မလွတ်မြောက်ခြင်း မှတ်တမ်း(၂၁ ရက်နေ့)

သပိတ်စစ်ကြောင်း မနက် ၅ နာရီခွဲကတည်းက နိုးနေတာ။ အိပ်မပျော်တော့တာနဲ့ DICA pdf တွေ လိုက်ဖတ်နေမိတယ်။ ABBYY OCR ကို သုံးပီး အသုံးဝင်နိုင်တဲ့ ဇယားတချို့ကို excel format ပြောင်းထားလိုက်တယ်။ အင်တာနက်လဲ အပိတ်ခံထားရတော့ Offline ဟိုကြည့် ဒီကြည့်လုပ်ရင်း ၇ နာရီမှာ သူငယ်ချင်းတွေဆီက ဖုန်းဆက်။ ၇ နာရီခွဲ – လက်ဖက်ရည်ဆိုင်မှာ ဆုံ။ Taxi ငှားပီး စုရပ်ဆီကို ဒိုး ။ ရောက်သွားတော့ လူနည်းပါသေးတယ်။ ၉ နာရီကျော်ကျော်မှ စစ်ကြောင်းစထွက်တာ။ အရင်ရက်တွေက အခြားလမ်းကြောင်းတွေနဲ့ ပူးပေါင်းခဲ့ဖူးပေမယ့် ဒီတစ်ခေါက်ကျ ကိုယ့်တက္ကသိုလ်တံဆိပ် ၊ အလံအောက်မှာ ပိုလုံခြုံတယ်လို့ ခံစားရတယ်။ သူငယ်ချင်းတွေ အများစုနဲ့ ပြန်ဆုံရတာကြောင့်လဲ ဖြစ်မှာပါ။ Safety အတွက် ကိုင်နေကြ ဖုန်းကို ယူမသွားပဲ keypad လေးပဲ ယူသွားလိုက်တော့ ဘာဓါတ်ပုံမှ ပါမလာဘူး။ ကျောင်း Page က တင်မှပဲ copy ကူးပီး လာ save တော့မယ်။ အနီးဆုံး အင်ဒိုနီးရှား သံရုံးကို သွား ၊ အဲဒီရှေ့မှာ ၄၅ မိနစ် တစ်နာရီလောက် ထိုင်သပိတ်ကြာခဲ့တယ် ထင်တယ်။ ပြီးတော့ ရုရှားသံရုံး ။အဲဒီအရှေ့မှာတော့ ၂ နာရီကျော်လောက် ကြာမယ်။ နေ့လည်စာလဲ အဲဒီရှေ့ လမ်းဘေးတစ်နေရာမှာပဲ စားခဲ့တာ။ လမ်းဘေးဆိုင် ထိုင်ဖူးပေမယ့် ရန်ကုန် ကတ္တရာလမ်းမပေါ်မှာ ဖင်ထိုင်ချပီး ထမင်းစားဖူးတာတော့ ဒီတကြိမ် ပထမဆုံးပဲ။ ဟင်းက ကြက်ဥဟင်း ။ အလှုရှင်တွေလဲ များတယ်။ ကျေးဇူးတင်ရပါတယ်။ ဖျော်ရည် ၊ လိမ္မော်သီး၊ ရေခဲချောင်းတွေလဲ ဝေတယ်။ဦးထုပ်တွေ လာဝေပေးတာလဲ တွေ့လိုက်တယ်။ ကြွေးကြော်သံတွေ တိုင်ကြ ၊ ကမ္ဘာမကြေ / အလိုမရှိ / အရှုံးမပေးနဲ့ မိငယ်ရေ / သွေးသစ္စာ သီချင်းတွေကို ထပ်ကြော့တလဲလဲ ဆိုကြ။ ရုရှားသံရုံးရှေ့မှာတင် အသံကုန်ပီ ထင်ခဲ့တာ။ ထင်တာလွဲခဲ့ပါတယ်။ နေ့လည်စာစားပီးတော့ တရုတ်သံရုံးရှေ့ကို ဆက်ချီတက်ခဲ့ကြတယ်။ တလမ်းလုံးလဲ ကြွေးကြော်သံတွေ သီချင်းတွေ မြိုင်နေတာပါပဲ။ တရုတ်သံရုံးရှေ့ရောက်တော့ အရင်နှစ်ခုထက် လူပိုများတာတွေ တွေ့တယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင့် နဲ့ ပတ်သတ်တဲ့

