မလွတ်မြောက်ခြင်း မှတ်တမ်း(၂၈ ရက်နေ့)

ဒီနေ့က နှစ်ငါးလုံး ရက်ပီးရင် ပြည်လုံးကျွတ်သပိတ်ပုံစံ ထပ်ဖြစ်တဲ့ ရက်။ Milk Tea Alliance – အစပိုင်း ကြားတာ နိုင်ငံ(၄) နိုင်ငံ ၊ နောက်ပိုင်းတော့ (၇) နိုင်ငံ လို့ ပြောကြတယ် – တပြိုင်နက်ထဲ ဆန္ဒထုတ်ဖော်ကြမယ်ဆိုတဲ့ လှုပ်ရှားမှု ဆိုတော့ လမ်းမပေါ်ကို တက်တက်ကြွကြွပြန်တက်လာကြတယ်။ မနေ့ကတော့ မုံရွာ မှာ ပထမဆုံးပြည်သူ့အသက် ပေးလိုက်ရတယ်။ မုံရွာသပိတ်ကိုလဲ အကြမ်းဖက် ဖြိုခွင်းပီး လူတွေကို ဖမ်း၊ ရိုက်နှက်၊ ပစ္စည်းတွေကိုဖျက်စီး – စစ်တပ်နဲ့ရဲ က မင်းမဲ့စရိုက်လို ပြုကျင့်ခဲ့တာ။ ဒီလိုမျိုးလူတွေ ရဲ့ ပါးစပ်က ထွက်တဲ့ ဒီမိုကရေစီဆိုတဲ့ စကားလုံးက ယုံရပါ့မလား။

Visual – Wathanta Aung (Art for Freedom Myanmar Group)

မနက်ပိုင်း

အိမ်ကနေ မနက် ၈ နာရီကျော် စထွက်တာနဲ့တင် ဝန်ကြီးများရုံးနားမှာ စုတဲ့ စစ်ကြောင်းတွေကို မျက်ရည်ယိုဗုံးတွေနဲ့ ဖြိုခွင်းကြောင်း ကြားရတယ်။ Taxi ပေါ်ကနေကို လူငယ်တွေ အုပ်လိုက် နေရာရွေ့နေတာ မြင်ရ ။ ကုန်သည်လမ်း အိန္ဒိယသံရုံးနားကို လမ်းကန့်လန့် လုံးဝ ပိတ်ထားတယ်။ ကမ်းနားလမ်းတလျှောက်တော့ ပိတ်ထားတာ မရှိ။ ကမ်းနားလမ်းကဘက်နေ ဆူးလေဘုရားလမ်းကို လှမ်းကြည့်တော့ ပိတ်ထားတာ မမြင်ရပေမယ့် လူတွေကိုလဲ မရှိဘူး။ ဆူးလေ ကိုက လေးဖက်လေးတန် ပိတ်ပီး အလည်ခေါင်မှာ အလွတ်ထားထားတဲ့ ပုံစံလို့ ထင်တယ်။ ကမ်းနားလမ်းမှာ လမ်းကြောင်းတော်တော်ရှည်တဲ့ ကျောင်းသားစစ်ကြောင်း တွေ့ခဲ့ရသေးတယ်။ ဒါပေမယ့် ဖြတ်နေတုန်းမှာ ကားပေါ်က လူတစ်ယောက်က ကြည့်မြင်တိုင်ဘက်မှာ ပစ်နေပီ လို့ အော်သွားတော့ စစ်ကြောင်း အနောက်ပိုင်းက လူတွေက ရပ်ကုန်တယ်။ ချီတက်လက်စလူတချို့ကလဲ နောက်ပြန်ဆုတ် ၊ နောက်ပြန်ဆုတ် အော်နေကြတော့ ရှေ့ဆုံးက ဦးဆောင်သူတွေ နဲနဲတိုင်ပတ်သွားပုံရတယ်။ ဒီလိုမျိုးနေရာမှာတော့ ဟောင်ကောင်ရဲ့ အချက်ပြပုံစံတွေကို ကျနော်တို့ သေသေချာချာ လေ့ကျင့်ပုံတူ ကူးယူသင့်တယ်။

