မလွတ်မြောက်ခြင်း မှတ်တမ်း (2024 Reflection)

ဘဝ မှတ်တမ်း နှစ်ဦးပိုင်းမှာ SG က 1 year program တစ်ခုကနေ Certificate ရခဲ့။ အရမ်းကြီး အောင်မြင်ခဲ့တာမျိုး မဟုတ်ပါဘူး။ နောက်ဆုံးပိတ်နားကနေ အောင်ခဲ့တာမျိုးပါပဲ။ Data Engineer ဆိုတာ ကိုယ် လိုချင်နေတဲ့ career တစ်ခုပဲ လို့ ရှာတွေ့ခဲ့တယ်။ နိုင်ငံသစ်တစ်ခုကို ပြောင်းနိုင်ခဲ့။ ကော်ပိုရိတ် တစ်ခုက ပရောဂျက်ကောင်းတစ်ခုမှာ အလုပ်ရခဲ့။ ကြောက်ရွံ့မှုတွေ အိပ်မပျော်တဲ့ ညတွေ များစွာထဲကနေ အခက်အခဲတော်တော်များများ ဒုက္ခ မရောက်ပဲ ဖြတ်သန်းနိုင်ခဲ့တယ်။ သြဂုတ်လကနေ စပြီး လွတ်လပ်မှုအသစ်ကို ခံစားရတာနဲ့အမျှ အသုံးအဖြုန်း ၊ အပျော်အပါးတွေလဲ ပိုများလာခဲ့တယ်။ ဘဝမှာ ပထမဆုံး ကိုယ်ပိုင် ဆိုင်ကယ်တစ်စီး နဲ့ ဖုန်းကောင်းကောင်းတစ်လုံး ဝယ်နိုင်ခဲ့တယ်။ Credit Card စသုံးဖူးခဲ့။ အရာရာက တောသား မြို့ရောက်သလိုပါပဲ။ ဒါပေမယ့် လစာက သိပ်မတိုးလာတဲ့အပြင် အသုံးကတောင် ပိုများလာခဲ့သေးတယ်။ ပထမဆုံး ပြည်ပနိုင်ငံ တစ်ခုရဲ့ driving license ရခဲ့တယ်။ ယဥ်ကျေးမှုအသစ် ၊ ဘာသာစကားအသစ် ၊ နည်းပညာအသစ်တွေကြားထဲမှာ ကိုယ် ဘာကောင်လဲ ဆိုတာတောင် ပျောက်ဆုံးခဲ့သလိုပဲ။ ကိုယ့် identity ကို ပြန်ရှာဖွေဖို့ community works တွေ ပြန်လုပ်ဖို့ စိတ်ကူးရခဲ့တယ်။ ကလေးတွေကို စာသင်ပေးဖြစ်တာတော့ ရပ်သွားသလို English စာလဲ ဆက်မလုပ်ဖြစ်တော့ဘူး။ အချစ်ရေး ပူတူး နဲ့ကြားမှာ ကတောက်ကဆလေးတွေလဲ ရှိခဲ့ပေမယ့် ပြောပလောက်တဲ့အထိ မဟုတ်ခဲ့ပါဘူး။ ဟိုးအရင်က အရမ်းကြောက်တဲ့အချိန်တွေ (ဥပမာ – စာမေးပွဲ ဖြေခါနီး ၊ အင်တာဗျူး ဖြေခါနီး) မှာ အမေ ကို တခဲ့ပေမယ့် အခုတော့ ပူတူးကို တတဲ့ အနေအထား ဖြစ်လာတာပါပဲ။ ၃ ၊ ၄ နှစ်လောက် ပိတ်မိနေတဲ့ စိတ်ရိုင်းတွေကို ရွက်လွင့်တာကနေ ပူတူး ကို ပစ်ထားသလို ဖြစ်ခဲ့တဲ့ ရက်တွေ ရှိတယ်။ တစ်ခါတော့ သူ ငိုတာပါပဲ။ ပူတူး ငိုတာ မြင်ရင် စိတ်ထဲမကောင်းဘူး။ ကိုယ့်ကိုယ်ကို အပြစ်သား တစ်ယောက်လို ခံစားရတယ်။ ၂၀၂၄ ထဲမှာတော့ သူ့မိသားစုတွေနဲ့ ထဲထဲဝင်ဝင် တွေ့ခွင့်ရခဲ့တယ်။ ပူတူး

