in Fuck the Coup!, Love, Monograph

မလွတ်မြောက်ခြင်း မှတ်တမ်း (2024 Reflection)

ဘဝ မှတ်တမ်း

နှစ်ဦးပိုင်းမှာ SG က 1 year program တစ်ခုကနေ Certificate ရခဲ့။ အရမ်းကြီး အောင်မြင်ခဲ့တာမျိုး မဟုတ်ပါဘူး။ နောက်ဆုံးပိတ်နားကနေ အောင်ခဲ့တာမျိုးပါပဲ။ Data Engineer ဆိုတာ ကိုယ် လိုချင်နေတဲ့ career တစ်ခုပဲ လို့ ရှာတွေ့ခဲ့တယ်။ နိုင်ငံသစ်တစ်ခုကို ပြောင်းနိုင်ခဲ့။ ကော်ပိုရိတ် တစ်ခုက ပရောဂျက်ကောင်းတစ်ခုမှာ အလုပ်ရခဲ့။ ကြောက်ရွံ့မှုတွေ အိပ်မပျော်တဲ့ ညတွေ များစွာထဲကနေ အခက်အခဲတော်တော်များများ ဒုက္ခ မရောက်ပဲ ဖြတ်သန်းနိုင်ခဲ့တယ်။ သြဂုတ်လကနေ စပြီး လွတ်လပ်မှုအသစ်ကို ခံစားရတာနဲ့အမျှ အသုံးအဖြုန်း ၊ အပျော်အပါးတွေလဲ ပိုများလာခဲ့တယ်။ ဘဝမှာ ပထမဆုံး ကိုယ်ပိုင် ဆိုင်ကယ်တစ်စီး နဲ့ ဖုန်းကောင်းကောင်းတစ်လုံး ဝယ်နိုင်ခဲ့တယ်။ Credit Card စသုံးဖူးခဲ့။ အရာရာက တောသား မြို့ရောက်သလိုပါပဲ။ ဒါပေမယ့် လစာက သိပ်မတိုးလာတဲ့အပြင် အသုံးကတောင် ပိုများလာခဲ့သေးတယ်။ ပထမဆုံး ပြည်ပနိုင်ငံ တစ်ခုရဲ့ driving license ရခဲ့တယ်။ ယဥ်ကျေးမှုအသစ် ၊ ဘာသာစကားအသစ် ၊ နည်းပညာအသစ်တွေကြားထဲမှာ ကိုယ် ဘာကောင်လဲ ဆိုတာတောင် ပျောက်ဆုံးခဲ့သလိုပဲ။ ကိုယ့် identity ကို ပြန်ရှာဖွေဖို့ community works တွေ ပြန်လုပ်ဖို့ စိတ်ကူးရခဲ့တယ်။ ကလေးတွေကို စာသင်ပေးဖြစ်တာတော့ ရပ်သွားသလို English စာလဲ ဆက်မလုပ်ဖြစ်တော့ဘူး။

