မလွတ်မြောက်ခြင်း မှတ်တမ်း (2024 Reflection)

ဘဝ မှတ်တမ်း နှစ်ဦးပိုင်းမှာ SG က 1 year program တစ်ခုကနေ Certificate ရခဲ့။ အရမ်းကြီး အောင်မြင်ခဲ့တာမျိုး မဟုတ်ပါဘူး။ နောက်ဆုံးပိတ်နားကနေ အောင်ခဲ့တာမျိုးပါပဲ။ Data Engineer ဆိုတာ ကိုယ် လိုချင်နေတဲ့ career တစ်ခုပဲ လို့ ရှာတွေ့ခဲ့တယ်။ နိုင်ငံသစ်တစ်ခုကို ပြောင်းနိုင်ခဲ့။ ကော်ပိုရိတ် တစ်ခုက ပရောဂျက်ကောင်းတစ်ခုမှာ အလုပ်ရခဲ့။ ကြောက်ရွံ့မှုတွေ အိပ်မပျော်တဲ့ ညတွေ များစွာထဲကနေ အခက်အခဲတော်တော်များများ ဒုက္ခ မရောက်ပဲ ဖြတ်သန်းနိုင်ခဲ့တယ်။ သြဂုတ်လကနေ စပြီး လွတ်လပ်မှုအသစ်ကို ခံစားရတာနဲ့အမျှ အသုံးအဖြုန်း ၊ အပျော်အပါးတွေလဲ ပိုများလာခဲ့တယ်။ ဘဝမှာ ပထမဆုံး ကိုယ်ပိုင် ဆိုင်ကယ်တစ်စီး နဲ့ ဖုန်းကောင်းကောင်းတစ်လုံး ဝယ်နိုင်ခဲ့တယ်။ Credit Card စသုံးဖူးခဲ့။ အရာရာက တောသား မြို့ရောက်သလိုပါပဲ။ ဒါပေမယ့် လစာက သိပ်မတိုးလာတဲ့အပြင် အသုံးကတောင် ပိုများလာခဲ့သေးတယ်။ ပထမဆုံး ပြည်ပနိုင်ငံ တစ်ခုရဲ့ driving license ရခဲ့တယ်။ ယဥ်ကျေးမှုအသစ် ၊ ဘာသာစကားအသစ် ၊ နည်းပညာအသစ်တွေကြားထဲမှာ ကိုယ် ဘာကောင်လဲ ဆိုတာတောင် ပျောက်ဆုံးခဲ့သလိုပဲ။ ကိုယ့် identity ကို ပြန်ရှာဖွေဖို့ community works တွေ ပြန်လုပ်ဖို့ စိတ်ကူးရခဲ့တယ်။ ကလေးတွေကို စာသင်ပေးဖြစ်တာတော့ ရပ်သွားသလို English စာလဲ ဆက်မလုပ်ဖြစ်တော့ဘူး။ အချစ်ရေး ပူတူး နဲ့ကြားမှာ ကတောက်ကဆလေးတွေလဲ ရှိခဲ့ပေမယ့် ပြောပလောက်တဲ့အထိ မဟုတ်ခဲ့ပါဘူး။ ဟိုးအရင်က အရမ်းကြောက်တဲ့အချိန်တွေ (ဥပမာ – စာမေးပွဲ ဖြေခါနီး ၊ အင်တာဗျူး ဖြေခါနီး) မှာ အမေ ကို တခဲ့ပေမယ့် အခုတော့ ပူတူးကို တတဲ့ အနေအထား ဖြစ်လာတာပါပဲ။ ၃ ၊ ၄ နှစ်လောက် ပိတ်မိနေတဲ့ စိတ်ရိုင်းတွေကို ရွက်လွင့်တာကနေ ပူတူး ကို ပစ်ထားသလို ဖြစ်ခဲ့တဲ့ ရက်တွေ ရှိတယ်။ တစ်ခါတော့ သူ ငိုတာပါပဲ။ ပူတူး ငိုတာ မြင်ရင် စိတ်ထဲမကောင်းဘူး။ ကိုယ့်ကိုယ်ကို အပြစ်သား တစ်ယောက်လို ခံစားရတယ်။ ၂၀၂၄ ထဲမှာတော့ သူ့မိသားစုတွေနဲ့ ထဲထဲဝင်ဝင် တွေ့ခွင့်ရခဲ့တယ်။ ပူတူး