Tech Science Camp in Yangon

မင်္ဂလာပါ။ အသက် (၁၀ နှစ် မှ ၁၆ နှစ်အရွယ်) ကလေးငယ်တွေအတွက် ခရစ်စမတ် ကျောင်းပိတ်ရက်ရှည်များအတွင်း ပြုလုပ်မယ့် ‘Tech Science Camp’ နဲ့ မိတ်ဆက်ပေးလိုပါတယ်။ ဒီ အစီအစဥ်ကတော့ ကလေးငယ်များအနေနဲ့ နှစ်ရက်တာ တက်ရောက်နိုင်မယ့် အခမဲ့ Camp တစ်ခုပါ။  ဒီ Camp မှာ ဘာတွေ သင်ယူနိုင်မလဲ ။  ကလေးငယ်တွေအနေနဲ့ နည်းပညာ ကို ဘယ်လို အကျိုးရှိရှိ အသုံးချလို့ ရမလဲ ဆိုတဲ့ တွေးခေါ်မှုကို အခြေခံပြီး သင်ယူ လေ့လာနိုင်ပါမယ်။ Camp အတွင်း Mentor တွေနဲ့ အတူတူ ဂိမ်းတွေ ကစားကြမယ်။ ပဟေဠိ တွေကို Programming / Coding Logic ကျကျ စဥ်းစားပြီး ဖြေရှင်းကြမယ်။Robotics Kit တွေကို အသုံးချပြီး တည်ဆောက်ပုံ ၊ အသုံးချပုံတွေကို လေ့လာကြပါမယ်။  ဒီ Camp ကို တက်ရောက်ဖို့ ဘာတွေ လိုအပ်သလဲ ။  Register Form ကို ဒီ Link ကနေ တဆင့် သွားရောက်ပြီး ဒီဇင်ဘာလ(၂၇) ရက် မတိုင်မှီ  မိဘ/အုပ်ထိန်းသူ အနေဖြင့် ဖြည့်စွက် လျှောက်ထားဖို့ လိုပါတယ်။Camp တက်ရောက်ဖို့ ရွေးချယ်ခြင်း ခံရမယ် ဆိုရင် ကလေးငယ်အနေနဲ့ ဒီဇင်ဘာလ (၃၁) ရက်နေ့ နဲ့ ဇန်နဝါရီလ (၁) ရက်နေ့တွေမှာ မနက် ၉ နာရီမှ ညနေ ၄ နာရီ အထိ အချိန်ပေး တက်ရောက်နိုင်ရပါမယ်။Camp တက်ရောက်ဖို့ ရွေးချယ်ခြင်း ခံရတဲ့ ကလေးငယ်များ ရဲ့ မိဘ (သို့) အုပ်ထိန်းသူများ အနေနဲ့ ဒီဇင်ဘာလ (၃၁) ရက်နေ့ မနက် ၉ နာရီခွဲ မှ ၁၁ နာရီ အချိန် အတွင်း Camp activity တစ်ခု ဖြစ်သည့် Digital Parenting Session ကို မပျက်မကွက် တက်ရောက်ပေးနိုင်ရပါမယ်။  Camp ကာလ ၂ ရက်တာ အတွင်း အခြား မည်သည့် ကုန်ကျစရိတ် ငွေကြေး ကောက်ခံမည် မဟုတ်ပါ။Camp ကာလ ၂ ရက်တာ အတွင်း