Home

  • မလွတ်မြောက်ခြင်း မှတ်တမ်း (ဒီဇင်ဘာ ၁၆၊၂၀၂၅)

    Bondi Shooting ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ (ဒီဇင်ဘာ ၁၄) ရက်နေ့က Australia – Bondi ကမ်းခြေမှာ သားအဖ နှစ်ယောက်ကနေ လူအုပ်ထဲကို ပစ်တာတွေ လုပ်တယ်။ အနည်းဆုံး လူ ၁၅ ယောက်လောက် သေဆုံးသွားခဲ့တယ်။ စဥ်းစားနေမိတာက ဒီသားအဖ ရဲ့ ရည်ရွယ်ချက်က Jewish တွေကို လက်စားချေဖို့ ဖြစ်နိုင်တယ် ၊ ဒါမှမဟုတ် မွတ်စလင် (ဂါဇာ က လူတွေရဲ့) ခံစားရမှုကို တုန့်ပြန်တာ ဖြစ်မယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် အပြစ်မဲ့တဲ့လူတွေ သေဆုံးသွားရတာကိုက တရားတဲ့ ၊ မှန်ကန်တဲ့ နည်းလမ်းတော့ မဟုတ်ပါဘူး။ လက်နက်ကိုင် တိုက်ခိုက်မှုတိုင်းမှာ “တရားမျှတမှုကို ယူဆောင်မယ်” ဆိုတဲ့ အတွေးအခေါ် ရှိတယ်။ လက်စားချေလိုမှုကို…

    Read more: မလွတ်မြောက်ခြင်း မှတ်တမ်း (ဒီဇင်ဘာ ၁၆၊၂၀၂၅)
  • အဖိုး

    စွမ်းဇာနည် ရဲ့ “၁၅-မိနစ် အလို” သီချင်းကို ပြန်နားထောင်မိတော့ လွန်ခဲ့တဲ့ ၁၅ နှစ်ကျော် အချိန်ကာလကို ပြန်ရောက်သွားတယ်။ သီချင်းတွေက time traveller လုပ်ပေးနိုင်စွမ်း ရှိတဲ့ အရာတွေထဲက တစ်ခုပဲ။ အဲဒီအချိန်က မော်လိုက်မြို့လေးမှာ လျှပ်စစ်မီး ဆိုတာ မရှိဘူး။ နောက်ပြီး မီးစက် နဲ့ TV ရှိတဲ့ အိမ် ဆိုတာလဲ လက်ချိုးရေလို့ရတယ်။ အဲဒီ လက်ချိုးရေလို့ ရတဲ့ အိမ်အရေအတွက်ထဲမှာက အဖိုး အိမ်က တစ်အိမ် အပါအဝင်ပဲ။ အဖိုး အိမ်မှာက မီးစက်နှိုးပြီး ဇာတ်ကားတွေ ပြတယ်။ လာကြည့်တဲ့သူတွေက အချိုးကျ ပိုက်ဆံ ထည့်ရတဲ့ ပုံစံမျိုးပဲ။ အဲဒါတွေအားလုံးကို ကြီးချော (အန်တီချော) က ဦးဆောင်တယ်။ ညနေဦးပိုင်း…

    Read more: အဖိုး
  • မလွတ်မြောက်ခြင်း မှတ်တမ်း (အောက်တိုဘာ ၃၁ ၊ ၂၀၂၅)

    ဒီတစ်ခေါက် မလွတ်မြောက်ခြင်းအကြောင်းက Social Media အတွက်ပဲ ဖြစ်လိမ့်မယ်။ ဒီရက်ပိုင်း ဖိလစ်ပိုင်နိုင်ငံ က နိုဘယ်ဆုရှင် အမျိုးသမီး သတင်းထောက် Maria Ressa ရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်ကို ဖတ်နေဖြစ်တာ။ မှတ်မှတ်ရရက ဒီစာအုပ်ကို တောင်ပေါ်မြို့လေးတစ်ခုမှာ ဖတ်နေတုန်း ဘေးဝိုင်းမှာ ဖိလစ်ပိုင်စကားပြောသံတွေ ကြားနေရတာပဲ။ Rappler ရုံးကို တခေါက် ရောက်ဖူးပေမယ့် ဆုံခွင့်တော့ မရခဲ့သလို အဲဒီတုန်းကလဲ နိုဘယ်ဆုရှင် ဆိုတာလောက်ပဲ သိတာ။ Ressa အကြောင်း တိတိပပ မသိခဲ့ဘူး။ အခု သူ့စာအုပ် ဖတ်ရင်းနဲ့မှ ဖြတ်သန်းမှုတွေ၊ ဖိလစ်ပိုင်နိုင်ငံ ရဲ့ နိုင်ငံရေးအကြပ်အတည်းတွေ ၊ သတင်းမီဒီယာ (စစ်စစ်)တွေရဲ့ ရုန်းကန်ရမှုတွေ၊ Social Media နဲ့ နည်းပညာ trend…

    Read more: မလွတ်မြောက်ခြင်း မှတ်တမ်း (အောက်တိုဘာ ၃၁ ၊ ၂၀၂၅)
  • မလွတ်မြောက်ခြင်း မှတ်တမ်း (စက်တင်ဘာ ၉ ၊ ၂၀၂၅)