မလွတ်မြောက်ခြင်း မှတ်တမ်း (၂၀ ရက်နေ့)

မနေ့ကထက် ဒီနေ့ ပိုဆိုးလာတယ်။ မန္တလေး ကမ်းနားလမ်းဘက်မှာ အကြမ်းဖက် ဖြိုခွဲ၊ကျည်အစစ်နဲ့ ပစ်တာကြောင့် လူ(၂) ဦး သေဆုံးတယ်လို့ Media Page တွေကနေ ဖတ်ရတယ်။ ယုတ်မာမှုတွေကို ဘယ်လက်နက်နဲ့ တားဆီးကြမလဲ။ ကျနော်တို့တတွေရော ဘယ်လိုနည်းနဲ့ တုန့်ပြန်ကြမလဲ။ အခုချိန် မဟတ္တမ ဂန္ဒီကိုပဲ ကိုးကွယ်ရမလား။ ချေဂွေဗားရားကိုပဲ ခေါင်းဆောင်တင်ရမလား။ ဒေတာ ဒီနေ့ မြန်မာ့သမိုင်းမှာ အကြီးမားဆုံး Data Leak လို့ ပြောနိုင်တဲ့ ကိစ္စ ဖြစ်တယ်။ DICA,MYCO က စာရွက်စာတမ်းတွေ လိုင်းပေါ် ရောက်လာတယ်။ ဖိုင်ဆိုဒ် 330GB လောက်ရှိမယ်။ DDoSecrets ဆိုတဲ့ အဖွဲ့ကနေ စတင်ဖြန့်တာ။ Link ။ ပြည်တွင်းမှာတော့ Justice for Myanmar ဆိုတဲ့ Facebook Page ကနေ စပြန့်တယ်။ ပတ်ဝန်းကျင် ဒီနေ့ အသက်ဆုံးရှုံးမှုတွေ ရှိတော့ ည(၈) နာရီ အပီးမှာ မတိုင်ပင်ပဲ အိမ်နီးနားချင်းတိုက်တွေနဲ့ ကြွေးကြော်သံတွေ အော်ကြတယ်။ စစ်အာဏာရှင် ကျဆုံးရေး – တို့အရေး တို့အရေးစစ်ကောင်စီအဖွဲ့ အလိုမရှိ – အလိုမရှိ အလိုမရှိလမ်းမပေါ်မှာ ပြည်သူတွေသေပီခဗျားတို့က ရုံးတက်တုန်းလားရုံးမတက်နဲ့ ၊ ရုန်းထွက် …..

မလွတ်မြောက်ခြင်း မှတ်တမ်း (၁၉ ရက်နေ့)

