မလွတ်မြောက်ခြင်း မှတ်တမ်း (ဒီဇင်ဘာ ၁၆၊၂၀၂၅)
Bondi Shooting ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ (ဒီဇင်ဘာ ၁၄) ရက်နေ့က Australia – Bondi ကမ်းခြေမှာ သားအဖ နှစ်ယောက်ကနေ လူအုပ်ထဲကို ပစ်တာတွေ လုပ်တယ်။ အနည်းဆုံး လူ ၁၅ ယောက်လောက် သေဆုံးသွားခဲ့တယ်။ စဥ်းစားနေမိတာက ဒီသားအဖ ရဲ့ ရည်ရွယ်ချက်က Jewish တွေကို လက်စားချေဖို့ ဖြစ်နိုင်တယ် ၊ ဒါမှမဟုတ် မွတ်စလင် (ဂါဇာ က လူတွေရဲ့) ခံစားရမှုကို တုန့်ပြန်တာ ဖြစ်မယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် အပြစ်မဲ့တဲ့လူတွေ သေဆုံးသွားရတာကိုက တရားတဲ့ ၊ မှန်ကန်တဲ့ နည်းလမ်းတော့ မဟုတ်ပါဘူး။ လက်နက်ကိုင် တိုက်ခိုက်မှုတိုင်းမှာ “တရားမျှတမှုကို ယူဆောင်မယ်” ဆိုတဲ့ အတွေးအခေါ် ရှိတယ်။ လက်စားချေလိုမှုကို စကားလုံးလှလှနဲ့ ဖုံးထားတဲ့ အတွေးအခေါ်ပေါ့။ ဒါပေမယ့် အဆုံးသတ်မှာတော့ ထပ်ဆင့် မုန်းတီးခြင်းတွေ ၊ ဆင့်ပွား လက်စားချေလိုခြင်းတွေ ပဲ ထပ်ဖြစ်လာစေတယ်။ တကယ်တမ်းကျ ကိုယ်ချင်းစာတရား ဖြစ်လာရမှာ။ Bondi Beach မှာ အသက်ဆုံးရှုံးသွားရတဲ့လူတွေအတွက် ဝမ်းနည်းသလို Gaza မှာ အသက်ဆုံးရှုံးလိုက်ရတဲ့ လူပေါင်းများစွာအတွက်လဲ ဝမ်းနည်းရမယ်။ ထို့နည်းတူ Hamas ရဲ့ ကျူးကျော်တိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးသွားရသူတွေအတွက်လဲ အတူတူပဲ ဖြစ်ရမယ်။ လက်နက်ကိုင် ပရိပက္ခတိုင်းမှာ လက်နက်မဲ့သူတွေ ဓါးစာခံ ဖြစ်ရတာ ထုံးစံပဲ။ အဲဒါက အချိန်ကြာလာရင် လူတွေအတွက်က ရပ်တည်တဲ့ဘက် ဆိုတာ ပျောက်ပြီး အသက်ရှင်သန်လိုခြင်း ၊ ငြိမ်းချမ်းစွာနေလိုခြင်းတွေ လွှမ်းမိုးလာမှာပဲ။ ယူဂရိန်းလိုမျိုး တခြားနိုင်ငံ နဲ့ စစ်ဖြစ်နေရတဲ့အချိန်မှာတောင် တပ်ပြေးတွေ ၊ လာဘ်စားမှုတွေ ဖြစ်နေတာကို ကြည့်ရင် သိနိုင်တယ်။ မြန်မာ စစ်ပွဲ ပြီးခဲ့တဲ့ အပတ် (ဒီဇင်ဘာ ၁၃ ရက်နေ့ ဖြစ်မယ်) မြန်မာစစ်တပ်ကနေ ရခိုင် မြောက်ဦးဆေးရုံကို ဗုံးကြဲလို့ လူပေါင်း ၃၀ ကျော် သေဆုံးရတယ်။ မြန်မာနိုင်ငံမှာ ပျောက်ဆုံးသွားတာက အဓိက လူမျိုးစုလက်နက်ကိုင် ဖြစ်တဲ့ ဗမာစစ်တပ်အပေါ် အခြားလူမျိုးစုတွေက အယုံအကြည် မရှိတော့တာပဲ။ အဲဒီ နောက်ဆက်တွဲ ဗမာလူမျိုး မှန်သမျှ (ဗမာ တော်လှန်ရေးအဖွဲ့အစည်းတွေ အပါအဝင်) အပေါ် တိုင်းရင်းသားတွေရဲ့ ဆက်ဆံရေးက အယုံအကြည် အတော်နည်းမယ်။
