ဒီတစ်ခေါက် မလွတ်မြောက်ခြင်းအကြောင်းက Social Media အတွက်ပဲ ဖြစ်လိမ့်မယ်။ ဒီရက်ပိုင်း ဖိလစ်ပိုင်နိုင်ငံ က နိုဘယ်ဆုရှင် အမျိုးသမီး သတင်းထောက် Maria Ressa ရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်ကို ဖတ်နေဖြစ်တာ။ မှတ်မှတ်ရရက ဒီစာအုပ်ကို တောင်ပေါ်မြို့လေးတစ်ခုမှာ ဖတ်နေတုန်း ဘေးဝိုင်းမှာ ဖိလစ်ပိုင်စကားပြောသံတွေ ကြားနေရတာပဲ။ Rappler ရုံးကို တခေါက် ရောက်ဖူးပေမယ့် ဆုံခွင့်တော့ မရခဲ့သလို အဲဒီတုန်းကလဲ နိုဘယ်ဆုရှင် ဆိုတာလောက်ပဲ သိတာ။ Ressa အကြောင်း တိတိပပ မသိခဲ့ဘူး။ အခု သူ့စာအုပ် ဖတ်ရင်းနဲ့မှ ဖြတ်သန်းမှုတွေ၊ ဖိလစ်ပိုင်နိုင်ငံ ရဲ့ နိုင်ငံရေးအကြပ်အတည်းတွေ ၊ သတင်းမီဒီယာ (စစ်စစ်)တွေရဲ့ ရုန်းကန်ရမှုတွေ၊ Social Media နဲ့ နည်းပညာ trend ပေါ်မူတည်ပြီး သတင်းတင်ဆက်မှု ပုံစံ ပြောင်းလာတာ ၊ ကြီးမားတဲ့ ပြောင်းလဲမှုတွေ ပိုလုပ်လာနိုင်တာ ဆိုတာမျိုးတွေ နားလည်လာရတယ်။ အဲဒီထဲမှာမှ Social Media အကြောင်း ခေါင်းထဲ ပိုရောက်နေတယ်။ Facebook ဒီတပုဒ် မတိုင်ခင် ရေးတဲ့ မလွတ်မြောက်ခြင်းမှတ်တမ်းမှာလဲ အခြား စာအုပ်တစ်အုပ်ကနေ ရတဲ့ အတွေးစတွေ အကြောင်း ၊ ကိုယ့် data တွေကို အသုံးခံနေရတဲ့အကြောင်းတွေ ရေးခဲ့ဖူးတယ်။ အဲဒါပြီးကတည်းကလဲ Facebook account deactivate လုပ်ထားဖြစ်တာပဲ။ ကိုယ်ကိုယ်တိုင်လဲ Data သမားတစ်ယောက် ဖြစ်နေတော့ ကိုယ့် ဒေတာတွေကို ကြည်ကြည်ဖြူဖြူ ဖြစ်ဖြစ် ၊ သိတောင်မသိလိုက်ပဲ ဖြစ်ဖြစ် ပေးနေရတဲ့ အခြေအနေတွေကနေ လွတ်မြောက်ချင်တာလဲ ပါတယ်။ ဒါပေမယ့် ဒီရက်ပိုင်းမှာမှ သူငယ်ချင်းတယောက်က မေးတယ် – ကျနော် ဖေ့ဘုတ် မသုံးပဲ သတင်းတွေ ဘာလို သိနေလဲ တဲ့ ။ အဲဒီ မေးခွန်းကနေ တဆင့် Facebook က မြန်မာလူထု အပေါ် ဘယ်လောက် လွှမ်းမိုးနိုင်သလဲ သိသာတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ လူဦးရေရဲ့ 80% နီးပါးက Social Media Users တွေလို့ ပြောတယ်။ မြန်မာမှာလဲ အဲဒါထက် မများရင်တောင် နည်းမယ် မထင်ဘူး။ လက်ရှိအခြေအနေအရဆိုရင် Facebook ကို ဗမာစစ်တပ်ကနေ ban ထားပြီး