မလွတ်မြောက်ခြင်း မှတ်တမ်း(ဇူလိုင် ၁၁ ရက်နေ့)

ကိုဗစ်အခြေအနေ ဒီဇူလိုင်လ ထဲမှာ တော်တော်ဆိုးဆိုးရွားရွား ဖြစ်နေတယ်။ ကလေးမြို့မှာတော့ အောက်ဆီဂျင် ပြတ်လပ်တဲ့အဆင့်အထိ ဖြစ်နေပြီ။ ပိုက်ဆံ ရှိရင်တောင် ဝယ်မရတော့ဘူး ။ ရန်ကုန်မြို့ပေါ်မှာလဲ အောက်ဆီဂျင်စက်ရုံတွေကို စစ်ခွေးတွေက ပြင်ပပုဂ္ဂလိကရောင်းချခြင်း မပြုဖို့ ပိတ်ပင်တာမျိုးတွေ လုပ်လာတယ်။

ကိုယ်တိုင်လဲ ပီးခဲ့တဲ့ အပတ် တနင်္ဂနွေ တုန်းက စဖျားတယ်။ ၂ ရက်လောက်တော့ အဖျားတက်လိုက်တယ်။ ခေါင်းမူးတာ နဲ့ လည်ချောင်းနာတာလောက်ပဲ ဖြစ်ပီး အဖျားပြန်ကျသွားတာ ။ ဒါပေမယ့် နှာစီးတာကနေ အခုတော့ အနံ့မရသလို ဖြစ်နေတယ်။ သွေးရိုးသားရိုး အနံ့မရတာ ဖြစ်ဖို့ပဲ ဆုတောင်းတယ်။ ကိုယ် ဖြစ်လိုက်တာထက် အဖေ့ဆီကိုပါ ကူးပြီး တစ်ခုခု ဖြစ်မှာ စိုးရိမ်တယ်။

အဖေ လဲ အဖျားတော့ နဲနဲ ရှိလာတယ်။ ခေါင်းမူးတယ်။ လည်ချောင်းနာတာ ခန ဖြစ်တယ်။ တစ်ခုခု ဖြစ်ခဲ့ရင်တောင် ရန်ကုန်မြို့ပေါ် အောက်ဆီဂျင် ရဖို့က အရမ်းခက်နေပြီ။ အရင်တုန်းက ကပ်ကြီး ၃ ပါး ဆိုတာကို သြကာသကန်တော့ချိုးထဲမှာပဲ ထည့်ဆိုခဲ့ဖူးတာ။ အပြင်မှာ တကယ်ကြုံမှ သွေးပျက်စရာမှန်း ခံစားတတ်တော့တယ်။ ဒါပေမယ့်လဲ ကိုယ့်အခြေအနေက ရန်ကုန်မြို့ကြီးပေါ် လုံလုံခြုံခြုံ တိုက်ခန်းတစ်ခုထဲမှာ အမိုးအကာ နဲ့ ၊ စားသောက်စရာ နဲ့ ရှိပါသေးတယ်။ ကိုယ့်ထက် အခြေအနေ ဆိုးရွားပြီး အိမ်ပစ်ရာပစ် ထွက်ပြေးနေရတဲ့ သူတွ၊ အကျဥ်းထောင်ထဲ ရောက်နေတဲ့သူတွေ ရဲ့ ဒုက္ခတွေနဲ့ယှဥ်ရင်တော့ စာဖွဲ့စရာ မဟုတ်တော့ပါဘူး။

ဒီအခြေအနေတွေအားလုံးက လွတ်မြောက်မယ့် တစ်နေ့ကို အမြန်ရောက်ချင်ပြီ ။ နေကောင်းပျောက်ကာစ နေရောင်ခြည် ကို စထိတွေ့ရတဲ့ အချိန် ၊ ငယ်ငယ်တုန်းကလို အကြာကြီး ဖျားရာကနေ နေပြန်ကောင်းပီး ကျောင်းကို ပထမဆုံး သွားရတဲ့နေ့လိုမျိုး ခံစားချက်မျိုး ရချင်လိုက်တာ ။ အခုက အကုန်လုံး အစစရာရာ အဖက်ဖက်ကနေ ပိတ်လှောင်ထားသလို ခံစားရတယ်။ အသက်ရှု ကျပ်သထက် ကျပ်လာတာမျိုး။ အဖေ ကလဲ ပြောစကား လက်မခံပဲ ဘာမှ မစားဘူး ဖြစ်နေတယ်။ တနေကုန်လို့ ကြက်စွပ်ပြုတ်တစ်ခွက်တောင် မကုန်ဘူး။

ဒုက္ခ ကြုံမှ အမိ နဲ့ ဘုရား တတတ်တော့တာပဲ ။ အခုလိုအချိန် မိသားစု သိုက်သိုက်ဝိုင်းဝိုင်း စည်းစည်းလုံးလုံးလေး နေရမယ် ဆိုရင်တော့ ပိုအဆင်ပြေလောက်တယ်။ ဒီနေ့ နေ့လည်က စစ်ခွေးတွေက ဘာကိစ္စ ဖင်ယားတယ် မသိ – မဟာဗန္ဓုလလမ်းမကြီးတွေကို ပိတ်လိုက်တယ်။ ကောလင်းဘက်မှာတွေ ၊ ကချင်ဘက်မှာတွေ တိုက်ပွဲ ဖြစ်သံတွေ သတင်းကြားရပီး စစ်ခွေးရာနဲ့ချီ သေတယ် ကြားတာပဲ။ ဘယ်လိုအခြေအနေကျမှ ဒါကြီး ပြီးဆုံးသွားမလဲ။ တဖက်နဲ့ တဖက် အပြန်အလှန် အမြစ်ပြုတ်အောင်၊အမျိုးပြုတ်အောင် သတ်နိုင်မှလား။ ဗမာစစ်တပ်ကတော့ သူတို့ အာဏာရရေးအတွက် အဲဒီလို လုပ်မယ့် ပုံ ပေါ်နေတယ်။ COVID နဲ့ ပတ်သတ်သမျှ ဘာမှ ထိထိရောက်ရောက် မစီမံနိုင်တဲ့အပြင် လူတွေကို သေတွင်းတွေထဲချည်းပဲ တွန်းပို့နေတာ။ မအေလိုး စစ်ခွေးမျိုးတွေ ။ ဆေးရုံတွေမှာလဲ ဆရာဝန်က မရှိတော့ဘူးလေ ။ သူတို့ ဖမ်းပီး ထောင်ထဲ ထည့်တာနဲ့တင် ကုန်ပီ ။

