မလွတ်မြောက်ခြင်း မှတ်တမ်း (ဧပြီ ၁၄ရက်နေ့)

အချိန်တွေကြာလာသလို အချို့သူတွေလဲ အားရော့ကုန်ပီ ထင်တယ်။ လမ်းထဲမှာ သံပုံးတီးသံတွေ ရော့လာတယ်။ ကြွေးကြော်သံတော့ မရှိသလောက်ပဲ။ ဦးပိုင် အဆောက်အဦး နဲ့ ရပ်ကွက်ရုံးတွေမှာ စစ်သား (သို့) ရဲ တွေ နေရာဖြန့်ချထားတာတွေကြောင့်လဲ ပါမယ်။ အရေအတွက်က မများပါဘူး။ ဒါပေမယ့် လက်နက်ရှိနေတာရယ် ၊ နေရာတိုင်းမှာ ထင်တိုင်းရမ်းကားနေတာရယ်တွေကြောင့် လူတွေက ကြောက်/ရွံကြီး ဖြစ်နေတာ။

နေရာတိုင်းမှာ မတရားမှုတွေ ဖြစ်နေတယ်။ ကားတွေ တားစစ်တယ်။ ပစ္စည်းတွေကို ထင်သလို ယူတယ်။ ဆိုင်တွေကို ဖောက်တယ်။အဖိုးတန်ပစ္စည်းတွေကို ခိုးတယ်။ အရင်က ၈၈ အကြောင်း စာအုပ်တွေထဲမှာ ဖတ်ခဲ့ဖူးသမျှထက် ပိုဆိုးရွားတာတွေက ဗမာစစ်တပ် ကျူးလွန်နေတာ။ လူသတ်တာလဲ အယောက် ၇၅၀ ကျော်သွားခဲ့ပီ။

နေ့တိုင်းမှာ အားတက်စရာဆိုလို့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကြောင့် စစ်ခွေးတွေ သေကြေနေတဲ့သတင်းမြင်ရဖို့ပဲ။ အမုန်းတရားက များနေပီ။ Free Burma Ranger မှတ်တမ်းရုပ်ရှင်ထဲကလို – ဘုရားသခင် အနေနဲ့ ဒီဗမာစစ်တပ်ကို မမုန်းမိဖို့၊မနာကျည်းမိဖို့ ဘယ်လို မေတ္တာတရားထားစေချင်သလဲ လို့ပဲ မေးရမယ်။ ရန်ကုန်မှာ သပိတ်တွေ အားပျော့သွားပေမယ့် နယ်ဘက်မှာတွေတော့ အရှိန်ကောင်းတုန်း။ ကလေးမြို့ ၊ တမူးမြို့ဘက်မှာတော့ တူမီးတိုက်ပွဲတွေ ဆင်နွှဲနေကြပီ။

တနေ့၊တနေ့ ဘာအတွက် အသက်ရှင်နေသလဲ လို့ မေးမိတယ်။ ဒီတော်လှန်ရေးကြီးမှာ ကိုယ် ဘယ်နေရာက ပါဝင်နိုင်မလဲ ဆိုတာရောပဲ။အများပြောသလို ဒီလို မေးနေရပီဆိုကတည်းက မြေပြင်တိုက်ပွဲနဲ့ ဝေးကွာသွားလို့ ဖြစ်မှာ။ မနေ့က ဘယ်လိုမှ အဆက်အစပ်မရှိပဲ အမေစု ကို အိပ်မက်မက်တယ်။ အပြင်မှာ ၂ ခါလားပဲ တွေ့ဖူးတာကို အိပ်မက်ထဲမှာတော့ ထင်ထင်ရှားရှားပဲ။ တချို့သူတွေ ဘယ်လိုပြောနေကြပါစေ – မြန်မာ့တော်လှန်ရေးမှာတော့ သူ(မ) က အရေးကြီးတဲ့နေရာတစ်ခုမှာ အမြဲရှိနေမှာ ။ မျှော်လင့်ချက် သင်္ကေတ တစ်ခုနဲ့ပေါ့ ။ သူ(မ) အစိုးရအဖြစ် တာဝန်ယူခဲ့တဲ့ ကာလအတွင်းမှာ မကြိုက်ခဲ့တာတွေလဲ ရှိသလို ဒီမိုကရေစီအရသာကို အမြည်းကျွေးခဲ့နိုင်တယ်လို့တော့ လက်ခံမိတယ်။ အန်တီခင်ခင်ဝင်းရေးတဲ့ ‘ရေဆန်လမ်းမှ အပြန်’ ဆိုတဲ့ စာအုပ်ကိုလဲ တကျော့ ပြန်ဖတ်တယ်။ မဗေဒါ အံကိုခဲပီး ဒီဗေဒါအုပ်ကို ဒီတကြိမ် ထပ်ကျော်လာဦးမယ်လို့ ယုံကြည်ပါတယ်။

