Tech Science Camp in Yangon

မင်္ဂလာပါ။ အသက် (၁၀ နှစ် မှ ၁၆ နှစ်အရွယ်) ကလေးငယ်တွေအတွက် ခရစ်စမတ် ကျောင်းပိတ်ရက်ရှည်များအတွင်း ပြုလုပ်မယ့် ‘Tech Science Camp’ နဲ့ မိတ်ဆက်ပေးလိုပါတယ်။ ဒီ အစီအစဥ်ကတော့ ကလေးငယ်များအနေနဲ့ နှစ်ရက်တာ တက်ရောက်နိုင်မယ့် အခမဲ့ Camp တစ်ခုပါ။  ဒီ Camp မှာ ဘာတွေ သင်ယူနိုင်မလဲ ။  ကလေးငယ်တွေအနေနဲ့ နည်းပညာ ကို ဘယ်လို အကျိုးရှိရှိ အသုံးချလို့ ရမလဲ ဆိုတဲ့ တွေးခေါ်မှုကို အခြေခံပြီး သင်ယူ လေ့လာနိုင်ပါမယ်။ Camp အတွင်း Mentor တွေနဲ့ အတူတူ ဂိမ်းတွေ ကစားကြမယ်။ ပဟေဠိ တွေကို Programming / Coding Logic ကျကျ စဥ်းစားပြီး ဖြေရှင်းကြမယ်။Robotics Kit တွေကို အသုံးချပြီး တည်ဆောက်ပုံ ၊ အသုံးချပုံတွေကို လေ့လာကြပါမယ်။  ဒီ Camp ကို တက်ရောက်ဖို့ ဘာတွေ လိုအပ်သလဲ ။  Register Form ကို ဒီ Link ကနေ တဆင့် သွားရောက်ပြီး ဒီဇင်ဘာလ(၂၇) ရက် မတိုင်မှီ  မိဘ/အုပ်ထိန်းသူ အနေဖြင့် ဖြည့်စွက် လျှောက်ထားဖို့ လိုပါတယ်။Camp တက်ရောက်ဖို့ ရွေးချယ်ခြင်း ခံရမယ် ဆိုရင် ကလေးငယ်အနေနဲ့ ဒီဇင်ဘာလ (၃၁) ရက်နေ့ နဲ့ ဇန်နဝါရီလ (၁) ရက်နေ့တွေမှာ မနက် ၉ နာရီမှ ညနေ ၄ နာရီ အထိ အချိန်ပေး တက်ရောက်နိုင်ရပါမယ်။Camp တက်ရောက်ဖို့ ရွေးချယ်ခြင်း ခံရတဲ့ ကလေးငယ်များ ရဲ့ မိဘ (သို့) အုပ်ထိန်းသူများ အနေနဲ့ ဒီဇင်ဘာလ (၃၁) ရက်နေ့ မနက် ၉ နာရီခွဲ မှ ၁၁ နာရီ အချိန် အတွင်း Camp activity တစ်ခု ဖြစ်သည့် Digital Parenting Session ကို မပျက်မကွက် တက်ရောက်ပေးနိုင်ရပါမယ်။  Camp ကာလ ၂ ရက်တာ အတွင်း အခြား မည်သည့် ကုန်ကျစရိတ် ငွေကြေး ကောက်ခံမည် မဟုတ်ပါ။Camp ကာလ ၂ ရက်တာ အတွင်း

မြန်မာကလေးငယ်တစ်ယောက်ကို Artificial Intelligence အကြောင်း ဘယ်လိုသင်ပေးကြမလဲ?

