in Fuck the Coup!

မလွတ်မြောက်ခြင်း မှတ်တမ်း(ဒီဇင်ဘာ-၁၄)

မကြာခင်ဆို ၂၀၂၂ ထဲကို ဝင်တော့မယ်။ ဖေဖော်ဝါရီကနေ ဒီကြားကာလက ဘယ်လို ပျောက်လို့ ပျောက်သွားမှန်းမသိဘူး ။

ကုန်စျေးနှုန်းတွေက တအိအိ နဲ့ တက်နေတယ်။ ပဲပြုတ်ကနေ ကြေးအိုး အထိပဲ။ လာမယ့်နှစ်တွေမှာ အခြေခံစားကုန် – ဆန်၊ဆီ၊ဆားက အစ အကုန် စျေးတွေ တက်ပြီး လူတွေ ကြပ်တည်းကြလိမ့်မယ် လို့ ထင်တယ်။ ရွှေဘိုဘက်က ဆန်စပါးစိုက်ပြီး အသက်မွေးဝမ်းကြောင်းနေရတဲ့ လယ်သမားတွေကအစ အိမ်ပစ်၊ယာပစ် အကုန် ထွက်ပြေးနေရတာဆိုတော့။

ဒီနေ့ KNU ပိုင် နယ်မြေထဲကို စစ်ခွေးတွေဝင်ပြီး ပြည်မက ရှောင်ပြေးလာတဲ့သူတွေကို ဝင်ဖမ်းတယ်။ ဒီဇင်ဘာ – ၁၀ ရက်နေ့ ၊ ပြည်လုံးကျွတ် အသံတိတ် ဆန္ဒပြတဲ့ အရှိန်တွေ ခတ်တုန်း ။ ရန်ကုန်မြို့က အလွတ်တန်း ဓါတ်ပုံဆရာတစ်ယောက်လဲ အသံတိတ်သပိတ် ကို ဓါတ်ပုံရိုက်ရာကနေ အဖမ်းခံရပီး ဒီနေ့ သေဆုံးကြောင်း သတင်း ဖြစ်တယ်။ ၁၀ ရက်နေ့ ပိတ်တဲ့ စျေးသည်တွေကိုလဲ လက်နက်ပြပြီး နိုင်ထက်စီးနင်း လုပ်တာတွေလဲ ကြားရတယ်။ ဘာဆို ဘာမှ ကောင်းကျိုးမပေးတဲ့ မအလိုး စစ်တပ်ပါပဲ။

ဒီကြားကာလမှာ ကိုယ့်အတွက် စားနေသောက်နေနိုင်တဲ့ အခြေအနေ ဖြစ်နေသေးတာကြောင့် လက်ရှိအလုပ်ကိုတော့ ကျေးဇူးတင်ရပါတယ်။ (ဒါတောင် မူလတန်းကတည်းက စသင်ခဲ့ရပေမယ့် အခုထိ မီးကျိုးမောင်းပျက် အင်္ဂလိပ်စာကြောင့် စိတ်ဓါတ်ကျမိတယ်။) တခါတလေကျ လိပ်ပြာ မလုံဘူး ။ တခါတလေကျလဲ ဒီနိုင်ငံမှာ ဘာကြောင့် မွေးလာသလဲ လို့ တွေးမိတယ်။ တိုက်ပွဲ ထဲ မရောက်သေးတဲ့သူမို့ အတွေးများတာ ဖြစ်မယ်။

မီးတွေ ဆက်တိုက် ခနခန ပျက်လာတယ်။ ဒီအရာတွေ အားလုံး အမြန် ပြီးဆုံးပါစေတော့လို့ပဲ အိပ်မက် မက်မိတယ်။

အရေးတော်ပုံ အောင်ရမည်။