Midnight Thought 4

မကြာခင် ၂၀၂၀ ကုန်ပီး ၂၀၂၁ ကို ရောက်တော့မယ်။ Year Reflection ရေးစရာ ရှိပါ့မလားတွေးရင် ဒီစာကို ရေးဖြစ်တာ ။ တနှစ်တာ သင်ယူဖြစ်ခဲ့တာတွေ – Google App Script Office Automation ပိုင်းအတွက် စရေးဖြစ်ခဲ့တာ ။ Dr.Thuta Chatbot မှာ ည(၈)နာရီတိုင်း ပို့ရတဲ့ message တွေအတွက် automate ဖြစ်အောင် လုပ်ရင် V1/V2 ၂ မျိုး ထုတ်နိုင်ခဲ့တယ်။ အရမ်းကြီး စိတ်တိုင်းကျတဲ့အထိ (Code က Copy-Paste – Modify အဆင့်ပဲ ရှိတာမို့) မဖြစ်ခဲ့ဘူး။ Javascript အခြေခံမရှိတာကြောင့်လဲ ပါမယ်။ UI/UX – bootstrap အပိုင်း အစ လေ့လာနိုင်ခဲ့တယ်။ PowerBI Online Scholarship တခု ရခဲ့တယ်။ အကြောင်းအမျိုးမျိုးကြောင့် ပီးအောင်တော့ မတတ်ဖြစ်ခဲ့ဘူး ။ သာမန် Dashboard တစ်ခုတော့ ကောင်းကောင်းဆောက်နိုင်ပီလို့ ထင်တယ်။ Pcode ကောင်းကောင်း သုံးတတ်ပီ ။ >.< DAX , M query တွေကိုတော့ beginner level သုံးနိုင်ရုံပဲ ရှိသေးတာ ။ Python၂၀၂၀ နှစ်ကုန်ခါနီး (after August) လောက်မှာမှ အသည်းအသန် ပြန်ရုန်းဖြစ်ခဲ့တယ်။ အားရတယ်။ ကိုယ့် level ကို ကိုယ် သိလာတယ်။ OpenCV အခြေခံပီး OCR Project လေးတခု ကိုယ့်ဘာသာ ရေးဖြစ်ခဲ့တယ်။ Tesseract မြန်မာစာ အရမ်းမကောင်းတော့ result တော့ အားမရဘူး ။ ဒါကိုတော့ 2021 ထဲမှာ Version အသစ်တခု လုပ်နိုင်အောင်တော့ ကြိုးစားရမှာပဲ ။ မြန်မာစာအတွက် Table OCR ရသွားရင် တော်တော်အပြောင်းအလဲ ဖြစ်မှာ။ DEDC ကို ကူရင်းနဲ့ Coursera study group (Data Science Track) ကို Tutor ဝင်လုပ်ပေးဖြစ်တယ်။ ကိုယ်ကိုယ်တိုင် က DS မှာ beginner ဆိုတော့ အခြားသူကို ပြန်သင်ပေးဖို့ တော်တော်ခက်ပါတယ်။ ဒါပေမယ့် သူများကို

