မလွတ်မြောက်ခြင်း မှတ်တမ်း (ဇွန်လ ၂၈ ရက်နေ့)

ဘာလိုလို နဲ့ ဇွန်လ တောင်ကုန်တော့မယ်။ စိတ်ထဲမှာ ပိတ်လှောင်နေတယ်။ ထောင်ချောက်တစ်ခုထဲမှာ အမိခံနေရသလိုမျိုး ။ ဘယ်လိုလုပ်ရင် လွတ်မလဲ မသိတဲ့ အချိန်ပေါ့ ။ COVID အခြေအနေကလဲ ပြန်ဆိုးလာတယ်။ စကစ လက်အောက်ခံ ကျန်းမာရေးဘက်က ထုတ်သမျှကို မယုံကြည်ပေမယ့် ကလေးမြို့ဘက်မှာ ကိုယ်တွေ့ကြုံနေရတဲ့ သူငယ်ချင်းတွေရဲ့ ပြောစကားကြောင့် COVID က ထိန်းချုပ်သူ မဲ့နေတဲ့သဘော လက်ခံမိတယ်။ စစ်တပ်ကတော့ သူတို့ ကိုယ်ကျိုးအတွက် လူတွေ လမ်းကြောင်းပြောင်းနိုင်တဲ့ ဒီရောဂါပိုးကို ထိန်းချုပ်မယ့် ပုံ မပေါ်ပါဘူး ။ ဇွန်လ ၂၅ ရက်နေ့မှာ အဆိုတော် ရေမွန် – လွတ်မြောက်နယ်မြေဘက်မှာ ဆုံးတယ်။ မနေ့က စပြီး Facebook ပေါ်မှာ သူ့ရည်းစား ၃ သိန်းပြန်တောင်းတဲ့ ကိစ္စ(ဟုတ်/မဟုတ် မသေချာတာ)တွေနဲ့ အပြန်အလှန် ဆဲဆိုနေကြပြန်တယ်။ လူတွေ အာရုံထဲမှာ တော်လှန်ရေး မရှိတော့တာလား။ ဗမာတွေက ကျွန်ဘဝ နဲ့ နေခဲ့တာ ကြာတော့ လူးသာလွန့်သာ အခြေအနေလေးကို အင်မတန် မက်မောနေကြပုံ ပေါ်တယ်။(တိုးတက်တဲ့ အမြင်ရှိတဲ့ လူငယ်တွေကလွဲရင်)။ လွယ်လွယ် နဲ့ အရှုံးပေးပီး ငါ့ဘက်ကို ဒုက္ခရောက်မလာသရွေ့ အဆင်ပြေတယ် ဆိုတဲ့ သောက်ချိုးမျိုးတွေ လုပ်တယ်။ CDM Support တွေ တခုပြီး တခု ကျရှုံးနေတာ သာဓက ပဲ။ တဦးတယောက်ချင်းဆီမှာ တာဝန်ယူစိတ် မရှိကြတော့တာရယ်၊ ရေရှည် plan ကောင်းကောင်းမွန်မွန် မရှိတာရယ်တွေကြောင့်ပဲ။ သံပုံးတီးသံ တွေလဲ တစ်လမ်းချင်းဆီ ရပ်ကုန်ပီ ။ လှသောင်းတွေ ကျဆုံးကုန်ပီပေါ့။ ဒီတိုက်ပွဲက ရေရှည်မှာ ဘယ်လို ဆက်သွားကြမှာလဲ။ မသေချာမှုတွေကြောင့် ဖြစ်တဲ့ ဒေါသတွေကို NUG/CRPH အပေါ် ပုံချလိုက်လို့တော့ ရမယ်။ ဒါပေမယ့် ကိုယ်တစ်ဦးတည်း အနေနဲ့ရော ဘယ်လောက် လုပ်ပေးနိုင်မလဲ။ ဒီနေ့ နေ့လည်စာ ထွက်စားတော့ လျှပ်စစ်ရုံးမှာ မီတာ တန်းစီဆောင်နေကြတာ တွေ့တယ်။ ကိုယ့်အိမ်ကိုလဲ မီတာစာရွက် မနေ့တနေ့က ရောက်တယ်။ မီတာခ သွားဆောင်သင့်သလား။ ကျည်ဖိုးပေးလိုက်သလို ဖြစ်မလား။ မဆောင်လို့ မီးဖြတ်ခဲ့ရင်ရော ဘယ်လို ဆက်လုပ်မလဲ။ မီတာခ ဆိုတာက အရှုံးအမြဲပေါ်တဲ့ လျှပ်စစ်ဝန်ကြီးဌာနနဲ့ ဆိုင်တဲ့အတွက် အမြတ်ရနေတဲ့ အခြားဝန်ကြီးဌာနတွေအောက်မှာ အခွန်ပေါင်းများစွာပေးဆောင်နေတဲ့

