Exam
နောက် ၁ ရက် ၊ ၂ ရက် ဆိုရင် စာမေးပွဲ ဖြေရတော့မယ်။ မသိရင် ဆယ်တန်းစာမေးပွဲ ပြန်ဖြေတုန်းက အချိန်လိုမျိုး ပြန်ရောက်သွားသလိုပဲ။ ရေးဖြေ မို့လဲ ပါမယ် ထင်တယ်။ မဖြေခင် စိတ်တွေ တင်းကြပ်ပီး လုပ်ချင်တာတွေ လျှောက်လုပ်နေတာ။ ညပိုင်းကျမှ နဲနဲ တည်ငြိမ်သွားတော့တယ်။ Sailing Vlog တစ်ခု ကြည့်လိုက်တယ်။ ပူတူး ဆီကနေ အားပေးစကားတွေ ကြားရတယ်။ Sailing Vlog ကို ကြည့်ရင်း ဘာတွေးဖြစ်သလဲဆိုတော့ ဒီကောင်တွေ ဘာမှ မရှိတဲ့ ပင်လယ်ပြင်ကြီးထဲမှာ တစ်နေ့ – တစ်နေ့ မသေအောင် နေရင်း ဖြတ်သန်းကြမှာပဲ။ လိုချင်တဲ့ နေရာရောက်ဖို့ ဆိုတဲ့ ရည်မှန်းချက်နဲ့ ရှင်သန်။ target နေရာ ရောက်ပြန်တော့လဲ နောက်တနေရာ ထပ်ရွေးရပြန်ရော ။ ပူတူးပြောသလို စာမေးပွဲနားနီးရင် ကိုယ့်အတွေးအခေါ်ဥာဏ်တွေ အလင်းပွင့်နေသလိုပဲ ????
Procrastination
စာမေးပွဲ ပြီးလို့ အလုပ်ထဲ ပြန်ဝင်ရင်တော့ အဲဒီအကျင့်ဆိုးကို မဖြစ်မနေ ဖျောက်မှ ရတော့မယ်။ မဟုတ်ရင် ထပ်လုပ်ရမယ့် အလုပ်တွေနဲ့ တိုင်ပတ်တော့မှာ ။ အခုတောင် တိုင်ပတ်စ ပြုနေပြီ ။ Procrastinate လုပ်လို့ စာမေးပွဲ ကျတာ ထက် အလုပ်မှာ ဂွမ်းတာက ပိုဆိုးလိမ့်မယ်။ နောက်ပြီး ရေရှည်ဘဝ အတွက်လဲ အဆင်မပြေပါဘူး။
Next Steps
အလုပ် အကြွေးတွေ အရင် ပြန်ဆပ်ရမယ်။ ပြီးရင် personal project တွေလဲ သေချာ ပြန်စမယ်။ အဓိက လိုနေတာ Time Management!!!!!
You must be logged in to post a comment.