Window တွင် Git ကို Install ပြုလုပ်နည်း

၁။ https://git-scm.com/downloads Link ကို သွားပါ။ အောက်ပါ ပုံအတိုင်း မြင်ရပါလိမ့်မယ်။  

အဆင့်(၁)

၂ ။ Download 2.29.2 for Windows ဆိုသည့် စာသားကို နှိပ်၍ exe file ကို download ရယူပါ။ အောက်ပါ ပုံအတိုင်း ပြပါက Download ရယူနေပီ ဖြစ်သည်။  

အဆင့်(၂)

၃။ Download ပီးသည့်နောက် ရရှိလာသည့် Exe file ကို click နှိပ်၍ ဖွင့်ပါက အောက်ပါအတိုင်း မြင်ရမည်။ Next ကို နှိပ်ပါ။  

အဆင့်(၃)

၄။ ထို့နောက် အောက်ပါအတိုင်း မြင်ရသည့် ပုံတွင် default အတိုင်း ဘာမှ မလုပ်ပဲ Next ကို ဆက်နှိပ်နိုင်သည်။ သို့မဟုတ် မိမိ စိတ်ကြိုက် ပြင်ဆင်လိုပါကလဲ လိုအပ်သည့် checkbox များကို ရွေးချယ်နိုင်ပါသည်။  

အဆင့်(၄)

၅။ ထို့နောက် ထပ်မံတွေ့ရသည့်  ပုံတွင် dropdown option ကို နှိပ်၍ မိမိ ကြိုက်နှစ်သက်ရာ Code Editor Software (ဥပမာ – Notepad++ ,  Sublime Text , Atom စသဖြင့်) ကို Git default editor အဖြစ် သတ်မှတ်နိုင်သည် ။ ယခု ကျွန်တော့်အနေဖြင့် Visual Studio Code အသုံးပြုသူ ဖြစ်သောကြောင့် VSC ကို default အဖြစ် သတ်မှတ်ထားပါသည်။  

မိမိ နှစ်သက်ရာ ကို ရွေးချယ်ပြီး Next ကို နှိပ်ပါ။  

အဆင့်(၅)

၆။ Git Default branch name အတွက် ရွေးချယ်ရပါသည်။ မိမိ့အနေဖြင့် Company/Team အလိုက် git ကို အသုံးပြုရခြင်း မရှိပါက Let Git decide ဆိုသည့် option ကိုသာ ရွေးချယ်သင့်သည်။ Next ကို နှိပ်ပါ။  

အဆင့်(၆)

၇။ Recommended ပေးထားသည့် ဒုတိယ option – Git from the command line and also from 3rd-party software ကို ရွေးချယ်ပီး Next ကို နှိပ်ပါ။  

အဆင့်(၇)

၈ ။ Use the OpenSSL library ကို ရွေးချယ်၍ Next ကို နှိပ်ပါ။  

အဆင့်(၈)

၉ ။ မိမိ သည် လက်ရှိ Windown (7/8/10) OS ကို အသုံးပြုနေသူ ဖြစ်ပါက အောက်ပါပုံအတိုင်း ပထမဆုံး recommend option – Checkout Windos-style ကို ရွေး၍ Next ကို နှိပ်ပါ။  

အဆင့်(၉)

၁၀ ။ Use Windows’ default console window ကို ရွေး၍ Next ကို နှိပ်ပါ။  

အဆင့်(၁၀)

၁၁။ Default ကို ရွေး၍ Next ကို နှိပ်ပါ။  

အဆင့်(၁၁)

၁၂။ Git Credential Manager Core ကို ရွေးချယ်၍ Next ကို နှိပ်ပါ။  

အဆင့်(၁၂)

၁၃။ အောက်ပါ ပုံရှိ မူလအတိုင်းသာ ရွေးချယ်ပြီး Next ကို နှိပ်ပါ။  

အဆင့်(၁၃)

၁၄။ Install ကို နှိပ်ပါ။  

အဆင့်(၁၄)

၁၅ ။ အောက်ပါပုံအတိုင်း ပြနေလျှင် Git ကို install ပြုလုပ်နေပီ ဖြစ်သည်။  

အဆင့်(၁၅)

၁၆ ။ နောက် ထပ်မံ ဖော်ပြမည့် Git configuration process များကို ဆက်လက် ပြုလုပ်လိုပါက Launch Git ကို select မှတ်နိုင်သည် ။ Finish ကို နှိပ်ပီးသည့် အခါ Git ကို သင့်၏ laptop တွင် အောင်မြင်စွာ install ပြုလုပ်ပီးပါပီ ။  

