ဒီ ဘလော့ပေါ်မှာ စာမရေးဖြစ်တာ ကြာပါပီ ။ ဒီအတိုင်း Depression နဲ့ဆိုင်တဲ့ အကြောင်းတွေ လျှောက်ဖတ်ကြည့်ရင်း ‘tell about it’ ဆိုတဲ့ အကြံပေးချက်ကို တွေ့လို့ ဒီအတိုင်း ဘလော့ လျှောက်ရေးတာ။ ဆရာကိုတာ ရဲ့ ဇင် စာအုပ်ထဲကလိုဆို Zen Diary လို့ ပြောရမလားပဲ ။ မစဥ်းစားပဲ ဦးနှောက်ထဲကို ဝင်လာသမျှ စာကြောင်းတွေကို ကောက်ခြစ်ရေးတာမျိုး ။ (စာရေးဆရာတယောက် ၏ မှတ်စုများ – စာအုပ်ထဲက ဖြစ်မယ်။ ပြီးခဲ့တဲ့ သြဂုတ်(၅) မှာပဲ အသက် ၂၅ နှစ် ပြည့်တယ်။ အဲလိုတွေးလိုက်ရင် ပိုစိုးရိမ်စိတ်များတယ်။ ဒီလထဲမှာလဲပဲ အခုငှားနေတဲ့ အိမ်မှာ ကိုယ်တစ်ယောက် ထဲ ဖြစ်သွားခဲ့တာ ။ ဖေကြီး က မန္တလေးကို ပြန်ပြောင်းသွားခဲ့တာဆိုတော့ ။ အရင်တုန်းက သားအဖ နှစ်ယောက်ဆိုတော့ စကားမပြောဖြစ်ရင်တောင် အိမ်ပြန်လာတိုင်း နွေးထွေးတယ်။ အဖေ ရှိတယ် ဆိုတဲ့ အသိ က ဘာပဲ ပြောပြော အထီးကျန်မဆန်ဘူးလေ ။ ဒီလမှာ တော်တော်ယောင်သွားသလို ခနခနလဲ စိတ်ဓါတ်ကျမိတယ်။ အသက် ထိပ်စီး/နောက်စီး ဂဏန်းတွေ ပြောင်းတာကလဲ ညသန်းခေါင် ခပ်နက်နက်မှာ ရှေးဟောင်းနာရီကြီးထဲက လက်တံ လည်သလိုပဲလေ။ ရပ်တန့်မသွားတော့မှန်း သိတယ်။ ဘယ်လို တိုးတက်အောင် ပြုလုပ်ရမလဲ ဆိုတာ မသိတာ ။ တနေ့တနေ့ ငါ အလုပ်လုပ်နေသလား – ငါ ဘာတွေ သင်ယူနေသလဲဆိုတာ အမြဲမေးနေမိတယ်။ ဒါပေမယ့် အဲဒီမေးခွန်းတွေက အကောင်းဘက်ကို ဦးမဆောင်တာ ဆိုးပါတယ်။ ဟိုတရက်က နားထောင်ဖြစ်လိုက်တဲ့ Podcast တစ်ခု အကြောင်းလဲ ရေးချင်တယ်။ Apple Cofounder – Woz လား?