အဖိုး
စွမ်းဇာနည် ရဲ့ “၁၅-မိနစ် အလို” သီချင်းကို ပြန်နားထောင်မိတော့ လွန်ခဲ့တဲ့ ၁၅ နှစ်ကျော် အချိန်ကာလကို ပြန်ရောက်သွားတယ်။ သီချင်းတွေက time traveller လုပ်ပေးနိုင်စွမ်း ရှိတဲ့ အရာတွေထဲက တစ်ခုပဲ။ အဲဒီအချိန်က မော်လိုက်မြို့လေးမှာ လျှပ်စစ်မီး ဆိုတာ မရှိဘူး။ နောက်ပြီး မီးစက် နဲ့ TV ရှိတဲ့ အိမ် ဆိုတာလဲ လက်ချိုးရေလို့ရတယ်။ အဲဒီ လက်ချိုးရေလို့ ရတဲ့ အိမ်အရေအတွက်ထဲမှာက အဖိုး အိမ်က တစ်အိမ် အပါအဝင်ပဲ။ အဖိုး အိမ်မှာက မီးစက်နှိုးပြီး ဇာတ်ကားတွေ ပြတယ်။ လာကြည့်တဲ့သူတွေက အချိုးကျ ပိုက်ဆံ ထည့်ရတဲ့ ပုံစံမျိုးပဲ။ အဲဒါတွေအားလုံးကို ကြီးချော (အန်တီချော) က ဦးဆောင်တယ်။ ညနေဦးပိုင်း ဆိုရင် ကြီးချောက အိမ်ရောက်လာပြီး ။ “ဆရာကြီးရေ ဒီည ကြည့်ကြဦးမလား ၊ ဘယ်သူ့ ဇာတ်ကား အသစ်ထွက်တယ်လေ” ဆိုပြီး ရောက်လာတာပဲ။ အဲဒီတုန်းက စိုးပြည့်သဇင်က အဖိုး favorite actress ထဲမှာ ပါတယ်။ အဖိုး အိမ် ရောက်မှ ဟိန်းဝေယံ တို့ ဂျွန်ကို တို့ မင်းသား အစုံ ဗမာကား ကြည့်ဖူးတော့တာပဲ။ ဗမာကား တစ်ကားလုံးကို သေသေချာချာ ကြည့်ခဲ့ရတယ် ဆိုတာလဲ အဖိုး အိမ်မှာ နောက်ဆုံးပဲ။ အဲဒီနောက်ပိုင်းကတည်းက ဗမာကား မကြည့်ဖြစ်တော့တာ။ စကားပြန်ဆက်ရရင် အဲဒီလို မီးစက်နှိုးဖို့ကို ကျနော်က ရေသန့်ဗူးလေးနဲ့ ဓါတ်ဆီသွားသွားဝယ်ရတတ်တယ်။ များသောအားဖြင့် ကြီးချော နဲ့ သွားရတာ များပါတယ်။ ဓါတ်ဆီဆိုင် နဲ့ VCD အငှားခွေဆိုင်က သိပ်မဝေးဘူး ။ ကြားထဲမှာ “ပိုင်” ကျူရှင်ပဲ ခြားတယ်။ ဓါတ်ဆီက ၁၀၀၀ ဖိုးလောက် ဝယ်ရတယ် လို့ ထင်တာပဲ။ အဲဒါဆို ဇာတ်ကား တစ်ကားစာ ကြည့်ပြီး နဲနဲ ကျန်တတ်တယ်။ ဒါကြောင့် တော်ရုံတန်ရုံ နဲ့ အငြိမ့်တခွေလုံး ကြည့်ဖို့ မီးစက် မနှိုးတတ်ဘူး။ ဇာတ်ကားမစခင် ၁၅ မိနစ် လောက်လေး အငြိမ့်ဖွင့်တာမျိုး ရှိတယ်။ အဲထဲမှာမှ ရှားရှားပါးပါး စွမ်းဇာနည် အငြိမ့်ကို အစ-အဆုံး မီးစက်နှိုးပြီး ကြည့်ခဲ့တာ
မလွတ်မြောက်ခြင်း မှတ်တမ်း (အောက်တိုဘာ ၃၁ ၊ ၂၀၂၅)
