ရှာဖွေတွေ့ရှိခြင်း (ဧပြီ ၈) : I’m Over-Explainer
ငလျင်အပြီးမှာ စိတ်ကယောက်ကယက် ပိုဖြစ်လာတာနဲ့အတူ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်မိတာတွေ များလာတယ်။ အဲဒီအထဲမှာမှ ဒီနေ့ သင်ယူလိုက်ရတာတစ်ခုကတော့ ကျနော်က Over-Explainer တစ်ယောက် ဖြစ်နေတာဆိုတာပါ။ မြန်မာလို ဆိုရင်တော့ “လိုရင်း မရောက်တဲ့လူ” လို့ ဘာသာပြန်လို့ ရမယ် ထင်တယ်။ ဒါက စိတ်ကျန်းမာရေးနဲ့ ဆိုင်တဲ့ လက္ခဏာတစ်ခု ဖြစ်တာမို့လို့ ဒါမျိုး အကျင့်စရိုက် ကိုယ့်မှာ ရှိနေလို့ ရှက်ရွံစရာ မလိုပါဘူး။ ကိုယ့်ကိုယ်ကို ပိုနားလည်ပြီး ပြုပြင်သင့်၊ထိန်းချုပ်သင့်တာကို ထိန်းချုပ်တတ်ဖို့က ဒီ မျှဝေခြင်းစာစု ရဲ့ ရည်ရွယ်ချက်ပါ။ တွေ့ရှိခြင်း အစ ဒီနေ့ အလုပ်မှာ ကျနော့် Senior ရေးထားတဲ့ Programming Code ကို Review လုပ်ရတဲ့အခါမှာ အချိန် တစ်နာရီကျော်လောက် အကုန်ခံပြီး ကျနော် စာပိုဒ် အရှည်ကြီး ရေးပေးလိုက်တယ်။ အဲဒီမှာ ကျနော့် Senior က reply ပြန်လာတာ တစ်ကြောင်းထဲ။ “မင်း ပြောနေတာတွေက ယခုအလုပ်ရဲ့ ရည်ရွယ်ချက် scope ပြင်ပ ရောက်နေတယ်” တဲ့ ။ ရုတ်တရက်တော့ ကြောင်သွားတာပေါ့ ။ ပြီးတော့ ကိုယ်က ကြိုးကြိုးစားစား လုပ်ထားပါရက်နဲ့ ဘာကြောင့် အသိအမှတ်မပြုတာလဲ ပေါ့ ။ အဲဒီ အဖြစ်အပျက်အပြီးမှာ Autism From The Inside ဆိုတဲ့ Youtube Channel (https://www.youtube.com/@autismfromtheInside) ကနေ “Are you an over-explainer” ဆိုတဲ့ talk ကို နားထောင်ဖြစ်တယ်။ အဲဒီ Talk ကနေ ကျနော့်အတွက် ကိုယ့်ကိုယ်ကို ပြန်နားလည်စေခဲ့တာပါ။ လက္ခဏာများ Talk ထဲမှာတော့ Over-Explainer တွေက email တွေ အရှည်ကြီး ရေးပြီး ပို့တတ်တာ။ စကားပြောရင် အကြာကြီး ပြောနေမိတာ ။ အကြာကြီး ရှင်းပြနေတာ စသဖြင့် လက္ခဏာတွေ ရှိတယ်လို့ ဆိုပါတယ်။ အဓိကကတော့ ကိုယ်ပြောသမျှ ၊ ရေးသမျှတိုင်းမှာ Because (ဘာကြောင့်) ဆိုတဲ့ ရှင်းပြချက်တွေ ထပ်ထပ်ထည့်နေမိတာပဲ။ ကိုယ့်စိတ်ထဲ ရှိသမျှတွေကို နားထောင်သူ သေသေချာချာ နားလည်စေချင်စိတ် နဲ့ အကုန် ပြောပြနေမိပေမယ့် တကယ်တမ်းကျတော့ အဲဒီလို