ဒီနေ့ ခေတ်မှာ မိဘတိုင်းလိုလိုက ကိုယ့်သားသမီးတွေကို ငယ်စဉ်ကတည်းက ဘာသာစကားပိုင်းဆိုင်ရာ (သို့) နည်းပညာကွန်ပျူတာပိုင်းမှာ တတ်မြောက်စေလိုတဲ့ စေတနာ ဖြစ်လာကြပါတယ်။ ကလေးငယ်တွေအတွက် သင်တန်းကျောင်းတွေလဲ အပြိုင်အဆိုင် ပေါ်လာကြပါတယ်။ ဒီအခြေအနေမှာ ကျွန်တော်တို့ မြန်မာနိုင်ငံ မဟုတ်တဲ့ အခြားသော နိုင်ငံတကာ မှာရော ဘယ်လို သင်ကြားမှုတွေ ၊ စိတ်ဝင်စားမှုနေသလဲ ။ ဒါ့အပြင် နိုင်ငံတကာ ရဲ့ သင်ကြားမှု စနစ် ၊ အရင်းအမြစ်တွေကရော ဘယ်လို အခြေအနေဖြစ်နေသလဲ ဆိုတာကို ကျွန်တော်တို့ မျက်ခြေမပြတ်ဖို့ လိုအပ်ပါတယ်။ An Hour of Code with Artificial Intelligence!

Data Journalism ဆိုတာ

ကျွန်တော်တို့ မြန်မာနိုင်ငံ မှာ Data Scientist / Data Analyst ဆိုတဲ့ အမည်တွေနဲ့ ရင်းနှီးကျွမ်းဝင်ပေမယ့် Data Journalist / Data Journalism ဆိုတဲ့ စကားလုံးတွေနဲ့တော့ ထိတွေ့မှု နည်းပါတယ်။ ဒီဆောင်းပါး မှာ Data Journalism ဆိုတာ ဘယ်လိုမျိုးလဲ ဆိုတာ မိတ်ဆက်ပေးသွားမှာပါ ။ Data Journalism ဆိုတာ ဘာလဲ?

အာကာသအေဂျင်စီ NASA မှ အလကား ရယူ သုံးစွဲနိုင်တဲ့ Software Package များ အကြောင်း

သင်က လကမ္ဘာပေါ် သွားဖို့ ကြံစည်မနေရင်တောင် သင့်အနေနဲ့ NASA ရဲ့ နည်းပညာတချို့ကို ယူသုံးခွင့် ရှိနေတယ် ဆိုတာ သိပါသလား ?  နာမည်ကျော် အာကာသအေဂျင်စီ ဖြစ်တဲ့ NASA က မကြာသေးမီက သူတို့ ရဲ့ 2019-20 edition software catalog ကို ဖြန့်ချီခဲ့ပါတယ်။ ဒီ catalog ထဲမှာဆိုရင် ရာနဲ့ချီသော အလကား ဒေါင်းလုဒ်ရယူ သုံးစွဲခွင့် ရှိတဲ့ NASA developer များရဲ့ software package စာရင်းတွေပါ ပါရှိပါတယ်။ ဒီလို ကမ်းလှမ်းမှုအသစ်တွေထဲမှာ ပါရှိတဲ့ စိတ်ဝင်စားစရာတချို့ကတော့ Virtual Reality(VR) training platform နဲ့ Autonomous navigation system တို့ ဖြစ်ပါတယ်။  VECTR (Virtual Environment Computational Training Resource) မှာဆိုရင် ဥပမာအားဖြင့် custom hardware နဲ့ game engine software ကို အသုံးပြုပီး virtual environment များ ဖန်တီးကာ အင်ဂျင်နီယာများအနေနဲ့ စနစ်အမျိုးမျိုးပေါ်မှာ ဘယ်လိုအလုပ်လုပ်မလဲဆိုတာမျိုး လေ့ကျင့်နိုင်မှာပါ။ ၎င်းစနစ်ကို အခုလက်ရှိ ကနေဒီ အာကာသစခန်း မှာ အင်ဂျင်နီယာတွေအတွက် လေ့ကျင့်မှုကို ပိုမိုတိုးတက်ကောင်းမွန်ဖို့ အသုံးပြုနေပြီး အခြားသော နေရာများအတွက်လည်း ချုံ့/ချဲ့ အသုံးပြုဖို့ လွယ်ကူတယ် လို့ NASA က ဆိုပါတယ် ။ VECTR – NASA VR TRAINING SYSTEM VR အသုံးပြုတဲ့ လေ့ကျင့်ခန်းလုပ်ငန်းစဥ်တွေက အစိုးရအတွက် စိတ်ဝင်စားစရာ ဖြစ်ပါတယ်။ ပီးခဲ့ နွေရာသီမှာပဲ အမေရိကန် အစိုးရ က သူ့ရဲ့ စစ်သားတွေကို VR/AR သုံးပြီး နျူကလီးယားစစ်မြေပြင်ဆိုင်ရာ လေ့ကျင်ဖို့အတွက် စာချုပ်တရပ် ချုပ်ဆိုခဲ့ဖူးပါတယ်။ NASA ရဲ့ ထောက်ပံ့မှုမှာ ပါဝင်တဲ့ အမျိုးမျိုးသော ခေါင်းစဉ်တွေအောက်က software package ပေါင်း ၉၇၀ ကျော်မှာ စီးပွားရေးခန့်ခွဲမှု မှ စပြီး အာကာသနည်းပညာ အဆုံး ပါဝင်ပါတယ်။ တချို့ကိုတော့ General Public (သို့) Open Source အနေနဲ့ မည်သူမဆို ယူသုံးခွင့်