Window တွင် Git ကို Install ပြုလုပ်နည်း

၁။ https://git-scm.com/downloads Link ကို သွားပါ။ အောက်ပါ ပုံအတိုင်း မြင်ရပါလိမ့်မယ်။   အဆင့်(၁) ၂ ။ Download 2.29.2 for Windows ဆိုသည့် စာသားကို နှိပ်၍ exe file ကို download ရယူပါ။ အောက်ပါ ပုံအတိုင်း ပြပါက Download ရယူနေပီ ဖြစ်သည်။   အဆင့်(၂) ၃။ Download ပီးသည့်နောက် ရရှိလာသည့် Exe file ကို click နှိပ်၍ ဖွင့်ပါက အောက်ပါအတိုင်း မြင်ရမည်။ Next ကို နှိပ်ပါ။   အဆင့်(၃) ၄။ ထို့နောက် အောက်ပါအတိုင်း မြင်ရသည့် ပုံတွင် default အတိုင်း ဘာမှ မလုပ်ပဲ Next ကို ဆက်နှိပ်နိုင်သည်။ သို့မဟုတ် မိမိ စိတ်ကြိုက် ပြင်ဆင်လိုပါကလဲ လိုအပ်သည့် checkbox များကို ရွေးချယ်နိုင်ပါသည်။   အဆင့်(၄) ၅။ ထို့နောက် ထပ်မံတွေ့ရသည့်  ပုံတွင် dropdown option ကို နှိပ်၍ မိမိ ကြိုက်နှစ်သက်ရာ Code Editor Software (ဥပမာ – Notepad++ ,  Sublime Text , Atom စသဖြင့်) ကို Git default editor အဖြစ် သတ်မှတ်နိုင်သည် ။ ယခု ကျွန်တော့်အနေဖြင့် Visual Studio Code အသုံးပြုသူ ဖြစ်သောကြောင့် VSC ကို default အဖြစ် သတ်မှတ်ထားပါသည်။   မိမိ နှစ်သက်ရာ ကို ရွေးချယ်ပြီး Next ကို နှိပ်ပါ။   အဆင့်(၅) ၆။ Git Default branch name အတွက် ရွေးချယ်ရပါသည်။ မိမိ့အနေဖြင့် Company/Team အလိုက် git ကို အသုံးပြုရခြင်း မရှိပါက Let Git decide ဆိုသည့် option ကိုသာ ရွေးချယ်သင့်သည်။ Next ကို နှိပ်ပါ။   အဆင့်(၆) ၇။ Recommended ပေးထားသည့် ဒုတိယ option – Git from the command line and also from 3rd-party software ကို ရွေးချယ်ပီး Next ကို နှိပ်ပါ။   အဆင့်(၇) ၈ ။ Use the OpenSSL library ကို ရွေးချယ်၍ Next ကို နှိပ်ပါ။   အဆင့်(၈) ၉ ။ မိမိ သည် လက်ရှိ Windown (7/8/10) OS ကို အသုံးပြုနေသူ ဖြစ်ပါက အောက်ပါပုံအတိုင်း ပထမဆုံး recommend option – Checkout Windos-style ကို ရွေး၍ Next ကို နှိပ်ပါ။   အဆင့်(၉) ၁၀ ။ Use Windows’ default console window ကို ရွေး၍ Next ကို နှိပ်ပါ။   အဆင့်(၁၀) ၁၁။ Default ကို ရွေး၍ Next ကို နှိပ်ပါ။   အဆင့်(၁၁) ၁၂။ Git Credential Manager Core ကို ရွေးချယ်၍ Next ကို နှိပ်ပါ။   အဆင့်(၁၂) ၁၃။ အောက်ပါ ပုံရှိ မူလအတိုင်းသာ ရွေးချယ်ပြီး Next ကို နှိပ်ပါ။   အဆင့်(၁၃) ၁၄။ Install ကို နှိပ်ပါ။   အဆင့်(၁၄) ၁၅ ။ အောက်ပါပုံအတိုင်း ပြနေလျှင် Git ကို install ပြုလုပ်နေပီ ဖြစ်သည်။   အဆင့်(၁၅) ၁၆ ။ နောက် ထပ်မံ ဖော်ပြမည့် Git configuration process များကို ဆက်လက် ပြုလုပ်လိုပါက Launch Git ကို select မှတ်နိုင်သည် ။ Finish ကို နှိပ်ပီးသည့် အခါ Git ကို သင့်၏ laptop တွင် အောင်မြင်စွာ install ပြုလုပ်ပီးပါပီ ။   အကယ်၍ အထက်တွင် ကျွန်တော် ဖော်ပြခဲ့သည့်အတိုင်း Launch Git ကို select မှတ်ခဲ့ပါက အောက်ပါပုံအတိုင်း command line interface ပွင့်လာပါမည်။ ဆက်လက်လုပ်ဆောင်ရမည့် အရာများကို ဆက်လက်ဖော်ပြပါမည်။ နောက်ဆုံးအဆင့် ။