၂၀၂၁၊ဖေဖော်ဝါရီ(၁)ရက်နေ့ ဗမာစစ်တပ်က အာဏာသိမ်းတယ်။ အဲဒီနေ့ရက်ကတည်းက မနက်ဖြန် ဆိုတာ မရှိတော့တာပဲ။ နေ့တိုင်း နေ့တိုင်းက စိုးရိမ်ပူပန်မှုတွေ၊သတင်းမှားတွေ၊ အကြမ်းဖက် ဖြိုခွင်းမှုတွေ၊မလုံခြုံမှုတွေ၊အခွင့်အရေးဆုံးရှုံးမှုတွေ ပြည့်နှက်နေတာ။တနေ့ တနေ့ ကိုယ် ဘာတွေ လုပ်နေမိမှန်းကို မသိတော့ဘူး။ ည(၈) နာရီ သံပုံးတီးနေရတဲ့ တစ်ချိန်ပဲ စိတ်ထွက်ပေါက် ရတယ်။ရေရှည် ဒီအတိုင်းသွားနေရင် အနုစားစိတ်ရောဂါ ရမယ် ထင်တယ်။ ဂန္ဒီပြောတဲ့ စကားတစ်ခွန်းဖတ်လိုက်ရတယ်။ “စစ်လက်နက်တွေက ကျနော်တို့ ခန္ဓာကိုယ်ကိုပဲ သိမ်းနိုင်မယ်။ကျနော်တို့ရဲ့ စိတ်ဓါတ်တွေကိုတော့ မဖျက်စီးနိုင်ပါဘူး” တဲ့ ။ ဒီစကားအတိုင်းသာဆို နေ့ရက်တိုင်းမှာ စိတ်ညစ်ညူးနေလို့ မဖြစ်ဘူး။ နေ့တိုင်း ကျနော်တို့ ပူလောင်နေရရင် မသိစိတ်က အရှုံးပေးသလို ဖြစ်သွားလိမ့်မယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ပြန်အားပေးဖို့ရယ်၊စိတ်ရှင်းဖို့ရယ် ဒီစာတွေကို ချရေးဖြစ်ပါတယ်။ သီချင်းများ ဒီ ဖေဖော်ဝါရီတော်လှန်ရေး တဝက်အကျိုးမှာ လူငယ်တွေထဲက တော်လှန်ရေးသီချင်းအသစ်တွေ ထွက်လာတယ်။ ကိုယ် နားမထောင်ရသေးတဲ့ သီချင်းတွေလဲ ကျန်ဦးမယ်။ နားထောင်မိသမျှထဲမှာ ကိုယ် အကြိုက်ဆုံး (နားထောင်မိရင် စိတ်ဓါတ်တက်ကြွတယ်လို့ ခံစားရတဲ့) သီချင်းတွေကို List လုပ်ထားတယ်။ ၁။ Zwe Thet Paing ဆိုတဲ့ Revolution Rap verse – သီချင်းတိုပေမယ့် စာသားတွေ ထိတယ်။ ဒါကြောင့် ကြိုက်တယ်။ ၂။ အလိုမရှိ ဆိုတဲ့ သီချင်း ။ သီချင်းအဖွင့်ထဲကကို သံပုံးတီးသံတွေနဲ့ စထားတာ။ နားထောင်နေရင်း စည်းလုံးလာတယ် လို့ ခံစားရတယ်။ အမေစု ကို ရည်ရွယ်ဆိုတဲ့ စကားလုံး ပါတော့ လူတိုင်းအတွက်တော့ အံကိုက်မယ့် သီချင်း ဖြစ်မနေဘူး ထင်တယ်။ ဒါပေမယ့် လက်တလောမှာတော့ Motivational song ဆန်တာက ဒီတစ်ပုဒ်ထဲ ရှိတယ်လို့ ခံစားရတယ်။ သွေးသစ္စာ တို့ဘာတို့ကျ အရင်ရှုံးခဲ့တဲ့ တိုက်ပွဲက သီချင်းတွေဆိုတော့ ဆိုသာဆိုနေရတယ် ။ အားသိပ်မရှိဘူး။ ဒါကြောင့် ဒီ ‘အလိုမရှိ’ သီချင်းကိုတော့ တော်တော်ကြိုက်နေတယ်။ သီချင်းစာသားပါ အမှတ်တရ တွဲတင်ထားလိုက်မယ်။ ၃။ Revolution song – ဒီသီချင်းက လမ်းမပေါ်မှာ သံစုံတီးဝိုင်းနဲ့ ဆိုတာကနေ ပိုကြိုက်လာတာ။ တနေ့နေ့မှာ ဓီရာမိုရ် ရဲ့ တီးဝိုင်းကြီးနဲ့အတူ အမျိုးသားကဇာတ်ရုံလိုမျိုးမှာ ဒီသီချင်းကို အောင်မြင်ခြင်းအထိမ်းအမှတ် ပြန်နားထောင်ချင်တယ်။