ရှာဖွေတွေ့ရှိခြင်း – မတ်လ ၂၇၊၂၀၂၅ ခုနှစ်
ဒီနေ့က အမေ့ မွေးနေ့ ။ မြန်မာပြည်မှာဆိုရင်တော့ တော်လှန်ရေးနေ့ (တပ်မတော်နေ့) ဆိုပြီး ရုံးပိတ်ရက် ဆိုတော့ သတိထားမိတယ်။ အခုကျ သူတပါးနိုင်ငံမှာဆိုတော့ ရုံးပိတ်ရက်လဲ မဟုတ်တော့ သတိမထားလိုက်မိဘူး။ ပထမဆုံး အကြိမ် အမေ့မွေးနေ့ရက်မှာ ရုံးတက်ရတာလို့တောင် ပြောလို့ ရတယ်။ တနေကုန် အလုပ်လုပ် ။ Error တွေတက် ။ ဖျားချင်သလိုလို ဖြစ် ။ စာအုပ်တစ်အုပ် အဆိုတော် ကျားပေါက် ရဲ့ Podcast တစ်ခု ရဲ့ စစချင်းမှာ ညွှန်းတဲ့ စာအုပ်။ သူ ညွှန်းတာကို နားထောင်ပြီး ချက်ချင်းပဲ Internet ပေါ်မှာ ebook + audio ကို ပိုင်းရိတ် ရှာဒေါင်းမိတယ်။ ဒါပေမယ့် တချိန်ချိန် အခွင့်အရေးပေးလာရင်တော့ paperback ကို ဝယ်ကို ဝယ်မှာပါ။ ဒီနေ့ စာအုပ် ကို audio ပါ ဖွင့်လျက် စ ဖတ်ဖြစ်တယ်။ ဖတ်ဖတ်ချင်းမှာပဲ ဒီစာအုပ်က ငါ ဖတ်ကိုဖတ်ရမယ့် စာအုပ် ဆိုတာမျိုး ခံစားမိတယ်။ ဘယ်လောက်တောင်လဲ ဆိုတော့ ဘာသာပြန်ဖို့ပါ စဥ်းစားတယ်။ တက်ကျမ်းမျိုးစုံ ဖတ်ဖူးပေမယ့် ဒီလိုမျိုး ယောက်ျား တစ်ယောက်ကနေ ယောင်္ကျားတွေကို ဘဝဖြတ်သန်းပုံအကြောင်း ရှင်းပြတာမျိုး မရှိဘူးလေ။ အထူးသဖြင့် မြန်မာ ဘာသာစာအုပ်အနေနဲ့ပေါ့။ ဒီရက်ပိုင်းမှာမှ Mental Counselling session တစ်ခုမှာ ပြောဖြစ်သေးတယ်။ ကျနော်က ငယ်ငယ်လေးကတည်းက အထ္ထုပ္ပတ္တိ တွေကြိုက်တော့ အားကျစရာ Idol တွေက အတော်များတယ်။ ဒါပေမယ့် ပြဿနာက စာအုပ်ထဲမှာက ဒီ Idol တွေ ဘယ်လို အောင်မြင်သွားတယ် လို့ပဲ ပါတယ်။ ဒီလူတွေ တရက် ၊ တရက် – နေ့ဓူဝ ပြဿနာတွေကို ဘယ်လို ရင်ဆိုင်တယ် ဆိုတဲ့ နည်းလမ်းတွေကျတော့ မပါဘူး။ အဲဒါဆိုတော့ ကိုယ်က အားကျလို့ copy ကူးချင်ပေမယ့် ၊ ဒီ Idol တွေလို ဖြစ်ချင်ပေမယ့် တကယ်တမ်းကျ ကိုယ့်ဘာသာကိုယ်တောင် ရှာမတွေ့တော့ဘူး ။ အဲဒီအတွက် ဒီစာအုပ်က ဖြေရှင်းနည်း ဖြစ်လာနိုင်လို့တောင် ညွှန်းချင်တယ်။ အဆုံးထိတော့ မဖတ်ရသေးပါဘူး ။ ဒါပေမယ့်
မလွတ်မြောက်ခြင်း မှတ်တမ်း (2024 Reflection)