မလွတ်မြောက်ခြင်း မှတ်တမ်း (ဒီဇင်ဘာ ၁၃ ၊ ၂၀၂၄)

မကြာခင် ၂၀၂၄ နှစ်ကုန်လို့ ၂၀၂၅ ထဲ ရောက်တော့မယ်။ ဒီဘက်ကို ရောက်ပီးကတည်းက blog ပေါ် သိပ်မရေးဖြစ်တာ ကြာပီ။ လွတ်လပ်ခြင်းရဲ့ အောက်မှာ အပျော်အပါးမက်နေတာကြောင့်လဲ ပါပါတယ်။ ဘဝမေ့နေသလို ဖြစ်လို့ ဟိုးအရင်က ရေးခဲ့ဖူးတဲ့ ပိုစ့်အဟောင်းတွေ ပြန်ဖတ်ပီး မွန်းကြပ်မှုတွေကို ပြန်အမှတ်ရမှ ဖြစ်မယ်။ နှစ်တနှစ်ကုန်တော့ အသက် တစ်နှစ်လဲ ကြီးလာပြန်ပီပေါ့။ ကျန်းမာရေး ဒီရက်ပိုင်း ဦးလေးတစ်ယောက် ကင်ဆာ ဖြစ်တဲ့ သတင်းကြားရပီး ခေါင်းထဲမှာ ကျန်းမာရေး အကြောင်းတွေ ဝင်နေတယ်။ အခု ဒီစာရေးရင်းတောင် မျက်လုံးက ဝါးသလို ဖြစ်နေတော့ မျက်မှန်တပ်ရမလား တွေးနေတာ။ အကယ်တော့ လမ်းပုံမှန် လျှောက်သင့်တာ။ ဒါပေမယ့် ဝီရိယ နဲ့ ဇွဲ ပျောက်နေတော့ လုပ်သင့်တာကို မလုပ်ဖြစ်ဘူး။ ဇတ်ကြောတက်တာတွေလဲ ပုံမှန် ပြန်ဖြစ်နေတယ်။ ဒီစာကို နောက် အနှစ် ၂၀ လောက်မှာ ပြန်ဖတ်ခွင့်ရခဲ့ရင် ငယ်တုန်း ဘယ်လောက် မိုက်ခဲ့သလဲ ဆိုပီး တွေးနေတော့မှာ။ စာအုပ်တွေထဲမှာ ပါသလိုလေ ကြီးမှ နောင်တလိုလို အတွေးတွေ ပိုများလာတယ် ၊ ငယ်ဘဝ အတွက် သင်ခန်းစာတွေ ပိုတွေးဖြစ်လာတယ် ဆိုတာ တကယ် ဟုတ်တယ်။ အခု အသက် ၃၀ ဝန်းကျင်မှာတောင် အဲဒီအတွေးတွေ တော်တော်များနေပြီ။ နိုင်ငံရေး ဒီရက်ပိုင်း အဟော့ဆုံး သတင်းကတော့ AA ကနေ နယ်ခြားစောင့်တပ် နခခ ၅ စခန်းသိမ်းပွဲ Video File တစ်ခုပဲ။ မိုင်းအပြည့်ခင်းထားတဲ့ တပ်ကို သိမ်းဖို့အတွက် လှိုဏ်ခေါင်းတွေ တူးပီး တိုက်ခဲ့တာ ထင်တယ်။ အခုဆို ရခိုင်ပြည်မှာ AA သိမ်းဖို့ကျန်တာ ၃ မြို့နယ်လောက်ပဲ ရှိတော့တယ် ။ (မန္တလေးမှာ အနိုင်ကျင့်ဗိုလ်ကျခဲ့တဲ့ ဗိုလ်မှုးချုပ်တစ်ကောင်ပါ အရှင်အဖမ်းခံလိုက်ရတယ်။) အမ်းတောင် မကြာခင် ရတဲ့ သတင်း တက်လာတော့မယ်။ အညာဒေသမှာတော့ မီးရှို့တဲ့ သတင်းတွေ ငြိမ်နေတယ်။ ရှို့စရာ မရှိတော့တာလဲ ဖြစ်မယ်။ ပသုံးလုံး နဲ့ ပတ်သတ်ပြီးလဲ အရေးယူဖို့ (သပိတ်ခေါင်းဆောင်တွေက အစ) ပြောဆိုလာတာဆိုတော့ မျှော်လင့်ရမှာပဲ။ ရေးဘီလူးက ခေါင်းဖြတ်သတ်တဲ့ video ကတော့ တော်တော်ဆိုးတယ်။ လက်နက်ကိုင်အချင်းချင်း တိုက်နေကြတာ ဖြစ်တော့