Midnight Thought 4

မကြာခင် ၂၀၂၀ ကုန်ပီး ၂၀၂၁ ကို ရောက်တော့မယ်။ Year Reflection ရေးစရာ ရှိပါ့မလားတွေးရင် ဒီစာကို ရေးဖြစ်တာ ။ တနှစ်တာ သင်ယူဖြစ်ခဲ့တာတွေ – Google App Script Office Automation ပိုင်းအတွက် စရေးဖြစ်ခဲ့တာ ။ Dr.Thuta Chatbot မှာ ည(၈)နာရီတိုင်း ပို့ရတဲ့ message တွေအတွက် automate ဖြစ်အောင် လုပ်ရင် V1/V2 ၂ မျိုး ထုတ်နိုင်ခဲ့တယ်။ အရမ်းကြီး စိတ်တိုင်းကျတဲ့အထိ (Code က Copy-Paste – Modify အဆင့်ပဲ ရှိတာမို့) မဖြစ်ခဲ့ဘူး။ Javascript အခြေခံမရှိတာကြောင့်လဲ ပါမယ်။ UI/UX – bootstrap အပိုင်း အစ လေ့လာနိုင်ခဲ့တယ်။ PowerBI Online Scholarship တခု ရခဲ့တယ်။ အကြောင်းအမျိုးမျိုးကြောင့် ပီးအောင်တော့ မတတ်ဖြစ်ခဲ့ဘူး ။ သာမန် Dashboard တစ်ခုတော့ ကောင်းကောင်းဆောက်နိုင်ပီလို့ ထင်တယ်။ Pcode ကောင်းကောင်း သုံးတတ်ပီ ။ >.< DAX , M query တွေကိုတော့ beginner level သုံးနိုင်ရုံပဲ ရှိသေးတာ ။ Python၂၀၂၀ နှစ်ကုန်ခါနီး (after August) လောက်မှာမှ အသည်းအသန် ပြန်ရုန်းဖြစ်ခဲ့တယ်။ အားရတယ်။ ကိုယ့် level ကို ကိုယ် သိလာတယ်။ OpenCV အခြေခံပီး OCR Project လေးတခု ကိုယ့်ဘာသာ ရေးဖြစ်ခဲ့တယ်။ Tesseract မြန်မာစာ အရမ်းမကောင်းတော့ result တော့ အားမရဘူး ။ ဒါကိုတော့ 2021 ထဲမှာ Version အသစ်တခု လုပ်နိုင်အောင်တော့ ကြိုးစားရမှာပဲ ။ မြန်မာစာအတွက် Table OCR ရသွားရင် တော်တော်အပြောင်းအလဲ ဖြစ်မှာ။ DEDC ကို ကူရင်းနဲ့ Coursera study group (Data Science Track) ကို Tutor ဝင်လုပ်ပေးဖြစ်တယ်။ ကိုယ်ကိုယ်တိုင် က DS မှာ beginner ဆိုတော့ အခြားသူကို ပြန်သင်ပေးဖို့ တော်တော်ခက်ပါတယ်။ ဒါပေမယ့် သူများကို

