-
ရှာဖွေတွေ့ရှိခြင်း (ဧပြီ ၈) : I’m Over-Explainer
Read more: ရှာဖွေတွေ့ရှိခြင်း (ဧပြီ ၈) : I’m Over-Explainerငလျင်အပြီးမှာ စိတ်ကယောက်ကယက် ပိုဖြစ်လာတာနဲ့အတူ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်မိတာတွေ များလာတယ်။ အဲဒီအထဲမှာမှ ဒီနေ့ သင်ယူလိုက်ရတာတစ်ခုကတော့ ကျနော်က Over-Explainer တစ်ယောက် ဖြစ်နေတာဆိုတာပါ။ မြန်မာလို ဆိုရင်တော့ “လိုရင်း မရောက်တဲ့လူ” လို့ ဘာသာပြန်လို့ ရမယ် ထင်တယ်။ ဒါက စိတ်ကျန်းမာရေးနဲ့ ဆိုင်တဲ့ လက္ခဏာတစ်ခု ဖြစ်တာမို့လို့ ဒါမျိုး အကျင့်စရိုက် ကိုယ့်မှာ ရှိနေလို့ ရှက်ရွံစရာ မလိုပါဘူး။ ကိုယ့်ကိုယ်ကို ပိုနားလည်ပြီး ပြုပြင်သင့်၊ထိန်းချုပ်သင့်တာကို ထိန်းချုပ်တတ်ဖို့က ဒီ မျှဝေခြင်းစာစု ရဲ့ ရည်ရွယ်ချက်ပါ။ တွေ့ရှိခြင်း အစ ဒီနေ့ အလုပ်မှာ ကျနော့် Senior ရေးထားတဲ့ Programming Code ကို Review လုပ်ရတဲ့အခါမှာ အချိန် တစ်နာရီကျော်လောက် အကုန်ခံပြီး…
-
ရှာဖွေတွေ့ရှိခြင်း – မတ်လ ၂၇၊၂၀၂၅ ခုနှစ်
Read more: ရှာဖွေတွေ့ရှိခြင်း – မတ်လ ၂၇၊၂၀၂၅ ခုနှစ်ဒီနေ့က အမေ့ မွေးနေ့ ။ မြန်မာပြည်မှာဆိုရင်တော့ တော်လှန်ရေးနေ့ (တပ်မတော်နေ့) ဆိုပြီး ရုံးပိတ်ရက် ဆိုတော့ သတိထားမိတယ်။ အခုကျ သူတပါးနိုင်ငံမှာဆိုတော့ ရုံးပိတ်ရက်လဲ မဟုတ်တော့ သတိမထားလိုက်မိဘူး။ ပထမဆုံး အကြိမ် အမေ့မွေးနေ့ရက်မှာ ရုံးတက်ရတာလို့တောင် ပြောလို့ ရတယ်။ တနေကုန် အလုပ်လုပ် ။ Error တွေတက် ။ ဖျားချင်သလိုလို ဖြစ် ။ စာအုပ်တစ်အုပ် အဆိုတော် ကျားပေါက် ရဲ့ Podcast တစ်ခု ရဲ့ စစချင်းမှာ ညွှန်းတဲ့ စာအုပ်။ သူ ညွှန်းတာကို နားထောင်ပြီး ချက်ချင်းပဲ Internet ပေါ်မှာ ebook + audio ကို ပိုင်းရိတ် ရှာဒေါင်းမိတယ်။ ဒါပေမယ့် တချိန်ချိန်…
-
မလွတ်မြောက်ခြင်း မှတ်တမ်း (2024 Reflection)
Read more: မလွတ်မြောက်ခြင်း မှတ်တမ်း (2024 Reflection)ဘဝ မှတ်တမ်း နှစ်ဦးပိုင်းမှာ SG က 1 year program တစ်ခုကနေ Certificate ရခဲ့။ အရမ်းကြီး အောင်မြင်ခဲ့တာမျိုး မဟုတ်ပါဘူး။ နောက်ဆုံးပိတ်နားကနေ အောင်ခဲ့တာမျိုးပါပဲ။ Data Engineer ဆိုတာ ကိုယ် လိုချင်နေတဲ့ career တစ်ခုပဲ လို့ ရှာတွေ့ခဲ့တယ်။ နိုင်ငံသစ်တစ်ခုကို ပြောင်းနိုင်ခဲ့။ ကော်ပိုရိတ် တစ်ခုက ပရောဂျက်ကောင်းတစ်ခုမှာ အလုပ်ရခဲ့။ ကြောက်ရွံ့မှုတွေ အိပ်မပျော်တဲ့ ညတွေ များစွာထဲကနေ အခက်အခဲတော်တော်များများ ဒုက္ခ မရောက်ပဲ ဖြတ်သန်းနိုင်ခဲ့တယ်။ သြဂုတ်လကနေ စပြီး လွတ်လပ်မှုအသစ်ကို ခံစားရတာနဲ့အမျှ အသုံးအဖြုန်း ၊ အပျော်အပါးတွေလဲ ပိုများလာခဲ့တယ်။ ဘဝမှာ ပထမဆုံး ကိုယ်ပိုင် ဆိုင်ကယ်တစ်စီး နဲ့ ဖုန်းကောင်းကောင်းတစ်လုံး ဝယ်နိုင်ခဲ့တယ်။ Credit…