အဖိုး
စွမ်းဇာနည် ရဲ့ “၁၅-မိနစ် အလို” သီချင်းကို ပြန်နားထောင်မိတော့ လွန်ခဲ့တဲ့ ၁၅ နှစ်ကျော် အချိန်ကာလကို ပြန်ရောက်သွားတယ်။ သီချင်းတွေက time traveller လုပ်ပေးနိုင်စွမ်း ရှိတဲ့ အရာတွေထဲက တစ်ခုပဲ။ အဲဒီအချိန်က မော်လိုက်မြို့လေးမှာ လျှပ်စစ်မီး ဆိုတာ မရှိဘူး။ နောက်ပြီး မီးစက် နဲ့ TV ရှိတဲ့ အိမ် ဆိုတာလဲ လက်ချိုးရေလို့ရတယ်။ အဲဒီ လက်ချိုးရေလို့ ရတဲ့ အိမ်အရေအတွက်ထဲမှာက အဖိုး အိမ်က တစ်အိမ် အပါအဝင်ပဲ။ အဖိုး အိမ်မှာက မီးစက်နှိုးပြီး ဇာတ်ကားတွေ ပြတယ်။ လာကြည့်တဲ့သူတွေက အချိုးကျ ပိုက်ဆံ ထည့်ရတဲ့ ပုံစံမျိုးပဲ။ အဲဒါတွေအားလုံးကို ကြီးချော (အန်တီချော) က ဦးဆောင်တယ်။ ညနေဦးပိုင်း ဆိုရင် ကြီးချောက အိမ်ရောက်လာပြီး ။ “ဆရာကြီးရေ ဒီည ကြည့်ကြဦးမလား ၊ ဘယ်သူ့ ဇာတ်ကား အသစ်ထွက်တယ်လေ” ဆိုပြီး ရောက်လာတာပဲ။ အဲဒီတုန်းက စိုးပြည့်သဇင်က အဖိုး favorite actress ထဲမှာ ပါတယ်။ အဖိုး အိမ် ရောက်မှ ဟိန်းဝေယံ တို့ ဂျွန်ကို တို့ မင်းသား အစုံ ဗမာကား ကြည့်ဖူးတော့တာပဲ။ ဗမာကား တစ်ကားလုံးကို သေသေချာချာ ကြည့်ခဲ့ရတယ် ဆိုတာလဲ အဖိုး အိမ်မှာ နောက်ဆုံးပဲ။ အဲဒီနောက်ပိုင်းကတည်းက ဗမာကား မကြည့်ဖြစ်တော့တာ။ စကားပြန်ဆက်ရရင် အဲဒီလို မီးစက်နှိုးဖို့ကို ကျနော်က ရေသန့်ဗူးလေးနဲ့ ဓါတ်ဆီသွားသွားဝယ်ရတတ်တယ်။ များသောအားဖြင့် ကြီးချော နဲ့ သွားရတာ များပါတယ်။ ဓါတ်ဆီဆိုင် နဲ့ VCD အငှားခွေဆိုင်က သိပ်မဝေးဘူး ။ ကြားထဲမှာ “ပိုင်” ကျူရှင်ပဲ ခြားတယ်။ ဓါတ်ဆီက ၁၀၀၀ ဖိုးလောက် ဝယ်ရတယ် လို့ ထင်တာပဲ။ အဲဒါဆို ဇာတ်ကား တစ်ကားစာ ကြည့်ပြီး နဲနဲ ကျန်တတ်တယ်။ ဒါကြောင့် တော်ရုံတန်ရုံ နဲ့ အငြိမ့်တခွေလုံး ကြည့်ဖို့ မီးစက် မနှိုးတတ်ဘူး။ ဇာတ်ကားမစခင် ၁၅ မိနစ် လောက်လေး အငြိမ့်ဖွင့်တာမျိုး ရှိတယ်။ အဲထဲမှာမှ ရှားရှားပါးပါး စွမ်းဇာနည် အငြိမ့်ကို အစ-အဆုံး မီးစက်နှိုးပြီး ကြည့်ခဲ့တာ
