Fuck the Coup!
မလွတ်မြောက်ခြင်း မှတ်တမ်း (ဖေဖော်ဝါရီ-၆,၂၀၂၂)
ဒီနေ့ အိမ်သစ် ပြောင်းတယ်။ ငှားနေခဲ့ရတဲ့ အိမ်ဆိုပေမယ့် ၂ နှစ်ကျော်လောက်ဆိုတော့ တိုက်ခန်းအဟောင်းလေးကို သတိရမိသား။ ဒီတိုက်ခန်းထဲမှာ COVID ကပ်ဆိုး ဖြတ်ကျော်ခဲ့ရတာ။ စစ်ခွေးတွေရဲ့ အာဏာသိမ်းတဲ့ အချိန်ကာလ ကြုံတွေ့ခဲ့ရတာ။ လမ်းထဲက လူ များများစားစား မသိပေမယ့် အာဏာသိမ်းပြီး နောက်ပိုင်း လမ်းလုံခြုံရေးအတွက် ညလုံးပေါက် ကင်းစောင့်ရတဲ့ ညတွေကြောင့် တချို့အစ်ကိုတွေနဲ့ သိကျွမ်းခဲ့တယ်။ သံပုံးတွေ ပိန်ချုံ့နေအောင် တီးခဲ့ဖူးတယ်။ လမ်းထိပ်က တန်ဖိုးနည်း အသုပ်ဆိုင်လေးကို သတိရမိတယ်။ ဒီကာလတွေကို အသက်ရှင်လျက်ဖြတ်သန်းရတာကိုက ကိုယ့်ကုသိုလ်ကံလား၊ သူရဲဘောကြောင်မှုတွေလား လို့ စဥ်းစားမိတယ်။ ဒီနေ့တင် အင်းလျားကန်ဘောင်ဘက်မှာ ကုန်းကျော်တံတားပေါ် စာတမ်းချိတ်ဖို့ ကြိုးစားတဲ့ လူငယ်တွေထဲက တစ်ယောက် သေနတ်နဲ့ Read more…