    လက်တလော Medical Checkup လုပ်ထားရတော့ ခေါင်းထဲမှာ ကျန်းမာရေး နဲ့ ပတ်သတ်တဲ့ အတွေးတွေ ဝင်နေတယ်။ ရှင်သန်ခဲ့ရတဲ့ ပတ်ဝန်းကျင် ၊ နေ့စဥ်နေထိုင်မှုပုံစံတွေကြောင့် ဒီ ခန္ဓာကိုယ်ကြီးက အသက် ၃၀ မှာတင် ပျက်စီးစပြုနေပြီ။ ပြင်ချင်စိတ် ရှိတာမှန်ပေမယ့် တကယ်ပြင်ဖြစ်သလား ဆိုတာက နောက် ၁၀ နှစ်လောက် နေရင် ခန္ဓာကိုယ်က အဖြေပေးတော့မှာ။ ဒီ blog က ရုံးမှာ အလုပ်မရှိလို့ စာထိုင်ဖတ်နေရင်း ရေးချင်စိတ် ဖြစ်တာနဲ့ ရေးမိတယ်။ ဖတ်ဖြစ်တာက Calling Bullshit ဆိုတဲ့ စာအုပ်။ ကိုယ်လဲ နည်းပညာသမားပဲမို့ အင်တာနက် ကမ္ဘာမှာ ကိုယ်တွေဘဝက နယ်ရုပ်အဆင့်ပဲ ဆိုတာတော့ နားလည်ထားပြီးသား။ အခု ဖတ်သလောက်မှာတော့ ဒီစာအုပ်က…

    Read more: မလွတ်မြောက်ခြင်း မှတ်တမ်း (စက်တင်ဘာ ၉ ၊ ၂၀၂၅)
  • ရှာဖွေတွေ့ရှိခြင်း (ဧပြီ ၈) : I’m Over-Explainer

    ငလျင်အပြီးမှာ စိတ်ကယောက်ကယက် ပိုဖြစ်လာတာနဲ့အတူ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်မိတာတွေ များလာတယ်။ အဲဒီအထဲမှာမှ ဒီနေ့ သင်ယူလိုက်ရတာတစ်ခုကတော့ ကျနော်က Over-Explainer တစ်ယောက် ဖြစ်နေတာဆိုတာပါ။ မြန်မာလို ဆိုရင်တော့ “လိုရင်း မရောက်တဲ့လူ” လို့ ဘာသာပြန်လို့ ရမယ် ထင်တယ်။ ဒါက စိတ်ကျန်းမာရေးနဲ့ ဆိုင်တဲ့ လက္ခဏာတစ်ခု ဖြစ်တာမို့လို့ ဒါမျိုး အကျင့်စရိုက် ကိုယ့်မှာ ရှိနေလို့ ရှက်ရွံစရာ မလိုပါဘူး။ ကိုယ့်ကိုယ်ကို ပိုနားလည်ပြီး ပြုပြင်သင့်၊ထိန်းချုပ်သင့်တာကို ထိန်းချုပ်တတ်ဖို့က ဒီ မျှဝေခြင်းစာစု ရဲ့ ရည်ရွယ်ချက်ပါ။ တွေ့ရှိခြင်း အစ ဒီနေ့ အလုပ်မှာ ကျနော့် Senior ရေးထားတဲ့ Programming Code ကို Review လုပ်ရတဲ့အခါမှာ အချိန် တစ်နာရီကျော်လောက် အကုန်ခံပြီး…

    Read more: ရှာဖွေတွေ့ရှိခြင်း (ဧပြီ ၈) : I’m Over-Explainer
  • ရှာဖွေတွေ့ရှိခြင်း – မတ်လ ၂၇၊၂၀၂၅ ခုနှစ်

    ဒီနေ့က အမေ့ မွေးနေ့ ။ မြန်မာပြည်မှာဆိုရင်တော့ တော်လှန်ရေးနေ့ (တပ်မတော်နေ့) ဆိုပြီး ရုံးပိတ်ရက် ဆိုတော့ သတိထားမိတယ်။ အခုကျ သူတပါးနိုင်ငံမှာဆိုတော့ ရုံးပိတ်ရက်လဲ မဟုတ်တော့ သတိမထားလိုက်မိဘူး။ ပထမဆုံး အကြိမ် အမေ့မွေးနေ့ရက်မှာ ရုံးတက်ရတာလို့တောင် ပြောလို့ ရတယ်။ တနေကုန် အလုပ်လုပ် ။ Error တွေတက် ။ ဖျားချင်သလိုလို ဖြစ် ။ စာအုပ်တစ်အုပ် အဆိုတော် ကျားပေါက် ရဲ့ Podcast တစ်ခု ရဲ့ စစချင်းမှာ ညွှန်းတဲ့ စာအုပ်။ သူ ညွှန်းတာကို နားထောင်ပြီး ချက်ချင်းပဲ Internet ပေါ်မှာ ebook + audio ကို ပိုင်းရိတ် ရှာဒေါင်းမိတယ်။ ဒါပေမယ့် တချိန်ချိန်…

    Read more: ရှာဖွေတွေ့ရှိခြင်း – မတ်လ ၂၇၊၂၀၂၅ ခုနှစ်