အကယ်၍ အထက်တွင် ကျွန်တော် ဖော်ပြခဲ့သည့်အတိုင်း Launch Git ကို select မှတ်ခဲ့ပါက အောက်ပါပုံအတိုင်း command line interface ပွင့်လာပါမည်။ ဆက်လက်လုပ်ဆောင်ရမည့် အရာများကို ဆက်လက်ဖော်ပြပါမည်။

နောက်ဆုံးအဆင့် ။

Auto-formatters for Python
Project
admin

VSCode တွင် Python Code Formatting စမ်းသပ်ခြင်း

Python Code Formatter tool တွေအကြောင်း (Black , Ruff, etc) ဖတ်ဖူးတာ ကြာပီဆိုပေမယ့် vscode မှာ setup မလုပ်ဖြစ်ဘူး။ ဒီမနက် အစောကြီး နိုးနေတာနဲ့ computer ရှေ့ ထိုင်ရင်း လျှောက်စမ်းရင်း တော်တော်ကြာသွားတယ်။ အကြောင်းရင်းက vscode မှာ သွင်းထားမိတဲ့ pylance က အနီရဲရဲ error message တွေကို ကြာလာတော့ မြင်ရတာအဆင်မပြေတာကြောင့်

Read More »

မလွတ်မြောက်ခြင်း မှတ်တမ်း (အောက်တိုဘာ ၁၀၊၂၀၂၃)

အလုပ်တစ်ခု ရှိတော့ မနက်စောစောထပြီး အလုပ်လုပ်ဖြစ်တယ်။ Youtube မှာ သီချင်းဖွင့်ထားရာကနေ အစ္စရေး-ပါလက်စတိုင်း စစ်ပွဲသတင်းတွေ တက်လာလို့ နားထောင်ဖြစ်သွားတာ။ စစ်ပွဲတွေရဲ့ အစ-အဆုံးက ဘာလဲ။ စစ်ပွဲတွေမှာ တရားသောစစ် ဆိုတာ ရှိသလား။ သေဆုံးသွားကြသူတွေ (စစ်သားတွေပဲ ဖြစ်ဖြစ် ၊ အရပ်သားတွေပဲ ဖြစ်ဖြစ်) – တရားသော နည်းဖြင့် သေဆုံးခြင်း မှ မဟုတ်တာ။ ဒီ အပေါ်စာတပိုဒ် မဆုံးခင်မှာပဲ ဒီ မနက်

Read More »
Buddha Scratch
Fuck the Coup!
admin

မလွတ်မြောက်ခြင်း မှတ်တမ်း (စက်တင်ဘာ ၂၀၊၂၀၂၃)

စိတ်ထဲမှာ တစ်စုံတစ်ရာ ကြောက်ရွံ့ခြင်းကို ခံစားနေရတယ်။ Eminem ရဲ့ Not Afraid သီချင်းကို ဖွင့်ထားတယ်။ မနေ့က mechanical keyboard မွေးနေ့ လက်ဆောင်ရတယ်။ Code ရေးတဲ့ အရည်အသွေးများ ပိုတိုးတက်လာမလားပဲ။ အခုထိ Design Patterns တွေကို နားမလည်သေးဘူး။ နားမလည်ခြင်းရဲ့ အကြောင်းအရင်းက အလေ့အကျင့် (ချရေးကြည့်နေတာ) မဟုတ်လို့ ထင်တာပဲ။ အလုပ် ပရောဂျက်တွေထဲမှာ ထည့်သုံးမယ် လို့ စဥ်းစားပေမယ့်လဲ

Read More »

ဗီယက်နမ် ခရီးမှတ်တမ်း – ၂

August 20,2023 ၉ နာရီ လေယာဥ်ကို ၆နာရီခွဲဝန်းကျင်လောက် လေဆိပ်အရောက်သွားတယ်။ အဲဒီမှာ လူအုပ်ကြီးကို ကြည့်ပြီး ဝရုန်းသုန်းကား စဖြစ်တော့တာပဲ။ ၂ ယောက်ပေါင်းရင် kg 40 ကျော်ရပေမယ့် Luggage တစ်ခုတည်းက 32kg ကျော်နေလို့ ticket counter က စရစ်တယ်။ SGD 60 လောက် အပိုထပ်ပေးပီး kg ဝယ်လိုက်ရတယ်။ luggage တွေ ပစ္စည်းတင်တဲ့ ပတ်လမ်းကြောင်းပေါ်

Read More »