မလွတ်မြောက်ခြင်း မှတ်တမ်း (အောက်တိုဘာ ၈ ၊ ၂၀၂၄)

မနေ့ (အောက်တိုဘာ ၇ ရက်နေ့) မနက်ပိုင်း ၃ နာရီလောက်မှာ မန်းလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်တယ်။ ဗမာစစ်တပ်က သေလုဆဲဆဲမှ လွတ်ငြိမ်းခွင့် လာဖတ်ပြသွားတယ် တဲ့ ။ ဖေ့ဘုတ်မှာတော့ ဝမ်းနည်းကြောင်းတွေ ပလူတွေ ပျံလို့ပေါ့ ။ ကိုယ်လဲ တစ်ခုခု ရေးချင်တာနဲ့ ဒီ ပိုစ့်ရေးဖြစ်တာ။ ဒေါက်ဇော်နဲ့ ပတ်သတ်တဲ့ အင်တာဗျူးတွေ နားထောင်လိုက်နားထောင်ဖြစ်တယ်။ ပြီးတော့ အဘဦးဝင်းတင် ရဲ့ “ဘာလဲဟဲ့ လူ့ငရဲ” စာအုပ် ပြန်ဖတ်ဖြစ်တယ်။ စာအုပ်တွေထဲက နိုင်ကျဥ်းတွေဘဝက ကိုယ်တွေ သူငယ်ချင်းတွေ ရင်ဆိုင်နေရတဲ့ ဘဝတွေလို့ အစားထိုး တွေးဖြစ်တယ်။ တိုင်းတပါး မှာ နေနေရလို့ လွတ်မြောက်သလို ဖြစ်နေပေမယ့် ဒီစာအုပ်အနီတစ်အုပ် ရဲ့ သားကောင်တော့ ဖြစ်နေဆဲပဲ။ လူ က ဘယ်လို လွတ်မြောက်တယ် ပြောပြော ၊ တစ်ခုခု ဆို သတင်းကြားတာနဲ့ စိတ်က ခြောက်ခြားတာတွေ ဖြစ်နေရတုန်းပဲ။ အဘဦးဝင်းတင် ပြောသလို တနိုင်ငံလုံး အကျဥ်းသားတွေချည်းပါပဲ။ ဘဝ မမေ့ ၊ အတိတ်မမေ့ဖို့ လိုတယ်။ အနာဂါတ်အတွက် ဘာဆက်လုပ်ရမလဲ တွေးမိတယ်။ ဒီမှာ ပျော်ပါးနေလို့ ကိုယ်တွေ ဘဝ တကယ် လွတ်မြောက်ရဲ့လား။ မအေလိုး ဗမာစစ်တပ် နဲ့ မင်းအောင်လှိုင် အပေါင်းအပါ တွေ … လို့ ထိုင်ဆဲနေရုံနဲ့ လွတ်မြောက်ပါ့မလား။

