မင်္ဂလာပါ။ အသက် (၁၀ နှစ် မှ ၁၆ နှစ်အရွယ်) ကလေးငယ်တွေအတွက် ခရစ်စမတ် ကျောင်းပိတ်ရက်ရှည်များအတွင်း ပြုလုပ်မယ့် ‘Tech Science Camp’ နဲ့ မိတ်ဆက်ပေးလိုပါတယ်။ ဒီ အစီအစဥ်ကတော့ ကလေးငယ်များအနေနဲ့ နှစ်ရက်တာ တက်ရောက်နိုင်မယ့် အခမဲ့ Camp တစ်ခုပါ။ ဒီ Camp မှာ ဘာတွေ သင်ယူနိုင်မလဲ ။ ကလေးငယ်တွေအနေနဲ့ နည်းပညာ ကို ဘယ်လို အကျိုးရှိရှိ အသုံးချလို့ ရမလဲ ဆိုတဲ့ တွေးခေါ်မှုကို အခြေခံပြီး သင်ယူ လေ့လာနိုင်ပါမယ်။ Camp အတွင်း Mentor တွေနဲ့ အတူတူ ဂိမ်းတွေ ကစားကြမယ်။ ပဟေဠိ တွေကို Programming / Coding Logic ကျကျ စဥ်းစားပြီး ဖြေရှင်းကြမယ်။Robotics Kit တွေကို အသုံးချပြီး တည်ဆောက်ပုံ ၊ အသုံးချပုံတွေကို လေ့လာကြပါမယ်။ ဒီ Camp ကို တက်ရောက်ဖို့ ဘာတွေ လိုအပ်သလဲ ။ Register Form ကို ဒီ Link ကနေ တဆင့် သွားရောက်ပြီး ဒီဇင်ဘာလ(၂၇) ရက် မတိုင်မှီ မိဘ/အုပ်ထိန်းသူ အနေဖြင့် ဖြည့်စွက် လျှောက်ထားဖို့ လိုပါတယ်။Camp တက်ရောက်ဖို့ ရွေးချယ်ခြင်း ခံရမယ် ဆိုရင် ကလေးငယ်အနေနဲ့ ဒီဇင်ဘာလ (၃၁) ရက်နေ့ နဲ့ ဇန်နဝါရီလ (၁) ရက်နေ့တွေမှာ မနက် ၉ နာရီမှ ညနေ ၄ နာရီ အထိ အချိန်ပေး တက်ရောက်နိုင်ရပါမယ်။Camp တက်ရောက်ဖို့ ရွေးချယ်ခြင်း ခံရတဲ့ ကလေးငယ်များ ရဲ့ မိဘ (သို့) အုပ်ထိန်းသူများ အနေနဲ့ ဒီဇင်ဘာလ (၃၁) ရက်နေ့ မနက် ၉ နာရီခွဲ မှ ၁၁ နာရီ အချိန် အတွင်း Camp activity တစ်ခု ဖြစ်သည့် Digital Parenting Session ကို မပျက်မကွက် တက်ရောက်ပေးနိုင်ရပါမယ်။ Camp ကာလ ၂ ရက်တာ အတွင်း အခြား မည်သည့် ကုန်ကျစရိတ် ငွေကြေး ကောက်ခံမည် မဟုတ်ပါ။Camp ကာလ ၂ ရက်တာ အတွင်း