မလွတ်မြောက်ခြင်း မှတ်တမ်း (အောက်တိုဘာ ၈ ၊ ၂၀၂၄)

မနေ့ (အောက်တိုဘာ ၇ ရက်နေ့) မနက်ပိုင်း ၃ နာရီလောက်မှာ မန်းလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်တယ်။ ဗမာစစ်တပ်က သေလုဆဲဆဲမှ လွတ်ငြိမ်းခွင့် လာဖတ်ပြသွားတယ် တဲ့ ။ ဖေ့ဘုတ်မှာတော့ ဝမ်းနည်းကြောင်းတွေ ပလူတွေ ပျံလို့ပေါ့ ။ ကိုယ်လဲ တစ်ခုခု ရေးချင်တာနဲ့ ဒီ ပိုစ့်ရေးဖြစ်တာ။ ဒေါက်ဇော်နဲ့ ပတ်သတ်တဲ့ အင်တာဗျူးတွေ နားထောင်လိုက်နားထောင်ဖြစ်တယ်။ ပြီးတော့ အဘဦးဝင်းတင် ရဲ့ “ဘာလဲဟဲ့ လူ့ငရဲ” စာအုပ် ပြန်ဖတ်ဖြစ်တယ်။ စာအုပ်တွေထဲက နိုင်ကျဥ်းတွေဘဝက ကိုယ်တွေ သူငယ်ချင်းတွေ ရင်ဆိုင်နေရတဲ့ ဘဝတွေလို့ အစားထိုး တွေးဖြစ်တယ်။ တိုင်းတပါး မှာ နေနေရလို့ လွတ်မြောက်သလို ဖြစ်နေပေမယ့် ဒီစာအုပ်အနီတစ်အုပ် ရဲ့ သားကောင်တော့ ဖြစ်နေဆဲပဲ။ လူ က ဘယ်လို လွတ်မြောက်တယ် ပြောပြော ၊ တစ်ခုခု ဆို သတင်းကြားတာနဲ့ စိတ်က ခြောက်ခြားတာတွေ ဖြစ်နေရတုန်းပဲ။ အဘဦးဝင်းတင် ပြောသလို တနိုင်ငံလုံး အကျဥ်းသားတွေချည်းပါပဲ။ ဘဝ မမေ့ ၊ အတိတ်မမေ့ဖို့ လိုတယ်။ အနာဂါတ်အတွက် ဘာဆက်လုပ်ရမလဲ တွေးမိတယ်။ ဒီမှာ ပျော်ပါးနေလို့ ကိုယ်တွေ ဘဝ တကယ် လွတ်မြောက်ရဲ့လား။ မအေလိုး ဗမာစစ်တပ် နဲ့ မင်းအောင်လှိုင် အပေါင်းအပါ တွေ … လို့ ထိုင်ဆဲနေရုံနဲ့ လွတ်မြောက်ပါ့မလား။

မလွတ်မြောက်ခြင်း မှတ်တမ်း (ဇူလိုင် ၂၃ ၊ ၂၀၂၄)

