆိပ်အရောက်သွားတယ်။ အဲဒီမှာ လူအုပ်ကြီးကို ကြည့်ပြီး ဝရုန်းသုန်းကား စဖြစ်တော့တာပဲ။ ၂ ယောက်ပေါင်းရင် kg 40 ကျော်ရပေမယ့် Luggage တစ်ခုတည်းက 32kg ကျော်နေလို့ ticket counter က စရစ်တယ်။ SGD 60 လောက် အပိုထပ်ပေးပီး kg ဝယ်လိုက်ရတယ်။ luggage တွေ ပစ္စည်းတင်တဲ့ ပတ်လမ်းကြောင်းပေါ် ပါသွားမှ စိတ်အေးရတော့တာပဲ။ အဲဒါလဲ ခနပဲ ကြာတယ်။ immigration မှာ လူတန်းရှည်ကြီး။ အဲဒါကိုက မကျော်ပဲ ဖြတ်နိုင်ခဲ့တယ်။ ဒါပေမယ့် ၈ နာရီထိုးခါနီးမို့ boarding gate ပိတ်မှာစိုးရိမ်ပီး immigration အကျော် security gate ကို ရောက်ဖို့ လူတန်းရှည်ကြီးကို တောင်းတောင်းပန်ပန်နဲ့ ကျော်ခဲ့ရတာပဲ။ နိုင်ငံခြားသားတွေကတော့ နားလည်မှု ရှိကြရှာပါတယ်။ သင်ခန်းစာကတော့ Ho Chi Minh City – International Airport ကို အနည်းဆုံး ၅ နာရီလောက် စောသွားတာ အကောင်းဆုံးပဲ။ လေယာဥ်ပေါ်ရောက်တော့တောင် လေယာဥ်မယ်တွေက luggage အသေး ရဲ့ zip မပိတ်ထားတာကို ပြဿနာရှာသေးတယ်။ နောက်ဆို Vietnam Airline ကို အတတ်နိုင်ဆုံး ရှောင်ရမယ်။ Ticket counter မှာလဲ ဝန်ထမ်း တစ်ယောက်စီလောက်ပဲ ထားပီး မနိုင်မနင်းတွေ လုပ်ထားတာ။ SG ကိုတော့ ချောချောမွေ့မွေ့ပဲ ပြန်ရောက်ပါတယ်။ immgration တောင် မဖြတ်ခဲ့ရပဲ ၅ မိနစ်လောက်နဲ့ ပြီးသွားတာ။ system ကောင်းတဲ့ နိုင်ငံရောက်တော့လဲ အကုန် ပြောင်းလဲသွားတာပဲ။ August 19,2023 နေ့လည် ၁၂ နာရီကား နဲ့ Can Tho ကနေ HCMC ကို ပြန်ခဲ့ကြတာ။ Bus ကားလိုင်းက ဟိုတယ်ထိ အရောက် လာကြိုပေးတာ အတော်သဘောကျဖို့ ကောင်းတယ်။ Tour Guide အစ်ကိုကလဲ lucky charm ဆွဲကြိုး + သော့ချိတ်လေး လက်ဆောင်လာပေးတယ်။ အဲဒီမှာကတည်းက ပစ္စည်းက အတော်များနေပြီ။ Luggage ၃ ခု။ August

မလွတ်မြောက်ခြင်းမှတ်တမ်းများ (သြဂုတ် ၂၉၊၂၀၂၃)

