BBC Micro:Bit မိတ်ဆက်

BBC micro:bit ဆိုတဲ့ အသုံးအနှုန်းကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံ နဲ့ စိမ်းနေပါသေးတယ် ။ ဒါပေမယ့် နိုင်ငံတကာမှာတော့ တွင်တွင်ကျယ်ကျယ် အသုံးပြုနေတဲ့ အရာတစ်ခု ဖြစ်ပြီး ထုတ်လုပ်တဲ့ ကုမ္မဏီကလဲ ကျွန်တော်တို့ ရင်းနှီးကျွမ်းဝင်ပြီးသား မီဒီယာကုမ္မဏီကြီးတစ်ခု ဖြစ်တဲ့ BBC ပါ။

BBC micro:bit ဆိုတာ ဘာလဲ ?

Micro:Bit
Micro:Bit

BBC micro:bit ဆိုတာ အိတ်ကပ်အရွယ်အစားလောက်ပဲ ရှိတဲ့ ကွန်ပျူတာ သေးသေးလေးတမျိုးပါ။ ကလေးငယ်တွေ နဲ့ စတင်လေ့လာလိုသူတွေအတွက် နည်းပညာ (Coding) ကို လွယ်ကူစွာနဲ့ လေ့လာနိုင်ဖို့အတွက် Graphical Programming (ရုပ်ပုံတွေ အသုံးပြုပီး ရေးသားရတဲ့ ကွန်ပျူတာ ဘာသာစကား) ကို အခြေခံထားပါတယ်။ ဒါကြောင့်မို့ BBC micro:bit ကို အသုံးပြုပီး အကြံရှိရင် ရှိသလောက် စက်ရုပ်တွေ ၊ တူရိယာပစ္စည်းတွေ အစရှိတဲ့ နည်းပညာ ပုံစံငယ်များစွာကို တီထွင် ပြုလုပ်နိုင်ပါတယ်။

“The BBC micro:bit is all about young people learning to express themselves digitally, and it’s their device to own.”

 – Sinead Rocks, Head of BBC Learning

BBC micro:bit ထုတ်လုပ်သူများ အကြောင်း

Micro:bit ကို ၂၀၁၅ ခုနှစ် မှာ စတင်ထုတ်လုပ်ခဲ့တဲ့ BBC ရဲ့ ရည်ရွယ်ချက်ကတော့ UK ကျောင်းသားသန်းဂဏန်းကို နည်းပညာ (Programming) လမ်းကြောင်းပေါ်မှာ အလွယ်တကူ စတင်လေ့လာနိုင်ဖို့ ရည်ရွယ်ခဲ့ပါတယ်။

Fun Fact!

ဒါပေမယ့် BBC ကတော့ Micro:bit ကို စတင်မိတ်ဆက်ခဲ့တာက အဲဒီအချိန် မှ မဟုတ်ဘူးလို ဆိုပါတယ်။ ဒါဆို ဘယ်တုန်းကများ ဖြစ်နိုင်မလဲ ? သင်သိပါသလား?

BBC Micro

၁၉၈၀ ခုနှစ် ကို ပြန်သွားမယ် ဆိုရင် ပထမဦးဆုံးသော BBC micro ကို ယူကေ ကျောင်းသားများဆီ စတင်မိတ်ဆက်ခဲ့ပါတယ် တဲ့ ။ အနှစ် ၃၀ ကျော်အကွာမှာ ပိုမို သေးငယ်တဲ့ ဒီဇိုင်း ၊ ပိုမို ကောင်းမွန်တဲ့ အရည်အသွေးတွေနဲ့ Micro:bit က တိုးတက်လာတာကို မြင်ရမှာပါ ။

BBC က Micro:bit ကို ဦးဆောင် ထုတ်လုပ်သူ ဆိုပေမယ့် Micro:bit ရေရှည် တိုးတက်ဖို့အတွက် ၊ အရင်းအမြစ်တွေများပြားလာဖို့ အတွက် နဲ့ ဆရာ/ဆရာမတွေ ကျောင်းတွေ တီထွင်ဖန်တီးသူတွေလက်ထဲကို ပိုမို ရောက်ရှိစေဖို့အတွက် Partnership မိတ်ဖက်အဖွဲ့အစည်းပေါင်းများစွာနဲ့ ပူးပေါင်းအလုပ်လုပ်နေပါတယ်။

