Tech Science Camp in Yangon

AI for Kids

မင်္ဂလာပါ။ 
အသက် (၁၀ နှစ် မှ ၁၆ နှစ်အရွယ်) ကလေးငယ်တွေအတွက် ခရစ်စမတ် ကျောင်းပိတ်ရက်ရှည်များအတွင်း ပြုလုပ်မယ့် ‘Tech Science Camp’ နဲ့ မိတ်ဆက်ပေးလိုပါတယ်။ 
ဒီ အစီအစဥ်ကတော့ ကလေးငယ်များအနေနဲ့ နှစ်ရက်တာ တက်ရောက်နိုင်မယ့် အခမဲ့ Camp တစ်ခုပါ။ 

ဒီ Camp မှာ ဘာတွေ သင်ယူနိုင်မလဲ ။ 

ကလေးငယ်တွေအနေနဲ့ နည်းပညာ ကို ဘယ်လို အကျိုးရှိရှိ အသုံးချလို့ ရမလဲ ဆိုတဲ့ တွေးခေါ်မှုကို အခြေခံပြီး သင်ယူ လေ့လာနိုင်ပါမယ်။ 
Camp အတွင်း Mentor တွေနဲ့ အတူတူ ဂိမ်းတွေ ကစားကြမယ်။
ပဟေဠိ တွေကို Programming / Coding Logic ကျကျ စဥ်းစားပြီး ဖြေရှင်းကြမယ်။
Robotics Kit တွေကို အသုံးချပြီး တည်ဆောက်ပုံ ၊ အသုံးချပုံတွေကို လေ့လာကြပါမယ်။ 

ဒီ Camp ကို တက်ရောက်ဖို့ ဘာတွေ လိုအပ်သလဲ ။ 

  • Register Form ကို ဒီ Link ကနေ တဆင့် သွားရောက်ပြီး ဒီဇင်ဘာလ(၂၇) ရက် မတိုင်မှီ  မိဘ/အုပ်ထိန်းသူ အနေဖြင့် ဖြည့်စွက် လျှောက်ထားဖို့ လိုပါတယ်။
  • Camp တက်ရောက်ဖို့ ရွေးချယ်ခြင်း ခံရမယ် ဆိုရင် ကလေးငယ်အနေနဲ့ ဒီဇင်ဘာလ (၃၁) ရက်နေ့ နဲ့ ဇန်နဝါရီလ (၁) ရက်နေ့တွေမှာ မနက် ၉ နာရီမှ ညနေ ၄ နာရီ အထိ အချိန်ပေး တက်ရောက်နိုင်ရပါမယ်။
  • Camp တက်ရောက်ဖို့ ရွေးချယ်ခြင်း ခံရတဲ့ ကလေးငယ်များ ရဲ့ မိဘ (သို့) အုပ်ထိန်းသူများ အနေနဲ့ ဒီဇင်ဘာလ (၃၁) ရက်နေ့ မနက် ၉ နာရီခွဲ မှ ၁၁ နာရီ အချိန် အတွင်း Camp activity တစ်ခု ဖြစ်သည့် Digital Parenting Session ကို မပျက်မကွက် တက်ရောက်ပေးနိုင်ရပါမယ်။  
  • Camp ကာလ ၂ ရက်တာ အတွင်း အခြား မည်သည့် ကုန်ကျစရိတ် ငွေကြေး ကောက်ခံမည် မဟုတ်ပါ။
  • Camp ကာလ ၂ ရက်တာ အတွင်း နေ့လည်စာ ထောက်ပံ့ခြင်း မရှိပါ။  
  • ယခု Camp တက်ရောက်ရန်အတွက် ကလေးငယ် အယောက် ၂၀ ကိုသာ ရွေးချယ်မှာ ဖြစ်ပါတယ်။ 

(ရွေးချယ်ခံရတဲ့ စာရင်းကို ဒီဇင်ဘာလ(၂၇) ရက်နေ့ ညနေ ပိုင်းမှာ Facebook Page တွင် ကြေငြာမည့် အပြင် မိဘ/အုပ်ထိန်းသူ ၏ email address (သို့) ဖုန်းနံပါတ် သို့လည်း ဆက်သွယ် အကြောင်းကြားပေးမှာ ဖြစ်ပါတယ်။) 

Register Form Linkhttp://bit.ly/techcampygn

Camp Location – 

Japan IT & Business College (JIB College)