စင်္ကာပူ စံတော်ချိန် မနက် ၂ နာရီခွဲနေပြီ။ အိပ်မပျော်ဘူး။ ကလေးဘဝက တတ်ခဲ့တဲ့ ဘုန်းတော်ကြီးသင်ကျောင်းက ဓါတ်ပုံတွေ ၊ video တွေ ပြန်ကြည့်နေမိတာ။ ဒီနေ့ ကိုယ် ရယ်လို့ ဖြစ်လာတာတွေက အဲဒီငယ်ဘဝ ဖြတ်သန်းမှုတွေကြောင့်မလား။ ဒါပေမယ့် အဲဒါက ကျေးဇူးတရားလား။ အကယ်ရွေ့ ကျေးဇူးတရားဆိုရင်ရော ပြောတိုင်းလက်ခံရတဲ့ပုံသွင်းမှုမျိုးကို ကျေးဇူးတင်သင့်လား။ ဘုန်းကြီးကျောင်းသားဘဝ ကို ပြန်စဥ်းစားမိရင် ပထမဆုံး ဝင်ခွင့်စာမေးပွဲဖြေဖို့ မြို့ကို စရောက်တဲ့အချိန်ကို သတိရတယ်။ ဘုန်းကြီးကျောင်းထဲမှာပဲ ဝင်ခွင့်စာမေးပွဲအတွက် ညဖက် စာကြည့်ဝိုင်းတက်တာ မှတ်မိသေးတယ်။ ကိုယ့်မြို့ကနေ အတူလာကြတဲ့ အစ်မ နှစ်ယောက်က အမျိုးသမီးဆောင်မှာ နေတာ မှတ်မိတယ်။ ညဖက် ၉ နာရီ ၊ ၁၀ နာရီလောက် မျက်နှာသစ်ချိန် ဆင်းကြတာကို အဲဒီတုန်းက စတွေ့ပြီး အထူးအဆန်းဖြစ်တာ။ အမှတ်တရတွေ မေ့ပျောက်သွားမှာ ကြောက်တဲ့စိတ်က အသက်ကြီးလာလေ ပိုဆိုးလေပါပဲ။ အဲဒါကြောင့်လဲ ညသန်းခေါင်ကြီး စာကောက်ရေးနေတာ။ အိမ်မှာတော့ ဓါတ်ပုံတွေ ၊ (ဒိုင်ယာရီ)စာအုပ်အဟောင်းလေးတွေ ကျန်ကောင်းပါသေးရဲ့။ ဒါပေမယ့်လဲ ဘယ်အချိန်မှ အိမ်ပြန်ခွင့်ရမှာတဲ့လဲ။ ဝင်ခွင့်စာမေးပွဲကို လှေကားအောက်နားလေးက ခုံမှာ ထိုင်ဖြေခဲ့ရသလို မှတ်မိတယ်။ အောင်စာရင်း ဘယ်လိုထွက်တယ် ဘာညာ မမှတ်မိတော့ဘူး။ သံတ္တာ အစိမ်းလေးကို မှတ်မိတယ်။ ဘုန်းကြီးကျောင်းဆောင် အောက်မှာ နေရာဦးကြရတာ။ အဝတ်တွေ အလျှော်ပျင်းလို့ ခေါင်းလျှော်ရည်တွေနဲ့ စိမ်ပြီး ရက်ပေါင်းများစွာ ထားတာကိုလဲ မှတ်မိတယ်။ ကျောင်းထဲမှာ ရောင်းတဲ့ (၁၀ တန်းနှစ်ကျမှ ထင်တယ် ၊ အသစ်ဖွင့်တဲ့) အဘွားဆိုင်က အသုပ်ရယ် ၊ မရွှေမိလား မသိဘူး (၉ တန်းနှစ်မှာ ပိုစားဖြစ်တဲ့) အသုပ်ရယ်ကို သတိရတယ်။ မျက်လုံးမှိတ်လိုက်ရင် ကျောင်းဝင်းထဲမှာ ဘယ်နားဘာရှိတယ် ဆိုတာတွေ အခုထိ မြင်တုန်း။ ကိုယ် လမ်းဖြတ်လျှောက်ခဲ့တဲ့ လမ်းကျဥ်းလေး ၊ ကိုယ်တွေနှစ်မှာမှ စတည်တဲ့ ရေသန့်စက်။ စာကျက်ဖို့ နေရာရှာရတဲ့ သိမ်အနောက်ဖက် (မိုးရေစိုစိုနဲ့) နေရာလေးတွေ။ ရေချိုးတဲ့ နေရာ ၊ အဝတ်လှမ်းတဲ့ နေရာ။ စာကြည့်တိုက်တွေကို ချစ်တဲ့ စိတ်ဖြစ်စေခဲ့တဲ့ နေရာ။ အင်တာနက် ခန်း။ သတင်းစာဖတ်အခန်း ။ အပေါ်ထပ် english section ။ Gtalks ,

ဗီယက်နမ် ခရီးမှတ်တမ်း – ၁

August 15,2023 ၁၄ ရက်နေ့ ည (၇) နာရီခွဲလောက်က Ho Chi Minh City ကို ရောက်တယ်။ Hanoi ကနေ စီးလာတာ ၂နာရီခွဲကျော်ကျော်။ air traffic ကြောင့် ပိုကြာသွားတယ် ပြောတယ်။ အမှန်က ကနဦး လက်မှတ်ဖြတ်ထားတဲ့ Hanoi Flight ကနေ around 1PM။ ဒါပေမယ့် Bamboo Airline ဘက်က ၂ ကြိမ်လောက် အချိန်ပြောင်းလိုက်တာကနေ ညနေ 4:45 flight ဖြစ်သွားတာ။ Online Check-in လုပ်ထားလိုက်တော့ boarding pass ယူတာတွေက အေးအေးဆေးဆေးပါပဲ။ carry-on buggage ဆိုရင် အလေးချိန်တောင် မစစ်ဘူး။ လေဆိပ်ထဲမှာ လူတော့ အတော်များတာ။ ထင်တောင်မထင်ထားဘူး။ လေယာဥ်ပေါ်မှာဆိုလဲ ခုံအပြည့်ပဲ။ ဗီယက်နမ် ရဲ့ တစ်မြို့နဲ့ တမြို့ အကွာအဝေးက ကား/ရထား စီးမယ်ဆိုရင် နာရီဆယ်ချီကြာမှာရော ၊ လေယာဥ်လက်မှတ်ခ ကို သာမန်လူတန်းစားက အစ တတ်နိုင်တာမျိုးကြောင့် ဖြစ်မယ်။ အဘိုးကြီး အဘွားကြီးအရွယ်တွေ စီးနေတာ တွေ့ခဲ့တယ်။ လေဆိပ်အသွားလမ်းမှာ data package daily limit (4GB / day ထင်တယ်) ကျော်သွားလို့ ဘာ အင်တာနက်မှ မရတာနဲ့ တိုင်ပတ်သွားသေးတယ်။ ဖြေရှင်းနည်းကတော့ နီးရာ ကော်ဖီဆိုင် ဝင်ထိုင် ၊ အဲဒီ wifi နဲ့ vinaphone mobile app download လုပ်၊ ph bill လှမ်းဖြည့်ခိုင်း ၊ app ထဲကနေ 1GB package ဝယ်လိုက်မှ အဆင်ပြေသွားတယ်။ ဒါတောင် mobile app က language – english ပြောင်းတာတောင် vietnam စာတွေနဲ့ပဲ noti တက်နေလို့ ။ ဘာသာပြန်ဖို့အတွက် Google Lens or Translator app ကောင်းကောင်းတစ်ခု လိုတယ်။ ဒီ စာတွေက တစ်နေ့ တစ်ရက် ပုံမှန်လေး ရေးဖို့ တွေးထားတာ။ ခရီးပန်းတာရော ၊ အပျင်းကြီးတာရော နဲ့ မရေးဖြစ်တာကြောင့် back date

