မလွတ်မြောက်ခြင်း မှတ်တမ်း (စက်တင်ဘာ ၂၀၊၂၀၂၃)

Buddha Scratch

စိတ်ထဲမှာ တစ်စုံတစ်ရာ ကြောက်ရွံ့ခြင်းကို ခံစားနေရတယ်။ Eminem ရဲ့ Not Afraid သီချင်းကို ဖွင့်ထားတယ်။ မနေ့က mechanical keyboard မွေးနေ့ လက်ဆောင်ရတယ်။ Code ရေးတဲ့ အရည်အသွေးများ ပိုတိုးတက်လာမလားပဲ။ အခုထိ Design Patterns တွေကို နားမလည်သေးဘူး။ နားမလည်ခြင်းရဲ့ အကြောင်းအရင်းက အလေ့အကျင့် (ချရေးကြည့်နေတာ) မဟုတ်လို့ ထင်တာပဲ။ အလုပ် ပရောဂျက်တွေထဲမှာ ထည့်သုံးမယ် လို့ စဥ်းစားပေမယ့်လဲ ဘယ်က စရမယ်မှန်း မသိ။

နိုင်ငံရေး

စီးပွားရေးသမားတွေကို ဖမ်းစစ်တဲ့သတင်းတွေ ဒီရက်ပိုင်း ဆက်တိုက် ဖတ်နေရတယ်။ ကနေဒါ နဲ့ အိန္ဒိယ ပြဿနာ တက်တယ်။ (ကနေဒါ နိုင်ငံသား အိန္ဒိယမျိုးနွယ်စု အဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင်လိုမျိုး အသတ်ခံလိုက်ရတာမှာ အိန္ဒိယ ပါဝင်ပတ်သတ်မှု ရှိတယ် ဆိုပြီး ကနေဒါဘက်ကစပြီး သံတမန်အရာရှိတစ်ဦး နှင်ထုတ်လိုက်တာ။ အိန္ဒိယဘက်ကလဲ ပြန်နှင်ထုတ်တယ် ထင်တယ်။)

ကိုယ်ပိုင်ဘဝ

အာရုံပြောင်းတာ အရမ်းမြန်လွန်းနေတယ်။ လုပ်ရမယ့် အလုပ်တွေကိုလဲ (အထူးသဖြင့် code ရေးရမှာတွေ)ကို အာရုံမစိုက်နိုင်ဘူး။ တနေ့က ဆံပင်ညှပ်ဖြစ်တယ်။ ဆံပင်အတိုအပိုင်းအစတွေ ကြားမှာ အဖြူရောင်ဆံသားတွေ တွေ့တိုင်း သေခြင်းတရား အကြောင်း တွေးမိတာပဲ။ တကယ်ဆို ဗုဒ္ဓ ဆိုရင် ဆံဖြူတစ်ချောင်းတွေ့တာနဲ့ အားလုံးပစ်ချပြီး ရှာဖွေတာလေ။ ကိုယ့်မှာတော့ အထွေးလိုက် တွေ့နေတာတောင် ဘာရှာဖွေရမှန်း မသိသေးဘူး။ အရာအားလုံးကရော တချိန်ချိန်မှာ လွှတ်ချဖို့ လွယ်ပါ့မလား။ ဒီနေ့ အင်တာနက်မှာ meme တစ်ပုံတွေ့လိုက်တယ်။ Tom & Jerry ထဲက Tom က သေနေတဲ့ပုံစံကို caption တပ်ထားတာ။ “သေခါနီး browser history မဖျက်ရသေးမှန်း သတိရသောအခါ..” ဆိုပြီး။ တွယ်ညှိမှုတွေက ရုပ်ဝတ္ထု တိုးတက်မှု ပိုပိုများလာတာကို။ ဗုဒ္ဓဘာသာဝင် ဆိုပေမယ့် ခေတ်နောက်လိုက် ရှင်သန်ရင်းနဲ့ပဲ ဗုဒ္ဓစကားတွေနဲ့ ဝေးကွာသွားတာပါပဲ။

ခေါင်းဖြူလာရတာ အရမ်းတွေးလို့လားလို့လဲ တွေးဖြစ်တယ်။ ဒီနှစ်ထဲမှာ ခနခန တွေးဖြစ်တာက မှတ်ဥာဏ်တွေ မပျောက်သွားခြင်းတဲ့ အကြောင်းပဲ။