ကော်ပိုရိတ် မှတ်တမ်း – August 29, 2024

အလုပ်သစ်မှာ ပထမဆုံး PR submit တဲ့ နေ့ ဖြစ်နေတာရော ၊ PR ကနေ error တက်ပီး ညနေပိုင်း အလုပ်မရှိတော့တာရောကြောင့် ဒီစာ ရေးဖြစ်တာ။ ဒီတခါတော့ startup environment ကနေ coporate ကို ပြောင်းတဲ့အခါမှာ ကြုံရတဲ့ ခံစားချက် (culture shock) ကိုလဲ မှတ်တမ်းတင်ချင်လို့ ။ ကြိုးနီစနစ် Startup မှာတော့ error/bug တစ်ခုခု ကြုံတာနဲ့ ဘယ်သူ့ကိုမဆို calendar ကြည့်ပြီး slack ကနေ msg ပို့ ၊ meeting ချိန်းပြီး ဖြေရှင်းလိုက်လို့ ရတယ်။ Corporate ရောက်တဲ့အခါကျ (ရောက်ခါစ ဖြစ်နေတာရော) Team တွေ အများကြီး ဖြစ်နေတာရော ၊ Team တစ်ခုအလိုက် သီးခြား priority တွေ ရှိတာရော error တစ်ခု တက်ရင် ၂ ရက်လောက် အနည်းဆုံး စောင့်ရမယ် ထင်တယ်။ ကိုယ်တစ်ယောက်ထဲ ဖြစ်တာထက် အခြားလူတွေ ဖြစ်တဲ့ အခြေအနေကို ကြည့်ပီး ခန့်မှန်းတာပါ။ အသိအမှတ်ပြုမှု Startup မှာကျ တစ်ယောက်နဲ့တစ်ယောက် appreciate လုပ်ဖို့ အရမ်းလွယ်သလို ကိုယ့်ဆန္ဒ ၊ စိတ်ကူးအသစ်တွေကို အေးအေးဆေးဆေး ထုတ်ပြောလိုက်လို့ ရတယ်။ Corporate မှာကျ တော်ရုံတန်ရုံ ပြောဖို့ မလိုသလို ပညာပိုင်း၊သဘာပိုင်းအရ တော်တော်ကြီး ရင့်ကျက်မှသာ ကိုယ့်စကားက တာသွားမယ့် ပုံ ပေါ်တယ်။ နောက်တစ်ခုကလဲ စိတ်ကူးအသစ် ထုတ်ဖို့ မလွယ်တာပဲ။ ဘယ် process ကမှ ချက်ချင်း လက်ငင်း ကောက်ပြောင်းလိုက်လို့ မရဘူးလေ။ အဲဒါဆိုတော့ ကိုယ့်အမြင် ထက် Project/Business Logic ဘယ်လို သွားနေသလဲ က ပိုအရေးကြီးလာတယ်။ ပထမ ၃ လ အတွင်း ရှင်သန်နိုင်အောင် ကိုယ့် Project နဲ့ အမြန်ဆုံး ရင်းနှီးအောင် ၊ ကိုယ့်ကို ပေးတဲ့ task တွေကို တာဝန်ကျေကျေ နဲ့ အမြန်ဆုံး လုပ်ပေးနိုင်အောင် ရုန်းကန်ရဖို့ပဲ ရှိတယ်။ Code Review ဒီတစ်ခုကတော့ Corporate မှာ senior

