မလွတ်မြောက်ခြင်း မှတ်တမ်း (ဒီဇင်ဘာ ၁၉၊၂၀၂၂)

မနေ့က ကမ္ဘာ့ဖလား ၂၀၂၂ (ကာတာ) ပြီးသွားတယ်။ အာဂျင်တီးနား နိုင်သွားတယ်။ မီးရှုးမီးပန်းတွေနဲ့ ပိတ်ပွဲကို ကြည့်ရင်း ဒီလို ပွဲတစ်ပွဲ အောင်အောင်မြင်မြင်ပြီးသွားဖို့ လူပေါင်း ဘယ်လောက်များများ စတေးခဲ့ရလဲလို့ တွေးမိတယ်။ ရွေ့ပြောင်းအလုပ်သမားတွေ ဘယ်လောက်များများ အနစ်နာခံခဲ့ရသလဲ။ ကမ္ဘာကြီးက အဲဒီလို နင်းခြေခြင်းနဲ့ပဲ တဆင့်ပီး တဆင့် တက်လာတာလား။ Elon Musk က Twitter ပေါ်မှာ အခြား social media link တွေကို share ခွင့် ပိတ်တဲ့ policy တစ်ခု လုပ်တယ်။ Journalist တချို့နဲ့ tech activist တချို့ကို Twitter ကနေ ban တယ်။ Billionaire တစ်ယောက်က သူ လုပ်ချင်တိုင်း လုပ်ခွင့်ကို ပိုက်ဆံပေး ဝယ်လိုက်သလိုပါပဲ။ Steve Jobs ဇာတ်ကား ကြည့်ဖြစ်တယ်။ သူ့မှာ သမီးတစ်ယောက် ရှိမှန်း movie ကြည့်မှ သိတာ။ အဲဒီကလေးကို Steve Jobs က အစပိုင်းမှာ သူ့ကလေး အဖြစ် လက်မခံဘူး။ သေခါနီးမှ လက်ခံတယ် တူပါရဲ့ ။ ဇာတ်ကားထဲမှာလဲ Billionaire တစ်ယောက်ရဲ့ တယူသန်စိတ်၊အတ္တ ကို မြင်ရတယ်။ ဒါပေမယ့် လူတွေက အဲဒါကိုမှ အဟုတ်ထင်အောင် လုပ်နိုင်တယ် ဆိုတော့ marketing တော်တယ် ဆိုရမှာပဲ။ (ဒီစာကို mac ပေါ်မှာရေးတာဆိုတော့ ကိုယ်တိုင်လဲ marketing သားကောင် လို့ ဆိုကြပါစို့ ?) Social Media တွေမှာ တော်လှန်ရေးအကြောင်းတွေ နည်းသထက် နည်းလာပီ။ နိုင်ငံလဲ ခွေးဖြစ်သထက် ခွေးဖြစ်ဖို့ပဲ ရှိတော့မယ်။ အကြောက်တရား လွှမ်းမိုးတဲ့အခါမှာ အမှန်တရားဘက်က လူတွေကိုတောင် အပြစ်တင်ရဲလာတယ်။ ဒါပေမယ့် နယ်ဒေသတွေမှာတော့ မီးလောင်ခံခဲ့ရတဲ့၊ဆုံးရှုံးလိုက်ရတဲ့လူတွေရဲ့ နာကျည်းမှုကတော့ တော်လှန်ရေးကို ဆက်သယ်ဆောင်သွားမယ်လို့ ယုံတယ်။ Social Media ပေါ်က trend က နိုင်ငံရေးကို တကယ် အဆုံးအဖြတ်ပေးနိုင်သလား။ လုပ်စရာတွေ အပြီးမသတ်နိုင်သေးဘူး။ project တစ်ခုအတွက် Python code မနက်ဖြန် အပီးရေးရမှာရှိတယ်။ Udacity SQL course လဲ ဒီဇင်ဘာပိတ်ရက်အတွင်း အပြီးတက်မယ်တွေးထားတာ။ External Project

မလွတ်မြောက်ခြင်း မှတ်တမ်း (ဒီဇင်ဘာ ၁၁ ရက်၊၂၀၂၂)