မလွတ်မြောက်ခြင်းမှတ်တမ်း (ဇွန်လ ၂၁ ရက်နေ့)

ဒီနေ့ ကိုထွန်းအောင်ကျော် ရေးတဲ့ ABSDF သမိုင်းကြောင်းစာအုပ် ဖတ်ဖြစ်တယ်။ အစပိုင်းမှာတင် တရားကျတာ။ ဗဟိုကော်မတီ မဖြစ်ခင်ကို အချင်းချင်း ကွဲပြဲနေကြလို့ ။ အချင်းချင်း ချောက်ချတာတွေ ၊ မနာလို ဖြစ်တာတွေ ၊ လက်နက်ကိုင်နိုင်သွားတာနဲ့ နိုင့်ထက်စီးနင်းဖြစ်တာတွေ ကြားထဲမှာ အဲဒီခေတ် စစ်အစိုးရ က အလွယ်တကူ ဝါဒမှိုင်းတိုက်ပြီး ဖျက်စီးနိုင်ခဲ့တယ်။ အခုခေတ် ၂၀၂၁ မှာရော – ဒါမျိုး ထပ်ဖြစ်မှာကို စိုးရိမ်တယ်။ အသက်ပေါင်းများစွာ စတေးပေးခဲ့ရတဲ့ သမိုင်းကနေ ကျွန်တော်တို့တတွေ ပြန်မသင်ယူနိုင်ဘူးဆိုရင် ကျွန်တော်တို့လောက် အ,တဲ့ လူမျိုး ရှိတော့မှာ မဟုတ်ဘူး။ ဒီနေ့ မုံရွာမြို့လယ်ခေါင်မှာ ဆန္ဒပြမှု ပြန်ဖြစ်တယ်။ လူငယ်တွေကတော့ သွေးမအေးသေးဘူး ဆိုတာ သေချာတာပေါ့။ ဒီစာရေးနေတုန်းမှာပဲ ကိုဆောင်းခ ရေးတဲ့ ‘ဗမာလူငယ်တွေ ဘာလုပ်ရမလဲ‘ ဆိုတဲ့ ဆောင်းပါး ဖတ်လိုက်ရတယ်။ ဗမာဖက်ဆစ်စစ်တပ် ကလဲ ရွာတွေဝင် ၊ ဖျက်စီး ၊ လူသတ် ၊ ပစ္စည်းယူ – ဆက်တိုက်လုပ်နေတယ်။ ကင်းမရွာ ရွာလုံးကျွတ်နီးပါး မီးလောင်တိုက်သွင်းခံခဲ့ရတယ်။ တနေ့က ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မှာတော့ ပန်းသပိတ် တစ်နိုင်ငံလုံးနီးပါး (နိုင်ငံတကာ ကပါ) လုပ်ကြတယ်။ တချို့က ဒေါ်အောင်ဆန်းစုကြည် ရဲ့ အခန်းဂဏ္ဍ ကို ဝေဖန်နေကြတာလဲ တွေ့သလို တချို့ (ကျောင်းသားခေါင်းဆောင်တွေတချို့ အပါအဝင်) ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အတွက် ပါဝင်ဖို့ တိုက်တွန်းနေကြတာလဲ တွေ့တယ်။ ဒါပေမယ့် တကိုယ်ရေဆန္ဒ အရတော့ ဒီနွေဦးတော်လှန်ရေး အပြီးမှာတော့ ဒေါ်အောင်ဆန်းစုကြည် မပါတဲ့ နိုင်ငံရေးမျိုး ဖြစ်တာ ပိုသင့်တော်မယ်လို့ ခံစားနေရတယ်။ တဖက်က ကြည့်ပြန်ရင်လဲ ဗမာဖက်ဆစ်စစ်တပ် ကို အမြစ်ဖြုတ်နိုင်ခဲ့ရင်တောင် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေက ကျန်ရှိနေဦးမှာဆိုတော့ ဒီလက်နက်ကိုင်တွေကိုရော ဒေါ်အောင်ဆန်းစုကြည်မဟုတ်တဲ့ သူတစ်ယောက်ယောက်က စေ့စပ်နိုင်စွမ်းရှိပါ့မလား။ ဒါကိုလဲ သံသယ ဖြစ်မိတယ်။ အခု ဒီစာ ရေးနေတုန်းမှာ ဖေ့ဘုတ်ပိုစ့် တစ်ခုအောက်မှာ ဒေါ်စု မှားတယ်/မမှားဘူး အငြင်းအခုန် cmt တွေ ဖတ်နေရတယ်။ တစ်ကိုယ်ရေ အမြင်အရ ဆိုရင် ၂ ဖက်စလုံး မှန်တယ်။ ဒါပေမယ့် နွေဦးတော်လှန်ရေး နိုင်တဲ့အထိ ဖြစ်မှ NLD ၅ နှစ် တာဝန်ယူခဲ့တဲ့အနေအထားကို ထည့်တွက်ပြီး ၅၀-၅၀