BBC Micro:Bit မိတ်ဆက်

BBC micro:bit ဆိုတဲ့ အသုံးအနှုန်းကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံ နဲ့ စိမ်းနေပါသေးတယ် ။ ဒါပေမယ့် နိုင်ငံတကာမှာတော့ တွင်တွင်ကျယ်ကျယ် အသုံးပြုနေတဲ့ အရာတစ်ခု ဖြစ်ပြီး ထုတ်လုပ်တဲ့ ကုမ္မဏီကလဲ ကျွန်တော်တို့ ရင်းနှီးကျွမ်းဝင်ပြီးသား မီဒီယာကုမ္မဏီကြီးတစ်ခု ဖြစ်တဲ့ BBC ပါ။ BBC micro:bit ဆိုတာ ဘာလဲ ?

OG Seed Vs Nigma

ကျွန်တော်တို့ အားလုံး စိတ်ဝင်တစား စောင့်ဆိုင်းနေတဲ့ အသင်းတွေ ဖြစ်တဲ့ OG Seed နဲ့ Nigma နှစ်သင်းကတော့ Dream League Major – Closed Qualifiers မှာ Best of 3 ပွဲစဉ် ထိပ်တိုက် ကစားရတော့မှာ ဖြစ်ပါတယ် ။ ပွဲချိန်ကတော့ နိုဝင်ဘာလ ၂၉ ရက်နေ့ ၊ မြန်မာစံတော်ချိန် ည ၁၁ နာရီခွဲ ဖြစ်ပါတယ်။ DHDL Open Qualifier Status TI 8 + TI 9 winner တွေ အနီးကပ် ကြီးကြပ်နေတဲ့ OG Seed ပဲ အနိုင်ရမလား ?

Interview with Andrew Ng

Andrew Ng က Stanford တက္ကသိုလ် မှ Computer Science အထူးပြု ဂုဏ်ထူးဆောင် ပါမောက္ခတစ်ဦး ဖြစ်ပါတယ်။ Stanford မှာ သူ့ရဲ့ အစောပိုင်းအချိန်တွေတုန်းက အလိုအလျောက် မောင်းနှင်နိုင်တဲ့ ရဟတ်ယာဥ်တွေ နဲ့ STAIR Project တွေမှာ အလုပ်လုပ်ခဲ့ပါတယ်။ အခုဆိုရင် သူဟာ ကျန်းမာရေး ၊ ပညာရေး နဲ့ ကုန်ထုတ်လုပ်မှုဆိုင်ရာတွေမှာ Artificial Intelligence ကို အသုံးချနိုင်ဖို့ အာရုံစိုက်နေပါတယ်။ အမေး – အဖြေ ဂဏ္ဌ ကို အောက်မှာ ဆက်လက် ဖော်ပြပါမယ် ။ မေး – ခဗျား အနေနဲ့ ဒီ Robot တွေကို စိတ်ဝင်စားလာအောင် ဘယ်လိုအရာက တွန်းအားပေးခဲ့သလဲဗျ ?