မလွတ်မြောက်ခြင်း မှတ်တမ်း (ဧပြီ ၁၄ရက်နေ့)

အချိန်တွေကြာလာသလို အချို့သူတွေလဲ အားရော့ကုန်ပီ ထင်တယ်။ လမ်းထဲမှာ သံပုံးတီးသံတွေ ရော့လာတယ်။ ကြွေးကြော်သံတော့ မရှိသလောက်ပဲ။ ဦးပိုင် အဆောက်အဦး နဲ့ ရပ်ကွက်ရုံးတွေမှာ စစ်သား (သို့) ရဲ တွေ နေရာဖြန့်ချထားတာတွေကြောင့်လဲ ပါမယ်။ အရေအတွက်က မများပါဘူး။ ဒါပေမယ့် လက်နက်ရှိနေတာရယ် ၊ နေရာတိုင်းမှာ ထင်တိုင်းရမ်းကားနေတာရယ်တွေကြောင့် လူတွေက ကြောက်/ရွံကြီး ဖြစ်နေတာ။ နေရာတိုင်းမှာ မတရားမှုတွေ ဖြစ်နေတယ်။ ကားတွေ တားစစ်တယ်။ ပစ္စည်းတွေကို ထင်သလို ယူတယ်။ ဆိုင်တွေကို ဖောက်တယ်။အဖိုးတန်ပစ္စည်းတွေကို ခိုးတယ်။ အရင်က ၈၈ အကြောင်း စာအုပ်တွေထဲမှာ ဖတ်ခဲ့ဖူးသမျှထက် ပိုဆိုးရွားတာတွေက ဗမာစစ်တပ် ကျူးလွန်နေတာ။ လူသတ်တာလဲ အယောက် Read more…

မလွတ်မြောက်ခြင်း မှတ်တမ်း (ဧပြီ ၄ ရက်)

မနက် ၁၂ နာရီ ၁၅ မိနစ်။ မိုးတွေ ရုတ်တရက် ထရွာ ။ ငြိမ်းချမ်းခြင်း နိမိတ်လားလို့ ခံစားလိုက်ရလို့ ဒီစာ ရေးဖြစ်တာ။ အကြမ်းဖက် အုပ်စုကြောင့် သေဆုံးသူ ၆၀၀ ကျော်နေခဲ့ပီ။ အင်တာနက်တွေက ညပိုင်းတွေ ပိတ်တဲ့အပြင် ပီးခဲ့တဲ့ ရက်ကမှ Wifi Broadband Device တွေကိုပါ တနိုင်ငံလုံး ပိတ်လိုက်ကြတယ်။ လူငယ်တွေကတော့ sms တွေနဲ့ နေ့စဥ်သတင်းပို့ဖို့ ကြိုးစားနေကြတယ်။ နယ်ဘက်မှာတော့ ရေဒီယိုတွေ ပြန်အသုံးတည့်လာမယ် ထင်တယ်။ ဒါပေမယ့်လဲ တဖက်သတ်စီးဆင်းရတဲ့ သတင်းထက် အပြန်အလှန် အဆက်အသွယ်ရှိတာမျိုးက ပိုအဆင်ပြေမှာ။ ဒီရက်ပိုင်း စစ်တပ်ပိုင် မီဒီယာတွေပေါ်မှာ မတရား တရားစွဲဆိုခံရတဲ့သူတွေကို Read more…

မလွတ်မြောက်ခြင်း မှတ်တမ်း(မတ်လ ၂၁ရက်နေ့)

ကြည့်ဖူးတဲ့ လူရိုင်းဇာတ်ကားတစ်ကား မှာ ပါတဲ့ စကားပြောခန်းတစ်ခု လို ကြောက်စိတ်ဆိုတာ ရောဂါ လိုပဲ ။ ကူးစက်လွယ်တယ်။ ဒီတော့ ငါ့သား . ကြောက်စိတ် ရောဂါဆိုးကို ငါတို့ရွာထဲ သယ်မလာခဲ့ပါနဲ့။ အကယ်၍ ဒီတိုက်ပွဲသာ မပြောကောင်းမဆိုကောင်း ရှုံးသွားခဲ့ရင် ဒါက ကြောက်စိတ် အရင်းခံကြောင့်ပဲ ဖြစ်လိမ့်မယ်။ လူပီပီ ကိုယ့်အသက်သေမှာ ကြောက်တယ်။ ကိုယ့်ဥစ္စာပစ္စည်းတွေ ဖျက်ဆီးခံရမှာ ကြောက်တယ်။ ပိုင်ဆိုင်မှုများလေလေ – အကြောက်တရား ပိုကြီးလေလေ ဖြစ်လာတယ်။ ဒါကြောင့် ရန်ကုန်လို မြို့ကြီးမှာ လမ်းတွေ ပိတ်ထားတဲ့ အဟန့်အတားတွေကို စစ်ခွေးတွေ တချက် ငေါက်ရုံနဲ့ အကုန် ဖြိုဖျက်ပေးလိုက်ရတာမျိုးတွေ ဖြစ်နေတာ။ လမ်းတွေ Read more…