Monica Bellucci ဒီနေ့ Monica Bellucci ရဲ့ Malena ဇာတ်ကား ကြည့်ဖြစ်တယ်။ ကျော်လိုက် ရစ်လိုက် ပြန်ကြည့်လိုက်ပါပဲ။ Monica Bellucci သရုပ်ဆောင်တဲ့ “Tears of the Sun” ဆိုတဲ့ ဇာတ်ကားလဲ အရင် ကြည့်သေးတာ။ အဲဒီကနေမှ Monica Bellucci ဇာတ်ကားတွေ လိုက်ရှာကြည့်ဖြစ်တာဆိုတော့ ။ “Tears of the Sun” ကတော့ Nigeria နိုင်ငံမှာ အာဏာသိမ်းမှု ဖြစ်ပီး ပိတ်မိနေတဲ့ အမေရိကန်နိုင်ငံသားတွေကို အထူး mission လွှတ်ပီး သွားကယ်တဲ့ ဇာတ်လမ်းပါပဲ။ မြန်မာနိုင်ငံ ရဲ့ ပုံစံနဲ့တောင် ခပ်ဆင်ဆင်။ သူတို့ဆီမှာတော့ ရွာလုံးကျွတ် လူမျိုးမတူရင် Ethnic cleansing သတ်တာ။ ဒီမှာတော့ ရွာလုံးကျွတ် မဟုတ်ပေမယ့် အခုတောင် ပျူရွာ ၊ အနီရွာ ဆိုတာမျိုးတွေ ရှိနေပီ။ လူတွေကို လူ-လူချင်း သတ်ဖြစ်အောင် တွန်းအားတွေက ဘာတွေလဲ။ အဲဒီ သတ်ဖြတ်ခြင်းသံသရာ ထဲက ရုန်းထွက်ဖို့ နည်းလမ်းကရော ဘာလဲ။ လူဖြစ်ရခြင်း ရဲ့ အဓိပ္ပါယ်ထဲမှာ လူမျိုးမတူတာတွေ ၊ ကိုးကွယ်ရာမတူတာတွေက ဘယ်လောက် အရေးပါသလဲ။ ကဗျာ ကဗျာပေါင်းချုပ် စာအုပ်တွေ ဝယ်ဖြစ်တယ်။ (မောင်ချောနွယ် ၊ အောင်ချိမ့် ၊ မင်းလူ ၊ တာရာမင်းဝေ) ။ ဘဝမှာ ပထမဆုံး ဝယ်ဖူးတဲ့ ကဗျာပေါင်းချုပ် ။ ဒါပေမယ့် အမြဲ စိတ်ထဲမှာ ငါ ကဗျာကို ခံစားတတ်ရဲ့လား ဆိုတာမျိုး မေးခွန်းရှိတယ်။ တချို့ ကဗျာစာပိုဒ် တွေကို နားလည်တယ် ၊ တချို့ အပိုဒ်တွေမှာ နားမလည်ဘူး ဆိုတာမျိုး ။ ဒါပေမယ့် သူများရှင်းပြမှ နားလည်တာမျိုးကြီးကျလဲ ကဗျာ ဖတ်ရတာ ဘယ် အဓိပ္ပါယ် ရှိမှာလဲ။ တာရာမင်းဝေ ရဲ့ “ကျောင်းဖွင့်ချိန်” ကို အသံထွက်ပီး ဖတ်ဖြစ်တယ်။ နှစ်ပေါင်း ၃၀ လောက် ရှိတာတောင် ကဗျာပါ အကြောင်းအရာတွေက လက်ရှိအချိန်ထိ မှန်နေတာ စိတ်မကောင်းစရာပဲ။ ကဗျာထဲမှာတော့ စစ်တပ်ခင်းပေးထားတဲ့ တုံးတံတားပေါ်ကနေ လျှောက်ရင်း သွေးပင်လယ်ကို လျှစ်လျှူရှုလိုက်တဲ့ လူတွေကို သမိုင်းတရားခံ မျိုး

မလွတ်မြောက်ခြင်း မှတ်တမ်း (ဒီဇင်ဘာ ၉၊၂၀၂၂)