မလွတ်မြောက်ခြင်း မှတ်တမ်း (ဇူလိုင် ၂၄,၂၀၂၃)

ဒီနေ့ ကျွန်တော့် ကောင်မလေး မွေးနေ့ ။ အသက်ကြီးလာတဲ့ အကြောင်း ၊ မကြာခင် အိမ်ထောင်ပြုသင့်တဲ့အကြောင်း ၊ တည်ဆောက်ရမယ့် အနာဂါတ်တစ်ခုအကြောင်း တွေ တွေးဖြစ်နေတယ်။ စာမေးပွဲလဲ ဖြေရဦးမယ်။ စာက အခုထိ သေချာ မလုပ်ဖြစ်သေး။ အဓိက က စိတ် ကို control လုပ်ဖို့ လိုနေတာ။ တစ်ခုခုဆိုရင် စိတ်အလိုလိုက်တာတွေ အရမ်းများလွန်းနေတယ်။ (အလွန်အမင်းကို များတာလို့ ပြောလို့ ရပါတယ်။) စာမလုပ်ချင်တဲ့သူကိုမှ စင်္ကာပူ NUS drop-out တစ်ယောက်အကြောင်း podcast နားထောင်မိတယ်။ Amazon လိုမျိုး ကုမ္မဏီကနေ Bus Captain အဖြစ်ကို ပြောင်းတာတဲ့။ ကျောင်းစာက အရမ်း အရေးမကြီးဘူး ဆိုတဲ့ အဓိပ္ပါယ်လား။ ဒါပေမယ့် ရေခံမြေခံ တွေတော့ ကွာဦးမယ် ထင်တယ်။ မြန်မာပြည် ကျောင်းကနေ dropout လုပ်ပီး အောင်မြင်သွားတဲ့ Developer က ရှားတာကိုး။ စင်္ကာပူ နဲ့ ပြောင်းပြန် – dropout လုပ်ပြီး bus driver ဖြစ်တဲ့သူ အရေအတွက်က ပိုများလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် စိတ်တော့ သက်သာသွားတယ်။ အရင်တုန်းက ကျောင်းစာ မလိုက်နိုင်တာနဲ့ ကိုယ့်ကိုယ်ကို အသုံးမကျဘူးလို့ တွေးနေတဲ့ အတွေး ကို ဖျောက်စရာ အကြောင်းတစ်ခု ရတာပေါ့ ။ ဒါပေမယ့်လဲ ကိုယ့်ပြဿနာ က ပျင်းရိမှု ၊ စိတ်အလိုလိုက်မှု ဖြစ်နေတာ မေ့လို့ မရဘူး။ လူက ပုံစံအမျိုးမျိုး ဖြစ်နေတာ။ တစ်ခါတစ်ခါ တစ်ခုခု ကို အရမ်းစိတ်ဝင်စားသွားရင် နာရီပေါင်းများစွာ မထတမ်း လုပ်ဖြစ်တယ်။ မနေ့ကတောင် bug လေးတစ်ခု ကို ၃ နာရီကျော်လောက် ထိုင်ရှင်းလိုက်ရတာ။ ပြဿနာ က အဲဒီလိုမျိုး motivation က နေ့တိုင်း ဖြစ်မနေဘူး။ ကိုယ် မသိသေးတာတွေ အများကြီးပဲ။ အထူးသဖြင့် SQL , Bash ကို လေ့လာဖို့ လိုမယ်။ နောက်ပြီး ကိုယ် မကြိုက်တဲ့အရာကိုတောင် ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် အောင်မြင်အောင် လုပ်တတ်တဲ့ အကျင့်လေးလဲ မွေးရဦးမယ်။ မနေ့ညက ပြန်ကြည့်ဖြစ်တဲ့ Enemy at the