မလွတ်မြောက်ခြင်း မှတ်တမ်း (မတ်လ ၁၅ရက်နေ့)

ဖုန်းမော်နေ့ (မတ်လ ၁၃) + မတ်လ ၁၄ ရက်နေ့ ၂ ရက်ထဲနဲ့ကို လူရာဂဏန်းနီးပါး ပစ်သတ်ခံလိုက်ရတယ်။ ၁၃ ရက်နေ့ – မန္တလေး အထိနာ။ ၁၄ ရက်နေ့ – လှိုင်သာယာ၊သင်္ကန်းကျွန်း၊ရွှေပြည်သာ။ ဆုံးရှုံးမှုတွေထဲမှာ အိမ်ထောင်ဦးစီးတွေ၊မိခင်တွေ၊တဦးတည်းသော သား၊သမီးတွေ၊မိဘကိုလုပ်ကျွေးနေသူတွေ၊တက္ကသိုလ်ကျောင်းသားတွေ ပါဝင်နေပါတယ်။ ကျဆုံးမှုတွေမြင်တိုင်း ကိုယ့်မှာ အပြစ်မကင်းသလို အကြိမ်ကြိမ်ခံစားရတယ်။ သူရဲကောင်းတွေနဲ့ နှိုင်းယှဥ်ရင် ဒီနိုင်ငံအတွက် ငါ ဘာပြန်လုပ်ပေးပီးပီလဲ ဆိုတဲ့ အတွေး ။ မောင်ဒေးရဲ့ ဘာသာပြန်ကဗျာကိုလဲ အကြိမ်ကြိမ် ပြန်ဖတ်မိတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့သူတွေကို ဘယ်လိုမကောင်းဆိုးရွားစိတ်မျိုးနဲ့ အကြမ်းဖက်ရက်တတ်တာလဲ? ရန်ကုန်မြို့က ဒီအတိုင်း ငြိမ်ခံနေတော့မှာလား? စစ်တလင်းဖြစ်ခဲ့ရင်ရော ဘာလုပ်ပေးနိုင်မလဲ? ဒါကြီးက Read more…

မလွတ်မြောက်ခြင်းမှတ်တမ်း (မတ်လ ၇ ရက်)

စာမရေးဖြစ်ဘူး။ သတင်းဆိုးတွေ၊အိပ်မက်ဆိုးတွေကြား တနေ့တာမှာ ဘာမှကို ပြန်မတွေးချင်တော့တာလိုမျိုး ဖြစ်နေတယ်။ဒါတောင် ကျနော်တို့က တစ်လကျော်ကျော်ပဲ ရှိသေးတယ်။ ညှင်းပန်းနှိပ်စက်တယ်ဆိုတာလဲ အကင်းပဲ ရှိဦးမယ်။ နှစ်ရှည်လများ စစ်ပွဲဖြစ်နေတဲ့ တိုင်းရင်းသားဒေသတွေမှာ ဘယ်လောက်အထိ အခြေအနေဆိုးလိမ့်မလဲ? တိုင်းရင်းသား လို့ ပြဌာန်းစာအုပ်ထဲမှာ အတိအလင်းပြောထားတဲ့ လူတွေကိုတောင် နှိပ်စက်တယ် ဆိုရင် စာရင်းထဲမပါသေးတဲ့ ရိုဟင်ဂျာတွေကို ဘယ်လောက်များတောင် ရမ်းကားနှိပ်စက်ပါတော့မလဲ? လူ-လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ လို့ နေ့စဥ်မေတ္တာပို့မှာ ဆိုလေ့ရှိတဲ့ မြန်မာနိုင်ငံလိုမျိုးမှာမှ ရက်စက်မှုတွေ သရဖူဆောင်းနေတယ်။ ဒီစာရေးနေချိန် ရန်ကုန် downtown area မှာ ညဘက် လမ်းတွေထဲအထိ ဝင်ပီး အသံဗုံး၊သေနတ်ပစ်သံတွေ ကိုယ်တိုင် ကြားရနေရပါတယ်။ ညနေ ဂန္ဒီဆေးရုံထဲကို Read more…