စတင်ခြင်း ချင်းမိုင် ကနေ တစ်နာရီလောက် စီးရတဲ့ Mon Jam ဆိုတဲ့ နေရာ (ရွာလို့ပဲ ဆိုပါစို့) ရောက်နေတယ်။ နေ့လည် ၁၁ နာရီခွဲ လောက်ကနေ ကားစီးလာခဲ့လိုက်တာ နေ့လည် ၁ နာရီ မထိုးခင်လောက် ရောက်တယ်။ ကားဂိတ် မှာ မစောင့်ခင် အဲဒီနားက Big C Market ကနေ အစားအသောက် ၊ wine ၊ ဘီယာ ၂ ဘူး ဝယ်လာခဲ့လိုက်တယ်။ Eden Resort ဆိုတဲ့ cafe မှာ Van ကားက ရပ်ပေးတယ်။ အဲဒီမှာ Mocha တစ်ခွက် နဲ့ ထမင်း ၂ ပွဲ မှာစားရင်း တည်းမယ့် ဟိုတယ်ကနေ လာကြိုမယ့် ကားကို စောင့်ရတာ။ Taxi လွယ်လွယ်ကူကူ နဲ့ ငှားမရဘူး။ အစားအသောက် စျေးနှုန်းတွေကလည်း နည်းနည်းများတယ် လို့ပဲ ပြောရမယ်။ 50 Bahts အထက်တွေ ချည်းပါပဲ။ နေ့လည်စာ အတွက် 240 Bahts ကုန်သွားတယ်။ တည်းခို နေရာ Phu Morinn ဆိုတဲ့ Cafe & Camping မှာ တည်းဖြစ်တယ်။ မလာခင် တည်းခိုဖို့ နေရာရှာရင်း မျိုးစုံ review တွေ ဖတ်ရာကနေ အဆိုတော် မိစန္ဒီရဲ့ travelling vlog ကို တွေ့တာ။ နောက်ပီး msg ပို့ပြီး စုံစမ်းတော့ ရုတ်တရက် မြန်မာဘာသာနဲ့ reply ပြန်တယ်။ Admin က မြန်မာလူမျိုး အစ်မတစ်ယောက်။ အဲဒါနဲ့ တော်တော်ပျော်သွားပြီး ဒီမှာပဲ နေဖို့ ဆုံးဖြတ်လိုက်တယ်။ ပုံတွေကြည့်ပြီး VIP Dome ကို ယူဖို့ ဆုံးဖြတ်လိုက်တယ်။ ရောက်ရောက်ချင်း မြင်လိုက်ရတဲ့ မြင်ကွင်းကတော့ အတော်ကို လှတယ်။ Mountain View from our Dome ပထမဆုံးည ရောက်ကတည်းက မိုးတွေ ဆက်တိုက် ရွာနေလိုက်တာ ညနေ ၄ နာရီကျော်လောက်မှ မိုးစဲတယ်။ လမ်းခနလျှောက်ပြီး ညစာ ကို ဟိုတယ်ကနေပဲ မှာစားလိုက်တယ်။ အရသာတော်တော်ကောင်းတယ်။ စျေးကတော့ Eden

မလွတ်မြောက်ခြင်း မှတ်တမ်း (ဧပြီ ၂၅၊၂၀၂၄)

Scholarship Essay ရေးရင်းနဲ့ရော ၊ လက်စမသပ်နိုင်သေးတဲ့ အလုပ်တွေကြောင့်ရော pressure တွေ snowball effect လို တက်နေတယ်။ မျက်နှာမှာတောင် မှုန်သုန်နေမယ့် အနေအထားရှိတယ်။ မနေ့ညကတော့ Essay ၂ ပုဒ် ပြီးအောင်အထိ ရေးဖြစ်တယ်။ ဒါတောင် မနက် ၃ နာရီနောက်ပိုင်းကျ အလေလိုက်မိသွားတာ။ စာအုပ် မနေ့က ဆရာမက ‘နင် အရင်လို စာမဖတ်ဖြစ်တော့တာ သိသာတယ်’ လို့ ပြောတာနဲ့ ဒီနေ့ စာဖတ်ဖြစ်တာ။ အရှင်နန္ဒာစာရ ရဲ့ “အခြေခံ ဗုဒ္ဓစိတ်ကုထုံးများ” ဆိုတဲ့ စာအုပ်ပါးပါးလေး။ တခန်းချင်းဆီ သေချာဖတ်ရင်း စဥ်းစားရင်တော့ တွေးစရာတွေ အများကြီးပါတယ်။ ကလေးတွေကို စာသင်ရင်းနဲ့တောင် တနေ့ တခန်း (သို့) ၂ မျက်နှာလောက် စာဖတ်ဝိုင်း လုပ်ပေးရမလား တွေးမိသေးတယ်။ ပြီးတော့ သူတို့ကို အာနာပါန ရှုနည်း လဲ သင်ပေးချင်သေးတယ်။ စိတ်ရဲ့ အပြောင်းအလဲ မြန်မှုက ကြောက်စရာကောင်းလိုက်တယ်။ စက္ကန့်ပိုင်း အတွင်းမှာ ကိုယ် တွေးနေတာတွေ အမြောက်အမြား။ အဲဒါကို ထိန်းဖို့နေနေသာသာ ငါ့က အတွေးကောင်းတယ်လို့တောင် ဂုဏ်ယူခဲ့/မိတဲ့ အချိန်တွေ ရှိသေးတယ်။ စာအုပ်ထဲကနေ သဘောကျမိတဲ့ စာသားတစ်ကြောင်းက – “စိတ်ကျန်းမာခြင်း ဆိုတာ ဗုဒ္ဓရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်အရ နိဗ္ဗာန် ဆိုတာပဲ” ။ နိဗ္ဗာန် ဆိုတာကြီးက ဘယ်အရပ်ဒေသမှန်း လျှောက်မှန်းနေမှာထက်စာရင် အခု စာကြောင်းရဲ့ အဓိပ္ပါယ် က ပိုမှန်ကန်တယ်လို့ လက်ခံမိတယ်။ အရမ်းအဝေးကြီးတွေ ဘာလို့ စဥ်းစားနေမှာလဲ။ ဘဝတွေကို သံယောဇဥ်တွယ်မိတဲ့ အကြောင်းနဲ့ ပတ်သတ်ပြီး အရင်ကဆို သေလိုက်၊ရှင်လိုက် ကိုမှ ဘဝလို့ခေါ်တယ်။ တကယ်တမ်းတော့ ကိုယ့်အသက်အပိုင်းအခြားမှာတင် ဘဝမျိုးစုံ ကြုံတွေ့နေရပြီးပြီပဲ။ ကလေးဘဝကို ပြန်လွမ်းတာတွေ ၊ ကျောင်းသားဘဝကို နာကျည်းတာတွေ – စသဖြင့် ဒါတွေအားလုံးက ဘဝတွေအပေါ် တွယ်ငြိခြင်း (ဘဝတဏှာ) မဟုတ်ဘူးလား။ ဘာလို့ ရှေ့ဘဝ ၊ နောက်ဘဝ ၊ မသေခင် ဖြစ်တဲ့ဘဝ ၊ သေပြီး ဖြစ်တဲ့ဘဝ တွေကို သွားစဥ်းစားနေမှာလဲ။ နောက်ပြီး ဗုဒ္ဓဘာသာ ဖြစ််ရခြင်းတွေမှာ ဗုဒ္ဓ ရဲ့ ဟောကြားချက်တွေကို မှန်မှန်ကန်ကန် အဓိပ္ပါယ် ဖွင့်ဆိုတတ်ဖို့ နဲ့

