မလွတ်မြောက်ခြင်း မှတ်တမ်း (ဒီဇင်ဘာ ၁၉၊၂၀၂၂)

procrastination

မနေ့က ကမ္ဘာ့ဖလား ၂၀၂၂ (ကာတာ) ပြီးသွားတယ်။ အာဂျင်တီးနား နိုင်သွားတယ်။ မီးရှုးမီးပန်းတွေနဲ့ ပိတ်ပွဲကို ကြည့်ရင်း ဒီလို ပွဲတစ်ပွဲ အောင်အောင်မြင်မြင်ပြီးသွားဖို့ လူပေါင်း ဘယ်လောက်များများ စတေးခဲ့ရလဲလို့ တွေးမိတယ်။ ရွေ့ပြောင်းအလုပ်သမားတွေ ဘယ်လောက်များများ အနစ်နာခံခဲ့ရသလဲ။ ကမ္ဘာကြီးက အဲဒီလို နင်းခြေခြင်းနဲ့ပဲ တဆင့်ပီး တဆင့် တက်လာတာလား။

Elon Musk က Twitter ပေါ်မှာ အခြား social media link တွေကို share ခွင့် ပိတ်တဲ့ policy တစ်ခု လုပ်တယ်။ Journalist တချို့နဲ့ tech activist တချို့ကို Twitter ကနေ ban တယ်။ Billionaire တစ်ယောက်က သူ လုပ်ချင်တိုင်း လုပ်ခွင့်ကို ပိုက်ဆံပေး ဝယ်လိုက်သလိုပါပဲ။

Steve Jobs ဇာတ်ကား ကြည့်ဖြစ်တယ်။ သူ့မှာ သမီးတစ်ယောက် ရှိမှန်း movie ကြည့်မှ သိတာ။ အဲဒီကလေးကို Steve Jobs က အစပိုင်းမှာ သူ့ကလေး အဖြစ် လက်မခံဘူး။ သေခါနီးမှ လက်ခံတယ် တူပါရဲ့ ။ ဇာတ်ကားထဲမှာလဲ Billionaire တစ်ယောက်ရဲ့ တယူသန်စိတ်၊အတ္တ ကို မြင်ရတယ်။ ဒါပေမယ့် လူတွေက အဲဒါကိုမှ အဟုတ်ထင်အောင် လုပ်နိုင်တယ် ဆိုတော့ marketing တော်တယ် ဆိုရမှာပဲ။ (ဒီစာကို mac ပေါ်မှာရေးတာဆိုတော့ ကိုယ်တိုင်လဲ marketing သားကောင် လို့ ဆိုကြပါစို့ ?)

Social Media တွေမှာ တော်လှန်ရေးအကြောင်းတွေ နည်းသထက် နည်းလာပီ။ နိုင်ငံလဲ ခွေးဖြစ်သထက် ခွေးဖြစ်ဖို့ပဲ ရှိတော့မယ်။ အကြောက်တရား လွှမ်းမိုးတဲ့အခါမှာ အမှန်တရားဘက်က လူတွေကိုတောင် အပြစ်တင်ရဲလာတယ်။ ဒါပေမယ့် နယ်ဒေသတွေမှာတော့ မီးလောင်ခံခဲ့ရတဲ့၊ဆုံးရှုံးလိုက်ရတဲ့လူတွေရဲ့ နာကျည်းမှုကတော့ တော်လှန်ရေးကို ဆက်သယ်ဆောင်သွားမယ်လို့ ယုံတယ်။ Social Media ပေါ်က trend က နိုင်ငံရေးကို တကယ် အဆုံးအဖြတ်ပေးနိုင်သလား။

လုပ်စရာတွေ အပြီးမသတ်နိုင်သေးဘူး။ project တစ်ခုအတွက် Python code မနက်ဖြန် အပီးရေးရမှာရှိတယ်။ Udacity SQL course လဲ ဒီဇင်ဘာပိတ်ရက်အတွင်း အပြီးတက်မယ်တွေးထားတာ။ External Project တစ်ခုကလဲ deadline နီးလာပီ။ နှစ်သစ်မှာ အလုပ်အကြွေးတွေ ယူမသွားသင့်ဘူး။ တစ်နှစ်ဆိုတာ အရမ်းမြန်လိုက်တာလို့တွေးတိုင်း ပြန်မရနိုင်တော့တဲ့ ကလေးဘဝတွေ၊ကျောင်းသားဘဝတွေကို ပြန်သတိရမိတယ်။ဒါကြောင့်လဲ အဲဒီလို ပြန်တမ်းတတဲ့ သီချင်းတွေ၊စာအုပ်တွေက နာမည်ကြီးတာကို။ Malory Towers series ကြည့်ဖြစ်တယ်။ Season 3 ထွက်မှန်း မသိလိုက်ဘူး။ စာအုပ်လဲ ဖတ်ဖို့ down ထားသလို audiobook လဲ down ထားတယ်။ ဖတ်ဖြစ် ၊ နားထောင်ဖြစ်ပါစေပေါ့။ scraping tutorial တစ်ခုလဲ ရေးရဦးမယ် (ဖြစ်နိုင်ပါ့မလားလို့တောင် စိတ်ပူ ၊ ဒီလိုမျိုး လေလွင့်ပုံနဲ့တော့ မဖြစ်နိုင်။)

Time Management အခုထိ ညံ့ဆဲ။ Procrastination ပြဿနာကိုလဲ အခုထိ မဖြေရှင်းနိုင်။

Should I sleep or start working on coding? or Can I wake up earlier tomorrow? huuuuuuu , I’m going to bed now.