ဆူးလေဘက်ကနေ ရွှေတိဂုံနားတဝိုက် ဖြတ်လာတော့ လမ်းမှာ လူရောကားရော ရှင်းတယ်။ စစ်သား လဲ မတွေ့ခဲ့ရ။ ဒါပေမယ့် အဲဒီပတ်ဝန်းကျင်က လူနေအိမ်ခြေနည်းတော့ ချီတက်ဖို့ မသင့်တာလဲ ဖြစ်နိုင်တယ်။ မြေနီကုန်းနားမှာတော့ စစ်အင်အားအပြည့်ပဲ ။ ရေကားတွေ ရှိသလို လမ်းကို ဖြတ်ပိတ်ဖို့ စီစဥ်ထားပုံပေါ်တဲ့ စစ်ကားတွေကိုလဲ ဂုန်းကျော်အောက်မှာ ရပ်ထားတာ တွေ့ရတယ်။ အရင်က ကြွေးကြော်သံတွေ ကြွေးကြော်နေကြ၊ Performance တွေပြနေကြ ဂုံးအောက် လမ်းလယ်ကျွန်းတွေမှာတော့ စစ်သားတွေ အစုလိုက် နေရာယူထားတာ တွေ့ရတယ်။ လူငယ်တွေရဲ့ လမ်းဘေးအနုပညာတွေ၊Graffiti တွေကိုလဲ ဒီကောင်တွေ ဖျက်စီးပီးလောက်ပီ။

8:40 – 9:00 AM – ဗားကရာလမ်း Spirit ရှေ့မှာ စစ်သားတွေ တန်းစီနေတာ Taxi ပေါ်ကနေ တွေ့လိုက်တယ်။ လူတွေက အဲဒီအချိန် လမ်းပေါ်ရှိသေးတယ်။
9:30 – 10:00 AM – ဗားကရာလမ်းပေါ်မှာ စစ်သားတွေက တဖြည်းဖြည်း နဲ့ နေရာချဲ့လာတယ်။မျက်ရည်ယိုဗုံး ၊ အသံဗုံးတွေကြောင့် လူတွေက လမ်းကြားတွေထဲ ပြေးဝင်သွားရတယ်။ ၃ ပိုင်း ကွဲသွားတယ်လို့ မြင်တယ်။ ဗားကရာ ဘယ် ညာ ၂ အုပ်စု – ဗားကရာ(ဗဟိုလမ်းဘက်) ၁ အုပ်စု ။ ပုံမှန် အားလုံးပေါင်း ဆို လူ သောင်းချီ ရှိမှာပဲ ။ ဒါပေမယ့် အခု လမ်းကြားတွေထဲ လူစုကွဲသွားတော့ အင်အားပမာဏ က သိပ်မမြင်သာတော့ဘူး။
10:00 – 12:00 AM – ဆက်တိုက် မျက်ရည်ယိုဗုံး နဲ့ ပစ်တာတွေရော၊ ဒိုင်းကာနဲ့ စစ်သားတွေ ပြေးတတ်တာတွေရော ဆက်တိုက်လုပ်တယ်။ ဒီကောင်တွေမှာက လူအင်အား ရှားပါးတယ် ထင်တယ်။ စစ်ကား ၃ စီး ပေါ် ပြန်တက်ပီး နေရာ ရွေ့သွားတယ် ။ အဲဒီနောက် ဗားကရာလမ်း – ကျွန်းတောထောင့် မှာ စစ်သား၊ရဲ ၁၀ ယောက်လောက်ပဲ ကျန်တယ်။
ဒါပေမယ့် လူအုပ်စုက ကျွန်းတောလမ်းအပြည့် ၊ ဗဟိုလမ်းအပြည့် ၊ ဗားကရာလမ်း ညာဘက် အပြည့် ။ စစ်သားတွေက နဲနဲနဲ့ ကြဲကြဲဝိုင်းထားသလိုပဲ ။ မြေနီကုန်း အောက်နဲ့ ဂုန်းပေါ် ရှိတယ်။ ဗားကရာလမ်းပေါ် ၁၀ ယောက်အုပ်စုလေးတွေ ချတာရှိတယ်။ သံရုံးတွေရှေ့မှာ အတားအဆီးပဲ ပိတ်ထားတာ ရှိသလို တချို့ သံရုံးတွေ ရှေ့တော့ ၃ ယောက်အုပ်စုလေးတွေ မြင်ရတယ်။ လက်နက်သာ မရှိပဲ လက်-လက်ချင်းသာဆို အဲကောင်တွေ လက်အုပ်လေးချီပီး တောင်းပန်နေရလောက်ပီ။