မလွတ်မြောက်ခြင်း မှတ်တမ်း (ဧပြီ ၁၈၊ ၂၀၂၄)

ရောက်မိရောက်ရာ ဖတ်၊တွေးတွေ ဒီရက်ပိုင်း Facebook ပေါ်မှာ ဖတ်လိုက်ရတဲ့ Jackie Chan နဲ့ Teresa Teng အကြောင်း အခြေခံပြီး ဒီနေ့ စာရေးဖြစ်တာ။ အခုလဲ Teresa Teng ရဲ့ နာမည်ကျော် သီချင်း ကို ဖွင့်ရင်း ရေးနေတာ။ Jackie Chan ရေးထားသလို သူ့ အနေနဲ့ Teresa Teng အပေါ် ရိုင်းစိုင်းမိတာတွေက သူ့ငယ်ဘဝ အငုံ့စိတ် အပေါ် အခြေခံတယ် ဆိုတာနဲ့ ပတ်သတ်ပြီး ဆက်စပ်တွေးမိလို့ပါ။ သာဓု ရဲ့ “အတာ” ထဲမှာလဲ အဲဒီ အငုံ့စိတ် အကြောင်း ရေးထားတာ သတိရမိတယ်။ ဆရာကြီးရွှေဥဒေါင်း ရဲ့ အသုံးအရဆိုရင်တော့ ငယ်ဘဝ “ဆူးကြီး”တွေ ပေါက်ခဲ့တာကြောင့်ပေါ့။ Jackie Chan က သူ အသက်ကြီးတဲ့အချိန်မှ နောင်တ ရရင်း ဒါ မကောင်းဘူးလို့ ပြန်ပြောနိုင်တာကို။ အဲဒီအချိန် ကာလ သူ့ရဲ့ အောင်မြင်မှု ၊ လူငယ်စိတ် နဲ့ကျ အမှားလို့တောင် သတိထားမိမှာ မဟုတ်ဘူး။ နောက်ထပ် ပြန်စဥ်းစားရင်ကျတော့လဲ Teresa Teng ကို ၁ နာရီကြာ ငုတ်တုတ်ထိုင်ခိုင်းထားတဲ့ အဖြစ်အပျက်မှာဆိုရင်လဲ သူက Dragon Lord ဇာတ်ကားကို ရိုက်နေတဲ့အချိန်လို့ ပြောတယ်။ အဲဒီဇာတ်ကား က အခု ပြန်ကြည့်ရင်တောင် ကြည့်ကောင်းပြီး action တွေက မိုက်တယ်။ (အနည်းဆုံး action ဇာတ်ကားကောင်းလို့ ပြောလို့ရတယ်။) အဲဒါဆိုတော့ အဲဒီအချိန် အဲဒီဇာတ်ကားအပေါ် စိတ်အရမ်းနှစ်ထားလို့သာ အခု နှစ်ပေါင်းအများကြီးကြာတဲ့အထိ လူတွေ ပြန်ကြည့်ဖြစ်နေသေးတာကို။ ထားကြပါစို့ .