-
မလွတ်မြောက်ခြင်း မှတ်တမ်း (ဒီဇင်ဘာ ၁၃ ၊ ၂၀၂၄)
Read more: မလွတ်မြောက်ခြင်း မှတ်တမ်း (ဒီဇင်ဘာ ၁၃ ၊ ၂၀၂၄)မကြာခင် ၂၀၂၄ နှစ်ကုန်လို့ ၂၀၂၅ ထဲ ရောက်တော့မယ်။ ဒီဘက်ကို ရောက်ပီးကတည်းက blog ပေါ် သိပ်မရေးဖြစ်တာ ကြာပီ။ လွတ်လပ်ခြင်းရဲ့ အောက်မှာ အပျော်အပါးမက်နေတာကြောင့်လဲ ပါပါတယ်။ ဘဝမေ့နေသလို ဖြစ်လို့ ဟိုးအရင်က ရေးခဲ့ဖူးတဲ့ ပိုစ့်အဟောင်းတွေ ပြန်ဖတ်ပီး မွန်းကြပ်မှုတွေကို ပြန်အမှတ်ရမှ ဖြစ်မယ်။ နှစ်တနှစ်ကုန်တော့ အသက် တစ်နှစ်လဲ ကြီးလာပြန်ပီပေါ့။ ကျန်းမာရေး ဒီရက်ပိုင်း ဦးလေးတစ်ယောက် ကင်ဆာ ဖြစ်တဲ့ သတင်းကြားရပီး ခေါင်းထဲမှာ ကျန်းမာရေး အကြောင်းတွေ ဝင်နေတယ်။ အခု ဒီစာရေးရင်းတောင် မျက်လုံးက ဝါးသလို ဖြစ်နေတော့ မျက်မှန်တပ်ရမလား တွေးနေတာ။ အကယ်တော့ လမ်းပုံမှန် လျှောက်သင့်တာ။ ဒါပေမယ့် ဝီရိယ နဲ့ ဇွဲ ပျောက်နေတော့ လုပ်သင့်တာကို…
-
မလွတ်မြောက်ခြင်း မှတ်တမ်း (အောက်တိုဘာ ၈ ၊ ၂၀၂၄)
Read more: မလွတ်မြောက်ခြင်း မှတ်တမ်း (အောက်တိုဘာ ၈ ၊ ၂၀၂၄)မနေ့ (အောက်တိုဘာ ၇ ရက်နေ့) မနက်ပိုင်း ၃ နာရီလောက်မှာ မန်းလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်တယ်။ ဗမာစစ်တပ်က သေလုဆဲဆဲမှ လွတ်ငြိမ်းခွင့် လာဖတ်ပြသွားတယ် တဲ့ ။ ဖေ့ဘုတ်မှာတော့ ဝမ်းနည်းကြောင်းတွေ ပလူတွေ ပျံလို့ပေါ့ ။ ကိုယ်လဲ တစ်ခုခု ရေးချင်တာနဲ့ ဒီ ပိုစ့်ရေးဖြစ်တာ။ ဒေါက်ဇော်နဲ့ ပတ်သတ်တဲ့ အင်တာဗျူးတွေ နားထောင်လိုက်နားထောင်ဖြစ်တယ်။ ပြီးတော့ အဘဦးဝင်းတင် ရဲ့ “ဘာလဲဟဲ့ လူ့ငရဲ” စာအုပ် ပြန်ဖတ်ဖြစ်တယ်။ စာအုပ်တွေထဲက နိုင်ကျဥ်းတွေဘဝက ကိုယ်တွေ သူငယ်ချင်းတွေ ရင်ဆိုင်နေရတဲ့ ဘဝတွေလို့ အစားထိုး တွေးဖြစ်တယ်။ တိုင်းတပါး မှာ နေနေရလို့ လွတ်မြောက်သလို ဖြစ်နေပေမယ့် ဒီစာအုပ်အနီတစ်အုပ် ရဲ့ သားကောင်တော့ ဖြစ်နေဆဲပဲ။…
-
ကော်ပိုရိတ် မှတ်တမ်း – August 29, 2024
Read more: ကော်ပိုရိတ် မှတ်တမ်း – August 29, 2024အလုပ်သစ်မှာ ပထမဆုံး PR submit တဲ့ နေ့ ဖြစ်နေတာရော ၊ PR ကနေ error တက်ပီး ညနေပိုင်း အလုပ်မရှိတော့တာရောကြောင့် ဒီစာ ရေးဖြစ်တာ။ ဒီတခါတော့ startup environment ကနေ coporate ကို ပြောင်းတဲ့အခါမှာ ကြုံရတဲ့ ခံစားချက် (culture shock) ကိုလဲ မှတ်တမ်းတင်ချင်လို့ ။ ကြိုးနီစနစ် Startup မှာတော့ error/bug တစ်ခုခု ကြုံတာနဲ့ ဘယ်သူ့ကိုမဆို calendar ကြည့်ပြီး slack ကနေ msg ပို့ ၊ meeting ချိန်းပြီး ဖြေရှင်းလိုက်လို့ ရတယ်။ Corporate ရောက်တဲ့အခါကျ (ရောက်ခါစ ဖြစ်နေတာရော) Team တွေ အများကြီး…