ကော်ပိုရိတ် မှတ်တမ်း – Aug 23, 2024

အလုပ်ထဲ ဝင်ခဲ့တာ အခုဆို ၂ ပတ်ကျော်ကျော်လောက်ပေါ့ ။ ကြိုးနီစနစ်တွေ ၊ ဆင့်ကဲ ခွင့်ပြုချက်တွေနဲ့ ဘာအလုပ်မှတောင် မစရသေးဘူး။ ဒါပေမယ့် ဒီ ၂ ပတ်အတွင်းမှာတော့ တွေ့ရ ကြုံရတာတွေကြောင့် စိတ်ထဲမှာ စကားလုံးတွေ အများကြီး ဖြစ်နေတာ။ ဒါကြောင့်လဲ ချရေးဖြစ်တာပါ။ ပထမဆုံး စာကြောင်းကတော့ – “ငါ ဘာမှ မသိသေးဘူး” ဆိုတာပဲ ။ အခုထိ အစည်းအဝေးတွေ ဝင်တက်ပေမယ့် ပြောသမျှ ရဲ့ ၁၀ ရာခိုင်နှုန်းတောင် နားမလည်ချင်သေးဘူး။ ကိုယ့်အတွက်က ဒါမျိုး Codebase / Dev environment မှာမှ တစ်ခါမှ အလုပ်မလုပ်ခဲ့ဖူးတာ ။ အရာရာ အသစ်တွေချည်းပဲ။ နည်းပညာအသုံးအနှုန်းတွေ ၊ တယောက်နဲ့တယောက် ၊ တဖွဲ့နဲ့တဖွဲ့ အချိတ်အဆက်လုပ်တာတွေ ၊ ဆုံးဖြတ်ချက်ချတဲ့ အစီအစဥ်တွေ အားလုံး အသစ်တွေ ဖြစ်နေတယ်။ နားလည်ဖို့ ကြိုးစားပေမယ့် အချိန်ယူဖို့ လိုနေသေးတယ် ထင်တယ်။ ဒုတိယ ကတော့ “ဘယ်သူ့မှ ကိုယ့်ကို တကူးတက အရေးလာလုပ်မှာ မဟုတ်သလို ၊ အချိန်ပေးမှာလဲ မဟုတ်ဘူး” ဆိုတာ။ Project Documentation ရေးပေးထားတာနဲ့ share ပေးတာကိုတောင် အတော်ကျေးဇူးတင်ရမှာ။ အခုမှ အစဆိုတော့ အရမ်း စိတ်ဓါတ်မကျသေးပေမယ့် တချိန်ချိန်မှာ စိတ်ထိလာမှာကို ကြိုစိုးရိမ်မိတယ်။ အဲဒီအချိန် ဒီစာ ကို ပြန်ဖတ်ပြီး ဆရာမ ပြောပြတဲ့ “ဝါးပင်အကြောင်း” သတိရရမှာပဲ။ တတိယ ကတော့ “ငါ့မှာ သင်ယူစရာတွေ များလွန်းတယ်” ဆိုတာ။ ဒါပေမယ့် အရမ်းလောကြီးပီးတော့ လျှောက်လုပ်နေလဲ ဘာမှ အကျိုးရှိမှာ မဟုတ်ဘူး။ လောလောဆယ် ပရောဂျက်မှာ အရေးကြီးတာက dbt ပဲ။ ဖြစ်နိုင်မယ်ဆိုရင် Sept (or) Oct 1st week မှာ dbt certification ဖြေချင်တယ်။ Docker + Kubernetes က သိဖို့ လိုတယ် ဆိုပေမယ့် အဲဒါတွေကို စီမံတဲ့ အဖွဲ့ က သပ်သပ် ရှိတယ်။ လောလောဆယ် အရေးတကြီး မလိုသေးဘူး။ Github Action သိဖို့ လိုမယ်။ (to work/automate

မလွတ်မြောက်ခြင်း မှတ်တမ်း (ဇူလိုင် ၂၄ ၊ ၂၀၂၄)

ဒီနေ့ ချစ်သူလေးရဲ့ မွေးနေ့ ။ မနက်စောစောစီးစီး စိတ်ကောက်နေသေးရဲ့ ။ ဒါပေမယ့် ကြိုတင်ပြင်ဆင်မှု ကောင်းတာကြောင့် မနက်စာ စားနေရင်း Birthday Cake surprise အစီအစဥ်လေး အဆင်ပြေပြေ ပြီးသွားတယ်။ တိုက်တိုက်ဆိုင်ဆိုင် မြန်မာ အဖွဲ့တစ်ဖွဲ့လဲ ရောက်နေတော့ သူတို့က Birthday Song လိုက်ဆိုပေးကြတယ်။ သူတို့ကို cake မကျွေးလိုက်ရတာတော့ စိတ်မကောင်းဘူး။ ဒါပေမယ့် မနက်စာစားရင်း ဆုံတဲ့ UK tourist စုံတွဲ ကိုတော့ ကျွေးဖြစ်လိုက်တယ်။ Happy Birthday , My Love မနေ့ တညတာ မနေ့ညနေပိုင်းက Mon Jam ဥယျာဥ်ကို ရောက်သွားခဲ့တယ်။ အစက လမ်းလျှောက်သွားဖို့ အားခဲထားတာ။ မလျှောက်ဖြစ်ခဲ့တာလဲ ကောင်းပါတယ်လေ။ ၁၂ မိနစ် လမ်းလျှောက်ခရီးက နဲနဲဝေးသလို တောင်တက် ၊ အဆင်းကလဲ တော်တော်မတ်တယ်။ အဲဒါနဲ့ Phu Morinn က Admin အစ်မ ကို မေးရင် အကူအညီတောင်းတော့ သူက Mon Jam ကို သွားဖို့ဆိုရင် ဟိုတယ်က အခမဲ့ လိုက်ပို့ပေးတယ် ပြောတော့ ပိုအဆင်ပြေသွားတယ်။ (ဘယ်လို အခက်အခဲဖြစ်ဖြစ် မြန်မာစကားနဲ့ ပြောလို့ ရနေတာက အတော် ကျေနပ်စရာကောင်းပါတယ်။ နောင်လဲ ထပ်လာဖြစ်ခဲ့ရင် ဒီမှာပဲ ဆက်တည်းဖြစ်မယ် ထင်တယ်။) မွေးနေ့ကိတ် တုန်းကလဲ အစ်မကို ကြို ဆက်သွယ်ပြီး ပြောပြထားတော့ သူပဲ အကုန် စီစဥ်ပေးတာ။ Mon Jam ရောက်တော့ ခရမ်းရောင်ပန်းခင်းကြီးတွေကတော့ အရမ်းလှတယ်။ ဒါပေမယ့် ရာသီချိန် မဟုတ်တော့ စတော်ဘယ်ရီစိုက်ခင်းလိုမျိုးတွေက ရိတ်သိမ်းစအနေအထားမျိုးဆိုတော့ ကွက်လပ်တွေ ဖြစ်နေတယ်။ ရှိသမျှ ပန်း အကုန်ပွင့်တဲ့ ရာသီအချိန်ခါမျိုးမှာဆိုရင်တော့ ပန်းတောကြီးထဲမှာ ရောက်နေသလိုမျိုး အတော်လှတဲ့ မြင်ကွင်း ဖြစ်လိမ့်မယ်။ Panorama View သဘာဝတရားကို ငွေကြေးဖြင့် ဝယ်ယူရခြင်း ဓါတ်ပုံ ရိုက်ဖို့ နေရာတွေ ပြင်ဆင်ပေးထားပြီး ဝင်ခွင့်အတွက် တစ်ယောက်ကို 40 bahts ယူတယ်။ မလှမ်းမကမ်း နောက်တစ်နေရာကိုလဲ အမှန်ဆိုရင် တံတားဆက်ပေးလိုက်ရင် ရပါလျက်နဲ့ တမင် ခြံစည်းရိုး ကာထားပြီး သီးခြား ဝင်ခွင့် ပိုက်ဆံ ထပ်ကောက်တယ်။