မလွတ်မြောက်ခြင်း မှတ်တမ်း (မတ်လ ၂၁ ၊ ၂၀၂၄)

နိုင်ငံရေး မအလ ရဲ့ စစ်မှုထမ်း ဥပဒေကြောင့် တနိုင်ငံလုံး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ရဆုံးအချိန်ကာလပဲ။ ဘယ်သူနဲ့ တွေ့တွေ့ ဒီအကြောင်းပဲ ပြောကြတယ်။ မိဘတိုင်းကလဲ အိမ်ရောင်း၊ကားရောင်းပြီး သားသမီးကို နိုင်ငံခြားပို့ဖို့ ကြိုးစားနေကြတယ်။ နယ်တွေမှာတော့ မဲနှိုက် ရွေးချယ်တာတွေ ကြားနေရပြီ။ ရန်ကုန်၊မန္တလေးလို မြို့ကြီးတွေမှာလဲ အိမ်တိုင်ရာရောက် စာပို့တာတွေ ရှိလာပြီ။ ကချင်ဘက်က ထိုးစစ်တွေ အခြေအနေကောင်းတဲ့ပုံပဲ။ ရခိုင်ဘက်မှာလဲ မြို့နယ် ၈ မြို့နယ်လောက်အထိ AA က ထိန်းချုပ်ထားပြီးပြီ။ ရှမ်းမြောက်ဘက်ကတော့ ဗမာစစ်တပ် မရှိသလောက် ဖြစ်သွားတဲ့ ပုံ။ ဒီတော့ ရွေးချယ်စရာမရှိတဲ့အခါမှာ ဗမာစစ်တပ်က ပြည်မအတွင်းဘက်ခြမ်းကို ပိုင်ပိုင်နိုင်နိုင် ခံစစ် လုပ်ချင်ပုံပေါ်တယ်။ ဒါတောင် ရွာတွေ မီးရှို့ခဲ့တဲ့ အကျိုးဆက်ကြောင့် တကယ်တမ်း ထိန်းနိုင်မယ် မထင်ပါဘူး။ ဒါပေမယ့် စစ်မှုထမ်းဥပဒေကြောင့် စတေးခံရမယ့် လူဦးရေ ပိုများသွားမှာတော့ သေချာတယ်။ (ရခိုင်မှာ မကြာသေးခင်ကမှ ဆွဲသွင်းထားတဲ့ မွတ်စလင်ရိုဟင်ဂျာတွေကို စစ်တိုက်ခိုင်းတာကြောင့် သေနေကြတဲ့ ပုံတွေ တွေ့ရတယ်။) တော်လှန်ရေးဘက်က စိတ်မကောင်းစရာကတော့ Non-CDM တွေကို နှင်ထုတ်တဲ့ ကိစ္စ နဲ့ ထောင်ချတဲ့ ကိစ္စတွေ ကြားလာရတာပဲ။ ဒါ မဖြစ်သင့်တဲ့ ကိစ္စလို့ မြင်တယ်။ (အမြင်သာဆုံး ဥပမာ ပြောရရင် NLD ခေတ်မှာ ဗမာတွေ အုံလိုက်ကျင်းလိုက် AA ကို တိုက်ခိုက်ခဲ့ကြပေမယ့် AA ဘက်က သူတို့အသာရချိန်မှာ သာမန်ပြည်သူ ဗမာ (အစိုးရဝန်ထမ်း) တွေကို နှင်ထုတ်၊ထောင်ချတဲ့ သတင်း ကြားဖူးလို့လား)။ နောက်ပြီး မော်လူးဘက်မှာလဲ သစ်ခိုးထုတ်တာကို ပကဖ က ခွင့်ပြုလို့ ပြည်သူတွေ က တားတဲ့ သတင်းလဲ ထွက်လာတယ်။ နောက်ပြီး ဆားလင်းကြီးဘက်မှာ စက်ရုံကနေ ပစ္စည်းယူတာနဲ့ ပတ်သတ်ပြီး ပကဖ နဲ့ ပြည်သူနဲ့ ပြဿနာတက်တဲ့ သတင်းလဲ ထွက်လာတယ်။ တကယ်တို့ ပကဖ၊ပအဖ တွေက ပြည်သူတွေကိုယ်တိုင် (သို့) ဆန္ဒပြဦးဆောင်သူတွေအနေနဲ့ အလျင်စလို စိတ်လိုက်မာန်ပါ လုပ်ဆောင်ခဲ့မှု ရဲ့ အကျိုးဆက်ကနေ စတယ်လို့လဲ ပြောလို့ရတယ်။ (ဘာလို့လဲဆိုတော့ အာဏာသိမ်းသိမ်းချင်း လောက်မှာ ကိုယ့်မြို့ကို ကိုယ် အုပ်ချုပ်မယ် ဆိုတဲ့ အယူအဆကနေ အပြိုင်အဆိုင် ပကဖ၊ပအဖ တွေကို

