Personal Blog

မလွတ်မြောက်ခြင်း မှတ်တမ်း (2024 Reflection)

ဘဝ မှတ်တမ်း နှစ်ဦးပိုင်းမှာ SG က 1 year program တစ်ခုကနေ Certificate ရခဲ့။ အရမ်းကြီး အောင်မြင်ခဲ့တာမျိုး မဟုတ်ပါဘူး။ နောက်ဆုံးပိတ်နားကနေ အောင်ခဲ့တာမျိုးပါပဲ။ Data Engineer ဆိုတာ ကိုယ် လိုချင်နေတဲ့ career တစ်ခုပဲ လို့ ရှာတွေ့ခဲ့တယ်။ နိုင်ငံသစ်တစ်ခုကို ပြောင်းနိုင်ခဲ့။ ကော်ပိုရိတ် တစ်ခုက ပရောဂျက်ကောင်းတစ်ခုမှာ အလုပ်ရခဲ့။ ကြောက်ရွံ့မှုတွေ အိပ်မပျော်တဲ့ ညတွေ များစွာထဲကနေ အခက်အခဲတော်တော်များများ ဒုက္ခ မရောက်ပဲ ဖြတ်သန်းနိုင်ခဲ့တယ်။ သြဂုတ်လကနေ စပြီး လွတ်လပ်မှုအသစ်ကို ခံစားရတာနဲ့အမျှ အသုံးအဖြုန်း ၊ အပျော်အပါးတွေလဲ ပိုများလာခဲ့တယ်။ ဘဝမှာ ပထမဆုံး ကိုယ်ပိုင် ဆိုင်ကယ်တစ်စီး နဲ့ ဖုန်းကောင်းကောင်းတစ်လုံး ဝယ်နိုင်ခဲ့တယ်။ Credit Card စသုံးဖူးခဲ့။ အရာရာက တောသား မြို့ရောက်သလိုပါပဲ။ ဒါပေမယ့် လစာက သိပ်မတိုးလာတဲ့အပြင် အသုံးကတောင် ပိုများလာခဲ့သေးတယ်။ ပထမဆုံး ပြည်ပနိုင်ငံ တစ်ခုရဲ့ driving license ရခဲ့တယ်။ ယဥ်ကျေးမှုအသစ် ၊ ဘာသာစကားအသစ် ၊ နည်းပညာအသစ်တွေကြားထဲမှာ ကိုယ် ဘာကောင်လဲ ဆိုတာတောင် ပျောက်ဆုံးခဲ့သလိုပဲ။ ကိုယ့် identity ကို ပြန်ရှာဖွေဖို့ community works တွေ ပြန်လုပ်ဖို့ စိတ်ကူးရခဲ့တယ်။ ကလေးတွေကို စာသင်ပေးဖြစ်တာတော့ ရပ်သွားသလို English စာလဲ ဆက်မလုပ်ဖြစ်တော့ဘူး။ အချစ်ရေး ပူတူး နဲ့ကြားမှာ ကတောက်ကဆလေးတွေလဲ ရှိခဲ့ပေမယ့် ပြောပလောက်တဲ့အထိ မဟုတ်ခဲ့ပါဘူး။ ဟိုးအရင်က အရမ်းကြောက်တဲ့အချိန်တွေ (ဥပမာ – စာမေးပွဲ ဖြေခါနီး ၊ အင်တာဗျူး ဖြေခါနီး) မှာ အမေ ကို တခဲ့ပေမယ့် အခုတော့ ပူတူးကို တတဲ့ အနေအထား ဖြစ်လာတာပါပဲ။ ၃ ၊ ၄ နှစ်လောက် ပိတ်မိနေတဲ့ စိတ်ရိုင်းတွေကို ရွက်လွင့်တာကနေ ပူတူး ကို ပစ်ထားသလို ဖြစ်ခဲ့တဲ့ ရက်တွေ ရှိတယ်။ တစ်ခါတော့ သူ ငိုတာပါပဲ။ ပူတူး ငိုတာ မြင်ရင် စိတ်ထဲမကောင်းဘူး။ ကိုယ့်ကိုယ်ကို အပြစ်သား တစ်ယောက်လို ခံစားရတယ်။ ၂၀၂၄ ထဲမှာတော့ သူ့မိသားစုတွေနဲ့ ထဲထဲဝင်ဝင် တွေ့ခွင့်ရခဲ့တယ်။ ပူတူး