မလွတ်မြောက်ခြင်း မှတ်တမ်း (ဇူလိုင် ၂၃ ၊ ၂၀၂၄)

စတင်ခြင်း ချင်းမိုင် ကနေ တစ်နာရီလောက် စီးရတဲ့ Mon Jam ဆိုတဲ့ နေရာ (ရွာလို့ပဲ ဆိုပါစို့) ရောက်နေတယ်။ နေ့လည် ၁၁ နာရီခွဲ လောက်ကနေ ကားစီးလာခဲ့လိုက်တာ နေ့လည် ၁ နာရီ မထိုးခင်လောက် ရောက်တယ်။ ကားဂိတ် မှာ မစောင့်ခင် အဲဒီနားက Big C Market ကနေ အစားအသောက် ၊ wine ၊ ဘီယာ ၂ ဘူး ဝယ်လာခဲ့လိုက်တယ်။ Eden Resort ဆိုတဲ့ cafe မှာ Van ကားက ရပ်ပေးတယ်။ အဲဒီမှာ Mocha တစ်ခွက် နဲ့ ထမင်း ၂ ပွဲ မှာစားရင်း တည်းမယ့် ဟိုတယ်ကနေ လာကြိုမယ့် ကားကို စောင့်ရတာ။ Taxi လွယ်လွယ်ကူကူ နဲ့ ငှားမရဘူး။ အစားအသောက် စျေးနှုန်းတွေကလည်း နည်းနည်းများတယ် လို့ပဲ ပြောရမယ်။ 50 Bahts အထက်တွေ ချည်းပါပဲ။ နေ့လည်စာ အတွက် 240 Bahts ကုန်သွားတယ်။ တည်းခို နေရာ Phu Morinn ဆိုတဲ့ Cafe & Camping မှာ တည်းဖြစ်တယ်။ မလာခင် တည်းခိုဖို့ နေရာရှာရင်း မျိုးစုံ review တွေ ဖတ်ရာကနေ အဆိုတော် မိစန္ဒီရဲ့ travelling vlog ကို တွေ့တာ။ နောက်ပီး msg ပို့ပြီး စုံစမ်းတော့ ရုတ်တရက် မြန်မာဘာသာနဲ့ reply ပြန်တယ်။ Admin က မြန်မာလူမျိုး အစ်မတစ်ယောက်။ အဲဒါနဲ့ တော်တော်ပျော်သွားပြီး ဒီမှာပဲ နေဖို့ ဆုံးဖြတ်လိုက်တယ်။ ပုံတွေကြည့်ပြီး VIP Dome ကို ယူဖို့ ဆုံးဖြတ်လိုက်တယ်။ ရောက်ရောက်ချင်း မြင်လိုက်ရတဲ့ မြင်ကွင်းကတော့ အတော်ကို လှတယ်။ Mountain View from our Dome ပထမဆုံးည ရောက်ကတည်းက မိုးတွေ ဆက်တိုက် ရွာနေလိုက်တာ ညနေ ၄ နာရီကျော်လောက်မှ မိုးစဲတယ်။ လမ်းခနလျှောက်ပြီး ညစာ ကို ဟိုတယ်ကနေပဲ မှာစားလိုက်တယ်။ အရသာတော်တော်ကောင်းတယ်။ စျေးကတော့ Eden