မလွတ်မြောက်ခြင်း မှတ်တမ်း (ဖေဖော်ဝါရီ ၂၊၂၀၂၄ ခုနှစ်)

WordPress Error တက်ပြီး မနည်း ပြန်ဆယ်ထားရတယ်။ ရှိသမျှ plugin / theme အကုန် uninstall လုပ်ပီး minimal ဖြစ်တယ်လို့ ခံစားရတဲ့ Independent Publisher theme ကို သုံးနေတယ်။ နိုင်ငံရေး မနေ့က အာဏာသိမ်းမှု ၃ နှစ်ပြည့်။ Silent Strike လုပ်ကြတယ်။ တိုက်ပွဲတွေကတော့ နေရာအနှံ့မှာပဲ။ ရှမ်းမြောက်ဘက်မှာ ငြိမ်သွားပေမယ့် ရခိုင်ဘက်မှာ စခန်းသိမ်းတိုက်ပွဲတွေ ပြန်ဖြစ်နေတယ်။ တနင်္လာရီဘက်မှာ ဖြစ်တဲ့အကြောင်းလဲ ဖတ်လိုက်ရတယ်။ မြန်မာနိုင်ငံအလယ်ပိုင်းကတော့ တိုက်ပွဲ အပြင် မီးရှို့ခံရတဲ့ သတင်းတွေ ဖတ်နေရဆဲပဲ။ မြေစာပင်တွေရဲ့ နာကျည်းမှုက နှစ်ပေါင်းများစွာ ပျောက်ပျက်မှာ မဟုတ်နိုင်ဘူး။ ဗမာစစ်တပ် + သူ့လော်ဘီတွေကတော့ စစ်တပ် ဘာလုပ်လုပ် အမှန် ဆိုတဲ့ အချိုးမျိုး တသက်လုံးချိုးနေမှာပဲ။ နာကျည်းမှု နဲ့ တဖက်ကန်းအယူအဆ ဘယ်အရာက နိုင်သွားမလဲ ဆိုတော့ နှစ်ပေါင်း ၆၀ ကျော် မပြီးပြတ်သေးတဲ့ ပြည်တွင်းစစ်က အဆုံးအဖြတ်ပေးလိမ့်မယ် ထင်တယ်။ ပြည်တွင်းမှာတော့ နေရာအများစု မီးပိတ်နေပေမယ့် နေပြည်တော်မှာတော့ ၂၄ နာရီ မီးရတယ် ဆိုလားပဲ။ နည်းပညာ ယောင်တဲ့ ရက်စွဲတွေပဲ။ DE ပိုင်းပဲ လုပ်ရမလိုလို ၊ Web Dev ပိုင်းပဲ လေ့လာရမလိုလို၊ Flutter + Dart ပိုင်းပဲ လုပ်ရတော့မလိုလို။ personal project တွေလဲ ရပ်နေတာ တစ်လလောက် ရှိတော့မယ် ထင်တယ်။ ကလေးတွေကို CS50 Python သင်ပေးနေတာတော့ ပြီးတော့မယ်။ အနာဂါတ် ပိုအားစိုက်ဖို့ လိုနေပြီ။ အင်္ဂလိပ်စာ ပိုကောင်းအောင် ရေးတတ်၊ပြောတတ်ဖို့ လိုနေပြီ။ ကျန်းမာရေး ပိုလိုက်စားဖို့ လိုနေပြီ။ အလေလွင့်တာတွေ လျှော့ဖို့ လိုနေပြီ။ နေ့စဥ်ဘဝ အိမ်မှာ တစ်ယောက်ထဲ ဖြစ်နေတော့ အချိန်တော့ မှန်နေတယ်။ မနက်ဆိုရင် Gym သွားတယ်။ ပြီးရင် ဟင်းချိုင့်ဆေးတယ်။ ထမင်းချက်ရမှာတော့ ပျင်းလို့ အပြင်ကနေပဲ ဝယ်စားလိုက်တယ်။ US Senate မှာ Child Safety အတွက် Tech CEOs (Facebook, X, TikTok, Discord, SnapChat) hearing နားထောင်ဖြစ်တယ်။