မလွတ်မြောက်ခြင်း မှတ်တမ်း (ဒီဇင်ဘာ ၁၃ ၊ ၂၀၂၄)

မကြာခင် ၂၀၂၄ နှစ်ကုန်လို့ ၂၀၂၅ ထဲ ရောက်တော့မယ်။ ဒီဘက်ကို ရောက်ပီးကတည်းက blog ပေါ် သိပ်မရေးဖြစ်တာ ကြာပီ။ လွတ်လပ်ခြင်းရဲ့ အောက်မှာ အပျော်အပါးမက်နေတာကြောင့်လဲ ပါပါတယ်။ ဘဝမေ့နေသလို ဖြစ်လို့ ဟိုးအရင်က ရေးခဲ့ဖူးတဲ့ ပိုစ့်အဟောင်းတွေ ပြန်ဖတ်ပီး မွန်းကြပ်မှုတွေကို ပြန်အမှတ်ရမှ ဖြစ်မယ်။ နှစ်တနှစ်ကုန်တော့ အသက် တစ်နှစ်လဲ ကြီးလာပြန်ပီပေါ့။ ကျန်းမာရေး ဒီရက်ပိုင်း ဦးလေးတစ်ယောက် ကင်ဆာ ဖြစ်တဲ့ သတင်းကြားရပီး ခေါင်းထဲမှာ ကျန်းမာရေး အကြောင်းတွေ ဝင်နေတယ်။ အခု ဒီစာရေးရင်းတောင် မျက်လုံးက ဝါးသလို ဖြစ်နေတော့ မျက်မှန်တပ်ရမလား တွေးနေတာ။ အကယ်တော့ လမ်းပုံမှန် လျှောက်သင့်တာ။ ဒါပေမယ့် ဝီရိယ နဲ့ ဇွဲ ပျောက်နေတော့ လုပ်သင့်တာကို မလုပ်ဖြစ်ဘူး။ ဇတ်ကြောတက်တာတွေလဲ ပုံမှန် ပြန်ဖြစ်နေတယ်။ ဒီစာကို နောက် အနှစ် ၂၀ လောက်မှာ ပြန်ဖတ်ခွင့်ရခဲ့ရင် ငယ်တုန်း ဘယ်လောက် မိုက်ခဲ့သလဲ ဆိုပီး တွေးနေတော့မှာ။ စာအုပ်တွေထဲမှာ ပါသလိုလေ ကြီးမှ နောင်တလိုလို အတွေးတွေ ပိုများလာတယ် ၊ ငယ်ဘဝ အတွက် သင်ခန်းစာတွေ ပိုတွေးဖြစ်လာတယ် ဆိုတာ တကယ် ဟုတ်တယ်။ အခု အသက် ၃၀ ဝန်းကျင်မှာတောင် အဲဒီအတွေးတွေ တော်တော်များနေပြီ။ နိုင်ငံရေး ဒီရက်ပိုင်း အဟော့ဆုံး သတင်းကတော့ AA ကနေ နယ်ခြားစောင့်တပ် နခခ ၅ စခန်းသိမ်းပွဲ Video File တစ်ခုပဲ။ မိုင်းအပြည့်ခင်းထားတဲ့ တပ်ကို သိမ်းဖို့အတွက် လှိုဏ်ခေါင်းတွေ တူးပီး တိုက်ခဲ့တာ ထင်တယ်။ အခုဆို ရခိုင်ပြည်မှာ AA သိမ်းဖို့ကျန်တာ ၃ မြို့နယ်လောက်ပဲ ရှိတော့တယ် ။ (မန္တလေးမှာ အနိုင်ကျင့်ဗိုလ်ကျခဲ့တဲ့ ဗိုလ်မှုးချုပ်တစ်ကောင်ပါ အရှင်အဖမ်းခံလိုက်ရတယ်။) အမ်းတောင် မကြာခင် ရတဲ့ သတင်း တက်လာတော့မယ်။ အညာဒေသမှာတော့ မီးရှို့တဲ့ သတင်းတွေ ငြိမ်နေတယ်။ ရှို့စရာ မရှိတော့တာလဲ ဖြစ်မယ်။ ပသုံးလုံး နဲ့ ပတ်သတ်ပြီးလဲ အရေးယူဖို့ (သပိတ်ခေါင်းဆောင်တွေက အစ) ပြောဆိုလာတာဆိုတော့ မျှော်လင့်ရမှာပဲ။ ရေးဘီလူးက ခေါင်းဖြတ်သတ်တဲ့ video ကတော့ တော်တော်ဆိုးတယ်။ လက်နက်ကိုင်အချင်းချင်း တိုက်နေကြတာ ဖြစ်တော့