ဒီတစ်ခေါက် မလွတ်မြောက်ခြင်းအကြောင်းက Social Media အတွက်ပဲ ဖြစ်လိမ့်မယ်။ ဒီရက်ပိုင်း ဖိလစ်ပိုင်နိုင်ငံ က နိုဘယ်ဆုရှင် အမျိုးသမီး သတင်းထောက် Maria Ressa ရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်ကို ဖတ်နေဖြစ်တာ။ မှတ်မှတ်ရရက ဒီစာအုပ်ကို တောင်ပေါ်မြို့လေးတစ်ခုမှာ ဖတ်နေတုန်း ဘေးဝိုင်းမှာ ဖိလစ်ပိုင်စကားပြောသံတွေ ကြားနေရတာပဲ။ Rappler ရုံးကို တခေါက် ရောက်ဖူးပေမယ့် ဆုံခွင့်တော့ မရခဲ့သလို အဲဒီတုန်းကလဲ နိုဘယ်ဆုရှင် ဆိုတာလောက်ပဲ သိတာ။ Ressa အကြောင်း တိတိပပ မသိခဲ့ဘူး။ အခု သူ့စာအုပ် ဖတ်ရင်းနဲ့မှ ဖြတ်သန်းမှုတွေ၊ ဖိလစ်ပိုင်နိုင်ငံ ရဲ့ နိုင်ငံရေးအကြပ်အတည်းတွေ ၊ သတင်းမီဒီယာ (စစ်စစ်)တွေရဲ့ ရုန်းကန်ရမှုတွေ၊ Social Media နဲ့ နည်းပညာ trend ပေါ်မူတည်ပြီး သတင်းတင်ဆက်မှု ပုံစံ ပြောင်းလာတာ ၊ ကြီးမားတဲ့ ပြောင်းလဲမှုတွေ ပိုလုပ်လာနိုင်တာ ဆိုတာမျိုးတွေ နားလည်လာရတယ်။ အဲဒီထဲမှာမှ Social Media အကြောင်း ခေါင်းထဲ ပိုရောက်နေတယ်။ Facebook ဒီတပုဒ် မတိုင်ခင် ရေးတဲ့ မလွတ်မြောက်ခြင်းမှတ်တမ်းမှာလဲ အခြား စာအုပ်တစ်အုပ်ကနေ ရတဲ့ အတွေးစတွေ အကြောင်း ၊ ကိုယ့် data တွေကို အသုံးခံနေရတဲ့အကြောင်းတွေ ရေးခဲ့ဖူးတယ်။ အဲဒါပြီးကတည်းကလဲ Facebook account deactivate လုပ်ထားဖြစ်တာပဲ။ ကိုယ်ကိုယ်တိုင်လဲ Data သမားတစ်ယောက် ဖြစ်နေတော့ ကိုယ့် ဒေတာတွေကို ကြည်ကြည်ဖြူဖြူ ဖြစ်ဖြစ် ၊ သိတောင်မသိလိုက်ပဲ ဖြစ်ဖြစ် ပေးနေရတဲ့ အခြေအနေတွေကနေ လွတ်မြောက်ချင်တာလဲ ပါတယ်။ ဒါပေမယ့် ဒီရက်ပိုင်းမှာမှ သူငယ်ချင်းတယောက်က မေးတယ် – ကျနော် ဖေ့ဘုတ် မသုံးပဲ သတင်းတွေ ဘာလို သိနေလဲ တဲ့ ။ အဲဒီ မေးခွန်းကနေ တဆင့် Facebook က မြန်မာလူထု အပေါ် ဘယ်လောက် လွှမ်းမိုးနိုင်သလဲ သိသာတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ လူဦးရေရဲ့ 80% နီးပါးက Social Media Users တွေလို့ ပြောတယ်။ မြန်မာမှာလဲ အဲဒါထက် မများရင်တောင် နည်းမယ် မထင်ဘူး။ လက်ရှိအခြေအနေအရဆိုရင် Facebook ကို ဗမာစစ်တပ်ကနေ ban ထားပြီး