မလွတ်မြောက်ခြင်း မှတ်တမ်း (အောက်တိုဘာ ၁၀၊၂၀၂၃)

အလုပ်တစ်ခု ရှိတော့ မနက်စောစောထပြီး အလုပ်လုပ်ဖြစ်တယ်။ Youtube မှာ သီချင်းဖွင့်ထားရာကနေ အစ္စရေး-ပါလက်စတိုင်း စစ်ပွဲသတင်းတွေ တက်လာလို့ နားထောင်ဖြစ်သွားတာ။ စစ်ပွဲတွေရဲ့ အစ-အဆုံးက ဘာလဲ။ စစ်ပွဲတွေမှာ တရားသောစစ် ဆိုတာ ရှိသလား။ သေဆုံးသွားကြသူတွေ (စစ်သားတွေပဲ ဖြစ်ဖြစ် ၊ အရပ်သားတွေပဲ ဖြစ်ဖြစ်) – တရားသော နည်းဖြင့် သေဆုံးခြင်း မှ မဟုတ်တာ။ ဒီ အပေါ်စာတပိုဒ် မဆုံးခင်မှာပဲ ဒီ မနက် သတင်းတွေတက်လာတာက လိုင်ဇာ မှာ ဗမာစစ်တပ်ရဲ့ လက်နက်ကြီးကြောင့် စစ်ဘေးရှောင်စခန်းက အရပ်သားတွေ အစုလိုက် သေတဲ့ သတင်း ကြားလိုက်ရပြန်တယ်။ လိုင်ဇာ နဲ့ Gaza ဘာများ ကွာတော့လို့လဲ။ ပါလက်စတိုင်း – Hamus တွေဘက်က စစ်သွေးကြွပီး အစ္စရေးကို မနေ့တနေ့က ဝင်တိုက်တဲ့ သတင်းပဲ လူတိုင်း ပြောကြတယ်။ ဒါပေမယ့် နှစ်ပေါင်း ၇၅ နှစ်ကျော်လောက် က စဖြစ်တဲ့ အကြောင်းတရားကိုတော့ ဘယ်သူမှ မပြောကြတော့ဘူး ။ နားလည်ရသလောက်တော့ အနောက်နိုင်ငံတွေက ပါလက်စတိုင်းတွေ သပ်သပ် တနိုင်ငံ (သို့) တနေရာ ၊ အစ္စရေး (ဂျူး)တွေအတွက် တနိုင်ငံ (သို့) တနေရာ သတ်မှတ်ဖို့ ကြိုးစားတာကနေ စတယ် လို့ ထင်တယ်။ ဒုတိယကမ္ဘာစစ် အပြီးမှာ အစ္စရေးက နိုင်ငံ ကြေညာပြီး အာရပ်-အစ္စရေး စစ်ပွဲ ဖြစ်လိုက်သေးတယ်။ သမိုင်းကြောင်းကို ဒီ Washington Post က ရှင်းပြထားတာ ဖတ်ကြည့်သင့်တယ်။ တောင်ကိုရီးယား – မြောက်ကိုရီးယား ၊ ဗီယက်နမ် တောင်-မြောက် ၊ အိန္ဒိယ – ပါကစ္စတန် ၊ ဘာကျန်ဦးမလဲ။ သွေးခွဲခဲ့မှုတွေကို ပြန်ကြည့်ရင် တော်တော်များများ အောင်မြင်တာ တွေ့ရတယ်။ ဗီယက်နမ် ပြန်ပေါင်းနိုင်သွားတာတောင် စစ်နိုင်လို့ ဖြစ်မယ်။ သွေးခွဲမှုတွေ အားလုံးနီးပါးက ဘာသာရေး ၊ လူမျိုးရေးအပေါ် အခြေခံထားတာကြီးပဲ။ မြန်မာနိုင်ငံလဲ တိုင်းရင်းသား – ဗမာ ကြား အဲဒီလိုသာ ဖြစ်ခဲ့ရင် ကြားလူ (အာဏာရှင် ဖြစ်ဖြစ် ၊ တရုတ် ဖြစ်ဖြစ် ၊ အင်အားကြီး လက်နက်ကိုင်တဖွဲ့ ဖြစ်ဖြစ်) အေးအေးဆေးဆေး

မလွတ်မြောက်ခြင်း မှတ်တမ်း (စက်တင်ဘာ ၂၀၊၂၀၂၃)