မလွတ်မြောက်ခြင်း မှတ်တမ်း (ဧပြီ ၁၄ရက်နေ့)

အချိန်တွေကြာလာသလို အချို့သူတွေလဲ အားရော့ကုန်ပီ ထင်တယ်။ လမ်းထဲမှာ သံပုံးတီးသံတွေ ရော့လာတယ်။ ကြွေးကြော်သံတော့ မရှိသလောက်ပဲ။ ဦးပိုင် အဆောက်အဦး နဲ့ ရပ်ကွက်ရုံးတွေမှာ စစ်သား (သို့) ရဲ တွေ နေရာဖြန့်ချထားတာတွေကြောင့်လဲ ပါမယ်။ အရေအတွက်က မများပါဘူး။ ဒါပေမယ့် လက်နက်ရှိနေတာရယ် ၊ နေရာတိုင်းမှာ ထင်တိုင်းရမ်းကားနေတာရယ်တွေကြောင့် လူတွေက ကြောက်/ရွံကြီး ဖြစ်နေတာ။ နေရာတိုင်းမှာ မတရားမှုတွေ ဖြစ်နေတယ်။ ကားတွေ တားစစ်တယ်။ ပစ္စည်းတွေကို ထင်သလို ယူတယ်။ ဆိုင်တွေကို ဖောက်တယ်။အဖိုးတန်ပစ္စည်းတွေကို ခိုးတယ်။ အရင်က ၈၈ အကြောင်း စာအုပ်တွေထဲမှာ ဖတ်ခဲ့ဖူးသမျှထက် ပိုဆိုးရွားတာတွေက ဗမာစစ်တပ် ကျူးလွန်နေတာ။ လူသတ်တာလဲ အယောက် ၇၅၀ ကျော်သွားခဲ့ပီ။ နေ့တိုင်းမှာ အားတက်စရာဆိုလို့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကြောင့် စစ်ခွေးတွေ သေကြေနေတဲ့သတင်းမြင်ရဖို့ပဲ။ အမုန်းတရားက များနေပီ။ Free Burma Ranger မှတ်တမ်းရုပ်ရှင်ထဲကလို – ဘုရားသခင် အနေနဲ့ ဒီဗမာစစ်တပ်ကို မမုန်းမိဖို့၊မနာကျည်းမိဖို့ ဘယ်လို မေတ္တာတရားထားစေချင်သလဲ လို့ပဲ မေးရမယ်။ ရန်ကုန်မှာ သပိတ်တွေ အားပျော့သွားပေမယ့် နယ်ဘက်မှာတွေတော့ အရှိန်ကောင်းတုန်း။ ကလေးမြို့ ၊ တမူးမြို့ဘက်မှာတော့ တူမီးတိုက်ပွဲတွေ ဆင်နွှဲနေကြပီ။ တနေ့၊တနေ့ ဘာအတွက် အသက်ရှင်နေသလဲ လို့ မေးမိတယ်။ ဒီတော်လှန်ရေးကြီးမှာ ကိုယ် ဘယ်နေရာက ပါဝင်နိုင်မလဲ ဆိုတာရောပဲ။အများပြောသလို ဒီလို မေးနေရပီဆိုကတည်းက မြေပြင်တိုက်ပွဲနဲ့ ဝေးကွာသွားလို့ ဖြစ်မှာ။ မနေ့က ဘယ်လိုမှ အဆက်အစပ်မရှိပဲ အမေစု ကို အိပ်မက်မက်တယ်။ အပြင်မှာ ၂ ခါလားပဲ တွေ့ဖူးတာကို အိပ်မက်ထဲမှာတော့ ထင်ထင်ရှားရှားပဲ။ တချို့သူတွေ ဘယ်လိုပြောနေကြပါစေ – မြန်မာ့တော်လှန်ရေးမှာတော့ သူ(မ) က အရေးကြီးတဲ့နေရာတစ်ခုမှာ အမြဲရှိနေမှာ ။ မျှော်လင့်ချက် သင်္ကေတ တစ်ခုနဲ့ပေါ့ ။ သူ(မ) အစိုးရအဖြစ် တာဝန်ယူခဲ့တဲ့ ကာလအတွင်းမှာ မကြိုက်ခဲ့တာတွေလဲ ရှိသလို ဒီမိုကရေစီအရသာကို အမြည်းကျွေးခဲ့နိုင်တယ်လို့တော့ လက်ခံမိတယ်။ အန်တီခင်ခင်ဝင်းရေးတဲ့ ‘ရေဆန်လမ်းမှ အပြန်’ ဆိုတဲ့ စာအုပ်ကိုလဲ တကျော့ ပြန်ဖတ်တယ်။ မဗေဒါ အံကိုခဲပီး ဒီဗေဒါအုပ်ကို ဒီတကြိမ် ထပ်ကျော်လာဦးမယ်လို့ ယုံကြည်ပါတယ်။ ဘဏ်တွေက တိုကင်ယူပီး ပိုက်ဆံထုတ်နေရသလို ပွဲစားတွေလဲ ပြန်ပေါ်လာတယ်။ မကြာခင်

