ချစ်ခြင်းတရားနဲ့ ပထမဆုံး လူချင်းဆုံတဲ့နေ့

တော်လှန်ရေးအကြောင်း မပါမယ့် တော်လှန်ရေးပန်းခြံရှေ့အနားက အချစ်အကြောင်းပါပဲ။ ဒီနေ့ ပထမဆုံး သူ(မ) နဲ့ အပြင်မှာ လူချင်းတွေ့ရတယ်။ ချစ်သူသက်တမ်း ၂ နှစ်ကျော် (၃ နှစ်နီးပါးလားမသိ) မှာ ပထမဆုံး တွေ့ရတာပဲ။ ၂၀၂၃ ကတော့ ကြည်နူးစရာတခုနဲ့ပဲ စဖွင့်ခဲ့ရသလို တညလုံး မအိပ်ထားပဲနဲ့လဲ တနေကုန် ဟိုသွားဒီသွားနဲ့ နေနိုင်ခဲ့တာ အံ့သြစရာပဲ။

သူ(မ) ကို စတွေ့လိုက်တဲ့အချိန်မှာ အရုပ်ကလေးတခုလိုပဲ ခံစားမိတယ်။ ရက်ပေါင်းများစွာ ဖန်သားပြင်ကနေတဆင့် မြင်ခဲ့၊ရင်းနှီးဖူးတဲ့ အရုပ်ကလေးတစ်ခုက အခု ကိုယ့်ရှေ့မှာ သက်ဝင်လှုပ်ရှားလာသလိုပဲ။ သူ(မ) ဘာပဲ လုပ်လုပ် ၊ အထူးအဆန်းလို ဒီကနေ့မှ စသိတဲ့သူတစ်ယောက်ကို မြင်နေရသလို ခံစားရတယ်။ အရင် ကျောင်းမှာတုန်းက သိခဲ့ဖူးတယ်လို့တောင် မထင်မိတဲ့အထိပဲ။ ပြုံးတဲ့ ပုံစံတွေ ၊ စကားပြောတဲ့ပုံစံတွေကအစ မြင်ရကြားရတာ ပိုချိုလာတယ်။ သူ(မ) ရဲ့ အထိအတွေ့ ၊ ကိုယ်သင်းရနံ့တွေအားလုံးက အမြဲ အနားနားမှာ ရှိစေချင်နေတဲ့အထိပဲ။

အချစ်အကြောင်းတွေ စာအရှည်ကြီး မရေးဖြစ်တာ တော်တော်ကြာပါပီ။ အဓိကက ချစ်တယ် ဆိုတာ ဘာလဲ ဆိုတာမျိုးအထိ အရင်က မေးနေမိတာ။ အတိတ်မှာ ကြုံခဲ့ရတာတွေက အခုချက်ချင်းပဲ ကိုယ်ပဲ အဖြတ်ခံရတော့မလား၊ အခုချက်ချင်းပဲ စိတ်ဆိုးမာန်ဆိုးနဲ့ တခုခု လုပ်လိုက်မလားဆိုတဲ့ စိုးရိမ်လောင်မြိုက်မှုတွေနဲ့ပဲ အဓိပ္ပါယ် ချဥ်းကပ်မိတယ်။

ဒါပေမယ့် သူ(မ) နဲ့ တွေ့ပြီးကတည်းက အခုအထိ မပြောင်းလဲတဲ့ခံစားချက်ကတော့ အားအင် ပဲ။ အမြဲ ကိုယ့်ဘေးနားရှိနေရင် အားအင်တခု ရနေသလိုပဲ။ စိတ်ကောက်မှာလဲ ကြောက်စရာမလိုဘူး။ ပြတ်မယ် ဘာညာ ဒရာမာတွေလဲ ယောင်လို့တောင် မတွေးဖူးဘူး။ တနေ့နေ့မှာ လက်ထပ်မယ်။ လောကအတွက် တတ်နိုင်သလောက် ကောင်းကျိုးတွေကို နှစ်ယောက် အတူတူ လုပ်ကြမယ် ဆိုတာမျိုး မတိုင်ပင်ထားပဲ လုပ်နေသလိုပဲ။ ဒီနေ့လဲ သူ(မ) အနားမှာ ရှိချိန် သာမန်လူလိုပဲ။ သူ(မ) လဲ မရှိရော လူက နှုန်းခွေသွားတာပဲ။

တနေကုန် သူ(မ) နဲ့ အတူတူ ရှိတဲ့အကြောင်းတွေ ပြန်တွေးရင်း အိပ်တော့မယ်။ အိပ်မက်ထဲမှာ လာနှောက်ယှက်ဦးမှာလဲ အသေချာပါပဲ။