အစစအရာရာ အဆင်ပြေဖို့ပဲ ဆုတောင်းရမယ်

အရေးတော်ပုံ အောင်ရမည်။

မလွတ်မြောက်ခြင်း မှတ်တမ်း (ဧပြီ ၂၂)

Exam နောက် ၁ ရက် ၊ ၂ ရက် ဆိုရင် စာမေးပွဲ ဖြေရတော့မယ်။ မသိရင် ဆယ်တန်းစာမေးပွဲ ပြန်ဖြေတုန်းက အချိန်လိုမျိုး ပြန်ရောက်သွားသလိုပဲ။ ရေးဖြေ မို့လဲ ပါမယ် ထင်တယ်။ မဖြေခင် စိတ်တွေ တင်းကြပ်ပီး လုပ်ချင်တာတွေ လျှောက်လုပ်နေတာ။ ညပိုင်းကျမှ နဲနဲ တည်ငြိမ်သွားတော့တယ်။ Sailing Vlog တစ်ခု ကြည့်လိုက်တယ်။ ပူတူး ဆီကနေ အားပေးစကားတွေ ကြားရတယ်။

Read More »
procrastination
Fuck the Coup!
admin

မလွတ်မြောက်ခြင်း မှတ်တမ်း (ဧပြီ ၁၈၊ ၂၀၂၃)

မနေ့က နှစ်ဆန်း (၁)ရက်နေ့ ။ ၂၀၂၃ သင်္ကြန် ဘာမှ မဟုတ်လိုက်ပဲ ပြီးသွားပြန်ပြီပေါ့။ အိမ်ထဲမှာပဲ စာကြည့်လိုက် ၊ ဇာတ်ကားကြည့်လိုက်နဲ့ အချိန်တွေကုန်သွားတယ်။ စာမရေးဖြစ်တာတောင် ကြာပါပီ။ အဓိက က အိပ်မပျော်တဲ့အချိန်မှာ စိတ်များသက်သာမလားလို့ ကွန်ပျူတာ ထဖွင့်ပြီး ရေးလိုက်တာ။ မီးပျက်နေတယ်။ ပူလောင်ပြီး ခြင်က ကိုက် ၊ အပြင်ထွက်အိပ်မယ်ဆိုပြန်တော့လဲ ကြမ်းပိုးက ထိုးသလိုနဲ့ အခန်းထဲ ဝင်လိုက် ၊ ထွက်လိုက်နဲ့

Read More »

မလွတ်မြောက်ခြင်း မှတ်တမ်း (ဖေဖော်ဝါရီ ၆၊၂၀၂၃)

အိပ်မပျော်ည ညဘက်တွေ အိပ်မပျော်ပြန်ဘူး။ အကျိုးရှိတဲ့ အလုပ်တွေ လုပ်နေတာလဲ မဟုတ်ပြန်ဘူး။ စဥ်းစားမယ်ဆိုရင်တော့ အရာရာ စိတ်ပူပင် သောကရောက်စရာတွေချည်းပဲပေါ့။ ငယ်ငယ်တုန်းက ကိုယ့်ကိုယ်ကို အခုထိ ပြန်မြင်နေရတုန်းလား။ ပြာယာခတ်ပီး priority မစဥ်တတ်တဲ့ ပြဿနာ။ အလုပ်တွေ ၊ ကျောင်းကိစ္စ ၊ အခြားပြင်ပအလုပ်တွေ၊ ကိုယ်ရေးကိုယ်တာကိစ္စတွေ ။ တစ်နေ့ တစ်နေ့က ဘယ်လို ကုန်သွားသလဲကို မသိလိုက်ဘူး။ ညအိပ်မပျော်တာတွေကလဲ နေ့လည်ဘက် အာရုံစိုက်မှုကို ရော့စေပြန်တယ်။

Read More »

မလွတ်မြောက်ခြင်း မှတ်တမ်း (ဇန် – ၃၁၊ ၂၀၂၃)

ထိုင်းရောက် မြန်မာအလုပ်သမားတွေအကြောင်း ဖတ်ရင်း လူသားဆန်မှု ၊ ကိုယ်ချင်းစာတရား ရဲ့ အဆင့်တွေကို စဥ်းစားမိတယ်။ မိမိကိုယကြို ဖှဈတဲ့ ကိုယခြငွြးစာတရား နဲ့ တခှားသူအတှကဆြို ကှာတယြာ။ အဲဒီကနေ အိမတြအိမြ နဲ့ တအိမြ၊ ရပကြှကြ တခုနဲ့ တခု ၊ မှို့တမှို့နဲ့ တမှို့ ၊ တနိုငငြံ နဲ့ တနိုငငြံ။ lvl မှင့လြာတာနဲ့အမွှ တဖှညြးဖှညြးနဲ့ကိုယခြငွြးစာတရားက အမွားပှောစကား ဖှဈလာတယြ။ အမွားက

Read More »