မလွတ်မြောက်ခြင်း မှတ်တမ်း (ဧပြီ ၄ ရက်)

မနက် ၁၂ နာရီ ၁၅ မိနစ်။ မိုးတွေ ရုတ်တရက် ထရွာ ။ ငြိမ်းချမ်းခြင်း နိမိတ်လားလို့ ခံစားလိုက်ရလို့ ဒီစာ ရေးဖြစ်တာ။ အကြမ်းဖက် အုပ်စုကြောင့် သေဆုံးသူ ၆၀၀ ကျော်နေခဲ့ပီ။ အင်တာနက်တွေက ညပိုင်းတွေ ပိတ်တဲ့အပြင် ပီးခဲ့တဲ့ ရက်ကမှ Wifi Broadband Device တွေကိုပါ တနိုင်ငံလုံး ပိတ်လိုက်ကြတယ်။ လူငယ်တွေကတော့ sms တွေနဲ့ နေ့စဥ်သတင်းပို့ဖို့ ကြိုးစားနေကြတယ်။ နယ်ဘက်မှာတော့ ရေဒီယိုတွေ ပြန်အသုံးတည့်လာမယ် ထင်တယ်။ ဒါပေမယ့်လဲ တဖက်သတ်စီးဆင်းရတဲ့ သတင်းထက် အပြန်အလှန် အဆက်အသွယ်ရှိတာမျိုးက ပိုအဆင်ပြေမှာ။ ဒီရက်ပိုင်း စစ်တပ်ပိုင် မီဒီယာတွေပေါ်မှာ မတရား တရားစွဲဆိုခံရတဲ့သူတွေကို ရုပ်ပုံတွေနဲ့ ဆက်တိုက် ကြေညာလာတယ်။ ရန်ကုန်မြို့ထဲမှာတော့ မြေပြင်လှုပ်ရှားမှု သိသိသာသာ နည်းသွားပီ ။ ဒေါ်လာစျေးကလဲ ၁၅၀၀ ကျော် အထိ ဆက်တိုက် ထိုးတက်နေပီကို ။ ဘဏ်တွေကလဲ တိုကင်နဲ့သာ ငွေထုတ်ပေးနေတဲ့အပြင် ATM မှာပါ ငွေ မရှိတော့ဘူး။ မိုးတိတ်သွားပီ ။ တဖက်လမ်းမှာတင် ညဦးပိုင်းက ခွေးတွေ ဝင်ဆွဲသွားသေးတယ်လို့ ကြားလိုက်ရတယ်။ ဘာကြောင့်များ ဒီလောက်တောင် ပြည်သူတွေအပေါ် ဒုက္ခပေးချင်နေကြတာလဲ။

မလွတ်မြောက်ခြင်း မှတ်တမ်း(မတ်လ ၂၁ရက်နေ့)

ကြည့်ဖူးတဲ့ လူရိုင်းဇာတ်ကားတစ်ကား မှာ ပါတဲ့ စကားပြောခန်းတစ်ခု လို ကြောက်စိတ်ဆိုတာ ရောဂါ လိုပဲ ။ ကူးစက်လွယ်တယ်။ ဒီတော့ ငါ့သား .

