သင်က လကမ္ဘာပေါ် သွားဖို့ ကြံစည်မနေရင်တောင် သင့်အနေနဲ့ NASA ရဲ့ နည်းပညာတချို့ကို ယူသုံးခွင့် ရှိနေတယ် ဆိုတာ သိပါသလား ? နာမည်ကျော် အာကာသအေဂျင်စီ ဖြစ်တဲ့ NASA က မကြာသေးမီက သူတို့ ရဲ့ 2019-20 edition software catalog ကို ဖြန့်ချီခဲ့ပါတယ်။ ဒီ catalog ထဲမှာဆိုရင် ရာနဲ့ချီသော အလကား ဒေါင်းလုဒ်ရယူ သုံးစွဲခွင့် ရှိတဲ့ NASA developer များရဲ့ software package စာရင်းတွေပါ ပါရှိပါတယ်။ ဒီလို ကမ်းလှမ်းမှုအသစ်တွေထဲမှာ ပါရှိတဲ့ စိတ်ဝင်စားစရာတချို့ကတော့ Virtual Reality(VR) training platform နဲ့ Autonomous navigation system တို့ ဖြစ်ပါတယ်။ VECTR (Virtual Environment Computational Training Resource) မှာဆိုရင် ဥပမာအားဖြင့် custom hardware နဲ့ game engine software ကို အသုံးပြုပီး virtual environment များ ဖန်တီးကာ အင်ဂျင်နီယာများအနေနဲ့ စနစ်အမျိုးမျိုးပေါ်မှာ ဘယ်လိုအလုပ်လုပ်မလဲဆိုတာမျိုး လေ့ကျင့်နိုင်မှာပါ။ ၎င်းစနစ်ကို အခုလက်ရှိ ကနေဒီ အာကာသစခန်း မှာ အင်ဂျင်နီယာတွေအတွက် လေ့ကျင့်မှုကို ပိုမိုတိုးတက်ကောင်းမွန်ဖို့ အသုံးပြုနေပြီး အခြားသော နေရာများအတွက်လည်း ချုံ့/ချဲ့ အသုံးပြုဖို့ လွယ်ကူတယ် လို့ NASA က ဆိုပါတယ် ။ VECTR – NASA VR TRAINING SYSTEM VR အသုံးပြုတဲ့ လေ့ကျင့်ခန်းလုပ်ငန်းစဥ်တွေက အစိုးရအတွက် စိတ်ဝင်စားစရာ ဖြစ်ပါတယ်။ ပီးခဲ့ နွေရာသီမှာပဲ အမေရိကန် အစိုးရ က သူ့ရဲ့ စစ်သားတွေကို VR/AR သုံးပြီး နျူကလီးယားစစ်မြေပြင်ဆိုင်ရာ လေ့ကျင်ဖို့အတွက် စာချုပ်တရပ် ချုပ်ဆိုခဲ့ဖူးပါတယ်။ NASA ရဲ့ ထောက်ပံ့မှုမှာ ပါဝင်တဲ့ အမျိုးမျိုးသော ခေါင်းစဉ်တွေအောက်က software package ပေါင်း ၉၇၀ ကျော်မှာ စီးပွားရေးခန့်ခွဲမှု မှ စပြီး အာကာသနည်းပညာ အဆုံး ပါဝင်ပါတယ်။ တချို့ကိုတော့ General Public (သို့) Open Source အနေနဲ့ မည်သူမဆို ယူသုံးခွင့်