Midnight Thoughts

https://www.chronicle.com/article/Putting-an-End-to-When-Am-I/233901

အချိန်ရရင် အပေါ်က မူရင်း article ကိုလဲ ဖတ်စေချင်တယ်။ ၂၀၁၅ က ရေးထားပေမယ့် ဒီနေ့အထိ ကျနော်တို့ ကျောင်းသားလောက မှာ အသုံးများနေဆဲဖြစ်တဲ့ ‘စကားတခွန်း’ နဲ့ သက်ဆိုင်လို့ပါ။ ပြောနေကြအတိုင်း ဆို – “ဒီစာတွေက သင်ပီး ဘယ်မှာ သုံးရမှာလဲ?” “ဒီသင်ခန်းစာတွေကို လက်တွေ့ ဘယ်လိုအသုံးချရမှန်းမှ မသိတာ” စသဖြင့် ဆင်ခြေပေါင်းများစွာကို ကျနော် ကျောင်းသားဘဝတုန်းကတော့ အကြိမ်ပေါင်းများစွာ ပြောခဲ့မိဖူးပါတယ်။ တကယ်တမ်းတော့ အဲဒီမေးခွန်း (ဆင်ခြေ) က လုံးဝ မှားတဲ့အကြောင်းကို မူရင်းဆောင်းပါးထဲမှာ ရေးထားတာပါ။ သူ ရေးထားတဲ့ စာအရှည်ကြီးထဲက သဘောကျတဲ့ တပိုဒ် ကို တတ်သလောက် မှတ်သလောက် ဘာသာပြန်ကြည့်ထားပါတယ်။

—————————————— x —————————————–
> ဘာသာပြန် <
“When am I going to use this?” ဆိုတဲ့ မေးခွန်းကိုက အလိမ်အညာကြီးဗျ ။ မေးခွန်းမေးသူ က (သိလိုတဲ့) အကြောင်းအရာ X ရဲ့ အသုံးပြုပုံ၊တန်ဖိုးကို ကိုယ်တိုင်စိတ်ဝင်တစား စဥ်းစားမနေဘူး ။ မေးခွန်းထုတ်သူ က လက်မြှောက်အရှုံးပေးတဲ့ သဘောနဲ့ အော်ဟစ်နေတာ။ အကြောင်းအရာပေါ်မှာ စိတ်ဝင်စားမှု မရှိတဲ့အပေါ် တာဝန်ယူခြင်းမရှိပဲနဲ့ မေးခွန်းမေးသူ ဘက်က အချိုးတမျိုး ပြောင်းပြတယ်။ ဒါ ငါ့အမှားမဟုတ်ဘူး ။ မင်း အမှား ဆိုတဲ့ သဘော။ ဒါက ငါ စိတ်မဝင်စားလို့ မဟုတ်ဘူး ၊ ဒါနဲ့ ပတ်သတ်ပီး ခက်ခက်ခဲခဲ မကျော်ဖြတ်နိုင်တာမဟုတ်ဘူး လို့ ဆိုချင်နေတာ။


> Original Paragraph <
And the question itself — “When am I going to use this?” — is nearly always a lie, a front. The asker is not genuinely contemplating the use-value of Material X; rather, he or she is merely announcing the intent to give up. Instead of saying this, however — instead of taking responsibility for lack of ability or interest in the material — the asker would like to suggest, It’s not me, it’s you. It’s not that I am uninterested or having a hard time with it.

——————————————- x ———————————————

ဒီစာပိုဒ်ကရော ၊ ဆောင်းပါးတခုလုံးကပါ ကျနော့်အတွက်တော့ အတွေးပေါင်းများစွာ ဖြစ်စေခဲ့ပါတယ်။ တက္ကသိုလ် ကျောင်းသားဘဝ ၇ နှစ်တာကျော်ကို ကိုယ့်ကိုယ်ကို အလိမ်အညာတွေနဲ့ အချိန်ဖြုန်းခဲ့မိတာလား? ဒီဆောင်းပါး အဆုံးမှာ ပြောထားသလို ‘မသိဘူး ဆိုတာက အဆင်ပြေပါတယ် ၊ ဒါပေမယ့် မသိတာ ကို မသိကြောင်း မသိပဲ အပေါ်က မေးခွန်းသုံးပီး ဘာတွေ သင်နေရမှန်းမှ မသိတာဆိုတဲ့ ဆင်ခြေနဲ့ အချိန်တွေ မကုန်မိစေဖို့ ဒီစာကို ရေးမိတာပါ။

