Translation
၁၉ နှစ်အရွယ် ဆယ်ကျော်သက်တစ်ယောက်က အာကာသယာဥ်မှုးတွေရဲ့ အသက်ကို ဘယ်လို ကယ်ဆယ်နိုင်တာလဲ?
သူမ နာမည်က ‘Amber Yang’ ။ အာကာသပတ်လမ်းကြောင်းရှိ အမှိုက်တွေရဲ့ လည်ပတ်မှုပုံစံကို ခန့်မှန်းနိုင်တဲ့ နည်းပညာကြောင့် ဆုပေါင်းများစွာ ရရှိထားခဲ့သူ။ သူမ အကြောင်း မပြောခင်မှာ ကမ္ဘာပတ်လမ်းကြောင်းမှာ ရှိနေတဲ့ ဒီလို သေးငယ်လှတဲ့ အမှိုက် အတိုအစ ပြဿနာလေးတွေကနေ အာကာသစီမံကိန်းတွေရဲ့ ပြဿနာအကြီးကြီး ဖြစ်လာနိုင်တဲ့ အကြောင်းကို အရင် ပြောပြလိုပါတယ်။ ၂၀၁၃ ခုနှစ်မှာ ထွက်ရှိတဲ့ Gravity ဆိုတဲ့ ဇာတ်ကားကို ကြည့်ရာကနေ Amber Yang အနေနဲ့ စိုးရိမ်ထိတ်လန့်မှု စဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ထိုစဥ်အချိန်က ၉ တန်းကျောင်းသူ အရွယ် ၊ ဖလော်ရီဒါမှာ နေထိုင်တဲ့ မိန်းကလေးတယောက်အနေနဲ့ ရုပ်ရှင်ဇာတ်ကားထဲက Read more…