မလွတ်မြောက်ခြင်း မှတ်တမ်း(၂၈ ရက်နေ့)

ဒီနေ့က နှစ်ငါးလုံး ရက်ပီးရင် ပြည်လုံးကျွတ်သပိတ်ပုံစံ ထပ်ဖြစ်တဲ့ ရက်။ Milk Tea Alliance – အစပိုင်း ကြားတာ နိုင်ငံ(၄) နိုင်ငံ ၊ နောက်ပိုင်းတော့ (၇) နိုင်ငံ လို့ ပြောကြတယ် – တပြိုင်နက်ထဲ ဆန္ဒထုတ်ဖော်ကြမယ်ဆိုတဲ့ လှုပ်ရှားမှု ဆိုတော့ လမ်းမပေါ်ကို တက်တက်ကြွကြွပြန်တက်လာကြတယ်။ မနေ့ကတော့ မုံရွာ မှာ ပထမဆုံးပြည်သူ့အသက် ပေးလိုက်ရတယ်။ မုံရွာသပိတ်ကိုလဲ အကြမ်းဖက် ဖြိုခွင်းပီး လူတွေကို ဖမ်း၊ ရိုက်နှက်၊ ပစ္စည်းတွေကိုဖျက်စီး – စစ်တပ်နဲ့ရဲ က မင်းမဲ့စရိုက်လို ပြုကျင့်ခဲ့တာ။ ဒီလိုမျိုးလူတွေ ရဲ့ ပါးစပ်က ထွက်တဲ့ ဒီမိုကရေစီဆိုတဲ့ စကားလုံးက Read more…

မလွတ်မြောက်ခြင်း မှတ်တမ်း(၂၄ ရက်နေ့)

ရှေ့ (၂) ရက်က စာမရေးဖြစ်ဘူး။ အပြီးသတ်ရမယ့်အလုပ်တွေ ရယ် ၊ ညကင်းစောင့်ရတဲ့ ရက်ရယ် ဖြစ်နေလို့။ နှစ်ငါးလုံး(၂၂၂၂၂) ပြည်လုံးကျွတ်သပိတ်မှာတော့ မြန်မာပြည်သူ သန်းနဲ့ချီပီး လမ်းမပေါ်ထွက်လာကြတယ်လို့ သတင်းစာတွေက ရေးကြတယ်။ နေပြည်တော်မှာ လူရာနဲ့ချီပီး အဲဒီနေ့မှာပဲ အဖမ်းခံရတယ်။ Facebook friend ဖြစ်နေတဲ့ UCSM က မိန်းကလေးတစ်ယောက်တောင် ပါသွားသေးတယ်။ ပြန်လွတ်လာပီလို့ ဒီနေ့ စတေးတပ်ဖတ်လိုက်ရပေမယ့် ဆိုင်ကယ်တွေ ဖုန်းတွေတော့ ပြန်မရသေးဘူးတဲ့။ စစ်တပ်ဘက်ကတော့ CDM ကို ဖိနှိပ်တဲ့အနေနဲ့ ဝန်ထမ်းတွေကို အင်အားသုံးပီး ဖမ်းဆီးတာ၊ အမိန့်ကြော်ငြာစာတွေ ထုတ်ပီး ခြိမ်းခြောက်တာတွေကိုတော့ ဆက်တိုက်လုပ်နေတယ်။ စစ်တပ်သတင်းမှန်ပြန်ကြားရေး ၊ MRTV နဲ့ MRTV Read more…

မလွတ်မြောက်ခြင်း မှတ်တမ်း(၂၁ ရက်နေ့)