မလွတ်မြောက်ခြင်း မှတ်တမ်း (မတ်လ ၁၅ရက်နေ့)

ဖုန်းမော်နေ့ (မတ်လ ၁၃) + မတ်လ ၁၄ ရက်နေ့ ၂ ရက်ထဲနဲ့ကို လူရာဂဏန်းနီးပါး ပစ်သတ်ခံလိုက်ရတယ်။ ၁၃ ရက်နေ့ – မန္တလေး အထိနာ။ ၁၄ ရက်နေ့ – လှိုင်သာယာ၊သင်္ကန်းကျွန်း၊ရွှေပြည်သာ။ March 15 – 3:30 PM ဆုံးရှုံးမှုတွေထဲမှာ အိမ်ထောင်ဦးစီးတွေ၊မိခင်တွေ၊တဦးတည်းသော သား၊သမီးတွေ၊မိဘကိုလုပ်ကျွေးနေသူတွေ၊တက္ကသိုလ်ကျောင်းသားတွေ ပါဝင်နေပါတယ်။ ကျဆုံးမှုတွေမြင်တိုင်း ကိုယ့်မှာ အပြစ်မကင်းသလို အကြိမ်ကြိမ်ခံစားရတယ်။ သူရဲကောင်းတွေနဲ့ နှိုင်းယှဥ်ရင် ဒီနိုင်ငံအတွက် ငါ ဘာပြန်လုပ်ပေးပီးပီလဲ ဆိုတဲ့ အတွေး ။ မောင်ဒေးရဲ့ ဘာသာပြန်ကဗျာကိုလဲ အကြိမ်ကြိမ် ပြန်ဖတ်မိတယ်။ မသေသေးတဲ့ ငါ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့သူတွေကို ဘယ်လိုမကောင်းဆိုးရွားစိတ်မျိုးနဲ့ အကြမ်းဖက်ရက်တတ်တာလဲ?

မလွတ်မြောက်ခြင်းမှတ်တမ်း (မတ်လ ၇ ရက်)

စာမရေးဖြစ်ဘူး။ သတင်းဆိုးတွေ၊အိပ်မက်ဆိုးတွေကြား တနေ့တာမှာ ဘာမှကို ပြန်မတွေးချင်တော့တာလိုမျိုး ဖြစ်နေတယ်။ဒါတောင် ကျနော်တို့က တစ်လကျော်ကျော်ပဲ ရှိသေးတယ်။ ညှင်းပန်းနှိပ်စက်တယ်ဆိုတာလဲ အကင်းပဲ ရှိဦးမယ်။ နှစ်ရှည်လများ စစ်ပွဲဖြစ်နေတဲ့ တိုင်းရင်းသားဒေသတွေမှာ ဘယ်လောက်အထိ အခြေအနေဆိုးလိမ့်မလဲ?

မလွတ်မြောက်ခြင်း မှတ်တမ်း(၂၈ ရက်နေ့)