Writing at July 22 (12:00AM)

Auto-formatters for Python
Project
admin

VSCode တွင် Python Code Formatting စမ်းသပ်ခြင်း

Python Code Formatter tool တွေအကြောင်း (Black , Ruff, etc) ဖတ်ဖူးတာ ကြာပီဆိုပေမယ့် vscode မှာ setup မလုပ်ဖြစ်ဘူး။ ဒီမနက် အစောကြီး နိုးနေတာနဲ့ computer ရှေ့ ထိုင်ရင်း လျှောက်စမ်းရင်း တော်တော်ကြာသွားတယ်။ အကြောင်းရင်းက vscode မှာ သွင်းထားမိတဲ့ pylance က အနီရဲရဲ error message တွေကို ကြာလာတော့ မြင်ရတာအဆင်မပြေတာကြောင့်

Read More »

မလွတ်မြောက်ခြင်း မှတ်တမ်း (အောက်တိုဘာ ၁၀၊၂၀၂၃)

အလုပ်တစ်ခု ရှိတော့ မနက်စောစောထပြီး အလုပ်လုပ်ဖြစ်တယ်။ Youtube မှာ သီချင်းဖွင့်ထားရာကနေ အစ္စရေး-ပါလက်စတိုင်း စစ်ပွဲသတင်းတွေ တက်လာလို့ နားထောင်ဖြစ်သွားတာ။ စစ်ပွဲတွေရဲ့ အစ-အဆုံးက ဘာလဲ။ စစ်ပွဲတွေမှာ တရားသောစစ် ဆိုတာ ရှိသလား။ သေဆုံးသွားကြသူတွေ (စစ်သားတွေပဲ ဖြစ်ဖြစ် ၊ အရပ်သားတွေပဲ ဖြစ်ဖြစ်) – တရားသော နည်းဖြင့် သေဆုံးခြင်း မှ မဟုတ်တာ။ ဒီ အပေါ်စာတပိုဒ် မဆုံးခင်မှာပဲ ဒီ မနက်

Read More »
Buddha Scratch
Fuck the Coup!
admin

မလွတ်မြောက်ခြင်း မှတ်တမ်း (စက်တင်ဘာ ၂၀၊၂၀၂၃)

စိတ်ထဲမှာ တစ်စုံတစ်ရာ ကြောက်ရွံ့ခြင်းကို ခံစားနေရတယ်။ Eminem ရဲ့ Not Afraid သီချင်းကို ဖွင့်ထားတယ်။ မနေ့က mechanical keyboard မွေးနေ့ လက်ဆောင်ရတယ်။ Code ရေးတဲ့ အရည်အသွေးများ ပိုတိုးတက်လာမလားပဲ။ အခုထိ Design Patterns တွေကို နားမလည်သေးဘူး။ နားမလည်ခြင်းရဲ့ အကြောင်းအရင်းက အလေ့အကျင့် (ချရေးကြည့်နေတာ) မဟုတ်လို့ ထင်တာပဲ။ အလုပ် ပရောဂျက်တွေထဲမှာ ထည့်သုံးမယ် လို့ စဥ်းစားပေမယ့်လဲ

Read More »

ဗီယက်နမ် ခရီးမှတ်တမ်း – ၂

August 20,2023 ၉ နာရီ လေယာဥ်ကို ၆နာရီခွဲဝန်းကျင်လောက် လေဆိပ်အရောက်သွားတယ်။ အဲဒီမှာ လူအုပ်ကြီးကို ကြည့်ပြီး ဝရုန်းသုန်းကား စဖြစ်တော့တာပဲ။ ၂ ယောက်ပေါင်းရင် kg 40 ကျော်ရပေမယ့် Luggage တစ်ခုတည်းက 32kg ကျော်နေလို့ ticket counter က စရစ်တယ်။ SGD 60 လောက် အပိုထပ်ပေးပီး kg ဝယ်လိုက်ရတယ်။ luggage တွေ ပစ္စည်းတင်တဲ့ ပတ်လမ်းကြောင်းပေါ်

Read More »