AI for Kids

မြန်မာကလေးငယ်တစ်ယောက်ကို Artificial Intelligence အကြောင်း ဘယ်လိုသင်ပေးကြမလဲ?

ဒီနေ့ ခေတ်မှာ မိဘတိုင်းလိုလိုက ကိုယ့်သားသမီးတွေကို ငယ်စဉ်ကတည်းက ဘာသာစကားပိုင်းဆိုင်ရာ (သို့) နည်းပညာကွန်ပျူတာပိုင်းမှာ တတ်မြောက်စေလိုတဲ့ စေတနာ ဖြစ်လာကြပါတယ်။ ကလေးငယ်တွေအတွက် သင်တန်းကျောင်းတွေလဲ အပြိုင်အဆိုင် ပေါ်လာကြပါတယ်။ ဒီအခြေအနေမှာ ကျွန်တော်တို့ မြန်မာနိုင်ငံ မဟုတ်တဲ့ အခြားသော နိုင်ငံတကာ မှာရော ဘယ်လို သင်ကြားမှုတွေ ၊ စိတ်ဝင်စားမှုနေသလဲ ။ ဒါ့အပြင် နိုင်ငံတကာ ရဲ့ သင်ကြားမှု စနစ် ၊ အရင်းအမြစ်တွေကရော ဘယ်လို အခြေအနေဖြစ်နေသလဲ ဆိုတာကို ကျွန်တော်တို့ မျက်ခြေမပြတ်ဖို့ လိုအပ်ပါတယ်။ An Hour of Code with Artificial Intelligence! ဆိုတဲ့ online webinar Read more…

BBC Micro:Bit မိတ်ဆက်

BBC micro:bit ဆိုတဲ့ အသုံးအနှုန်းကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံ နဲ့ စိမ်းနေပါသေးတယ် ။ ဒါပေမယ့် နိုင်ငံတကာမှာတော့ တွင်တွင်ကျယ်ကျယ် အသုံးပြုနေတဲ့ အရာတစ်ခု ဖြစ်ပြီး ထုတ်လုပ်တဲ့ ကုမ္မဏီကလဲ ကျွန်တော်တို့ ရင်းနှီးကျွမ်းဝင်ပြီးသား မီဒီယာကုမ္မဏီကြီးတစ်ခု ဖြစ်တဲ့ BBC ပါ။ BBC micro:bit ဆိုတာ ဘာလဲ ? BBC micro:bit ဆိုတာ အိတ်ကပ်အရွယ်အစားလောက်ပဲ ရှိတဲ့ ကွန်ပျူတာ သေးသေးလေးတမျိုးပါ။ ကလေးငယ်တွေ နဲ့ စတင်လေ့လာလိုသူတွေအတွက် နည်းပညာ (Coding) ကို လွယ်ကူစွာနဲ့ လေ့လာနိုင်ဖို့အတွက် Graphical Programming (ရုပ်ပုံတွေ အသုံးပြုပီး ရေးသားရတဲ့ ကွန်ပျူတာ ဘာသာစကား) Read more…