နိုင်ငံရေး မအလ ရဲ့ စစ်မှုထမ်း ဥပဒေကြောင့် တနိုင်ငံလုံး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ရဆုံးအချိန်ကာလပဲ။ ဘယ်သူနဲ့ တွေ့တွေ့ ဒီအကြောင်းပဲ ပြောကြတယ်။ မိဘတိုင်းကလဲ အိမ်ရောင်း၊ကားရောင်းပြီး သားသမီးကို နိုင်ငံခြားပို့ဖို့ ကြိုးစားနေကြတယ်။ နယ်တွေမှာတော့ မဲနှိုက် ရွေးချယ်တာတွေ ကြားနေရပြီ။ ရန်ကုန်၊မန္တလေးလို မြို့ကြီးတွေမှာလဲ အိမ်တိုင်ရာရောက် စာပို့တာတွေ ရှိလာပြီ။ ကချင်ဘက်က ထိုးစစ်တွေ အခြေအနေကောင်းတဲ့ပုံပဲ။ ရခိုင်ဘက်မှာလဲ မြို့နယ် ၈ မြို့နယ်လောက်အထိ AA က ထိန်းချုပ်ထားပြီးပြီ။ ရှမ်းမြောက်ဘက်ကတော့ ဗမာစစ်တပ် မရှိသလောက် ဖြစ်သွားတဲ့ ပုံ။ ဒီတော့ ရွေးချယ်စရာမရှိတဲ့အခါမှာ ဗမာစစ်တပ်က ပြည်မအတွင်းဘက်ခြမ်းကို ပိုင်ပိုင်နိုင်နိုင် ခံစစ် လုပ်ချင်ပုံပေါ်တယ်။ ဒါတောင် ရွာတွေ မီးရှို့ခဲ့တဲ့ အကျိုးဆက်ကြောင့် တကယ်တမ်း ထိန်းနိုင်မယ် မထင်ပါဘူး။ ဒါပေမယ့် စစ်မှုထမ်းဥပဒေကြောင့် စတေးခံရမယ့် လူဦးရေ ပိုများသွားမှာတော့ သေချာတယ်။ (ရခိုင်မှာ မကြာသေးခင်ကမှ ဆွဲသွင်းထားတဲ့ မွတ်စလင်ရိုဟင်ဂျာတွေကို စစ်တိုက်ခိုင်းတာကြောင့် သေနေကြတဲ့ ပုံတွေ တွေ့ရတယ်။) တော်လှန်ရေးဘက်က စိတ်မကောင်းစရာကတော့ Non-CDM တွေကို နှင်ထုတ်တဲ့ ကိစ္စ နဲ့ ထောင်ချတဲ့ ကိစ္စတွေ ကြားလာရတာပဲ။ ဒါ မဖြစ်သင့်တဲ့ ကိစ္စလို့ မြင်တယ်။ (အမြင်သာဆုံး ဥပမာ ပြောရရင် NLD ခေတ်မှာ ဗမာတွေ အုံလိုက်ကျင်းလိုက် AA ကို တိုက်ခိုက်ခဲ့ကြပေမယ့် AA ဘက်က သူတို့အသာရချိန်မှာ သာမန်ပြည်သူ ဗမာ (အစိုးရဝန်ထမ်း) တွေကို နှင်ထုတ်၊ထောင်ချတဲ့ သတင်း ကြားဖူးလို့လား)။ နောက်ပြီး မော်လူးဘက်မှာလဲ သစ်ခိုးထုတ်တာကို ပကဖ က ခွင့်ပြုလို့ ပြည်သူတွေ က တားတဲ့ သတင်းလဲ ထွက်လာတယ်။ နောက်ပြီး ဆားလင်းကြီးဘက်မှာ စက်ရုံကနေ ပစ္စည်းယူတာနဲ့ ပတ်သတ်ပြီး ပကဖ နဲ့ ပြည်သူနဲ့ ပြဿနာတက်တဲ့ သတင်းလဲ ထွက်လာတယ်။ တကယ်တို့ ပကဖ၊ပအဖ တွေက ပြည်သူတွေကိုယ်တိုင် (သို့) ဆန္ဒပြဦးဆောင်သူတွေအနေနဲ့ အလျင်စလို စိတ်လိုက်မာန်ပါ လုပ်ဆောင်ခဲ့မှု ရဲ့ အကျိုးဆက်ကနေ စတယ်လို့လဲ ပြောလို့ရတယ်။ (ဘာလို့လဲဆိုတော့ အာဏာသိမ်းသိမ်းချင်း လောက်မှာ ကိုယ့်မြို့ကို ကိုယ် အုပ်ချုပ်မယ် ဆိုတဲ့ အယူအဆကနေ အပြိုင်အဆိုင် ပကဖ၊ပအဖ တွေကို