ဒီနေ့က နှစ်ငါးလုံး ရက်ပီးရင် ပြည်လုံးကျွတ်သပိတ်ပုံစံ ထပ်ဖြစ်တဲ့ ရက်။ Milk Tea Alliance – အစပိုင်း ကြားတာ နိုင်ငံ(၄) နိုင်ငံ ၊ နောက်ပိုင်းတော့ (၇) နိုင်ငံ လို့ ပြောကြတယ် – တပြိုင်နက်ထဲ ဆန္ဒထုတ်ဖော်ကြမယ်ဆိုတဲ့ လှုပ်ရှားမှု ဆိုတော့ လမ်းမပေါ်ကို တက်တက်ကြွကြွပြန်တက်လာကြတယ်။ မနေ့ကတော့ မုံရွာ မှာ ပထမဆုံးပြည်သူ့အသက် ပေးလိုက်ရတယ်။ မုံရွာသပိတ်ကိုလဲ အကြမ်းဖက် ဖြိုခွင်းပီး လူတွေကို ဖမ်း၊ ရိုက်နှက်၊ ပစ္စည်းတွေကိုဖျက်စီး – စစ်တပ်နဲ့ရဲ က မင်းမဲ့စရိုက်လို ပြုကျင့်ခဲ့တာ။ ဒီလိုမျိုးလူတွေ ရဲ့ ပါးစပ်က ထွက်တဲ့ ဒီမိုကရေစီဆိုတဲ့ စကားလုံးက ယုံရပါ့မလား။ Visual – Wathanta Aung (Art for Freedom Myanmar Group) မနက်ပိုင်း အိမ်ကနေ မနက် ၈ နာရီကျော် စထွက်တာနဲ့တင် ဝန်ကြီးများရုံးနားမှာ စုတဲ့ စစ်ကြောင်းတွေကို မျက်ရည်ယိုဗုံးတွေနဲ့ ဖြိုခွင်းကြောင်း ကြားရတယ်။ Taxi ပေါ်ကနေကို လူငယ်တွေ အုပ်လိုက် နေရာရွေ့နေတာ မြင်ရ ။ ကုန်သည်လမ်း အိန္ဒိယသံရုံးနားကို လမ်းကန့်လန့် လုံးဝ ပိတ်ထားတယ်။ ကမ်းနားလမ်းတလျှောက်တော့ ပိတ်ထားတာ မရှိ။ ကမ်းနားလမ်းကဘက်နေ ဆူးလေဘုရားလမ်းကို လှမ်းကြည့်တော့ ပိတ်ထားတာ မမြင်ရပေမယ့် လူတွေကိုလဲ မရှိဘူး။ ဆူးလေ ကိုက လေးဖက်လေးတန် ပိတ်ပီး အလည်ခေါင်မှာ အလွတ်ထားထားတဲ့ ပုံစံလို့ ထင်တယ်။ ကမ်းနားလမ်းမှာ လမ်းကြောင်းတော်တော်ရှည်တဲ့ ကျောင်းသားစစ်ကြောင်း တွေ့ခဲ့ရသေးတယ်။ ဒါပေမယ့် ဖြတ်နေတုန်းမှာ ကားပေါ်က လူတစ်ယောက်က ကြည့်မြင်တိုင်ဘက်မှာ ပစ်နေပီ လို့ အော်သွားတော့ စစ်ကြောင်း အနောက်ပိုင်းက လူတွေက ရပ်ကုန်တယ်။ ချီတက်လက်စလူတချို့ကလဲ နောက်ပြန်ဆုတ် ၊ နောက်ပြန်ဆုတ် အော်နေကြတော့ ရှေ့ဆုံးက ဦးဆောင်သူတွေ နဲနဲတိုင်ပတ်သွားပုံရတယ်။ ဒီလိုမျိုးနေရာမှာတော့ ဟောင်ကောင်ရဲ့ အချက်ပြပုံစံတွေကို ကျနော်တို့ သေသေချာချာ လေ့ကျင့်ပုံတူ ကူးယူသင့်တယ်။ ဆူးလေဘက်ကနေ ရွှေတိဂုံနားတဝိုက် ဖြတ်လာတော့ လမ်းမှာ လူရောကားရော ရှင်းတယ်။ စစ်သား လဲ မတွေ့ခဲ့ရ။ ဒါပေမယ့် အဲဒီပတ်ဝန်းကျင်က လူနေအိမ်ခြေနည်းတော့ ချီတက်ဖို့ မသင့်တာလဲ ဖြစ်နိုင်တယ်။ မြေနီကုန်းနားမှာတော့ စစ်အင်အားအပြည့်ပဲ

မလွတ်မြောက်ခြင်း မှတ်တမ်း(၂၄ ရက်နေ့)