မလွတ်မြောက်ခြင်း မှတ်တမ်း (အောက်တိုဘာ ၃၁ ၊ ၂၀၂၅)
ဒီတစ်ခေါက် မလွတ်မြောက်ခြင်းအကြောင်းက Social Media အတွက်ပဲ ဖြစ်လိမ့်မယ်။ ဒီရက်ပိုင်း ဖိလစ်ပိုင်နိုင်ငံ က နိုဘယ်ဆုရှင် အမျိုးသမီး သတင်းထောက် Maria Ressa ရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်ကို ဖတ်နေဖြစ်တာ။ မှတ်မှတ်ရရက ဒီစာအုပ်ကို တောင်ပေါ်မြို့လေးတစ်ခုမှာ ဖတ်နေတုန်း ဘေးဝိုင်းမှာ ဖိလစ်ပိုင်စကားပြောသံတွေ ကြားနေရတာပဲ။ Rappler ရုံးကို တခေါက် ရောက်ဖူးပေမယ့် ဆုံခွင့်တော့ မရခဲ့သလို အဲဒီတုန်းကလဲ နိုဘယ်ဆုရှင် ဆိုတာလောက်ပဲ သိတာ။ Ressa အကြောင်း တိတိပပ မသိခဲ့ဘူး။ အခု သူ့စာအုပ် ဖတ်ရင်းနဲ့မှ ဖြတ်သန်းမှုတွေ၊ ဖိလစ်ပိုင်နိုင်ငံ ရဲ့ နိုင်ငံရေးအကြပ်အတည်းတွေ ၊ သတင်းမီဒီယာ (စစ်စစ်)တွေရဲ့ ရုန်းကန်ရမှုတွေ၊ Social Media နဲ့ နည်းပညာ trend ပေါ်မူတည်ပြီး သတင်းတင်ဆက်မှု ပုံစံ ပြောင်းလာတာ ၊ ကြီးမားတဲ့ ပြောင်းလဲမှုတွေ ပိုလုပ်လာနိုင်တာ ဆိုတာမျိုးတွေ နားလည်လာရတယ်။ အဲဒီထဲမှာမှ Social Media အကြောင်း ခေါင်းထဲ ပိုရောက်နေတယ်။ Facebook ဒီတပုဒ် မတိုင်ခင် ရေးတဲ့ မလွတ်မြောက်ခြင်းမှတ်တမ်းမှာလဲ အခြား စာအုပ်တစ်အုပ်ကနေ ရတဲ့ အတွေးစတွေ အကြောင်း ၊ ကိုယ့် data တွေကို အသုံးခံနေရတဲ့အကြောင်းတွေ ရေးခဲ့ဖူးတယ်။ အဲဒါပြီးကတည်းကလဲ Facebook account deactivate လုပ်ထားဖြစ်တာပဲ။ ကိုယ်ကိုယ်တိုင်လဲ Data သမားတစ်ယောက် ဖြစ်နေတော့ ကိုယ့် ဒေတာတွေကို ကြည်ကြည်ဖြူဖြူ ဖြစ်ဖြစ် ၊ သိတောင်မသိလိုက်ပဲ ဖြစ်ဖြစ် ပေးနေရတဲ့ အခြေအနေတွေကနေ လွတ်မြောက်ချင်တာလဲ ပါတယ်။ ဒါပေမယ့် ဒီရက်ပိုင်းမှာမှ သူငယ်ချင်းတယောက်က မေးတယ် – ကျနော် ဖေ့ဘုတ် မသုံးပဲ သတင်းတွေ ဘာလို သိနေလဲ တဲ့ ။ အဲဒီ မေးခွန်းကနေ တဆင့် Facebook က မြန်မာလူထု အပေါ် ဘယ်လောက် လွှမ်းမိုးနိုင်သလဲ သိသာတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ လူဦးရေရဲ့ 80% နီးပါးက Social Media Users တွေလို့ ပြောတယ်။ မြန်မာမှာလဲ အဲဒါထက် မများရင်တောင် နည်းမယ် မထင်ဘူး။ လက်ရှိအခြေအနေအရဆိုရင် Facebook ကို ဗမာစစ်တပ်ကနေ ban ထားပြီး