စိတ်ထဲမှာ တစ်စုံတစ်ရာ ကြောက်ရွံ့ခြင်းကို ခံစားနေရတယ်။ Eminem ရဲ့ Not Afraid သီချင်းကို ဖွင့်ထားတယ်။ မနေ့က mechanical keyboard မွေးနေ့ လက်ဆောင်ရတယ်။ Code ရေးတဲ့ အရည်အသွေးများ ပိုတိုးတက်လာမလားပဲ။ အခုထိ Design Patterns တွေကို နားမလည်သေးဘူး။ နားမလည်ခြင်းရဲ့ အကြောင်းအရင်းက အလေ့အကျင့် (ချရေးကြည့်နေတာ) မဟုတ်လို့ ထင်တာပဲ။ အလုပ် ပရောဂျက်တွေထဲမှာ ထည့်သုံးမယ် လို့ စဥ်းစားပေမယ့်လဲ ဘယ်က စရမယ်မှန်း မသိ။ နိုင်ငံရေး စီးပွားရေးသမားတွေကို ဖမ်းစစ်တဲ့သတင်းတွေ ဒီရက်ပိုင်း ဆက်တိုက် ဖတ်နေရတယ်။ ကနေဒါ နဲ့ အိန္ဒိယ ပြဿနာ တက်တယ်။ (ကနေဒါ နိုင်ငံသား အိန္ဒိယမျိုးနွယ်စု အဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင်လိုမျိုး အသတ်ခံလိုက်ရတာမှာ အိန္ဒိယ ပါဝင်ပတ်သတ်မှု ရှိတယ် ဆိုပြီး ကနေဒါဘက်ကစပြီး သံတမန်အရာရှိတစ်ဦး နှင်ထုတ်လိုက်တာ။ အိန္ဒိယဘက်ကလဲ ပြန်နှင်ထုတ်တယ် ထင်တယ်။) ကိုယ်ပိုင်ဘဝ အာရုံပြောင်းတာ အရမ်းမြန်လွန်းနေတယ်။ လုပ်ရမယ့် အလုပ်တွေကိုလဲ (အထူးသဖြင့် code ရေးရမှာတွေ)ကို အာရုံမစိုက်နိုင်ဘူး။ တနေ့က ဆံပင်ညှပ်ဖြစ်တယ်။ ဆံပင်အတိုအပိုင်းအစတွေ ကြားမှာ အဖြူရောင်ဆံသားတွေ တွေ့တိုင်း သေခြင်းတရား အကြောင်း တွေးမိတာပဲ။ တကယ်ဆို ဗုဒ္ဓ ဆိုရင် ဆံဖြူတစ်ချောင်းတွေ့တာနဲ့ အားလုံးပစ်ချပြီး ရှာဖွေတာလေ။ ကိုယ့်မှာတော့ အထွေးလိုက် တွေ့နေတာတောင် ဘာရှာဖွေရမှန်း မသိသေးဘူး။ အရာအားလုံးကရော တချိန်ချိန်မှာ လွှတ်ချဖို့ လွယ်ပါ့မလား။ ဒီနေ့ အင်တာနက်မှာ meme တစ်ပုံတွေ့လိုက်တယ်။ Tom & Jerry ထဲက Tom က သေနေတဲ့ပုံစံကို caption တပ်ထားတာ။ “သေခါနီး browser history မဖျက်ရသေးမှန်း သတိရသောအခါ..” ဆိုပြီး။ တွယ်ညှိမှုတွေက ရုပ်ဝတ္ထု တိုးတက်မှု ပိုပိုများလာတာကို။ ဗုဒ္ဓဘာသာဝင် ဆိုပေမယ့် ခေတ်နောက်လိုက် ရှင်သန်ရင်းနဲ့ပဲ ဗုဒ္ဓစကားတွေနဲ့ ဝေးကွာသွားတာပါပဲ။ ခေါင်းဖြူလာရတာ အရမ်းတွေးလို့လားလို့လဲ တွေးဖြစ်တယ်။ ဒီနှစ်ထဲမှာ ခနခန တွေးဖြစ်တာက မှတ်ဥာဏ်တွေ မပျောက်သွားခြင်းတဲ့ အကြောင်းပဲ။

မလွတ်မြောက်ခြင်းမှတ်တမ်းများ (သြဂုတ် ၂၉၊၂၀၂၃)