အချစ်ရေး

ပူတူး နဲ့ကြားမှာ ကတောက်ကဆလေးတွေလဲ ရှိခဲ့ပေမယ့် ပြောပလောက်တဲ့အထိ မဟုတ်ခဲ့ပါဘူး။ ဟိုးအရင်က အရမ်းကြောက်တဲ့အချိန်တွေ (ဥပမာ – စာမေးပွဲ ဖြေခါနီး ၊ အင်တာဗျူး ဖြေခါနီး) မှာ အမေ ကို တခဲ့ပေမယ့် အခုတော့ ပူတူးကို တတဲ့ အနေအထား ဖြစ်လာတာပါပဲ။ ၃ ၊ ၄ နှစ်လောက် ပိတ်မိနေတဲ့ စိတ်ရိုင်းတွေကို ရွက်လွင့်တာကနေ ပူတူး ကို ပစ်ထားသလို ဖြစ်ခဲ့တဲ့ ရက်တွေ ရှိတယ်။ တစ်ခါတော့ သူ ငိုတာပါပဲ။ ပူတူး ငိုတာ မြင်ရင် စိတ်ထဲမကောင်းဘူး။ ကိုယ့်ကိုယ်ကို အပြစ်သား တစ်ယောက်လို ခံစားရတယ်။ ၂၀၂၄ ထဲမှာတော့ သူ့မိသားစုတွေနဲ့ ထဲထဲဝင်ဝင် တွေ့ခွင့်ရခဲ့တယ်။ ပူတူး နဲ့တောင် လပိုင်း အတူမနေဘူးပေမယ့် သူ့မောင် နဲ့ကျမှ ဘယ်လိုမှ မမျှော်လင့်ထားပဲ တအိမ်ထဲ ငှားနေခဲ့ရတယ်။ (မအေလိုး မင်းအောင်လှိုင် ကောင်းမှုတွေကြောင့်ပါပဲ)။ အရင်ကထက် ပိုနားလည်တဲ့ အချက်တွေက နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေရတဲ့ ခံစားချက်တွေ တူလာတယ်။ ပူတူး အရင်က ခံစားခဲ့ရတဲ့ ကော်ပိုရိတ် သင်ခန်းစာတွေကို အခု ကိုယ့်ကလှည့် ကောင်းကောင်း ခံစားနေရတာပဲ။ ဒါပေမယ့် ဖိအားတွေကို ဖောက်ထုတ်ပုံခြင်း မတူခဲ့တော့ အဲဒါလောက်ပဲ ကတောက်ကဆ ရှိတာပါ။ လက်ထပ်ဖို့ ဆိုတဲ့ ခြေတလှမ်း လှမ်းဖို့ ဘယ်တော့ အဆင်သင့်ဖြစ်မလဲ ဆိုတဲ့ မေးခွန်းပဲ ဖြေဖို့ ကျန်တော့တယ်။

အလှည့်အပြောင်း

၂၀၂၄ ထဲမှာ ပူတူး ရဲ့ အဘိုး နှုတ်ဆက်သွားသလို ၂၀၂၅ ဇန်နဝါရီလ ၂ ရက်နေ့မှာ ကိုယ့်အဘိုး နှုတ်ဆက်သွားတယ်။ ကိုယ့်နိုင်ငံကို ပြန်ချင်တဲ့အချိန်တောင် မပြန်ဝံ့တဲ့ အနေအထားကို ရင်နာနာနဲ့ လက်ခံရတာပဲ။ မိတ်ဆွေ အပေါင်းအသင်း အသစ်တွေ ရှိလာတယ်။ ပြည်တွင်းက စစ်ပွဲ အခြေအနေ ပိုပိုဆိုးလာတယ်။ ဒီအခြေအနေကြီး တစ်ခုလုံး ဘယ်လို ရပ်တန့်ပြီး အကောင်းဆုံး အနေအထား ပြန်ဖြစ်သွားမလဲဆိုတာ မမျှော်လင့်တော့ဘူး ။

ရည်မှန်းချက်

ကြီးကြီးကျယ်ကျယ်တွေ လျှောက်မရေးချင်တော့ပါဘူး။

၁။ DE နဲ့ ပတ်သတ်တဲ့ contents တွေ အတတ်နိုင်ဆုံး မြန်မာလို ရေးမယ်။ (ဘယ်သူ ဖတ်ဖတ် ၊ မဖတ်ဖတ် ။ အနည်းဆုံး ပူတူးတော့ ဖတ်ရမှာပဲ။)

၂။ DE နဲ့ ပတ်သတ်တဲ့ Certificate အနည်းဆုံး ၂ ခု ယူမယ်။ (တစ်နှစ်လုံးမှာ ၂ ခု ဆိုတော့ အရမ်းများ နည်းမလားတော့ မသိဘူး။)

၃။ ၂၀၂၅ မကုန်ခင်လောက်မှာ အခြား ရေမြေသစ်တစ်ခုမှာ ပူတူး နဲ့ အခြေချဖို့ ကြိုးစားမယ်။