ဘဝ မှတ်တမ်း နှစ်ဦးပိုင်းမှာ SG က 1 year program တစ်ခုကနေ Certificate ရခဲ့။ အရမ်းကြီး အောင်မြင်ခဲ့တာမျိုး မဟုတ်ပါဘူး။ နောက်ဆုံးပိတ်နားကနေ အောင်ခဲ့တာမျိုးပါပဲ။ Data Engineer ဆိုတာ ကိုယ် လိုချင်နေတဲ့ career တစ်ခုပဲ လို့ ရှာတွေ့ခဲ့တယ်။ နိုင်ငံသစ်တစ်ခုကို ပြောင်းနိုင်ခဲ့။ ကော်ပိုရိတ် တစ်ခုက ပရောဂျက်ကောင်းတစ်ခုမှာ အလုပ်ရခဲ့။ ကြောက်ရွံ့မှုတွေ အိပ်မပျော်တဲ့ ညတွေ များစွာထဲကနေ အခက်အခဲတော်တော်များများ ဒုက္ခ မရောက်ပဲ ဖြတ်သန်းနိုင်ခဲ့တယ်။ သြဂုတ်လကနေ စပြီး လွတ်လပ်မှုအသစ်ကို ခံစားရတာနဲ့အမျှ အသုံးအဖြုန်း ၊ အပျော်အပါးတွေလဲ ပိုများလာခဲ့တယ်။ ဘဝမှာ ပထမဆုံး ကိုယ်ပိုင် ဆိုင်ကယ်တစ်စီး နဲ့ ဖုန်းကောင်းကောင်းတစ်လုံး ဝယ်နိုင်ခဲ့တယ်။ Credit Card စသုံးဖူးခဲ့။ အရာရာက တောသား မြို့ရောက်သလိုပါပဲ။ ဒါပေမယ့် လစာက သိပ်မတိုးလာတဲ့အပြင် အသုံးကတောင် ပိုများလာခဲ့သေးတယ်။ ပထမဆုံး ပြည်ပနိုင်ငံ တစ်ခုရဲ့ driving license ရခဲ့တယ်။ ယဥ်ကျေးမှုအသစ် ၊ ဘာသာစကားအသစ် ၊ နည်းပညာအသစ်တွေကြားထဲမှာ ကိုယ် ဘာကောင်လဲ ဆိုတာတောင် ပျောက်ဆုံးခဲ့သလိုပဲ။ ကိုယ့် identity ကို ပြန်ရှာဖွေဖို့ community works တွေ ပြန်လုပ်ဖို့ စိတ်ကူးရခဲ့တယ်။ ကလေးတွေကို စာသင်ပေးဖြစ်တာတော့ ရပ်သွားသလို English စာလဲ ဆက်မလုပ်ဖြစ်တော့ဘူး။ အချစ်ရေး ပူတူး နဲ့ကြားမှာ ကတောက်ကဆလေးတွေလဲ ရှိခဲ့ပေမယ့် ပြောပလောက်တဲ့အထိ မဟုတ်ခဲ့ပါဘူး။ ဟိုးအရင်က အရမ်းကြောက်တဲ့အချိန်တွေ (ဥပမာ – စာမေးပွဲ ဖြေခါနီး ၊ အင်တာဗျူး ဖြေခါနီး) မှာ အမေ ကို တခဲ့ပေမယ့် အခုတော့ ပူတူးကို တတဲ့ အနေအထား ဖြစ်လာတာပါပဲ။ ၃ ၊ ၄ နှစ်လောက် ပိတ်မိနေတဲ့ စိတ်ရိုင်းတွေကို ရွက်လွင့်တာကနေ ပူတူး ကို ပစ်ထားသလို ဖြစ်ခဲ့တဲ့ ရက်တွေ ရှိတယ်။ တစ်ခါတော့ သူ ငိုတာပါပဲ။ ပူတူး ငိုတာ မြင်ရင် စိတ်ထဲမကောင်းဘူး။ ကိုယ့်ကိုယ်ကို အပြစ်သား တစ်ယောက်လို ခံစားရတယ်။ ၂၀၂၄ ထဲမှာတော့ သူ့မိသားစုတွေနဲ့ ထဲထဲဝင်ဝင် တွေ့ခွင့်ရခဲ့တယ်။ ပူတူး