သပိတ်စစ်ကြောင်း မနက် ၅ နာရီခွဲကတည်းက နိုးနေတာ။ အိပ်မပျော်တော့တာနဲ့ DICA pdf တွေ လိုက်ဖတ်နေမိတယ်။ ABBYY OCR ကို သုံးပီး အသုံးဝင်နိုင်တဲ့ ဇယားတချို့ကို excel format ပြောင်းထားလိုက်တယ်။ အင်တာနက်လဲ အပိတ်ခံထားရတော့ Offline ဟိုကြည့် ဒီကြည့်လုပ်ရင်း ၇ နာရီမှာ သူငယ်ချင်းတွေဆီက ဖုန်းဆက်။ ၇ နာရီခွဲ – လက်ဖက်ရည်ဆိုင်မှာ ဆုံ။ Taxi ငှားပီး စုရပ်ဆီကို ဒိုး ။ ရောက်သွားတော့ လူနည်းပါသေးတယ်။ ၉ နာရီကျော်ကျော်မှ စစ်ကြောင်းစထွက်တာ။ အရင်ရက်တွေက အခြားလမ်းကြောင်းတွေနဲ့ ပူးပေါင်းခဲ့ဖူးပေမယ့် ဒီတစ်ခေါက်ကျ ကိုယ့်တက္ကသိုလ်တံဆိပ် ၊ အလံအောက်မှာ Read more…

Visual by Art_D

မလွတ်မြောက်ခြင်း မှတ်တမ်း (၂၀ ရက်နေ့)

မနေ့ကထက် ဒီနေ့ ပိုဆိုးလာတယ်။ မန္တလေး ကမ်းနားလမ်းဘက်မှာ အကြမ်းဖက် ဖြိုခွဲ၊ကျည်အစစ်နဲ့ ပစ်တာကြောင့် လူ(၂) ဦး သေဆုံးတယ်လို့ Media Page တွေကနေ ဖတ်ရတယ်။ ယုတ်မာမှုတွေကို ဘယ်လက်နက်နဲ့ တားဆီးကြမလဲ။ ကျနော်တို့တတွေရော ဘယ်လိုနည်းနဲ့ တုန့်ပြန်ကြမလဲ။ အခုချိန် မဟတ္တမ ဂန္ဒီကိုပဲ ကိုးကွယ်ရမလား။ ချေဂွေဗားရားကိုပဲ ခေါင်းဆောင်တင်ရမလား။ ဒေတာ ဒီနေ့ မြန်မာ့သမိုင်းမှာ အကြီးမားဆုံး Data Leak လို့ ပြောနိုင်တဲ့ ကိစ္စ ဖြစ်တယ်။ DICA,MYCO က စာရွက်စာတမ်းတွေ လိုင်းပေါ် ရောက်လာတယ်။ ဖိုင်ဆိုဒ် 330GB လောက်ရှိမယ်။ DDoSecrets ဆိုတဲ့ အဖွဲ့ကနေ စတင်ဖြန့်တာ။ Link Read more…

မလွတ်မြောက်ခြင်း မှတ်တမ်း (၁၉ ရက်နေ့)

၂၀၂၁၊ဖေဖော်ဝါရီ(၁)ရက်နေ့ ဗမာစစ်တပ်က အာဏာသိမ်းတယ်။ အဲဒီနေ့ရက်ကတည်းက မနက်ဖြန် ဆိုတာ မရှိတော့တာပဲ။ နေ့တိုင်း နေ့တိုင်းက စိုးရိမ်ပူပန်မှုတွေ၊သတင်းမှားတွေ၊ အကြမ်းဖက် ဖြိုခွင်းမှုတွေ၊မလုံခြုံမှုတွေ၊အခွင့်အရေးဆုံးရှုံးမှုတွေ ပြည့်နှက်နေတာ။တနေ့ တနေ့ ကိုယ် ဘာတွေ လုပ်နေမိမှန်းကို မသိတော့ဘူး။ ည(၈) နာရီ သံပုံးတီးနေရတဲ့ တစ်ချိန်ပဲ စိတ်ထွက်ပေါက် ရတယ်။ရေရှည် ဒီအတိုင်းသွားနေရင် အနုစားစိတ်ရောဂါ ရမယ် ထင်တယ်။ ဂန္ဒီပြောတဲ့ စကားတစ်ခွန်းဖတ်လိုက်ရတယ်။ “စစ်လက်နက်တွေက ကျနော်တို့ ခန္ဓာကိုယ်ကိုပဲ သိမ်းနိုင်မယ်။ကျနော်တို့ရဲ့ စိတ်ဓါတ်တွေကိုတော့ မဖျက်စီးနိုင်ပါဘူး” တဲ့ ။ ဒီစကားအတိုင်းသာဆို နေ့ရက်တိုင်းမှာ စိတ်ညစ်ညူးနေလို့ မဖြစ်ဘူး။ နေ့တိုင်း ကျနော်တို့ ပူလောင်နေရရင် မသိစိတ်က အရှုံးပေးသလို ဖြစ်သွားလိမ့်မယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို Read more…