ဘဏ်တွေက တိုကင်ယူပီး ပိုက်ဆံထုတ်နေရသလို ပွဲစားတွေလဲ ပြန်ပေါ်လာတယ်။ မကြာခင် ဌာနတိုင်းမှာ အမြတ်ကြီးစား ပွဲစားတွေနဲ့ ခြစားမှုတွေ ပြန်ဖြစ်လာတော့မှာပါ။ ဒီနိုင်ငံက အဝေးထွက်ပြေးသွားချင်တဲ့ စိတ်ဖြစ်တိုင်း အတ္တကြီးနေမိပီလား လို့ ကိုယ့်ကိုယ်ကို အကြိမ်ကြိမ်ပြန်မေးမိတယ်။ အသက်ကြီးလာတဲ့ တနေ့ ဒီစာတွေ ပြန်ဖတ်ခွင့်ရချင်ပါသေးတယ်။ လောလောဆယ်တော့ ဘာစာမှ လုပ်လို့ မရဘူး ။ အလုပ်ထဲလဲ အာရုံစိုက်လို့ မရဘူး ဖြစ်နေတယ်။

Auto-formatters for Python
Project
admin

VSCode တွင် Python Code Formatting စမ်းသပ်ခြင်း

Python Code Formatter tool တွေအကြောင်း (Black , Ruff, etc) ဖတ်ဖူးတာ ကြာပီဆိုပေမယ့် vscode မှာ setup မလုပ်ဖြစ်ဘူး။ ဒီမနက် အစောကြီး နိုးနေတာနဲ့ computer ရှေ့ ထိုင်ရင်း လျှောက်စမ်းရင်း တော်တော်ကြာသွားတယ်။ အကြောင်းရင်းက vscode မှာ သွင်းထားမိတဲ့ pylance က အနီရဲရဲ error message တွေကို ကြာလာတော့ မြင်ရတာအဆင်မပြေတာကြောင့်

Read More »

မလွတ်မြောက်ခြင်း မှတ်တမ်း (အောက်တိုဘာ ၁၀၊၂၀၂၃)

အလုပ်တစ်ခု ရှိတော့ မနက်စောစောထပြီး အလုပ်လုပ်ဖြစ်တယ်။ Youtube မှာ သီချင်းဖွင့်ထားရာကနေ အစ္စရေး-ပါလက်စတိုင်း စစ်ပွဲသတင်းတွေ တက်လာလို့ နားထောင်ဖြစ်သွားတာ။ စစ်ပွဲတွေရဲ့ အစ-အဆုံးက ဘာလဲ။ စစ်ပွဲတွေမှာ တရားသောစစ် ဆိုတာ ရှိသလား။ သေဆုံးသွားကြသူတွေ (စစ်သားတွေပဲ ဖြစ်ဖြစ် ၊ အရပ်သားတွေပဲ ဖြစ်ဖြစ်) – တရားသော နည်းဖြင့် သေဆုံးခြင်း မှ မဟုတ်တာ။ ဒီ အပေါ်စာတပိုဒ် မဆုံးခင်မှာပဲ ဒီ မနက်

Read More »
Buddha Scratch
Fuck the Coup!
admin

မလွတ်မြောက်ခြင်း မှတ်တမ်း (စက်တင်ဘာ ၂၀၊၂၀၂၃)

စိတ်ထဲမှာ တစ်စုံတစ်ရာ ကြောက်ရွံ့ခြင်းကို ခံစားနေရတယ်။ Eminem ရဲ့ Not Afraid သီချင်းကို ဖွင့်ထားတယ်။ မနေ့က mechanical keyboard မွေးနေ့ လက်ဆောင်ရတယ်။ Code ရေးတဲ့ အရည်အသွေးများ ပိုတိုးတက်လာမလားပဲ။ အခုထိ Design Patterns တွေကို နားမလည်သေးဘူး။ နားမလည်ခြင်းရဲ့ အကြောင်းအရင်းက အလေ့အကျင့် (ချရေးကြည့်နေတာ) မဟုတ်လို့ ထင်တာပဲ။ အလုပ် ပရောဂျက်တွေထဲမှာ ထည့်သုံးမယ် လို့ စဥ်းစားပေမယ့်လဲ

Read More »

ဗီယက်နမ် ခရီးမှတ်တမ်း – ၂

August 20,2023 ၉ နာရီ လေယာဥ်ကို ၆နာရီခွဲဝန်းကျင်လောက် လေဆိပ်အရောက်သွားတယ်။ အဲဒီမှာ လူအုပ်ကြီးကို ကြည့်ပြီး ဝရုန်းသုန်းကား စဖြစ်တော့တာပဲ။ ၂ ယောက်ပေါင်းရင် kg 40 ကျော်ရပေမယ့် Luggage တစ်ခုတည်းက 32kg ကျော်နေလို့ ticket counter က စရစ်တယ်။ SGD 60 လောက် အပိုထပ်ပေးပီး kg ဝယ်လိုက်ရတယ်။ luggage တွေ ပစ္စည်းတင်တဲ့ ပတ်လမ်းကြောင်းပေါ်

Read More »