ရှာဖွေတွေ့ရှိခြင်း (ဧပြီ ၈) : I’m Over-Explainer

ငလျင်အပြီးမှာ စိတ်ကယောက်ကယက် ပိုဖြစ်လာတာနဲ့အတူ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်မိတာတွေ များလာတယ်။ အဲဒီအထဲမှာမှ ဒီနေ့ သင်ယူလိုက်ရတာတစ်ခုကတော့ ကျနော်က Over-Explainer တစ်ယောက် ဖြစ်နေတာဆိုတာပါ။ မြန်မာလို ဆိုရင်တော့ “လိုရင်း မရောက်တဲ့လူ” လို့ ဘာသာပြန်လို့ ရမယ် ထင်တယ်။ ဒါက စိတ်ကျန်းမာရေးနဲ့ ဆိုင်တဲ့ လက္ခဏာတစ်ခု ဖြစ်တာမို့လို့ ဒါမျိုး အကျင့်စရိုက် ကိုယ့်မှာ ရှိနေလို့ ရှက်ရွံစရာ မလိုပါဘူး။ ကိုယ့်ကိုယ်ကို ပိုနားလည်ပြီး ပြုပြင်သင့်၊ထိန်းချုပ်သင့်တာကို ထိန်းချုပ်တတ်ဖို့က ဒီ မျှဝေခြင်းစာစု ရဲ့ ရည်ရွယ်ချက်ပါ။ တွေ့ရှိခြင်း အစ ဒီနေ့ အလုပ်မှာ ကျနော့် Senior ရေးထားတဲ့ Programming Code ကို Review လုပ်ရတဲ့အခါမှာ အချိန် တစ်နာရီကျော်လောက် အကုန်ခံပြီး ကျနော် စာပိုဒ် အရှည်ကြီး ရေးပေးလိုက်တယ်။ အဲဒီမှာ ကျနော့် Senior က reply ပြန်လာတာ တစ်ကြောင်းထဲ။ “မင်း ပြောနေတာတွေက ယခုအလုပ်ရဲ့ ရည်ရွယ်ချက် scope ပြင်ပ ရောက်နေတယ်” တဲ့ ။ ရုတ်တရက်တော့ ကြောင်သွားတာပေါ့ ။ ပြီးတော့ ကိုယ်က ကြိုးကြိုးစားစား လုပ်ထားပါရက်နဲ့ ဘာကြောင့် အသိအမှတ်မပြုတာလဲ ပေါ့ ။ အဲဒီ အဖြစ်အပျက်အပြီးမှာ Autism From The Inside ဆိုတဲ့ Youtube Channel (https://www.youtube.com/@autismfromtheInside) ကနေ “Are you an over-explainer” ဆိုတဲ့ talk ကို နားထောင်ဖြစ်တယ်။ အဲဒီ Talk ကနေ ကျနော့်အတွက် ကိုယ့်ကိုယ်ကို ပြန်နားလည်စေခဲ့တာပါ။ လက္ခဏာများ Talk ထဲမှာတော့ Over-Explainer တွေက email တွေ အရှည်ကြီး ရေးပြီး ပို့တတ်တာ။ စကားပြောရင် အကြာကြီး ပြောနေမိတာ ။ အကြာကြီး ရှင်းပြနေတာ စသဖြင့် လက္ခဏာတွေ ရှိတယ်လို့ ဆိုပါတယ်။ အဓိကကတော့ ကိုယ်ပြောသမျှ ၊ ရေးသမျှတိုင်းမှာ Because (ဘာကြောင့်) ဆိုတဲ့ ရှင်းပြချက်တွေ ထပ်ထပ်ထည့်နေမိတာပဲ။ ကိုယ့်စိတ်ထဲ ရှိသမျှတွေကို နားထောင်သူ သေသေချာချာ နားလည်စေချင်စိတ် နဲ့ အကုန် ပြောပြနေမိပေမယ့် တကယ်တမ်းကျတော့ အဲဒီလို