Love
ချစ်ခြင်းတရားနဲ့ ပထမဆုံး လူချင်းဆုံတဲ့နေ့
တော်လှန်ရေးအကြောင်း မပါမယ့် တော်လှန်ရေးပန်းခြံရှေ့အနားက အချစ်အကြောင်းပါပဲ။ ဒီနေ့ ပထမဆုံး သူ(မ) နဲ့ အပြင်မှာ လူချင်းတွေ့ရတယ်။ ချစ်သူသက်တမ်း ၂ နှစ်ကျော် (၃ နှစ်နီးပါးလားမသိ) မှာ ပထမဆုံး တွေ့ရတာပဲ။ ၂၀၂၃ ကတော့ ကြည်နူးစရာတခုနဲ့ပဲ စဖွင့်ခဲ့ရသလို တညလုံး မအိပ်ထားပဲနဲ့လဲ တနေကုန် ဟိုသွားဒီသွားနဲ့ နေနိုင်ခဲ့တာ အံ့သြစရာပဲ။ သူ(မ) ကို စတွေ့လိုက်တဲ့အချိန်မှာ အရုပ်ကလေးတခုလိုပဲ ခံစားမိတယ်။ ရက်ပေါင်းများစွာ ဖန်သားပြင်ကနေတဆင့် မြင်ခဲ့၊ရင်းနှီးဖူးတဲ့ အရုပ်ကလေးတစ်ခုက အခု ကိုယ့်ရှေ့မှာ သက်ဝင်လှုပ်ရှားလာသလိုပဲ။ သူ(မ) ဘာပဲ လုပ်လုပ် ၊ အထူးအဆန်းလို ဒီကနေ့မှ စသိတဲ့သူတစ်ယောက်ကို မြင်နေရသလို ခံစားရတယ်။ အရင် Read more…