မလွတ်မြောက်ခြင်း မှတ်တမ်း (ဧပြီ ၂၅၊၂၀၂၄)

Scholarship Essay ရေးရင်းနဲ့ရော ၊ လက်စမသပ်နိုင်သေးတဲ့ အလုပ်တွေကြောင့်ရော pressure တွေ snowball effect လို တက်နေတယ်။ မျက်နှာမှာတောင် မှုန်သုန်နေမယ့် အနေအထားရှိတယ်။ မနေ့ညကတော့ Essay ၂ ပုဒ် ပြီးအောင်အထိ ရေးဖြစ်တယ်။ ဒါတောင် မနက် ၃ နာရီနောက်ပိုင်းကျ အလေလိုက်မိသွားတာ။ စာအုပ် မနေ့က ဆရာမက ‘နင် အရင်လို စာမဖတ်ဖြစ်တော့တာ သိသာတယ်’ လို့ ပြောတာနဲ့ ဒီနေ့ စာဖတ်ဖြစ်တာ။ အရှင်နန္ဒာစာရ ရဲ့ “အခြေခံ ဗုဒ္ဓစိတ်ကုထုံးများ” ဆိုတဲ့ စာအုပ်ပါးပါးလေး။ တခန်းချင်းဆီ သေချာဖတ်ရင်း စဥ်းစားရင်တော့ တွေးစရာတွေ အများကြီးပါတယ်။ ကလေးတွေကို စာသင်ရင်းနဲ့တောင် တနေ့ တခန်း (သို့) ၂ မျက်နှာလောက် စာဖတ်ဝိုင်း လုပ်ပေးရမလား တွေးမိသေးတယ်။ ပြီးတော့ သူတို့ကို အာနာပါန ရှုနည်း လဲ သင်ပေးချင်သေးတယ်။ စိတ်ရဲ့ အပြောင်းအလဲ မြန်မှုက ကြောက်စရာကောင်းလိုက်တယ်။ စက္ကန့်ပိုင်း အတွင်းမှာ ကိုယ် တွေးနေတာတွေ အမြောက်အမြား။ အဲဒါကို ထိန်းဖို့နေနေသာသာ ငါ့က အတွေးကောင်းတယ်လို့တောင် ဂုဏ်ယူခဲ့/မိတဲ့ အချိန်တွေ ရှိသေးတယ်။ စာအုပ်ထဲကနေ သဘောကျမိတဲ့ စာသားတစ်ကြောင်းက – “စိတ်ကျန်းမာခြင်း ဆိုတာ ဗုဒ္ဓရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်အရ နိဗ္ဗာန် ဆိုတာပဲ” ။ နိဗ္ဗာန် ဆိုတာကြီးက ဘယ်အရပ်ဒေသမှန်း လျှောက်မှန်းနေမှာထက်စာရင် အခု စာကြောင်းရဲ့ အဓိပ္ပါယ် က ပိုမှန်ကန်တယ်လို့ လက်ခံမိတယ်။ အရမ်းအဝေးကြီးတွေ ဘာလို့ စဥ်းစားနေမှာလဲ။ ဘဝတွေကို သံယောဇဥ်တွယ်မိတဲ့ အကြောင်းနဲ့ ပတ်သတ်ပြီး အရင်ကဆို သေလိုက်၊ရှင်လိုက် ကိုမှ ဘဝလို့ခေါ်တယ်။ တကယ်တမ်းတော့ ကိုယ့်အသက်အပိုင်းအခြားမှာတင် ဘဝမျိုးစုံ ကြုံတွေ့နေရပြီးပြီပဲ။ ကလေးဘဝကို ပြန်လွမ်းတာတွေ ၊ ကျောင်းသားဘဝကို နာကျည်းတာတွေ – စသဖြင့် ဒါတွေအားလုံးက ဘဝတွေအပေါ် တွယ်ငြိခြင်း (ဘဝတဏှာ) မဟုတ်ဘူးလား။ ဘာလို့ ရှေ့ဘဝ ၊ နောက်ဘဝ ၊ မသေခင် ဖြစ်တဲ့ဘဝ ၊ သေပြီး ဖြစ်တဲ့ဘဝ တွေကို သွားစဥ်းစားနေမှာလဲ။ နောက်ပြီး ဗုဒ္ဓဘာသာ ဖြစ််ရခြင်းတွေမှာ ဗုဒ္ဓ ရဲ့ ဟောကြားချက်တွေကို မှန်မှန်ကန်ကန် အဓိပ္ပါယ် ဖွင့်ဆိုတတ်ဖို့ နဲ့

