မနေ့ (အောက်တိုဘာ ၇ ရက်နေ့) မနက်ပိုင်း ၃ နာရီလောက်မှာ မန်းလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်တယ်။ ဗမာစစ်တပ်က သေလုဆဲဆဲမှ လွတ်ငြိမ်းခွင့် လာဖတ်ပြသွားတယ် တဲ့ ။ ဖေ့ဘုတ်မှာတော့ ဝမ်းနည်းကြောင်းတွေ ပလူတွေ ပျံလို့ပေါ့ ။ ကိုယ်လဲ တစ်ခုခု ရေးချင်တာနဲ့ ဒီ ပိုစ့်ရေးဖြစ်တာ။ ဒေါက်ဇော်နဲ့ ပတ်သတ်တဲ့ အင်တာဗျူးတွေ နားထောင်လိုက်နားထောင်ဖြစ်တယ်။ ပြီးတော့ အဘဦးဝင်းတင် ရဲ့ “ဘာလဲဟဲ့ လူ့ငရဲ” စာအုပ် ပြန်ဖတ်ဖြစ်တယ်။ စာအုပ်တွေထဲက နိုင်ကျဥ်းတွေဘဝက ကိုယ်တွေ သူငယ်ချင်းတွေ ရင်ဆိုင်နေရတဲ့ ဘဝတွေလို့ အစားထိုး တွေးဖြစ်တယ်။ တိုင်းတပါး မှာ နေနေရလို့ လွတ်မြောက်သလို ဖြစ်နေပေမယ့် ဒီစာအုပ်အနီတစ်အုပ် ရဲ့ သားကောင်တော့ ဖြစ်နေဆဲပဲ။ လူ က ဘယ်လို လွတ်မြောက်တယ် ပြောပြော ၊ တစ်ခုခု ဆို သတင်းကြားတာနဲ့ စိတ်က ခြောက်ခြားတာတွေ ဖြစ်နေရတုန်းပဲ။ အဘဦးဝင်းတင် ပြောသလို တနိုင်ငံလုံး အကျဥ်းသားတွေချည်းပါပဲ။
ဘဝ မမေ့ ၊ အတိတ်မမေ့ဖို့ လိုတယ်။
အနာဂါတ်အတွက် ဘာဆက်လုပ်ရမလဲ တွေးမိတယ်။
ဒီမှာ ပျော်ပါးနေလို့ ကိုယ်တွေ ဘဝ တကယ် လွတ်မြောက်ရဲ့လား။
မအေလိုး ဗမာစစ်တပ် နဲ့ မင်းအောင်လှိုင် အပေါင်းအပါ တွေ … လို့ ထိုင်ဆဲနေရုံနဲ့ လွတ်မြောက်ပါ့မလား။
You must be logged in to post a comment.