Auto-formatters for Python
Project
admin

VSCode တွင် Python Code Formatting စမ်းသပ်ခြင်း

Python Code Formatter tool တွေအကြောင်း (Black , Ruff, etc) ဖတ်ဖူးတာ ကြာပီဆိုပေမယ့် vscode မှာ setup မလုပ်ဖြစ်ဘူး။ ဒီမနက် အစောကြီး နိုးနေတာနဲ့ computer ရှေ့ ထိုင်ရင်း လျှောက်စမ်းရင်း တော်တော်ကြာသွားတယ်။ အကြောင်းရင်းက vscode မှာ သွင်းထားမိတဲ့ pylance က အနီရဲရဲ error message တွေကို ကြာလာတော့ မြင်ရတာအဆင်မပြေတာကြောင့်

Read More »

မလွတ်မြောက်ခြင်း မှတ်တမ်း (အောက်တိုဘာ ၁၀၊၂၀၂၃)

အလုပ်တစ်ခု ရှိတော့ မနက်စောစောထပြီး အလုပ်လုပ်ဖြစ်တယ်။ Youtube မှာ သီချင်းဖွင့်ထားရာကနေ အစ္စရေး-ပါလက်စတိုင်း စစ်ပွဲသတင်းတွေ တက်လာလို့ နားထောင်ဖြစ်သွားတာ။ စစ်ပွဲတွေရဲ့ အစ-အဆုံးက ဘာလဲ။ စစ်ပွဲတွေမှာ တရားသောစစ် ဆိုတာ ရှိသလား။ သေဆုံးသွားကြသူတွေ (စစ်သားတွေပဲ ဖြစ်ဖြစ် ၊ အရပ်သားတွေပဲ ဖြစ်ဖြစ်) – တရားသော နည်းဖြင့် သေဆုံးခြင်း မှ မဟုတ်တာ။ ဒီ အပေါ်စာတပိုဒ် မဆုံးခင်မှာပဲ ဒီ မနက်

Read More »

ဗီယက်နမ် ခရီးမှတ်တမ်း – ၂

August 20,2023 ၉ နာရီ လေယာဥ်ကို ၆နာရီခွဲဝန်းကျင်လောက် လေဆိပ်အရောက်သွားတယ်။ အဲဒီမှာ လူအုပ်ကြီးကို ကြည့်ပြီး ဝရုန်းသုန်းကား စဖြစ်တော့တာပဲ။ ၂ ယောက်ပေါင်းရင် kg 40 ကျော်ရပေမယ့် Luggage တစ်ခုတည်းက 32kg ကျော်နေလို့ ticket counter က စရစ်တယ်။ SGD 60 လောက် အပိုထပ်ပေးပီး kg ဝယ်လိုက်ရတယ်။ luggage တွေ ပစ္စည်းတင်တဲ့ ပတ်လမ်းကြောင်းပေါ်

Read More »

မလွတ်မြောက်ခြင်းမှတ်တမ်းများ (သြဂုတ် ၂၉၊၂၀၂၃)

စင်္ကာပူ စံတော်ချိန် မနက် ၂ နာရီခွဲနေပြီ။ အိပ်မပျော်ဘူး။ ကလေးဘဝက တတ်ခဲ့တဲ့ ဘုန်းတော်ကြီးသင်ကျောင်းက ဓါတ်ပုံတွေ ၊ video တွေ ပြန်ကြည့်နေမိတာ။ ဒီနေ့ ကိုယ် ရယ်လို့ ဖြစ်လာတာတွေက အဲဒီငယ်ဘဝ ဖြတ်သန်းမှုတွေကြောင့်မလား။ ဒါပေမယ့် အဲဒါက ကျေးဇူးတရားလား။ အကယ်ရွေ့ ကျေးဇူးတရားဆိုရင်ရော ပြောတိုင်းလက်ခံရတဲ့ပုံသွင်းမှုမျိုးကို ကျေးဇူးတင်သင့်လား။ ဘုန်းကြီးကျောင်းသားဘဝ ကို ပြန်စဥ်းစားမိရင် ပထမဆုံး ဝင်ခွင့်စာမေးပွဲဖြေဖို့ မြို့ကို စရောက်တဲ့အချိန်ကို သတိရတယ်။

Read More »