မလွတ်မြောက်ခြင်း မှတ်တမ်း (စက်တင်ဘာ ၉ ၊ ၂၀၂၅)

လက်တလော Medical Checkup လုပ်ထားရတော့ ခေါင်းထဲမှာ ကျန်းမာရေး နဲ့ ပတ်သတ်တဲ့ အတွေးတွေ ဝင်နေတယ်။ ရှင်သန်ခဲ့ရတဲ့ ပတ်ဝန်းကျင် ၊ နေ့စဥ်နေထိုင်မှုပုံစံတွေကြောင့် ဒီ ခန္ဓာကိုယ်ကြီးက အသက် ၃၀ မှာတင် ပျက်စီးစပြုနေပြီ။ ပြင်ချင်စိတ် ရှိတာမှန်ပေမယ့် တကယ်ပြင်ဖြစ်သလား ဆိုတာက နောက် ၁၀ နှစ်လောက် နေရင် ခန္ဓာကိုယ်က အဖြေပေးတော့မှာ။ ဒီ blog က ရုံးမှာ အလုပ်မရှိလို့ စာထိုင်ဖတ်နေရင်း ရေးချင်စိတ် ဖြစ်တာနဲ့ ရေးမိတယ်။ ဖတ်ဖြစ်တာက Calling Bullshit ဆိုတဲ့ စာအုပ်။ ကိုယ်လဲ နည်းပညာသမားပဲမို့ အင်တာနက် ကမ္ဘာမှာ ကိုယ်တွေဘဝက နယ်ရုပ်အဆင့်ပဲ ဆိုတာတော့ နားလည်ထားပြီးသား။ အခု ဖတ်သလောက်မှာတော့ ဒီစာအုပ်က အဲဒီအကြောင်းကို ဥပမာတွေ၊တင်စားချက်တွေနဲ့ ရှင်းပြတာပါပဲ။ ဆိုလိုရင်းကတော့ Internet is bullshit ဆိုတာ။ “ငါတို့ခေတ်ရဲ့အတော်ဆုံး ဦးနှောက်တွေက လူတွေကို ads ဘယ်လို ရောင်းမလဲ (သူတို့ platform ပေါ်မှာ ကြာကြာနေအောင်) ဆိုတာကို အာရုံစိုက်တာ မြင်ရတာ ဝမ်းနည်းစရာပဲ” ဆိုတဲ့ ပြောစကားမျိုးက စဥ်းစားစရာ ပေးတယ်။ မြန်မာပြည်မှာ အခု Youtube/Facebook တွေမှာ လူတွေ စိတ်ဝင်စားအောင် လုပ်နေတဲ့ Fake news တွေ (အထူးသဖြင့် နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေက) Political Propoganda ဆိုတာထက် အဲဒီကနေ ပိုက်ဆံ(အမြောက်အမြား)ရနိုင်တဲ့ အခြေအနေကြောင့်လဲ ဖြစ်နိုင်တယ်။ လုပ်တဲ့သူအတွက်ကတော့ win-win situation ပဲပေါ့ ။ Propoganda အနေနဲ့ ဖြန့်ရရင်လဲ အဲဒီအတွက် ပိုက်ဆံရတာရော ၊ Viewer တွေ ထောင်ချီဝင်လာလို့ ပိုက်ဆံရတာရော။ စဥ်းစားစရာတွေ အရင်ခေတ်က သတင်းစာတစောင်ဖတ်ရဖို့ တော်တော်ခက်ခဲခဲ့လိမ့်မယ်။ အခုကတော့ လူတိုင်း CJ ဖြစ်နိုင်နေတယ်။ အဲဒီမှာ ရှိသင့်၊ရှိထိုက်တဲ့ ethics တွေ အကုန်သွားတာပဲ။ Fake News နဲ့ ပတ်သတ်ပြီး စဥ်းစားစရာ ၂ ခုလဲ ရတယ်။ Freedom of Speech အပိုင်း နဲ့ Fake News ဟုတ်/မဟုတ် ဆိုတာကို ဘယ်သူက ဆုံးဖြတ်မလဲ ဆိုတာပဲ။