မလွတ်မြောက်ခြင်း မှတ်တမ်း (စက်တင်ဘာ ၉ ၊ ၂၀၂၅)
လက်တလော Medical Checkup လုပ်ထားရတော့ ခေါင်းထဲမှာ ကျန်းမာရေး နဲ့ ပတ်သတ်တဲ့ အတွေးတွေ ဝင်နေတယ်။ ရှင်သန်ခဲ့ရတဲ့ ပတ်ဝန်းကျင် ၊ နေ့စဥ်နေထိုင်မှုပုံစံတွေကြောင့် ဒီ ခန္ဓာကိုယ်ကြီးက အသက် ၃၀ မှာတင် ပျက်စီးစပြုနေပြီ။ ပြင်ချင်စိတ် ရှိတာမှန်ပေမယ့် တကယ်ပြင်ဖြစ်သလား ဆိုတာက နောက် ၁၀ နှစ်လောက် နေရင် ခန္ဓာကိုယ်က အဖြေပေးတော့မှာ။ ဒီ blog က ရုံးမှာ အလုပ်မရှိလို့ စာထိုင်ဖတ်နေရင်း ရေးချင်စိတ် ဖြစ်တာနဲ့ ရေးမိတယ်။ ဖတ်ဖြစ်တာက Calling Bullshit ဆိုတဲ့ စာအုပ်။ ကိုယ်လဲ နည်းပညာသမားပဲမို့ အင်တာနက် ကမ္ဘာမှာ ကိုယ်တွေဘဝက နယ်ရုပ်အဆင့်ပဲ ဆိုတာတော့ နားလည်ထားပြီးသား။ အခု ဖတ်သလောက်မှာတော့ ဒီစာအုပ်က အဲဒီအကြောင်းကို ဥပမာတွေ၊တင်စားချက်တွေနဲ့ ရှင်းပြတာပါပဲ။ ဆိုလိုရင်းကတော့ Internet is bullshit ဆိုတာ။ “ငါတို့ခေတ်ရဲ့အတော်ဆုံး ဦးနှောက်တွေက လူတွေကို ads ဘယ်လို ရောင်းမလဲ (သူတို့ platform ပေါ်မှာ ကြာကြာနေအောင်) ဆိုတာကို အာရုံစိုက်တာ မြင်ရတာ ဝမ်းနည်းစရာပဲ” ဆိုတဲ့ ပြောစကားမျိုးက စဥ်းစားစရာ ပေးတယ်။ မြန်မာပြည်မှာ အခု Youtube/Facebook တွေမှာ လူတွေ စိတ်ဝင်စားအောင် လုပ်နေတဲ့ Fake news တွေ (အထူးသဖြင့် နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေက) Political Propoganda ဆိုတာထက် အဲဒီကနေ ပိုက်ဆံ(အမြောက်အမြား)ရနိုင်တဲ့ အခြေအနေကြောင့်လဲ ဖြစ်နိုင်တယ်။ လုပ်တဲ့သူအတွက်ကတော့ win-win situation ပဲပေါ့ ။ Propoganda အနေနဲ့ ဖြန့်ရရင်လဲ အဲဒီအတွက် ပိုက်ဆံရတာရော ၊ Viewer တွေ ထောင်ချီဝင်လာလို့ ပိုက်ဆံရတာရော။ စဥ်းစားစရာတွေ အရင်ခေတ်က သတင်းစာတစောင်ဖတ်ရဖို့ တော်တော်ခက်ခဲခဲ့လိမ့်မယ်။ အခုကတော့ လူတိုင်း CJ ဖြစ်နိုင်နေတယ်။ အဲဒီမှာ ရှိသင့်၊ရှိထိုက်တဲ့ ethics တွေ အကုန်သွားတာပဲ။ Fake News နဲ့ ပတ်သတ်ပြီး စဥ်းစားစရာ ၂ ခုလဲ ရတယ်။ Freedom of Speech အပိုင်း နဲ့ Fake News ဟုတ်/မဟုတ် ဆိုတာကို ဘယ်သူက ဆုံးဖြတ်မလဲ ဆိုတာပဲ။