Midnight Thought <2>

ဒီ ဘလော့ပေါ်မှာ စာမရေးဖြစ်တာ ကြာပါပီ ။ ဒီအတိုင်း Depression နဲ့ဆိုင်တဲ့ အကြောင်းတွေ လျှောက်ဖတ်ကြည့်ရင်း ‘tell about it’ ဆိုတဲ့ အကြံပေးချက်ကို တွေ့လို့ ဒီအတိုင်း ဘလော့ လျှောက်ရေးတာ။ ဆရာကိုတာ ရဲ့ ဇင် စာအုပ်ထဲကလိုဆို Zen Diary လို့ ပြောရမလားပဲ ။ မစဥ်းစားပဲ ဦးနှောက်ထဲကို ဝင်လာသမျှ စာကြောင်းတွေကို ကောက်ခြစ်ရေးတာမျိုး ။ (စာရေးဆရာတယောက် ၏ မှတ်စုများ – စာအုပ်ထဲက ဖြစ်မယ်။ ပြီးခဲ့တဲ့ သြဂုတ်(၅) မှာပဲ အသက် ၂၅ နှစ် ပြည့်တယ်။ အဲလိုတွေးလိုက်ရင် ပိုစိုးရိမ်စိတ်များတယ်။ ဒီလထဲမှာလဲပဲ အခုငှားနေတဲ့ အိမ်မှာ ကိုယ်တစ်ယောက် ထဲ ဖြစ်သွားခဲ့တာ ။ ဖေကြီး က မန္တလေးကို ပြန်ပြောင်းသွားခဲ့တာဆိုတော့ ။ အရင်တုန်းက သားအဖ နှစ်ယောက်ဆိုတော့ စကားမပြောဖြစ်ရင်တောင် အိမ်ပြန်လာတိုင်း နွေးထွေးတယ်။ အဖေ ရှိတယ် ဆိုတဲ့ အသိ က ဘာပဲ ပြောပြော အထီးကျန်မဆန်ဘူးလေ ။ ဒီလမှာ တော်တော်ယောင်သွားသလို ခနခနလဲ စိတ်ဓါတ်ကျမိတယ်။ အသက် ထိပ်စီး/နောက်စီး ဂဏန်းတွေ ပြောင်းတာကလဲ ညသန်းခေါင် ခပ်နက်နက်မှာ ရှေးဟောင်းနာရီကြီးထဲက လက်တံ လည်သလိုပဲလေ။ ရပ်တန့်မသွားတော့မှန်း သိတယ်။ ဘယ်လို တိုးတက်အောင် ပြုလုပ်ရမလဲ ဆိုတာ မသိတာ ။ တနေ့တနေ့ ငါ အလုပ်လုပ်နေသလား – ငါ ဘာတွေ သင်ယူနေသလဲဆိုတာ အမြဲမေးနေမိတယ်။ ဒါပေမယ့် အဲဒီမေးခွန်းတွေက အကောင်းဘက်ကို ဦးမဆောင်တာ ဆိုးပါတယ်။ ဟိုတရက်က နားထောင်ဖြစ်လိုက်တဲ့ Podcast တစ်ခု အကြောင်းလဲ ရေးချင်တယ်။ Apple Cofounder – Woz လား?

