မနေ့ကထက် ဒီနေ့ ပိုဆိုးလာတယ်။ မန္တလေး ကမ်းနားလမ်းဘက်မှာ အကြမ်းဖက် ဖြိုခွဲ၊ကျည်အစစ်နဲ့ ပစ်တာကြောင့် လူ(၂) ဦး သေဆုံးတယ်လို့ Media Page တွေကနေ ဖတ်ရတယ်။ ယုတ်မာမှုတွေကို ဘယ်လက်နက်နဲ့ တားဆီးကြမလဲ။ ကျနော်တို့တတွေရော ဘယ်လိုနည်းနဲ့ တုန့်ပြန်ကြမလဲ။ အခုချိန် မဟတ္တမ ဂန္ဒီကိုပဲ ကိုးကွယ်ရမလား။ ချေဂွေဗားရားကိုပဲ ခေါင်းဆောင်တင်ရမလား။
ဒေတာ
ဒီနေ့ မြန်မာ့သမိုင်းမှာ အကြီးမားဆုံး Data Leak လို့ ပြောနိုင်တဲ့ ကိစ္စ ဖြစ်တယ်။ DICA,MYCO က စာရွက်စာတမ်းတွေ လိုင်းပေါ် ရောက်လာတယ်။ ဖိုင်ဆိုဒ် 330GB လောက်ရှိမယ်။ DDoSecrets ဆိုတဲ့ အဖွဲ့ကနေ စတင်ဖြန့်တာ။ Link ။ ပြည်တွင်းမှာတော့ Justice for Myanmar ဆိုတဲ့ Facebook Page ကနေ စပြန့်တယ်။
ပတ်ဝန်းကျင်
ဒီနေ့ အသက်ဆုံးရှုံးမှုတွေ ရှိတော့ ည(၈) နာရီ အပီးမှာ မတိုင်ပင်ပဲ အိမ်နီးနားချင်းတိုက်တွေနဲ့ ကြွေးကြော်သံတွေ အော်ကြတယ်။
စစ်အာဏာရှင် ကျဆုံးရေး – တို့အရေး တို့အရေး
စစ်ကောင်စီအဖွဲ့ အလိုမရှိ – အလိုမရှိ အလိုမရှိ
လမ်းမပေါ်မှာ ပြည်သူတွေသေပီ
ခဗျားတို့က ရုံးတက်တုန်းလား
ရုံးမတက်နဲ့ ၊ ရုန်းထွက် …..
သပိတ် သပိတ် – မှောက် မှောက်
အရေးတော်ပုံ – အောင်ရမည်။
မနက်ဖြန် သပိတ်စစ်ကြောင်း နဲ့ လိုက်ဖို့ စောစောအိပ်ရမယ်။ ခပ်တိုတို နဲ့ပဲ ဒီတစ်နေ ကုန်ပြန်ပီ။
စစ်အာဏာရှင်စနစ် မုချ ကျဆုံးရမည်။
You must be logged in to post a comment.