ဒီနေ့ ကျွန်တော့် ကောင်မလေး မွေးနေ့ ။ အသက်ကြီးလာတဲ့ အကြောင်း ၊ မကြာခင် အိမ်ထောင်ပြုသင့်တဲ့အကြောင်း ၊ တည်ဆောက်ရမယ့် အနာဂါတ်တစ်ခုအကြောင်း တွေ တွေးဖြစ်နေတယ်။ စာမေးပွဲလဲ ဖြေရဦးမယ်။ စာက အခုထိ သေချာ မလုပ်ဖြစ်သေး။ အဓိက က စိတ် ကို control လုပ်ဖို့ လိုနေတာ။ တစ်ခုခုဆိုရင် စိတ်အလိုလိုက်တာတွေ အရမ်းများလွန်းနေတယ်။ (အလွန်အမင်းကို များတာလို့ ပြောလို့ ရပါတယ်။)
စာမလုပ်ချင်တဲ့သူကိုမှ စင်္ကာပူ NUS drop-out တစ်ယောက်အကြောင်း podcast နားထောင်မိတယ်။ Amazon လိုမျိုး ကုမ္မဏီကနေ Bus Captain အဖြစ်ကို ပြောင်းတာတဲ့။ ကျောင်းစာက အရမ်း အရေးမကြီးဘူး ဆိုတဲ့ အဓိပ္ပါယ်လား။ ဒါပေမယ့် ရေခံမြေခံ တွေတော့ ကွာဦးမယ် ထင်တယ်။ မြန်မာပြည် ကျောင်းကနေ dropout လုပ်ပီး အောင်မြင်သွားတဲ့ Developer က ရှားတာကိုး။ စင်္ကာပူ နဲ့ ပြောင်းပြန် – dropout လုပ်ပြီး bus driver ဖြစ်တဲ့သူ အရေအတွက်က ပိုများလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် စိတ်တော့ သက်သာသွားတယ်။ အရင်တုန်းက ကျောင်းစာ မလိုက်နိုင်တာနဲ့ ကိုယ့်ကိုယ်ကို အသုံးမကျဘူးလို့ တွေးနေတဲ့ အတွေး ကို ဖျောက်စရာ အကြောင်းတစ်ခု ရတာပေါ့ ။ ဒါပေမယ့်လဲ ကိုယ့်ပြဿနာ က ပျင်းရိမှု ၊ စိတ်အလိုလိုက်မှု ဖြစ်နေတာ မေ့လို့ မရဘူး။
လူက ပုံစံအမျိုးမျိုး ဖြစ်နေတာ။ တစ်ခါတစ်ခါ တစ်ခုခု ကို အရမ်းစိတ်ဝင်စားသွားရင် နာရီပေါင်းများစွာ မထတမ်း လုပ်ဖြစ်တယ်။ မနေ့ကတောင် bug လေးတစ်ခု ကို ၃ နာရီကျော်လောက် ထိုင်ရှင်းလိုက်ရတာ။ ပြဿနာ က အဲဒီလိုမျိုး motivation က နေ့တိုင်း ဖြစ်မနေဘူး။
ကိုယ် မသိသေးတာတွေ အများကြီးပဲ။ အထူးသဖြင့် SQL , Bash ကို လေ့လာဖို့ လိုမယ်။ နောက်ပြီး ကိုယ် မကြိုက်တဲ့အရာကိုတောင် ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် အောင်မြင်အောင် လုပ်တတ်တဲ့ အကျင့်လေးလဲ မွေးရဦးမယ်။ မနေ့ညက ပြန်ကြည့်ဖြစ်တဲ့ Enemy at the gates movie ထဲကလို ဒီလောက် ပျက်စီးနေတဲ့ မြို့ပျက်ကြီးထဲကနေ မျှော်လင့်ချက်တစ်ခုကို လက်ဆုပ်လက်ကိုင်ထားပြီး ရှင်သန်အောင် ကြိုးစားရသလိုပေါ့။
စာအုပ်တွေ ဝယ်ဖြစ်တယ်။ ပြီးအောင် ဖတ်ဖြစ်ဖို့တော့ လိုမှာပေါ့လေ။ ခရီးတွေလဲ သွားရဦးမယ်။ စိတ်သစ်လူသစ် နဲ့ မွေးနေ့အပြီးမှာ ပြန်လည်ရှင်သန်ဖို့ ကြိုးစားရမှာပဲ။ စိတ်ရော လူရော reset လုပ်ရမယ်။
You must be logged in to post a comment.