Home

  • မလွတ်မြောက်ခြင်း မှတ်တမ်း (အောက်တိုဘာ ၈ ၊ ၂၀၂၄)

    မနေ့ (အောက်တိုဘာ ၇ ရက်နေ့) မနက်ပိုင်း ၃ နာရီလောက်မှာ မန်းလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်တယ်။ ဗမာစစ်တပ်က သေလုဆဲဆဲမှ လွတ်ငြိမ်းခွင့် လာဖတ်ပြသွားတယ် တဲ့ ။ ဖေ့ဘုတ်မှာတော့ ဝမ်းနည်းကြောင်းတွေ ပလူတွေ ပျံလို့ပေါ့ ။ ကိုယ်လဲ တစ်ခုခု ရေးချင်တာနဲ့ ဒီ ပိုစ့်ရေးဖြစ်တာ။ ဒေါက်ဇော်နဲ့ ပတ်သတ်တဲ့ အင်တာဗျူးတွေ နားထောင်လိုက်နားထောင်ဖြစ်တယ်။ ပြီးတော့ အဘဦးဝင်းတင် ရဲ့ “ဘာလဲဟဲ့ လူ့ငရဲ” စာအုပ် ပြန်ဖတ်ဖြစ်တယ်။ စာအုပ်တွေထဲက နိုင်ကျဥ်းတွေဘဝက ကိုယ်တွေ သူငယ်ချင်းတွေ ရင်ဆိုင်နေရတဲ့ ဘဝတွေလို့ အစားထိုး တွေးဖြစ်တယ်။ တိုင်းတပါး မှာ နေနေရလို့ လွတ်မြောက်သလို ဖြစ်နေပေမယ့် ဒီစာအုပ်အနီတစ်အုပ် ရဲ့ သားကောင်တော့ ဖြစ်နေဆဲပဲ။…

    Read more: မလွတ်မြောက်ခြင်း မှတ်တမ်း (အောက်တိုဘာ ၈ ၊ ၂၀၂၄)
  • ကော်ပိုရိတ် မှတ်တမ်း – August 29, 2024

    အလုပ်သစ်မှာ ပထမဆုံး PR submit တဲ့ နေ့ ဖြစ်နေတာရော ၊ PR ကနေ error တက်ပီး ညနေပိုင်း အလုပ်မရှိတော့တာရောကြောင့် ဒီစာ ရေးဖြစ်တာ။ ဒီတခါတော့ startup environment ကနေ coporate ကို ပြောင်းတဲ့အခါမှာ ကြုံရတဲ့ ခံစားချက် (culture shock) ကိုလဲ မှတ်တမ်းတင်ချင်လို့ ။ ကြိုးနီစနစ် Startup မှာတော့ error/bug တစ်ခုခု ကြုံတာနဲ့ ဘယ်သူ့ကိုမဆို calendar ကြည့်ပြီး slack ကနေ msg ပို့ ၊ meeting ချိန်းပြီး ဖြေရှင်းလိုက်လို့ ရတယ်။ Corporate ရောက်တဲ့အခါကျ (ရောက်ခါစ ဖြစ်နေတာရော) Team တွေ အများကြီး…

    Read more: ကော်ပိုရိတ် မှတ်တမ်း – August 29, 2024
  • ကော်ပိုရိတ် မှတ်တမ်း – Aug 23, 2024

    အလုပ်ထဲ ဝင်ခဲ့တာ အခုဆို ၂ ပတ်ကျော်ကျော်လောက်ပေါ့ ။ ကြိုးနီစနစ်တွေ ၊ ဆင့်ကဲ ခွင့်ပြုချက်တွေနဲ့ ဘာအလုပ်မှတောင် မစရသေးဘူး။ ဒါပေမယ့် ဒီ ၂ ပတ်အတွင်းမှာတော့ တွေ့ရ ကြုံရတာတွေကြောင့် စိတ်ထဲမှာ စကားလုံးတွေ အများကြီး ဖြစ်နေတာ။ ဒါကြောင့်လဲ ချရေးဖြစ်တာပါ။ ပထမဆုံး စာကြောင်းကတော့ – “ငါ ဘာမှ မသိသေးဘူး” ဆိုတာပဲ ။ အခုထိ အစည်းအဝေးတွေ ဝင်တက်ပေမယ့် ပြောသမျှ ရဲ့ ၁၀ ရာခိုင်နှုန်းတောင် နားမလည်ချင်သေးဘူး။ ကိုယ့်အတွက်က ဒါမျိုး Codebase / Dev environment မှာမှ တစ်ခါမှ အလုပ်မလုပ်ခဲ့ဖူးတာ ။ အရာရာ အသစ်တွေချည်းပဲ။ နည်းပညာအသုံးအနှုန်းတွေ ၊ တယောက်နဲ့တယောက်…