ရှေ့ (၂) ရက်က စာမရေးဖြစ်ဘူး။ အပြီးသတ်ရမယ့်အလုပ်တွေ ရယ် ၊ ညကင်းစောင့်ရတဲ့ ရက်ရယ် ဖြစ်နေလို့။ နှစ်ငါးလုံး(၂၂၂၂၂) ပြည်လုံးကျွတ်သပိတ်မှာတော့ မြန်မာပြည်သူ သန်းနဲ့ချီပီး လမ်းမပေါ်ထွက်လာကြတယ်လို့ သတင်းစာတွေက ရေးကြတယ်။ နေပြည်တော်မှာ လူရာနဲ့ချီပီး အဲဒီနေ့မှာပဲ အဖမ်းခံရတယ်။ Facebook friend ဖြစ်နေတဲ့ UCSM က မိန်းကလေးတစ်ယောက်တောင် ပါသွားသေးတယ်။ ပြန်လွတ်လာပီလို့ ဒီနေ့ စတေးတပ်ဖတ်လိုက်ရပေမယ့် ဆိုင်ကယ်တွေ ဖုန်းတွေတော့ ပြန်မရသေးဘူးတဲ့။ စစ်တပ်ဘက်ကတော့ CDM ကို ဖိနှိပ်တဲ့အနေနဲ့ ဝန်ထမ်းတွေကို အင်အားသုံးပီး ဖမ်းဆီးတာ၊ အမိန့်ကြော်ငြာစာတွေ ထုတ်ပီး ခြိမ်းခြောက်တာတွေကိုတော့ ဆက်တိုက်လုပ်နေတယ်။ စစ်တပ်သတင်းမှန်ပြန်ကြားရေး ၊ MRTV နဲ့ MRTV Live Facebook Page တွေကိုတော့ Facebook ကနေ ဖြုတ်ချလိုက်လို့ အခု စစ်ကောင်စီ ဆိုတဲ့ page အသစ်ထောင်နေလေရဲ့။ ထူးခြားဖြစ်စဥ်များ CRPH ကနေ ဒေါက်တာဆာဆာ ကို ကုလသမဂ္ဂ သံတမန်အဖြစ် ခန့်အပ်လိုက်တာရယ်၊ စစ်တပ်ကိုယ်စားလှယ် ဦးမြင့်သူ ကုလသမဂ္ဂကိုယ်စားလှယ်ကနေ အနားယူတယ် ဆိုတဲ့ သတင်းတွေက လူပြောများနေတယ်။ လုံခြုံရေးကောင်စီ အစည်းအဝေး လုပ်ပေမယ့် ပြစ်တင်ရှုပ်ချတာတွေပဲ ရှိတာ။ လူတွေမျှော်လင့်သလို စစ်ရေး အရေးယူဖို့ဆိုတာက ၈၈ တုန်းကလဲ မလွယ်ခဲ့သလို အခုလဲ လွယ်မယ့်ပုံတော့ မပေါ်ဘူး။ စစ်တပ်ဘက်ကတော့ ပြည်သူတွေ ဆန္ဒပြလို့ ရနိုင်တဲ့ သံရုံးတွေ ကို အင်အားတွေ လိုက်ချပီး ပိတ်ဆို့နေတယ်။ ၂၂.၂.၂၀၂၁ ရက်မှာ ဆူးလေ ဖွင့်ပေမယ့် ဒီနေ့တော့ ပိတ်ထားပြန်တယ်။ နယ်မြို့တွေမှာတော့ လူတွေအပြည့် ၊ စုရပ်တွေကို ရန်ကုန်လို မတားဆီးနိုင်ဘူး။ ဒီနေ့ ထူးခြားဖြစ်စဥ်အနေနဲ့ကတော့ အင်ဒို နိုင်ငံခြားရေးဝန်ကြီးက ထိုင်းမှာ ဝဏ္ဏမောင်လွင် နဲ့ ခိုးကြောင်ခိုးဝှက် သွားတွေ့တယ်။ အဲဒီအချိန် ပြည်သူတွေကတော့ ရပ်ကွက်ရုံးတွေမှာ စစ်တပ်ခန့်အုပ်တဲ့ အုပ်ချုပ်ရေးမှုးအသစ်တွေကို လက်မခံနိုင်ကြောင်း ချိတ်ပိတ် ဆန္ဒပြမှုတွေ လုပ်နေကြတယ်။ အမေစု ထွက်ပေါက် မရှိတဲ့ကြားက ထွက်ပေါက်ရှာတဲ့အနေနဲ့ အမေစု ရဲ့ ၂၀၁၂,၂၀၁၄,၂၀၁၈ လောက်တုန်းက နိုင်ငံတကာမှာ ပြောခဲ့တဲ့ မိန့်ခွန်းတွေ၊အမေးအဖြေတွေကို ပြန်နားထောင်ဖြစ်တယ်။ မှန်/မှား လိုက်ရှာဖြစ်တယ်။ လက်ရှိအချိန်မှာ ပြောခဲ့တာတွေနဲ့ ကိုက်၊မကိုက် ပြန်တွေးမိတယ်။ ငါ ဘာကြောင့်

