in Fuck the Coup!, Monograph

မလွတ်မြောက်ခြင်း မှတ်တမ်း (ဒီဇင်ဘာ ၁၆၊၂၀၂၅)

Bondi Shooting

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ (ဒီဇင်ဘာ ၁၄) ရက်နေ့က Australia – Bondi ကမ်းခြေမှာ သားအဖ နှစ်ယောက်ကနေ လူအုပ်ထဲကို ပစ်တာတွေ လုပ်တယ်။ အနည်းဆုံး လူ ၁၅ ယောက်လောက် သေဆုံးသွားခဲ့တယ်။ စဥ်းစားနေမိတာက ဒီသားအဖ ရဲ့ ရည်ရွယ်ချက်က Jewish တွေကို လက်စားချေဖို့ ဖြစ်နိုင်တယ် ၊ ဒါမှမဟုတ် မွတ်စလင် (ဂါဇာ က လူတွေရဲ့) ခံစားရမှုကို တုန့်ပြန်တာ ဖြစ်မယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် အပြစ်မဲ့တဲ့လူတွေ သေဆုံးသွားရတာကိုက တရားတဲ့ ၊ မှန်ကန်တဲ့ နည်းလမ်းတော့ မဟုတ်ပါဘူး။ လက်နက်ကိုင် တိုက်ခိုက်မှုတိုင်းမှာ “တရားမျှတမှုကို ယူဆောင်မယ်” ဆိုတဲ့ အတွေးအခေါ် ရှိတယ်။ လက်စားချေလိုမှုကို စကားလုံးလှလှနဲ့ ဖုံးထားတဲ့ အတွေးအခေါ်ပေါ့။ ဒါပေမယ့် အဆုံးသတ်မှာတော့ ထပ်ဆင့် မုန်းတီးခြင်းတွေ ၊ ဆင့်ပွား လက်စားချေလိုခြင်းတွေ ပဲ ထပ်ဖြစ်လာစေတယ်။ တကယ်တမ်းကျ ကိုယ်ချင်းစာတရား ဖြစ်လာရမှာ။ Bondi Beach မှာ အသက်ဆုံးရှုံးသွားရတဲ့လူတွေအတွက် ဝမ်းနည်းသလို Gaza မှာ အသက်ဆုံးရှုံးလိုက်ရတဲ့ လူပေါင်းများစွာအတွက်လဲ ဝမ်းနည်းရမယ်။ ထို့နည်းတူ Hamas ရဲ့ ကျူးကျော်တိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးသွားရသူတွေအတွက်လဲ အတူတူပဲ ဖြစ်ရမယ်။ လက်နက်ကိုင် ပရိပက္ခတိုင်းမှာ လက်နက်မဲ့သူတွေ ဓါးစာခံ ဖြစ်ရတာ ထုံးစံပဲ။ အဲဒါက အချိန်ကြာလာရင် လူတွေအတွက်က ရပ်တည်တဲ့ဘက် ဆိုတာ ပျောက်ပြီး အသက်ရှင်သန်လိုခြင်း ၊ ငြိမ်းချမ်းစွာနေလိုခြင်းတွေ လွှမ်းမိုးလာမှာပဲ။ ယူဂရိန်းလိုမျိုး တခြားနိုင်ငံ နဲ့ စစ်ဖြစ်နေရတဲ့အချိန်မှာတောင် တပ်ပြေးတွေ ၊ လာဘ်စားမှုတွေ ဖြစ်နေတာကို ကြည့်ရင် သိနိုင်တယ်။

မြန်မာ စစ်ပွဲ

ပြီးခဲ့တဲ့ အပတ် (ဒီဇင်ဘာ ၁၃ ရက်နေ့ ဖြစ်မယ်) မြန်မာစစ်တပ်ကနေ ရခိုင် မြောက်ဦးဆေးရုံကို ဗုံးကြဲလို့ လူပေါင်း ၃၀ ကျော် သေဆုံးရတယ်။ မြန်မာနိုင်ငံမှာ ပျောက်ဆုံးသွားတာက အဓိက လူမျိုးစုလက်နက်ကိုင် ဖြစ်တဲ့ ဗမာစစ်တပ်အပေါ် အခြားလူမျိုးစုတွေက အယုံအကြည် မရှိတော့တာပဲ။ အဲဒီ နောက်ဆက်တွဲ ဗမာလူမျိုး မှန်သမျှ (ဗမာ တော်လှန်ရေးအဖွဲ့အစည်းတွေ အပါအဝင်) အပေါ် တိုင်းရင်းသားတွေရဲ့ ဆက်ဆံရေးက အယုံအကြည် အတော်နည်းမယ်။ ဒါကြောင့် ဖက်ဒရယ် ပြဿနာတွေ ၊ မိုးကုတ် ပြန်ပေးရတာမျိုးတွေ ၊ NUCC က နှုတ်ထွက်တာမျိုးတွေ – ဒီပြဿနာတွေ ဖြစ်နေရတာ။ ဒီအတွက်က အချိန်တော်တော်ကြာ ပြန်တည်ဆောက်ရမယ် ထင်တယ်။ ကြားထဲမှာ ဗမာစစ်တပ်ရဲ့ ခလောက်ဆန်မှုတွေ၊ ရန်တိုက်ပေးမှုတွေ လဲ ရှိနေနိုင်သေးတာဆိုတော့ ဆယ်စုနှစ်ချီ ကြာမယ် လို့တောင် ထင်တယ်။ အဲဒီ ယုံကြည်မှု မရသရွေ့ ဗမာစစ်တပ်ကို ဘယ်တော့မှ နိုင်မှာ မဟုတ်ဘူး ။ တိုင်းပြည်ဘဏ္ဍာတွေ စိတ်ထင်တိုင်း သုံးခွင့် ရှိပြီး လေကြောင်းအားသာချက် ၊ လက်နက် အားသာချက် ရှိတဲ့ စစ်တပ်ကို တစ်စု တဖွဲ့ထဲကနေ အနိုင်ယူဖို့ဆိုတာ မဖြစ်နိုင်ဘူး ။ ကိုယ့်နေရာ ၊ ပြည်နယ် ကွက်ကြားလေးတော့ ဖြစ်မှာပေါ့လေ။ ဒါပေမယ့် အခုလို အစုလိုက်အပြုံလိုက် အသတ်ခံရတဲ့ ဗုံးကြဲမှုတွေ ရင်ဆိုင်နေရဦးမှာပဲ။ စုစည်းဖို့ ဆိုတာ ပြောရလွယ်သလောက် လုပ်ဖို့အတော်ခက်တဲ့ ကိစ္စလို့ မြင်တယ်။ ဆီးရီးယားမှာတော့ HTS က လုပ်နိုင်ခဲ့တယ် လို့ ဖတ်လိုက်ရတယ်။ ဘယ်လို စုစည်းခဲ့သလဲ ဆိုတာကို သေချာ လိုက်ဖတ်ကြည့်ဦးမယ်။

ပညာရေး

ဒီနှစ်တော့ ဘယ် Certificate မှ ကောင်းကောင်း မဖြေလိုက်ရ။ ဖြေတဲ့ တစ်ခုကလဲ ကျ။ GCP Course တစ်ခုကလဲ enroll လုပ်ပြီး သေချာ မတက်ဖြစ်။ တကယ်တမ်းကျ အဲဒီကောင်က free exam boucher ရမှာဆိုတော့ သေချာလိုက်လုပ်ရမှာ။