စာမရေးဖြစ်တာ တော်တော့်ကို ကြာသွားပီ။ ဒီနေ့ site ကို ပြန်ပြင်ဖြစ်တာရော ၊ ဆရာဓီရာမိုရ် ရဲ့ အင်တာဗျူးနဲ့ သီချင်းတွေ နားထောင်ဖြစ်တာရောနဲ့ စိတ်ထဲပြောချင်တာတွေ ရှိနေလို့။ မနေ့ညက ဓီရာမိုရ် ရဲ့ မြစ်အိုကြီး album ထဲက “မျက်ရည်နဲ့ လောင်မြိုက်မယ့် ကမ္ဘာ” သီချင်း ပြန်နားထောင်ဖြစ်ရာကနေ သူ့အကြောင်း documentary ၊ အင်တာဗျူးတွေ လိုက်ကြည့်ဖြစ် ၊ NUCA Orchestra တွေ လိုက်နားထောင်ဖြစ်တယ်။ ဂီတပညာအကြောင်း သူ ဖြေထားတဲ့ အဖြေတစ်ခုကနေ စဥ်းစားစရာတွေ အများကြီး ရတယ်။ ပညာ ဆိုတာ တန်ဖိုးကို သိတာ ၊ တန်ဖိုးကို ထုဆစ်တတ်တာ ၊ တန်ဖိုးကို အကဲခတ်တတ်တာ ဓီရာမိုရ် – Interview w/ Kamayut Media သူ ပြောတဲ့အထဲမှာ ဂျပန်နိုင်ငံက ကလေးတွေရဲ့ အနုပညာကို ချစ်တတ်အောင် ကလေးဘဝကတည်းက ပျိုးထောင်ပေးတဲ့ ပုံစံ နဲ့ မြန်မာနိုင်ငံက အခြေအနေ ကွာခြားချက်တွေလဲ ပါတယ်။ တိုင်းပြည် နိမ့်ပီ ဆိုရင် အစစအရာရာ (ပညာရေး ၊ အားကစား ၊ ဂီတ) ဘာမဆို အကုန် တပြိုင်နက် နိမ့်သွားတယ်လို့ ယူဆမိတာ ပိုမှန်သလို ဖြစ်တယ်။ ဆက်စပ်မေးခွန်းအနေနဲ့ “ဘာကြောင့် ဒီလို ဖြစ်သွားတာလဲ” ၊ “ဖြစ်သွားပြီးတဲ့အခြေအနေမှာ တစ်ကိုယ်စာ အနေနဲ့ ဘယ်လို ရုန်းထွက်မလဲ” ၊ “ကိုယ့်တကိုယ်စာ ရုန်းထွက်ပီးရင် ပတ်ဝန်းကျင်ကိုပါ နိုင်သလောက် ပြောင်းလဲလာအောင် ဘယ်လို လုပ်နိုင်မလဲ” ဆိုတာမျိုး ခေါင်းထဲမှာ တွေးမိတယ်။ ဘာကြောင့် ဒီလိုဖြစ်သွားတာလဲ စစ်အာဏာရှင် ကြောင့်လို့ အကျဥ်းချုံးပြောလို့ ရပေမယ့် မြန်မာတွေရဲ့ ရှေးကတည်းက ဓလေ့စရိုက် အကျင့်တွေကြောင့်လဲ ဖြစ်နိုင်တယ်။ ဥပမာ – ဆရာဓီရာမိုရ် ပြောတဲ့အထဲမှာ ရှေးခေတ် မြန်မာ့ဂီတ ရဲ့ ပုံစံက နန်းတွင်းဂီတ လိုပဲ ။ ကိုယ့်ဘာသာပဲ အေးအေးဆေးဆေး ခံစားချင်တယ် ဆိုတာမျိုး ပါတယ်။ ဥရောပဂီတ မှာကျ အပြိုင်အဆိုင် စိတ် ၊ ကျော်ကြားလိုစိတ် ၊ တနိုင်ငံပီး တနိုင်ငံ ကိုယ့်ဂီတ က လွှမ်းမိုးစေချင်တဲ့စိတ်တွေ ရှိတယ်