Midnight Thoughts<1>

https://www.chronicle.com/article/Putting-an-End-to-When-Am-I/233901 အချိန်ရရင် အပေါ်က မူရင်း article ကိုလဲ ဖတ်စေချင်တယ်။ ၂၀၁၅ က ရေးထားပေမယ့် ဒီနေ့အထိ ကျနော်တို့ ကျောင်းသားလောက မှာ အသုံးများနေဆဲဖြစ်တဲ့ ‘စကားတခွန်း’ နဲ့ သက်ဆိုင်လို့ပါ။ ပြောနေကြအတိုင်း ဆို – “ဒီစာတွေက သင်ပီး ဘယ်မှာ သုံးရမှာလဲ?” “ဒီသင်ခန်းစာတွေကို လက်တွေ့ ဘယ်လိုအသုံးချရမှန်းမှ မသိတာ” စသဖြင့် ဆင်ခြေပေါင်းများစွာကို ကျနော် ကျောင်းသားဘဝတုန်းကတော့ အကြိမ်ပေါင်းများစွာ ပြောခဲ့မိဖူးပါတယ်။ တကယ်တမ်းတော့ အဲဒီမေးခွန်း (ဆင်ခြေ) က လုံးဝ မှားတဲ့အကြောင်းကို မူရင်းဆောင်းပါးထဲမှာ ရေးထားတာပါ။ သူ ရေးထားတဲ့ စာအရှည်ကြီးထဲက သဘောကျတဲ့ တပိုဒ် ကို တတ်သလောက် မှတ်သလောက် ဘာသာပြန်ကြည့်ထားပါတယ်။ —————————————— x —————————————–> ဘာသာပြန် < “When am I going to use this?” ဆိုတဲ့ မေးခွန်းကိုက အလိမ်အညာကြီးဗျ ။ မေးခွန်းမေးသူ က (သိလိုတဲ့) အကြောင်းအရာ X ရဲ့ အသုံးပြုပုံ၊တန်ဖိုးကို ကိုယ်တိုင်စိတ်ဝင်တစား စဥ်းစားမနေဘူး ။ မေးခွန်းထုတ်သူ က လက်မြှောက်အရှုံးပေးတဲ့ သဘောနဲ့ အော်ဟစ်နေတာ။ အကြောင်းအရာပေါ်မှာ စိတ်ဝင်စားမှု မရှိတဲ့အပေါ် တာဝန်ယူခြင်းမရှိပဲနဲ့ မေးခွန်းမေးသူ ဘက်က အချိုးတမျိုး ပြောင်းပြတယ်။ ဒါ ငါ့အမှားမဟုတ်ဘူး ။ မင်း အမှား ဆိုတဲ့ သဘော။ ဒါက ငါ စိတ်မဝင်စားလို့ မဟုတ်ဘူး ၊ ဒါနဲ့ ပတ်သတ်ပီး ခက်ခက်ခဲခဲ မကျော်ဖြတ်နိုင်တာမဟုတ်ဘူး လို့ ဆိုချင်နေတာ။ > Original Paragraph < And the question itself — “When am I going to use this?” — is nearly always a lie, a front.

၁၉ နှစ်အရွယ် ဆယ်ကျော်သက်တစ်ယောက်က အာကာသယာဥ်မှုးတွေရဲ့ အသက်ကို ဘယ်လို ကယ်ဆယ်နိုင်တာလဲ?

သူမ နာမည်က ‘Amber Yang’ ။ အာကာသပတ်လမ်းကြောင်းရှိ အမှိုက်တွေရဲ့ လည်ပတ်မှုပုံစံကို ခန့်မှန်းနိုင်တဲ့ နည်းပညာကြောင့် ဆုပေါင်းများစွာ ရရှိထားခဲ့သူ။ သူမ အကြောင်း မပြောခင်မှာ ကမ္ဘာပတ်လမ်းကြောင်းမှာ ရှိနေတဲ့ ဒီလို သေးငယ်လှတဲ့ အမှိုက် အတိုအစ ပြဿနာလေးတွေကနေ အာကာသစီမံကိန်းတွေရဲ့ ပြဿနာအကြီးကြီး ဖြစ်လာနိုင်တဲ့ အကြောင်းကို အရင် ပြောပြလိုပါတယ်။  ၂၀၁၃ ခုနှစ်မှာ ထွက်ရှိတဲ့ Gravity ဆိုတဲ့ ဇာတ်ကားကို ကြည့်ရာကနေ Amber Yang အနေနဲ့ စိုးရိမ်ထိတ်လန့်မှု စဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ထိုစဥ်အချိန်က ၉ တန်းကျောင်းသူ အရွယ် ၊ ဖလော်ရီဒါမှာ နေထိုင်တဲ့ မိန်းကလေးတယောက်အနေနဲ့ ရုပ်ရှင်ဇာတ်ကားထဲက NASA အာကာသယာဥ် ပေါက်ကွဲမှု မှာ အသက်ဘေးက လွတ်မြောက်ဖို့ ကြိုးစားတဲ့ အာကာသယာဥ်မှုးဇာတ်ကောင်တွေ ပုံစံ ကို မျက်စိထဲ မြင်ယောင်နေခဲ့ပါလိမ့်မယ်။  No Merchandising.