မလွတ်မြောက်ခြင်း မှတ်တမ်း(၂၁ ရက်နေ့)

သပိတ်စစ်ကြောင်း မနက် ၅ နာရီခွဲကတည်းက နိုးနေတာ။ အိပ်မပျော်တော့တာနဲ့ DICA pdf တွေ လိုက်ဖတ်နေမိတယ်။ ABBYY OCR ကို သုံးပီး အသုံးဝင်နိုင်တဲ့ ဇယားတချို့ကို excel format ပြောင်းထားလိုက်တယ်။ အင်တာနက်လဲ အပိတ်ခံထားရတော့ Offline ဟိုကြည့် ဒီကြည့်လုပ်ရင်း ၇ နာရီမှာ သူငယ်ချင်းတွေဆီက ဖုန်းဆက်။ ၇ နာရီခွဲ – လက်ဖက်ရည်ဆိုင်မှာ ဆုံ။ Taxi ငှားပီး စုရပ်ဆီကို ဒိုး ။ ရောက်သွားတော့ လူနည်းပါသေးတယ်။ ၉ နာရီကျော်ကျော်မှ စစ်ကြောင်းစထွက်တာ။ အရင်ရက်တွေက အခြားလမ်းကြောင်းတွေနဲ့ ပူးပေါင်းခဲ့ဖူးပေမယ့် ဒီတစ်ခေါက်ကျ ကိုယ့်တက္ကသိုလ်တံဆိပ် ၊ အလံအောက်မှာ ပိုလုံခြုံတယ်လို့ ခံစားရတယ်။ သူငယ်ချင်းတွေ အများစုနဲ့ ပြန်ဆုံရတာကြောင့်လဲ ဖြစ်မှာပါ။ Safety အတွက် ကိုင်နေကြ ဖုန်းကို ယူမသွားပဲ keypad လေးပဲ ယူသွားလိုက်တော့ ဘာဓါတ်ပုံမှ ပါမလာဘူး။ ကျောင်း Page က တင်မှပဲ copy ကူးပီး လာ save တော့မယ်။ အနီးဆုံး အင်ဒိုနီးရှား သံရုံးကို သွား ၊ အဲဒီရှေ့မှာ ၄၅ မိနစ် တစ်နာရီလောက် ထိုင်သပိတ်ကြာခဲ့တယ် ထင်တယ်။ ပြီးတော့ ရုရှားသံရုံး ။အဲဒီအရှေ့မှာတော့ ၂ နာရီကျော်လောက် ကြာမယ်။ နေ့လည်စာလဲ အဲဒီရှေ့ လမ်းဘေးတစ်နေရာမှာပဲ စားခဲ့တာ။ လမ်းဘေးဆိုင် ထိုင်ဖူးပေမယ့် ရန်ကုန် ကတ္တရာလမ်းမပေါ်မှာ ဖင်ထိုင်ချပီး ထမင်းစားဖူးတာတော့ ဒီတကြိမ် ပထမဆုံးပဲ။ ဟင်းက ကြက်ဥဟင်း ။ အလှုရှင်တွေလဲ များတယ်။ ကျေးဇူးတင်ရပါတယ်။ ဖျော်ရည် ၊ လိမ္မော်သီး၊ ရေခဲချောင်းတွေလဲ ဝေတယ်။ဦးထုပ်တွေ လာဝေပေးတာလဲ တွေ့လိုက်တယ်။ ကြွေးကြော်သံတွေ တိုင်ကြ ၊ ကမ္ဘာမကြေ / အလိုမရှိ / အရှုံးမပေးနဲ့ မိငယ်ရေ / သွေးသစ္စာ သီချင်းတွေကို ထပ်ကြော့တလဲလဲ ဆိုကြ။ ရုရှားသံရုံးရှေ့မှာတင် အသံကုန်ပီ ထင်ခဲ့တာ။ ထင်တာလွဲခဲ့ပါတယ်။ နေ့လည်စာစားပီးတော့ တရုတ်သံရုံးရှေ့ကို ဆက်ချီတက်ခဲ့ကြတယ်။ တလမ်းလုံးလဲ ကြွေးကြော်သံတွေ သီချင်းတွေ မြိုင်နေတာပါပဲ။ တရုတ်သံရုံးရှေ့ရောက်တော့ အရင်နှစ်ခုထက် လူပိုများတာတွေ တွေ့တယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင့် နဲ့ ပတ်သတ်တဲ့