    Read more: ကော်ပိုရိတ် မှတ်တမ်း – Aug 23, 2024
  • မလွတ်မြောက်ခြင်း မှတ်တမ်း (ဇူလိုင် ၂၄ ၊ ၂၀၂၄)

    ဒီနေ့ ချစ်သူလေးရဲ့ မွေးနေ့ ။ မနက်စောစောစီးစီး စိတ်ကောက်နေသေးရဲ့ ။ ဒါပေမယ့် ကြိုတင်ပြင်ဆင်မှု ကောင်းတာကြောင့် မနက်စာ စားနေရင်း Birthday Cake surprise အစီအစဥ်လေး အဆင်ပြေပြေ ပြီးသွားတယ်။ တိုက်တိုက်ဆိုင်ဆိုင် မြန်မာ အဖွဲ့တစ်ဖွဲ့လဲ ရောက်နေတော့ သူတို့က Birthday Song လိုက်ဆိုပေးကြတယ်။ သူတို့ကို cake မကျွေးလိုက်ရတာတော့ စိတ်မကောင်းဘူး။ ဒါပေမယ့် မနက်စာစားရင်း ဆုံတဲ့ UK tourist စုံတွဲ ကိုတော့ ကျွေးဖြစ်လိုက်တယ်။ မနေ့ တညတာ မနေ့ညနေပိုင်းက Mon Jam ဥယျာဥ်ကို ရောက်သွားခဲ့တယ်။ အစက လမ်းလျှောက်သွားဖို့ အားခဲထားတာ။ မလျှောက်ဖြစ်ခဲ့တာလဲ ကောင်းပါတယ်လေ။ ၁၂ မိနစ် လမ်းလျှောက်ခရီးက နဲနဲဝေးသလို တောင်တက်…

    Read more: မလွတ်မြောက်ခြင်း မှတ်တမ်း (ဇူလိုင် ၂၄ ၊ ၂၀၂၄)
  • မလွတ်မြောက်ခြင်း မှတ်တမ်း (ဇူလိုင် ၂၃ ၊ ၂၀၂၄)

    စတင်ခြင်း ချင်းမိုင် ကနေ တစ်နာရီလောက် စီးရတဲ့ Mon Jam ဆိုတဲ့ နေရာ (ရွာလို့ပဲ ဆိုပါစို့) ရောက်နေတယ်။ နေ့လည် ၁၁ နာရီခွဲ လောက်ကနေ ကားစီးလာခဲ့လိုက်တာ နေ့လည် ၁ နာရီ မထိုးခင်လောက် ရောက်တယ်။ ကားဂိတ် မှာ မစောင့်ခင် အဲဒီနားက Big C Market ကနေ အစားအသောက် ၊ wine ၊ ဘီယာ ၂ ဘူး ဝယ်လာခဲ့လိုက်တယ်။ Eden Resort ဆိုတဲ့ cafe မှာ Van ကားက ရပ်ပေးတယ်။ အဲဒီမှာ Mocha တစ်ခွက် နဲ့ ထမင်း ၂ ပွဲ မှာစားရင်း တည်းမယ့်…

    Read more: မလွတ်မြောက်ခြင်း မှတ်တမ်း (ဇူလိုင် ၂၃ ၊ ၂၀၂၄)
  • မလွတ်မြောက်ခြင်း မှတ်တမ်း (မေ ၃၁၊၂၀၂၄)

    I wrote this blog after reading 20 Years of Blogging post found from HN. အခြေအနေ Facebook ကို ပြည်တွင်းမှာ လုံးဝ သုံးမရအောင် စစ်တပ်ဘက်က ကိုင်တွယ်လိုက်နိုင်ဟန် တူတယ်။ အခြား alternatives (e.g : Bluesky, Mustondon) တွေကလဲ သာမန်ပြည်သူတွေကြားမှာ မတွင်ကျယ်တော့ Facebook သုံးမရတဲ့ case က တော်တော်ကြီး သက်ရောက်မှု ရှိမယ်။ Telegram သုံးလို့ ရနေသေးရင်တော့ အဲဒီပေါ်မှာ ရွှေ့လာနိုင်တယ်။ ပြီးခဲ့တဲ့လက ဗမာစစ်တပ်ရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ရှိခဲ့တယ်။ ဘုန်းကြီးကျောင်းမှာ ပုန်းနေတဲ့ ရွာသူ၊ရွာသားတွေထဲမှာ ယောင်္ကျားတွေချည်း အပြင်ရွေးထုတ်ခေါ်ပြီး သတ်သွားတာ။…

    Read more: မလွတ်မြောက်ခြင်း မှတ်တမ်း (မေ ၃၁၊၂၀၂၄)