မလွတ်မြောက်ခြင်း မှတ်တမ်း (ဧပြီ ၂၂)

Exam နောက် ၁ ရက် ၊ ၂ ရက် ဆိုရင် စာမေးပွဲ ဖြေရတော့မယ်။ မသိရင် ဆယ်တန်းစာမေးပွဲ ပြန်ဖြေတုန်းက အချိန်လိုမျိုး ပြန်ရောက်သွားသလိုပဲ။ ရေးဖြေ မို့လဲ ပါမယ် ထင်တယ်။ မဖြေခင် စိတ်တွေ တင်းကြပ်ပီး လုပ်ချင်တာတွေ လျှောက်လုပ်နေတာ။ ညပိုင်းကျမှ နဲနဲ တည်ငြိမ်သွားတော့တယ်။ Sailing Vlog တစ်ခု ကြည့်လိုက်တယ်။ ပူတူး ဆီကနေ အားပေးစကားတွေ ကြားရတယ်။

Read More »
procrastination
Fuck the Coup!
admin

မလွတ်မြောက်ခြင်း မှတ်တမ်း (ဧပြီ ၁၈၊ ၂၀၂၃)

မနေ့က နှစ်ဆန်း (၁)ရက်နေ့ ။ ၂၀၂၃ သင်္ကြန် ဘာမှ မဟုတ်လိုက်ပဲ ပြီးသွားပြန်ပြီပေါ့။ အိမ်ထဲမှာပဲ စာကြည့်လိုက် ၊ ဇာတ်ကားကြည့်လိုက်နဲ့ အချိန်တွေကုန်သွားတယ်။ စာမရေးဖြစ်တာတောင် ကြာပါပီ။ အဓိက က အိပ်မပျော်တဲ့အချိန်မှာ စိတ်များသက်သာမလားလို့ ကွန်ပျူတာ ထဖွင့်ပြီး ရေးလိုက်တာ။ မီးပျက်နေတယ်။ ပူလောင်ပြီး ခြင်က ကိုက် ၊ အပြင်ထွက်အိပ်မယ်ဆိုပြန်တော့လဲ ကြမ်းပိုးက ထိုးသလိုနဲ့ အခန်းထဲ ဝင်လိုက် ၊ ထွက်လိုက်နဲ့

Read More »

မလွတ်မြောက်ခြင်း မှတ်တမ်း (ဖေဖော်ဝါရီ ၆၊၂၀၂၃)

အိပ်မပျော်ည ညဘက်တွေ အိပ်မပျော်ပြန်ဘူး။ အကျိုးရှိတဲ့ အလုပ်တွေ လုပ်နေတာလဲ မဟုတ်ပြန်ဘူး။ စဥ်းစားမယ်ဆိုရင်တော့ အရာရာ စိတ်ပူပင် သောကရောက်စရာတွေချည်းပဲပေါ့။ ငယ်ငယ်တုန်းက ကိုယ့်ကိုယ်ကို အခုထိ ပြန်မြင်နေရတုန်းလား။ ပြာယာခတ်ပီး priority မစဥ်တတ်တဲ့ ပြဿနာ။ အလုပ်တွေ ၊ ကျောင်းကိစ္စ ၊ အခြားပြင်ပအလုပ်တွေ၊ ကိုယ်ရေးကိုယ်တာကိစ္စတွေ ။ တစ်နေ့ တစ်နေ့က ဘယ်လို ကုန်သွားသလဲကို မသိလိုက်ဘူး။ ညအိပ်မပျော်တာတွေကလဲ နေ့လည်ဘက် အာရုံစိုက်မှုကို ရော့စေပြန်တယ်။

Read More »

မလွတ်မြောက်ခြင်း မှတ်တမ်း (ဇန် – ၃၁၊ ၂၀၂၃)

ထိုင်းရောက် မြန်မာအလုပ်သမားတွေအကြောင်း ဖတ်ရင်း လူသားဆန်မှု ၊ ကိုယ်ချင်းစာတရား ရဲ့ အဆင့်တွေကို စဥ်းစားမိတယ်။ မိမိကိုယကြို ဖှဈတဲ့ ကိုယခြငွြးစာတရား နဲ့ တခှားသူအတှကဆြို ကှာတယြာ။ အဲဒီကနေ အိမတြအိမြ နဲ့ တအိမြ၊ ရပကြှကြ တခုနဲ့ တခု ၊ မှို့တမှို့နဲ့ တမှို့ ၊ တနိုငငြံ နဲ့ တနိုငငြံ။ lvl မှင့လြာတာနဲ့အမွှ တဖှညြးဖှညြးနဲ့ကိုယခြငွြးစာတရားက အမွားပှောစကား ဖှဈလာတယြ။ အမွားက

Read More »