စာမရေးဖြစ်တာ တော်တော့်ကို ကြာသွားပီ။ ဒီနေ့ site ကို ပြန်ပြင်ဖြစ်တာရော ၊ ဆရာဓီရာမိုရ် ရဲ့ အင်တာဗျူးနဲ့ သီချင်းတွေ နားထောင်ဖြစ်တာရောနဲ့ စိတ်ထဲပြောချင်တာတွေ ရှိနေလို့။ မနေ့ညက ဓီရာမိုရ် ရဲ့ မြစ်အိုကြီး album ထဲက “မျက်ရည်နဲ့ လောင်မြိုက်မယ့် ကမ္ဘာ” သီချင်း ပြန်နားထောင်ဖြစ်ရာကနေ သူ့အကြောင်း documentary ၊ အင်တာဗျူးတွေ လိုက်ကြည့်ဖြစ် ၊ NUCA Orchestra တွေ လိုက်နားထောင်ဖြစ်တယ်။ ဂီတပညာအကြောင်း သူ ဖြေထားတဲ့ အဖြေတစ်ခုကနေ စဥ်းစားစရာတွေ အများကြီး ရတယ်။ ပညာ ဆိုတာ တန်ဖိုးကို သိတာ ၊ တန်ဖိုးကို ထုဆစ်တတ်တာ ၊ တန်ဖိုးကို အကဲခတ်တတ်တာ ဓီရာမိုရ် – Interview w/ Kamayut Media သူ ပြောတဲ့အထဲမှာ ဂျပန်နိုင်ငံက ကလေးတွေရဲ့ အနုပညာကို ချစ်တတ်အောင် ကလေးဘဝကတည်းက ပျိုးထောင်ပေးတဲ့ ပုံစံ နဲ့ မြန်မာနိုင်ငံက အခြေအနေ ကွာခြားချက်တွေလဲ ပါတယ်။ တိုင်းပြည် နိမ့်ပီ ဆိုရင် အစစအရာရာ (ပညာရေး ၊ အားကစား ၊ ဂီတ) ဘာမဆို အကုန် တပြိုင်နက် နိမ့်သွားတယ်လို့ ယူဆမိတာ ပိုမှန်သလို ဖြစ်တယ်။ ဆက်စပ်မေးခွန်းအနေနဲ့ “ဘာကြောင့် ဒီလို ဖြစ်သွားတာလဲ” ၊ “ဖြစ်သွားပြီးတဲ့အခြေအနေမှာ တစ်ကိုယ်စာ အနေနဲ့ ဘယ်လို ရုန်းထွက်မလဲ” ၊ “ကိုယ့်တကိုယ်စာ ရုန်းထွက်ပီးရင် ပတ်ဝန်းကျင်ကိုပါ နိုင်သလောက် ပြောင်းလဲလာအောင် ဘယ်လို လုပ်နိုင်မလဲ” ဆိုတာမျိုး ခေါင်းထဲမှာ တွေးမိတယ်။ ဘာကြောင့် ဒီလိုဖြစ်သွားတာလဲ စစ်အာဏာရှင် ကြောင့်လို့ အကျဥ်းချုံးပြောလို့ ရပေမယ့် မြန်မာတွေရဲ့ ရှေးကတည်းက ဓလေ့စရိုက် အကျင့်တွေကြောင့်လဲ ဖြစ်နိုင်တယ်။ ဥပမာ – ဆရာဓီရာမိုရ် ပြောတဲ့အထဲမှာ ရှေးခေတ် မြန်မာ့ဂီတ ရဲ့ ပုံစံက နန်းတွင်းဂီတ လိုပဲ ။ ကိုယ့်ဘာသာပဲ အေးအေးဆေးဆေး ခံစားချင်တယ် ဆိုတာမျိုး ပါတယ်။ ဥရောပဂီတ မှာကျ အပြိုင်အဆိုင် စိတ် ၊ ကျော်ကြားလိုစိတ် ၊ တနိုင်ငံပီး တနိုင်ငံ ကိုယ့်ဂီတ က လွှမ်းမိုးစေချင်တဲ့စိတ်တွေ ရှိတယ်