No.290, U Wisara Road, ရန်ကုန်

Google Maps Location – https://goo.gl/maps/rsnbfe7LCsfd6thz5

Camp Timeline – 

December 31,2019 – 9:00 AM to 12:00AM & 2:00PM to 4:00PM ,

(For parents) December 31,2019 – 9:30 AM to 11:00 AM ,

January 1,2020 – 9:00 AM to 12:00AM & 2:00PM to 4:00PM ,

Tech Science Camp ကို Share It Forward , Clash of Robots နှင့် JIB College တို့မှ ပူးပေါင်း စီစဥ်ပါသည်။

Auto-formatters for Python
Project
admin

VSCode တွင် Python Code Formatting စမ်းသပ်ခြင်း

Python Code Formatter tool တွေအကြောင်း (Black , Ruff, etc) ဖတ်ဖူးတာ ကြာပီဆိုပေမယ့် vscode မှာ setup မလုပ်ဖြစ်ဘူး။ ဒီမနက် အစောကြီး နိုးနေတာနဲ့ computer ရှေ့ ထိုင်ရင်း လျှောက်စမ်းရင်း တော်တော်ကြာသွားတယ်။ အကြောင်းရင်းက vscode မှာ သွင်းထားမိတဲ့ pylance က အနီရဲရဲ error message တွေကို ကြာလာတော့ မြင်ရတာအဆင်မပြေတာကြောင့်

Read More »

မလွတ်မြောက်ခြင်း မှတ်တမ်း (အောက်တိုဘာ ၁၀၊၂၀၂၃)

အလုပ်တစ်ခု ရှိတော့ မနက်စောစောထပြီး အလုပ်လုပ်ဖြစ်တယ်။ Youtube မှာ သီချင်းဖွင့်ထားရာကနေ အစ္စရေး-ပါလက်စတိုင်း စစ်ပွဲသတင်းတွေ တက်လာလို့ နားထောင်ဖြစ်သွားတာ။ စစ်ပွဲတွေရဲ့ အစ-အဆုံးက ဘာလဲ။ စစ်ပွဲတွေမှာ တရားသောစစ် ဆိုတာ ရှိသလား။ သေဆုံးသွားကြသူတွေ (စစ်သားတွေပဲ ဖြစ်ဖြစ် ၊ အရပ်သားတွေပဲ ဖြစ်ဖြစ်) – တရားသော နည်းဖြင့် သေဆုံးခြင်း မှ မဟုတ်တာ။ ဒီ အပေါ်စာတပိုဒ် မဆုံးခင်မှာပဲ ဒီ မနက်

Read More »
Buddha Scratch
Fuck the Coup!
admin

မလွတ်မြောက်ခြင်း မှတ်တမ်း (စက်တင်ဘာ ၂၀၊၂၀၂၃)

စိတ်ထဲမှာ တစ်စုံတစ်ရာ ကြောက်ရွံ့ခြင်းကို ခံစားနေရတယ်။ Eminem ရဲ့ Not Afraid သီချင်းကို ဖွင့်ထားတယ်။ မနေ့က mechanical keyboard မွေးနေ့ လက်ဆောင်ရတယ်။ Code ရေးတဲ့ အရည်အသွေးများ ပိုတိုးတက်လာမလားပဲ။ အခုထိ Design Patterns တွေကို နားမလည်သေးဘူး။ နားမလည်ခြင်းရဲ့ အကြောင်းအရင်းက အလေ့အကျင့် (ချရေးကြည့်နေတာ) မဟုတ်လို့ ထင်တာပဲ။ အလုပ် ပရောဂျက်တွေထဲမှာ ထည့်သုံးမယ် လို့ စဥ်းစားပေမယ့်လဲ

Read More »

ဗီယက်နမ် ခရီးမှတ်တမ်း – ၂

August 20,2023 ၉ နာရီ လေယာဥ်ကို ၆နာရီခွဲဝန်းကျင်လောက် လေဆိပ်အရောက်သွားတယ်။ အဲဒီမှာ လူအုပ်ကြီးကို ကြည့်ပြီး ဝရုန်းသုန်းကား စဖြစ်တော့တာပဲ။ ၂ ယောက်ပေါင်းရင် kg 40 ကျော်ရပေမယ့် Luggage တစ်ခုတည်းက 32kg ကျော်နေလို့ ticket counter က စရစ်တယ်။ SGD 60 လောက် အပိုထပ်ပေးပီး kg ဝယ်လိုက်ရတယ်။ luggage တွေ ပစ္စည်းတင်တဲ့ ပတ်လမ်းကြောင်းပေါ်

Read More »