၂၈ ရက် အခြေအနေ – Source:Myanmarmap.live

နေ့လည်ပိုင်း

စစ်တပ်ရဲ့ ပစ်ခတ်မှု ကြောင့် လူသေဆုံးမှု သတင်း confirm ဖြစ်တာတွေ စကြားလာရတယ်။ Network Engr နည်းပညာသမားတစ်ယောက် ကိုညီညီ လှည်းတန်းမှာ ဗိုက်ကို ကျည်မှန်ပီး ကျဆုံးသွားတဲ့အကြောင်းတော့ သူ့ profile တွေနဲ့ ဝမ်းနည်းကြောင်း တက်လာတယ်။ အခြား ID confirm မဖြစ်သေးပေမယ့် ပွဲချင်းပီး ကျဆုံးတဲ့ အကြောင်းတွေလဲ Facebook ပေါ်မှာ ဖတ်နေရပီ။

စမ်းချောင်း ဗဟိုလမ်းထဲမှာတော့ မျက်ရည်ယိုဗုံး ကို တနာရီခြား တခါလောက် လူတွေကြား ပစ်ထည့်နေတာ တွေ့တယ်။ လန့်အောင် ဖြစ်လိမ့်မယ်။ လူတွေက မနက်ပိုင်း အနောက်ကို ဝရုန်းသုန်းကား ထွက်ပြေးကြပေမယ့် နေ့လည်ပိုင်းမှာတော့ တည်တည်ငြိမ်ငြိမ်ပဲ ရင်ဆိုင်လာကြတယ်။ မျက်ရည်ယိုဗုံးကို ရေစိုစောင်တွေ နဲ့ လူငယ်တွေက အုပ်တယ်။ ရပ်ကွက် လမ်းထဲကပြည်သူတွေက စောင်တွေ အဝတ်အထည်တွေ ပစ်ချပေးတယ်။ ဗားကရာ – ကျွန်းတော ထိပ်နားက အိမ်အောက်စေ့တိုင်းလိုလို ရေပုံးတွေ ရေအပြည့် ဖြစ်နေတာ တွေ့ရတယ်။ လူတွေ အရှေ့ဆက်မတက်နိုင်ပဲ ဗားကရာလမ်း ဟိုဘက်ဒီဘက် ကွဲနေတဲ့ အင်အားစုကို မပေါင်းနိုင်တာကိုတော့ အားမရပေမယ့် အသက်ဆုံးရှုံးမှု မရှိပဲ ဆန္ဒထုတ်ဖော်နိုင်တာကိုက ကိုယ့်ဘက်က အောင်မြင်မှုပါပဲ။

ဒီစာကို ရေးနေတဲ့ ညနေ(၄) နာရီ အချိန်အတွင်း တနိုင်ငံလုံးမှာ အကြမ်းဖက်နှိမ်နင်းမှုကြောင့် သေဆုံးသူ (၈) ဦးကနေ (၁၀) ဦးအထိ ရှိနိုင်တယ်လို့ သိရတယ်။ အဖမ်းဆီးခံရတာတွေကတော့ ရေတွက်လို့တောင် မရဘူး။ ဆရာဝန်တွေ ၊ အင်ဂျင်နီယာတွေ ၊ ကျောင်းသားတွေ ၊ ပြည်သူတွေ ၊ လူငယ်တွေ ဘေးကင်းကြပါစေ ။ အထိခိုက် ကင်းကြပါစေ ။

အာဏာရူးတွေ လောင်မီးကျကြပါစေ.