Midnight Thought <2>

ဒီ ဘလော့ပေါ်မှာ စာမရေးဖြစ်တာ ကြာပါပီ ။ ဒီအတိုင်း Depression နဲ့ဆိုင်တဲ့ အကြောင်းတွေ လျှောက်ဖတ်ကြည့်ရင်း ‘tell about it’ ဆိုတဲ့ အကြံပေးချက်ကို တွေ့လို့ ဒီအတိုင်း ဘလော့ လျှောက်ရေးတာ။ ဆရာကိုတာ ရဲ့ ဇင် စာအုပ်ထဲကလိုဆို Zen Diary လို့ ပြောရမလားပဲ ။ မစဥ်းစားပဲ ဦးနှောက်ထဲကို ဝင်လာသမျှ စာကြောင်းတွေကို ကောက်ခြစ်ရေးတာမျိုး ။ (စာရေးဆရာတယောက် ၏ မှတ်စုများ – စာအုပ်ထဲက ဖြစ်မယ်။ ပြီးခဲ့တဲ့ သြဂုတ်(၅) မှာပဲ အသက် ၂၅ နှစ် ပြည့်တယ်။ အဲလိုတွေးလိုက်ရင် ပိုစိုးရိမ်စိတ်များတယ်။ ဒီလထဲမှာလဲပဲ အခုငှားနေတဲ့ အိမ်မှာ ကိုယ်တစ်ယောက် ထဲ ဖြစ်သွားခဲ့တာ ။ ဖေကြီး က မန္တလေးကို ပြန်ပြောင်းသွားခဲ့တာဆိုတော့ ။ အရင်တုန်းက သားအဖ နှစ်ယောက်ဆိုတော့ စကားမပြောဖြစ်ရင်တောင် အိမ်ပြန်လာတိုင်း နွေးထွေးတယ်။ အဖေ ရှိတယ် ဆိုတဲ့ အသိ က ဘာပဲ ပြောပြော အထီးကျန်မဆန်ဘူးလေ ။ ဒီလမှာ တော်တော်ယောင်သွားသလို ခနခနလဲ စိတ်ဓါတ်ကျမိတယ်။ အသက် ထိပ်စီး/နောက်စီး ဂဏန်းတွေ ပြောင်းတာကလဲ ညသန်းခေါင် ခပ်နက်နက်မှာ ရှေးဟောင်းနာရီကြီးထဲက လက်တံ လည်သလိုပဲလေ။ ရပ်တန့်မသွားတော့မှန်း သိတယ်။ ဘယ်လို တိုးတက်အောင် ပြုလုပ်ရမလဲ ဆိုတာ မသိတာ ။ တနေ့တနေ့ ငါ အလုပ်လုပ်နေသလား – ငါ ဘာတွေ သင်ယူနေသလဲဆိုတာ အမြဲမေးနေမိတယ်။ ဒါပေမယ့် အဲဒီမေးခွန်းတွေက အကောင်းဘက်ကို ဦးမဆောင်တာ ဆိုးပါတယ်။ ဟိုတရက်က နားထောင်ဖြစ်လိုက်တဲ့ Podcast တစ်ခု အကြောင်းလဲ ရေးချင်တယ်။ Apple Cofounder – Woz လား?