မလွတ်မြောက်ခြင်း မှတ်တမ်း (အောက်တိုဘာ ၈ ၊ ၂၀၂၄)

မနေ့ (အောက်တိုဘာ ၇ ရက်နေ့) မနက်ပိုင်း ၃ နာရီလောက်မှာ မန်းလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်တယ်။ ဗမာစစ်တပ်က သေလုဆဲဆဲမှ လွတ်ငြိမ်းခွင့် လာဖတ်ပြသွားတယ် တဲ့ ။ ဖေ့ဘုတ်မှာတော့ ဝမ်းနည်းကြောင်းတွေ ပလူတွေ ပျံလို့ပေါ့ ။ ကိုယ်လဲ တစ်ခုခု ရေးချင်တာနဲ့ ဒီ ပိုစ့်ရေးဖြစ်တာ။ ဒေါက်ဇော်နဲ့ ပတ်သတ်တဲ့ အင်တာဗျူးတွေ နားထောင်လိုက်နားထောင်ဖြစ်တယ်။ ပြီးတော့ အဘဦးဝင်းတင် ရဲ့ “ဘာလဲဟဲ့ လူ့ငရဲ” စာအုပ် ပြန်ဖတ်ဖြစ်တယ်။ စာအုပ်တွေထဲက နိုင်ကျဥ်းတွေဘဝက ကိုယ်တွေ သူငယ်ချင်းတွေ ရင်ဆိုင်နေရတဲ့ ဘဝတွေလို့ အစားထိုး တွေးဖြစ်တယ်။ တိုင်းတပါး မှာ နေနေရလို့ လွတ်မြောက်သလို ဖြစ်နေပေမယ့် ဒီစာအုပ်အနီတစ်အုပ် ရဲ့ သားကောင်တော့ ဖြစ်နေဆဲပဲ။ လူ က ဘယ်လို လွတ်မြောက်တယ် ပြောပြော ၊ တစ်ခုခု ဆို သတင်းကြားတာနဲ့ စိတ်က ခြောက်ခြားတာတွေ ဖြစ်နေရတုန်းပဲ။ အဘဦးဝင်းတင် ပြောသလို တနိုင်ငံလုံး အကျဥ်းသားတွေချည်းပါပဲ။ ဘဝ မမေ့ ၊ အတိတ်မမေ့ဖို့ လိုတယ်။ အနာဂါတ်အတွက် ဘာဆက်လုပ်ရမလဲ တွေးမိတယ်။ ဒီမှာ ပျော်ပါးနေလို့ ကိုယ်တွေ ဘဝ တကယ် လွတ်မြောက်ရဲ့လား။ မအေလိုး ဗမာစစ်တပ် နဲ့ မင်းအောင်လှိုင် အပေါင်းအပါ တွေ … လို့ ထိုင်ဆဲနေရုံနဲ့ လွတ်မြောက်ပါ့မလား။