စင်္ကာပူ စံတော်ချိန် မနက် ၂ နာရီခွဲနေပြီ။ အိပ်မပျော်ဘူး။ ကလေးဘဝက တတ်ခဲ့တဲ့ ဘုန်းတော်ကြီးသင်ကျောင်းက ဓါတ်ပုံတွေ ၊ video တွေ ပြန်ကြည့်နေမိတာ။ ဒီနေ့ ကိုယ် ရယ်လို့ ဖြစ်လာတာတွေက အဲဒီငယ်ဘဝ ဖြတ်သန်းမှုတွေကြောင့်မလား။ ဒါပေမယ့် အဲဒါက ကျေးဇူးတရားလား။ အကယ်ရွေ့ ကျေးဇူးတရားဆိုရင်ရော ပြောတိုင်းလက်ခံရတဲ့ပုံသွင်းမှုမျိုးကို ကျေးဇူးတင်သင့်လား။ ဘုန်းကြီးကျောင်းသားဘဝ ကို ပြန်စဥ်းစားမိရင် ပထမဆုံး ဝင်ခွင့်စာမေးပွဲဖြေဖို့ မြို့ကို စရောက်တဲ့အချိန်ကို သတိရတယ်။ ဘုန်းကြီးကျောင်းထဲမှာပဲ ဝင်ခွင့်စာမေးပွဲအတွက် ညဖက် စာကြည့်ဝိုင်းတက်တာ မှတ်မိသေးတယ်။ ကိုယ့်မြို့ကနေ အတူလာကြတဲ့ အစ်မ နှစ်ယောက်က အမျိုးသမီးဆောင်မှာ နေတာ မှတ်မိတယ်။ ညဖက် ၉ နာရီ ၊ ၁၀ နာရီလောက် မျက်နှာသစ်ချိန် ဆင်းကြတာကို အဲဒီတုန်းက စတွေ့ပြီး အထူးအဆန်းဖြစ်တာ။ အမှတ်တရတွေ မေ့ပျောက်သွားမှာ ကြောက်တဲ့စိတ်က အသက်ကြီးလာလေ ပိုဆိုးလေပါပဲ။ အဲဒါကြောင့်လဲ ညသန်းခေါင်ကြီး စာကောက်ရေးနေတာ။ အိမ်မှာတော့ ဓါတ်ပုံတွေ ၊ (ဒိုင်ယာရီ)စာအုပ်အဟောင်းလေးတွေ ကျန်ကောင်းပါသေးရဲ့။ ဒါပေမယ့်လဲ ဘယ်အချိန်မှ အိမ်ပြန်ခွင့်ရမှာတဲ့လဲ။ ဝင်ခွင့်စာမေးပွဲကို လှေကားအောက်နားလေးက ခုံမှာ ထိုင်ဖြေခဲ့ရသလို မှတ်မိတယ်။ အောင်စာရင်း ဘယ်လိုထွက်တယ် ဘာညာ မမှတ်မိတော့ဘူး။ သံတ္တာ အစိမ်းလေးကို မှတ်မိတယ်။ ဘုန်းကြီးကျောင်းဆောင် အောက်မှာ နေရာဦးကြရတာ။ အဝတ်တွေ အလျှော်ပျင်းလို့ ခေါင်းလျှော်ရည်တွေနဲ့ စိမ်ပြီး ရက်ပေါင်းများစွာ ထားတာကိုလဲ မှတ်မိတယ်။ ကျောင်းထဲမှာ ရောင်းတဲ့ (၁၀ တန်းနှစ်ကျမှ ထင်တယ် ၊ အသစ်ဖွင့်တဲ့) အဘွားဆိုင်က အသုပ်ရယ် ၊ မရွှေမိလား မသိဘူး (၉ တန်းနှစ်မှာ ပိုစားဖြစ်တဲ့) အသုပ်ရယ်ကို သတိရတယ်။ မျက်လုံးမှိတ်လိုက်ရင် ကျောင်းဝင်းထဲမှာ ဘယ်နားဘာရှိတယ် ဆိုတာတွေ အခုထိ မြင်တုန်း။ ကိုယ် လမ်းဖြတ်လျှောက်ခဲ့တဲ့ လမ်းကျဥ်းလေး ၊ ကိုယ်တွေနှစ်မှာမှ စတည်တဲ့ ရေသန့်စက်။ စာကျက်ဖို့ နေရာရှာရတဲ့ သိမ်အနောက်ဖက် (မိုးရေစိုစိုနဲ့) နေရာလေးတွေ။ ရေချိုးတဲ့ နေရာ ၊ အဝတ်လှမ်းတဲ့ နေရာ။ စာကြည့်တိုက်တွေကို ချစ်တဲ့ စိတ်ဖြစ်စေခဲ့တဲ့ နေရာ။ အင်တာနက် ခန်း။ သတင်းစာဖတ်အခန်း ။ အပေါ်ထပ် english section ။ Gtalks ,