မလွတ်မြောက်ခြင်း မှတ်တမ်း (ဧပြီ ၂၂)

Exam နောက် ၁ ရက် ၊ ၂ ရက် ဆိုရင် စာမေးပွဲ ဖြေရတော့မယ်။ မသိရင် ဆယ်တန်းစာမေးပွဲ ပြန်ဖြေတုန်းက အချိန်လိုမျိုး ပြန်ရောက်သွားသလိုပဲ။ ရေးဖြေ မို့လဲ ပါမယ် ထင်တယ်။ မဖြေခင် စိတ်တွေ တင်းကြပ်ပီး လုပ်ချင်တာတွေ လျှောက်လုပ်နေတာ။ ညပိုင်းကျမှ နဲနဲ တည်ငြိမ်သွားတော့တယ်။ Sailing Vlog တစ်ခု ကြည့်လိုက်တယ်။ ပူတူး ဆီကနေ အားပေးစကားတွေ ကြားရတယ်။

Read More »
procrastination
Fuck the Coup!
admin

မလွတ်မြောက်ခြင်း မှတ်တမ်း (ဧပြီ ၁၈၊ ၂၀၂၃)

မနေ့က နှစ်ဆန်း (၁)ရက်နေ့ ။ ၂၀၂၃ သင်္ကြန် ဘာမှ မဟုတ်လိုက်ပဲ ပြီးသွားပြန်ပြီပေါ့။ အိမ်ထဲမှာပဲ စာကြည့်လိုက် ၊ ဇာတ်ကားကြည့်လိုက်နဲ့ အချိန်တွေကုန်သွားတယ်။ စာမရေးဖြစ်တာတောင် ကြာပါပီ။ အဓိက က အိပ်မပျော်တဲ့အချိန်မှာ စိတ်များသက်သာမလားလို့ ကွန်ပျူတာ ထဖွင့်ပြီး ရေးလိုက်တာ။ မီးပျက်နေတယ်။ ပူလောင်ပြီး ခြင်က ကိုက် ၊ အပြင်ထွက်အိပ်မယ်ဆိုပြန်တော့လဲ ကြမ်းပိုးက ထိုးသလိုနဲ့ အခန်းထဲ ဝင်လိုက် ၊ ထွက်လိုက်နဲ့

Read More »

မလွတ်မြောက်ခြင်း မှတ်တမ်း (ဖေဖော်ဝါရီ ၆၊၂၀၂၃)

အိပ်မပျော်ည ညဘက်တွေ အိပ်မပျော်ပြန်ဘူး။ အကျိုးရှိတဲ့ အလုပ်တွေ လုပ်နေတာလဲ မဟုတ်ပြန်ဘူး။ စဥ်းစားမယ်ဆိုရင်တော့ အရာရာ စိတ်ပူပင် သောကရောက်စရာတွေချည်းပဲပေါ့။ ငယ်ငယ်တုန်းက ကိုယ့်ကိုယ်ကို အခုထိ ပြန်မြင်နေရတုန်းလား။ ပြာယာခတ်ပီး priority မစဥ်တတ်တဲ့ ပြဿနာ။ အလုပ်တွေ ၊ ကျောင်းကိစ္စ ၊ အခြားပြင်ပအလုပ်တွေ၊ ကိုယ်ရေးကိုယ်တာကိစ္စတွေ ။ တစ်နေ့ တစ်နေ့က ဘယ်လို ကုန်သွားသလဲကို မသိလိုက်ဘူး။ ညအိပ်မပျော်တာတွေကလဲ နေ့လည်ဘက် အာရုံစိုက်မှုကို ရော့စေပြန်တယ်။

Read More »

မလွတ်မြောက်ခြင်း မှတ်တမ်း (ဇန် – ၃၁၊ ၂၀၂၃)

ထိုင်းရောက် မြန်မာအလုပ်သမားတွေအကြောင်း ဖတ်ရင်း လူသားဆန်မှု ၊ ကိုယ်ချင်းစာတရား ရဲ့ အဆင့်တွေကို စဥ်းစားမိတယ်။ မိမိကိုယကြို ဖှဈတဲ့ ကိုယခြငွြးစာတရား နဲ့ တခှားသူအတှကဆြို ကှာတယြာ။ အဲဒီကနေ အိမတြအိမြ နဲ့ တအိမြ၊ ရပကြှကြ တခုနဲ့ တခု ၊ မှို့တမှို့နဲ့ တမှို့ ၊ တနိုငငြံ နဲ့ တနိုငငြံ။ lvl မှင့လြာတာနဲ့အမွှ တဖှညြးဖှညြးနဲ့ကိုယခြငွြးစာတရားက အမွားပှောစကား ဖှဈလာတယြ။ အမွားက

Read More »