အဲဒီအထဲမှာမှ ထင်ရှားတဲ့ ကုမ္မဏီကြီးတွေ ရဲ့ Micro:bit ကို ထောက်ပံ့မှုတွေကတော့ –

ARM mbed hardware , software development kits နဲ့ compiler services တွေကို တာဝန်ယူပါတယ်။
Element14 ထုတ်လုပ်မှု နဲ့ ပတ်သတ်သမျှ တာဝန်ယူပီး လိုအပ်တဲ့ component တွေကိုလဲ ထောက်ပံ့ပေးပါတယ်။
Freescale Micro:bit ထဲမှာ အသုံးပြုတဲ့ sensor တွေနဲ့ USB controller တွေ ထောက်ပံ့ပေးပါတယ်။ Lancaster University – micro:bit runtime ကို တည်ဆောက် ရေးသားပေးပါတယ်။
Microsoft TouchDevelop web-based programming tool တွေကို ထောက်ပံ့ပေးပီး ဆရာ/ဆရာမတွေအတွက် သင်ကြားရေးအထောက်အကူပြု ပစ္စည်းတွေကိုလဲ ကူညီ ဖန်တီးပေးပါတယ်။
Samsung Micro:bit ကို ဖုန်းတွေ တက်ဘလက်တွေနဲ့ ချိတ်ဆက်ပေးဖို့ နဲ့ Android app တည်ဆောက်ပေးဖို့ တာဝန်ယူပါတယ်။
Python Software Foundation python.microbit.org လိုမျိုး micro:bit cloud editor လိုမျိုးတွေအပြင် နည်းပညာပိုင်းအရ ထောက်ပံ့ပေးပါတယ်။

Official partnership အရ ဆိုရင် မိတ်ဖက်အဖွဲ့အစည်းပေါင်း ၃၀ ကျော် က Micro:bit နဲ့ ပူးတွဲ အလုပ်လုပ်နေပါတယ်။

Micro:bit Key Features : Micro:bit အဓိက ထောက်ပံ့ချက်များ

Micro:bit ပေါ်မှာ လုပ်ဆောင်နိုင်တဲ့ အရာတွေအများကြီး ရှိပါတယ် ။ အဲဒီ အထဲမှာမှ အဓိက ကျတဲ့ Function တွေကတော့ – 

  1. LED မီးသီးလုံးလေးတွေကို အသွင်သဏ္ဍန် ၂၅ မျိုး အထိ ပြောင်းလဲ ထိန်းချုပ်နိုင်ပါတယ်။ 
  2. လိုအပ်တဲ့အခါ အသုံးပြုနိုင်တဲ့ (programmable) ထိန်းချုပ် ခလုတ် ၂ ခု ပါတယ်။ 
  3. အခြားသော ပစ္စည်းတွေနဲ့ ဆက်သွယ်နိုင်ဖို့ အင်တာနက် အပြင် Bluetooth ဆက်သွယ်မှုလဲ ပါတယ်။
  4. Micro:bit ပေါ်မှာ တပ်ဆင်ပီးသား Compass(သံလိုက်အိမ်မြှောင်) ၊ Accelerometer (အရှိန်တိုင်းတာမှုစနစ်) အစရှိတဲ့ default ပါဝင်ပီးသား ဖြစ်ပါတယ်။ 

ဒီအရာ တွေက အခြားသော Microcontroller platform တွေ မှာလဲ ရနိုင်တဲ့ အရာတွေ ဖြစ်တယ်ဆိုပေမယ့် သူ့အရွယ်အစား ၊ သူ့ စျေးနှုန်း ၊ သူ့ အသုံးဝင်မှု အခြေအနေတွေ နဲ့ တွက်ကြည့်မယ် ဆိုရင်တော့ တကယ်ကို ပြည့်စုံလှပါတယ်။

Micro:Bit Hardware Features

Micro:bit အကြောင်း ကို အပြည့်အစုံ ထပ်မံ သိရှိလိုပါက ဒီ Youtube Video လေးကို ကြည့်စေချင်ပါတယ်။

ကိုးကား

  • https://www.seeedstudio.com/blog/2019/11/28/getting-started-with-microbit-makecode-accessories-projects-and-more/
  • https://www.bbc.co.uk/programmes/articles/4hVG2Br1W1LKCmw8nSm9WnQ/the-bbc-micro-bit

မလွတ်မြောက်ခြင်း မှတ်တမ်း (ဧပြီ ၂၂)