အရေးတော်ပုံ မုချ အောင်ရမည်။

Auto-formatters for Python
Project
admin

VSCode တွင် Python Code Formatting စမ်းသပ်ခြင်း

Python Code Formatter tool တွေအကြောင်း (Black , Ruff, etc) ဖတ်ဖူးတာ ကြာပီဆိုပေမယ့် vscode မှာ setup မလုပ်ဖြစ်ဘူး။ ဒီမနက် အစောကြီး နိုးနေတာနဲ့ computer ရှေ့ ထိုင်ရင်း လျှောက်စမ်းရင်း တော်တော်ကြာသွားတယ်။ အကြောင်းရင်းက vscode မှာ သွင်းထားမိတဲ့ pylance က အနီရဲရဲ error message တွေကို ကြာလာတော့ မြင်ရတာအဆင်မပြေတာကြောင့်

Read More »

မလွတ်မြောက်ခြင်း မှတ်တမ်း (အောက်တိုဘာ ၁၀၊၂၀၂၃)

အလုပ်တစ်ခု ရှိတော့ မနက်စောစောထပြီး အလုပ်လုပ်ဖြစ်တယ်။ Youtube မှာ သီချင်းဖွင့်ထားရာကနေ အစ္စရေး-ပါလက်စတိုင်း စစ်ပွဲသတင်းတွေ တက်လာလို့ နားထောင်ဖြစ်သွားတာ။ စစ်ပွဲတွေရဲ့ အစ-အဆုံးက ဘာလဲ။ စစ်ပွဲတွေမှာ တရားသောစစ် ဆိုတာ ရှိသလား။ သေဆုံးသွားကြသူတွေ (စစ်သားတွေပဲ ဖြစ်ဖြစ် ၊ အရပ်သားတွေပဲ ဖြစ်ဖြစ်) – တရားသော နည်းဖြင့် သေဆုံးခြင်း မှ မဟုတ်တာ။ ဒီ အပေါ်စာတပိုဒ် မဆုံးခင်မှာပဲ ဒီ မနက်

Read More »
Buddha Scratch
Fuck the Coup!
admin

မလွတ်မြောက်ခြင်း မှတ်တမ်း (စက်တင်ဘာ ၂၀၊၂၀၂၃)

စိတ်ထဲမှာ တစ်စုံတစ်ရာ ကြောက်ရွံ့ခြင်းကို ခံစားနေရတယ်။ Eminem ရဲ့ Not Afraid သီချင်းကို ဖွင့်ထားတယ်။ မနေ့က mechanical keyboard မွေးနေ့ လက်ဆောင်ရတယ်။ Code ရေးတဲ့ အရည်အသွေးများ ပိုတိုးတက်လာမလားပဲ။ အခုထိ Design Patterns တွေကို နားမလည်သေးဘူး။ နားမလည်ခြင်းရဲ့ အကြောင်းအရင်းက အလေ့အကျင့် (ချရေးကြည့်နေတာ) မဟုတ်လို့ ထင်တာပဲ။ အလုပ် ပရောဂျက်တွေထဲမှာ ထည့်သုံးမယ် လို့ စဥ်းစားပေမယ့်လဲ

Read More »

ဗီယက်နမ် ခရီးမှတ်တမ်း – ၂

August 20,2023 ၉ နာရီ လေယာဥ်ကို ၆နာရီခွဲဝန်းကျင်လောက် လေဆိပ်အရောက်သွားတယ်။ အဲဒီမှာ လူအုပ်ကြီးကို ကြည့်ပြီး ဝရုန်းသုန်းကား စဖြစ်တော့တာပဲ။ ၂ ယောက်ပေါင်းရင် kg 40 ကျော်ရပေမယ့် Luggage တစ်ခုတည်းက 32kg ကျော်နေလို့ ticket counter က စရစ်တယ်။ SGD 60 လောက် အပိုထပ်ပေးပီး kg ဝယ်လိုက်ရတယ်။ luggage တွေ ပစ္စည်းတင်တဲ့ ပတ်လမ်းကြောင်းပေါ်

Read More »