မလွတ်မြောက်ခြင်း မှတ်တမ်း (ဧပြီ ၁၈၊ ၂၀၂၄)

ရောက်မိရောက်ရာ ဖတ်၊တွေးတွေ ဒီရက်ပိုင်း Facebook ပေါ်မှာ ဖတ်လိုက်ရတဲ့ Jackie Chan နဲ့ Teresa Teng အကြောင်း အခြေခံပြီး ဒီနေ့ စာရေးဖြစ်တာ။ အခုလဲ Teresa Teng ရဲ့ နာမည်ကျော် သီချင်း ကို ဖွင့်ရင်း ရေးနေတာ။ Jackie Chan ရေးထားသလို သူ့ အနေနဲ့ Teresa Teng အပေါ် ရိုင်းစိုင်းမိတာတွေက သူ့ငယ်ဘဝ အငုံ့စိတ် အပေါ် အခြေခံတယ် ဆိုတာနဲ့ ပတ်သတ်ပြီး ဆက်စပ်တွေးမိလို့ပါ။ သာဓု ရဲ့ “အတာ” ထဲမှာလဲ အဲဒီ အငုံ့စိတ် အကြောင်း ရေးထားတာ သတိရမိတယ်။ ဆရာကြီးရွှေဥဒေါင်း ရဲ့ အသုံးအရဆိုရင်တော့ ငယ်ဘဝ “ဆူးကြီး”တွေ ပေါက်ခဲ့တာကြောင့်ပေါ့။ Jackie Chan က သူ အသက်ကြီးတဲ့အချိန်မှ နောင်တ ရရင်း ဒါ မကောင်းဘူးလို့ ပြန်ပြောနိုင်တာကို။ အဲဒီအချိန် ကာလ သူ့ရဲ့ အောင်မြင်မှု ၊ လူငယ်စိတ် နဲ့ကျ အမှားလို့တောင် သတိထားမိမှာ မဟုတ်ဘူး။ နောက်ထပ် ပြန်စဥ်းစားရင်ကျတော့လဲ Teresa Teng ကို ၁ နာရီကြာ ငုတ်တုတ်ထိုင်ခိုင်းထားတဲ့ အဖြစ်အပျက်မှာဆိုရင်လဲ သူက Dragon Lord ဇာတ်ကားကို ရိုက်နေတဲ့အချိန်လို့ ပြောတယ်။ အဲဒီဇာတ်ကား က အခု ပြန်ကြည့်ရင်တောင် ကြည့်ကောင်းပြီး action တွေက မိုက်တယ်။ (အနည်းဆုံး action ဇာတ်ကားကောင်းလို့ ပြောလို့ရတယ်။) အဲဒါဆိုတော့ အဲဒီအချိန် အဲဒီဇာတ်ကားအပေါ် စိတ်အရမ်းနှစ်ထားလို့သာ အခု နှစ်ပေါင်းအများကြီးကြာတဲ့အထိ လူတွေ ပြန်ကြည့်ဖြစ်နေသေးတာကို။ ထားကြပါစို့ .