Midnight Thought <2>

ဒီ ဘလော့ပေါ်မှာ စာမရေးဖြစ်တာ ကြာပါပီ ။ ဒီအတိုင်း Depression နဲ့ဆိုင်တဲ့ အကြောင်းတွေ လျှောက်ဖတ်ကြည့်ရင်း ‘tell about it’ ဆိုတဲ့ အကြံပေးချက်ကို တွေ့လို့ ဒီအတိုင်း ဘလော့ လျှောက်ရေးတာ။ ဆရာကိုတာ ရဲ့ ဇင် စာအုပ်ထဲကလိုဆို Zen Diary လို့ ပြောရမလားပဲ ။ မစဥ်းစားပဲ ဦးနှောက်ထဲကို ဝင်လာသမျှ စာကြောင်းတွေကို ကောက်ခြစ်ရေးတာမျိုး ။ (စာရေးဆရာတယောက် ၏ မှတ်စုများ – စာအုပ်ထဲက ဖြစ်မယ်။ ပြီးခဲ့တဲ့ သြဂုတ်(၅) မှာပဲ အသက် ၂၅ နှစ် ပြည့်တယ်။ အဲလိုတွေးလိုက်ရင် ပိုစိုးရိမ်စိတ်များတယ်။ ဒီလထဲမှာလဲပဲ Read more…

Midnight Thoughts<1>

https://www.chronicle.com/article/Putting-an-End-to-When-Am-I/233901 အချိန်ရရင် အပေါ်က မူရင်း article ကိုလဲ ဖတ်စေချင်တယ်။ ၂၀၁၅ က ရေးထားပေမယ့် ဒီနေ့အထိ ကျနော်တို့ ကျောင်းသားလောက မှာ အသုံးများနေဆဲဖြစ်တဲ့ ‘စကားတခွန်း’ နဲ့ သက်ဆိုင်လို့ပါ။ ပြောနေကြအတိုင်း ဆို – “ဒီစာတွေက သင်ပီး ဘယ်မှာ သုံးရမှာလဲ?” “ဒီသင်ခန်းစာတွေကို လက်တွေ့ ဘယ်လိုအသုံးချရမှန်းမှ မသိတာ” စသဖြင့် ဆင်ခြေပေါင်းများစွာကို ကျနော် ကျောင်းသားဘဝတုန်းကတော့ အကြိမ်ပေါင်းများစွာ ပြောခဲ့မိဖူးပါတယ်။ တကယ်တမ်းတော့ အဲဒီမေးခွန်း (ဆင်ခြေ) က လုံးဝ မှားတဲ့အကြောင်းကို မူရင်းဆောင်းပါးထဲမှာ ရေးထားတာပါ။ သူ ရေးထားတဲ့ စာအရှည်ကြီးထဲက သဘောကျတဲ့ တပိုဒ် ကို တတ်သလောက် Read more…

AI for Kids

မြန်မာကလေးငယ်တစ်ယောက်ကို Artificial Intelligence အကြောင်း ဘယ်လိုသင်ပေးကြမလဲ?

ဒီနေ့ ခေတ်မှာ မိဘတိုင်းလိုလိုက ကိုယ့်သားသမီးတွေကို ငယ်စဉ်ကတည်းက ဘာသာစကားပိုင်းဆိုင်ရာ (သို့) နည်းပညာကွန်ပျူတာပိုင်းမှာ တတ်မြောက်စေလိုတဲ့ စေတနာ ဖြစ်လာကြပါတယ်။ ကလေးငယ်တွေအတွက် သင်တန်းကျောင်းတွေလဲ အပြိုင်အဆိုင် ပေါ်လာကြပါတယ်။ ဒီအခြေအနေမှာ ကျွန်တော်တို့ မြန်မာနိုင်ငံ မဟုတ်တဲ့ အခြားသော နိုင်ငံတကာ မှာရော ဘယ်လို သင်ကြားမှုတွေ ၊ စိတ်ဝင်စားမှုနေသလဲ ။ ဒါ့အပြင် နိုင်ငံတကာ ရဲ့ သင်ကြားမှု စနစ် ၊ အရင်းအမြစ်တွေကရော ဘယ်လို အခြေအနေဖြစ်နေသလဲ ဆိုတာကို ကျွန်တော်တို့ မျက်ခြေမပြတ်ဖို့ လိုအပ်ပါတယ်။ An Hour of Code with Artificial Intelligence! ဆိုတဲ့ online webinar Read more…

Data Journalism ဆိုတာ

ကျွန်တော်တို့ မြန်မာနိုင်ငံ မှာ Data Scientist / Data Analyst ဆိုတဲ့ အမည်တွေနဲ့ ရင်းနှီးကျွမ်းဝင်ပေမယ့် Data Journalist / Data Journalism ဆိုတဲ့ စကားလုံးတွေနဲ့တော့ ထိတွေ့မှု နည်းပါတယ်။ ဒီဆောင်းပါး မှာ Data Journalism ဆိုတာ ဘယ်လိုမျိုးလဲ ဆိုတာ မိတ်ဆက်ပေးသွားမှာပါ ။ Data Journalism ဆိုတာ ဘာလဲ? ဒေတာအချက်အလက်တွေနဲ့ အလုပ်လုပ်တဲ့ သတင်းစာရေးအတတ်ပညာ အမျိုးအစားတခုလို့ အလွယ်တကူ ပြောလိုက်လို့ ရပါတယ်။ ဒါပေမယ့် ရှင်းလင်းမယ် မထင်ဘူးဗျ။  “အချက်အလက်” ဆိုတာရယ် “သတင်းစာရေးအတတ်ပညာ” ဆိုတာရယ် စကားလုံး နှစ်ခု ကိုက Read more…

BBC Micro:Bit မိတ်ဆက်

BBC micro:bit ဆိုတဲ့ အသုံးအနှုန်းကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံ နဲ့ စိမ်းနေပါသေးတယ် ။ ဒါပေမယ့် နိုင်ငံတကာမှာတော့ တွင်တွင်ကျယ်ကျယ် အသုံးပြုနေတဲ့ အရာတစ်ခု ဖြစ်ပြီး ထုတ်လုပ်တဲ့ ကုမ္မဏီကလဲ ကျွန်တော်တို့ ရင်းနှီးကျွမ်းဝင်ပြီးသား မီဒီယာကုမ္မဏီကြီးတစ်ခု ဖြစ်တဲ့ BBC ပါ။ BBC micro:bit ဆိုတာ ဘာလဲ ? BBC micro:bit ဆိုတာ အိတ်ကပ်အရွယ်အစားလောက်ပဲ ရှိတဲ့ ကွန်ပျူတာ သေးသေးလေးတမျိုးပါ။ ကလေးငယ်တွေ နဲ့ စတင်လေ့လာလိုသူတွေအတွက် နည်းပညာ (Coding) ကို လွယ်ကူစွာနဲ့ လေ့လာနိုင်ဖို့အတွက် Graphical Programming (ရုပ်ပုံတွေ အသုံးပြုပီး ရေးသားရတဲ့ ကွန်ပျူတာ ဘာသာစကား) Read more…