Exam နောက် ၁ ရက် ၊ ၂ ရက် ဆိုရင် စာမေးပွဲ ဖြေရတော့မယ်။ မသိရင် ဆယ်တန်းစာမေးပွဲ ပြန်ဖြေတုန်းက အချိန်လိုမျိုး ပြန်ရောက်သွားသလိုပဲ။ ရေးဖြေ မို့လဲ ပါမယ် ထင်တယ်။ မဖြေခင် စိတ်တွေ တင်းကြပ်ပီး လုပ်ချင်တာတွေ လျှောက်လုပ်နေတာ။ ညပိုင်းကျမှ နဲနဲ တည်ငြိမ်သွားတော့တယ်။ Sailing Vlog တစ်ခု ကြည့်လိုက်တယ်။ ပူတူး ဆီကနေ အားပေးစကားတွေ ကြားရတယ်။

Read More »
procrastination
Fuck the Coup!
admin

မလွတ်မြောက်ခြင်း မှတ်တမ်း (ဧပြီ ၁၈၊ ၂၀၂၃)

မနေ့က နှစ်ဆန်း (၁)ရက်နေ့ ။ ၂၀၂၃ သင်္ကြန် ဘာမှ မဟုတ်လိုက်ပဲ ပြီးသွားပြန်ပြီပေါ့။ အိမ်ထဲမှာပဲ စာကြည့်လိုက် ၊ ဇာတ်ကားကြည့်လိုက်နဲ့ အချိန်တွေကုန်သွားတယ်။ စာမရေးဖြစ်တာတောင် ကြာပါပီ။ အဓိက က အိပ်မပျော်တဲ့အချိန်မှာ စိတ်များသက်သာမလားလို့ ကွန်ပျူတာ ထဖွင့်ပြီး ရေးလိုက်တာ။ မီးပျက်နေတယ်။ ပူလောင်ပြီး ခြင်က ကိုက် ၊ အပြင်ထွက်အိပ်မယ်ဆိုပြန်တော့လဲ ကြမ်းပိုးက ထိုးသလိုနဲ့ အခန်းထဲ ဝင်လိုက် ၊ ထွက်လိုက်နဲ့

Read More »

မလွတ်မြောက်ခြင်း မှတ်တမ်း (ဖေဖော်ဝါရီ ၆၊၂၀၂၃)

အိပ်မပျော်ည ညဘက်တွေ အိပ်မပျော်ပြန်ဘူး။ အကျိုးရှိတဲ့ အလုပ်တွေ လုပ်နေတာလဲ မဟုတ်ပြန်ဘူး။ စဥ်းစားမယ်ဆိုရင်တော့ အရာရာ စိတ်ပူပင် သောကရောက်စရာတွေချည်းပဲပေါ့။ ငယ်ငယ်တုန်းက ကိုယ့်ကိုယ်ကို အခုထိ ပြန်မြင်နေရတုန်းလား။ ပြာယာခတ်ပီး priority မစဥ်တတ်တဲ့ ပြဿနာ။ အလုပ်တွေ ၊ ကျောင်းကိစ္စ ၊ အခြားပြင်ပအလုပ်တွေ၊ ကိုယ်ရေးကိုယ်တာကိစ္စတွေ ။ တစ်နေ့ တစ်နေ့က ဘယ်လို ကုန်သွားသလဲကို မသိလိုက်ဘူး။ ညအိပ်မပျော်တာတွေကလဲ နေ့လည်ဘက် အာရုံစိုက်မှုကို ရော့စေပြန်တယ်။

Read More »

မလွတ်မြောက်ခြင်း မှတ်တမ်း (ဇန် – ၃၁၊ ၂၀၂၃)

ထိုင်းရောက် မြန်မာအလုပ်သမားတွေအကြောင်း ဖတ်ရင်း လူသားဆန်မှု ၊ ကိုယ်ချင်းစာတရား ရဲ့ အဆင့်တွေကို စဥ်းစားမိတယ်။ မိမိကိုယကြို ဖှဈတဲ့ ကိုယခြငွြးစာတရား နဲ့ တခှားသူအတှကဆြို ကှာတယြာ။ အဲဒီကနေ အိမတြအိမြ နဲ့ တအိမြ၊ ရပကြှကြ တခုနဲ့ တခု ၊ မှို့တမှို့နဲ့ တမှို့ ၊ တနိုငငြံ နဲ့ တနိုငငြံ။ lvl မှင့လြာတာနဲ့အမွှ တဖှညြးဖှညြးနဲ့ကိုယခြငွြးစာတရားက အမွားပှောစကား ဖှဈလာတယြ။ အမွားက

Read More »