Midnight Thoughts<1>

https://www.chronicle.com/article/Putting-an-End-to-When-Am-I/233901 အချိန်ရရင် အပေါ်က မူရင်း article ကိုလဲ ဖတ်စေချင်တယ်။ ၂၀၁၅ က ရေးထားပေမယ့် ဒီနေ့အထိ ကျနော်တို့ ကျောင်းသားလောက မှာ အသုံးများနေဆဲဖြစ်တဲ့ ‘စကားတခွန်း’ နဲ့ သက်ဆိုင်လို့ပါ။ ပြောနေကြအတိုင်း ဆို – “ဒီစာတွေက သင်ပီး ဘယ်မှာ သုံးရမှာလဲ?” “ဒီသင်ခန်းစာတွေကို လက်တွေ့ ဘယ်လိုအသုံးချရမှန်းမှ မသိတာ” စသဖြင့် ဆင်ခြေပေါင်းများစွာကို ကျနော် ကျောင်းသားဘဝတုန်းကတော့ အကြိမ်ပေါင်းများစွာ ပြောခဲ့မိဖူးပါတယ်။ တကယ်တမ်းတော့ အဲဒီမေးခွန်း (ဆင်ခြေ) က လုံးဝ မှားတဲ့အကြောင်းကို မူရင်းဆောင်းပါးထဲမှာ ရေးထားတာပါ။ သူ ရေးထားတဲ့ စာအရှည်ကြီးထဲက သဘောကျတဲ့ တပိုဒ် ကို တတ်သလောက် မှတ်သလောက် ဘာသာပြန်ကြည့်ထားပါတယ်။ —————————————— x —————————————–> ဘာသာပြန် < “When am I going to use this?” ဆိုတဲ့ မေးခွန်းကိုက အလိမ်အညာကြီးဗျ ။ မေးခွန်းမေးသူ က (သိလိုတဲ့) အကြောင်းအရာ X ရဲ့ အသုံးပြုပုံ၊တန်ဖိုးကို ကိုယ်တိုင်စိတ်ဝင်တစား စဥ်းစားမနေဘူး ။ မေးခွန်းထုတ်သူ က လက်မြှောက်အရှုံးပေးတဲ့ သဘောနဲ့ အော်ဟစ်နေတာ။ အကြောင်းအရာပေါ်မှာ စိတ်ဝင်စားမှု မရှိတဲ့အပေါ် တာဝန်ယူခြင်းမရှိပဲနဲ့ မေးခွန်းမေးသူ ဘက်က အချိုးတမျိုး ပြောင်းပြတယ်။ ဒါ ငါ့အမှားမဟုတ်ဘူး ။ မင်း အမှား ဆိုတဲ့ သဘော။ ဒါက ငါ စိတ်မဝင်စားလို့ မဟုတ်ဘူး ၊ ဒါနဲ့ ပတ်သတ်ပီး ခက်ခက်ခဲခဲ မကျော်ဖြတ်နိုင်တာမဟုတ်ဘူး လို့ ဆိုချင်နေတာ။ > Original Paragraph < And the question itself — “When am I going to use this?” — is nearly always a lie, a front.

မြန်မာကလေးငယ်တစ်ယောက်ကို Artificial Intelligence အကြောင်း ဘယ်လိုသင်ပေးကြမလဲ?

ဒီနေ့ ခေတ်မှာ မိဘတိုင်းလိုလိုက ကိုယ့်သားသမီးတွေကို ငယ်စဉ်ကတည်းက ဘာသာစကားပိုင်းဆိုင်ရာ (သို့) နည်းပညာကွန်ပျူတာပိုင်းမှာ တတ်မြောက်စေလိုတဲ့ စေတနာ ဖြစ်လာကြပါတယ်။ ကလေးငယ်တွေအတွက် သင်တန်းကျောင်းတွေလဲ အပြိုင်အဆိုင် ပေါ်လာကြပါတယ်။ ဒီအခြေအနေမှာ ကျွန်တော်တို့ မြန်မာနိုင်ငံ မဟုတ်တဲ့ အခြားသော နိုင်ငံတကာ မှာရော ဘယ်လို သင်ကြားမှုတွေ ၊ စိတ်ဝင်စားမှုနေသလဲ ။ ဒါ့အပြင် နိုင်ငံတကာ ရဲ့ သင်ကြားမှု စနစ် ၊ အရင်းအမြစ်တွေကရော ဘယ်လို အခြေအနေဖြစ်နေသလဲ ဆိုတာကို ကျွန်တော်တို့ မျက်ခြေမပြတ်ဖို့ လိုအပ်ပါတယ်။ An Hour of Code with Artificial Intelligence!

Data Journalism ဆိုတာ

ကျွန်တော်တို့ မြန်မာနိုင်ငံ မှာ Data Scientist / Data Analyst ဆိုတဲ့ အမည်တွေနဲ့ ရင်းနှီးကျွမ်းဝင်ပေမယ့် Data Journalist / Data Journalism ဆိုတဲ့ စကားလုံးတွေနဲ့တော့ ထိတွေ့မှု နည်းပါတယ်။ ဒီဆောင်းပါး မှာ Data Journalism ဆိုတာ ဘယ်လိုမျိုးလဲ ဆိုတာ မိတ်ဆက်ပေးသွားမှာပါ ။ Data Journalism ဆိုတာ ဘာလဲ?