မကြာခင် ၂၀၂၀ ကုန်ပီး ၂၀၂၁ ကို ရောက်တော့မယ်။ Year Reflection ရေးစရာ ရှိပါ့မလားတွေးရင် ဒီစာကို ရေးဖြစ်တာ ။

တနှစ်တာ သင်ယူဖြစ်ခဲ့တာတွေ –

  • Google App Script
    • Office Automation ပိုင်းအတွက် စရေးဖြစ်ခဲ့တာ ။ Dr.Thuta Chatbot မှာ ည(၈)နာရီတိုင်း ပို့ရတဲ့ message တွေအတွက် automate ဖြစ်အောင် လုပ်ရင် V1/V2 ၂ မျိုး ထုတ်နိုင်ခဲ့တယ်။
    • အရမ်းကြီး စိတ်တိုင်းကျတဲ့အထိ (Code က Copy-Paste – Modify အဆင့်ပဲ ရှိတာမို့) မဖြစ်ခဲ့ဘူး။ Javascript အခြေခံမရှိတာကြောင့်လဲ ပါမယ်။
    • UI/UX – bootstrap အပိုင်း အစ လေ့လာနိုင်ခဲ့တယ်။
  • PowerBI
    • Online Scholarship တခု ရခဲ့တယ်။ အကြောင်းအမျိုးမျိုးကြောင့် ပီးအောင်တော့ မတတ်ဖြစ်ခဲ့ဘူး ။ သာမန် Dashboard တစ်ခုတော့ ကောင်းကောင်းဆောက်နိုင်ပီလို့ ထင်တယ်။ Pcode ကောင်းကောင်း သုံးတတ်ပီ ။ >.<
    • DAX , M query တွေကိုတော့ beginner level သုံးနိုင်ရုံပဲ ရှိသေးတာ ။
  • Python
    • ၂၀၂၀ နှစ်ကုန်ခါနီး (after August) လောက်မှာမှ အသည်းအသန် ပြန်ရုန်းဖြစ်ခဲ့တယ်။ အားရတယ်။ ကိုယ့် level ကို ကိုယ် သိလာတယ်။
    • OpenCV အခြေခံပီး OCR Project လေးတခု ကိုယ့်ဘာသာ ရေးဖြစ်ခဲ့တယ်။ Tesseract မြန်မာစာ အရမ်းမကောင်းတော့ result တော့ အားမရဘူး ။ ဒါကိုတော့ 2021 ထဲမှာ Version အသစ်တခု လုပ်နိုင်အောင်တော့ ကြိုးစားရမှာပဲ ။ မြန်မာစာအတွက် Table OCR ရသွားရင် တော်တော်အပြောင်းအလဲ ဖြစ်မှာ။
    • DEDC ကို ကူရင်းနဲ့ Coursera study group (Data Science Track) ကို Tutor ဝင်လုပ်ပေးဖြစ်တယ်။ ကိုယ်ကိုယ်တိုင် က DS မှာ beginner ဆိုတော့ အခြားသူကို ပြန်သင်ပေးဖို့ တော်တော်ခက်ပါတယ်။ ဒါပေမယ့် သူများကို သင်ပေးတာက ကိုယ့်အတွက် အကောင်းဆုံးသင်ကြားခြင်းပဲ ဆိုတာကိုတော့ လက်ခံလာတယ်။ စာပိုဖတ်ဖြစ်တာကိုး။ Certificate တွေလဲ အပို ရလိုက်တယ်။ >.<
  • SQL – Google Sheets
    • Google Sheets formula တွေကို သုံးတတ်ဖို့ ကြိုးစားရင်းနဲ့ Regex / QUERY function တွေ အရေးပါပုံကို သိလာတာ ။ VoteMM အတွက် ကူရင်း Data Cleaning ပိုင်းအတွက် sheets ကို သုံးသင့်သလောက် သုံးတတ်ပေမယ့် ပြဿနာကို ဖြေရှင်းနိုင်တဲ့ အဆင့်တော့ မဟုတ်သေးဘူး ။
    • ၂၀၁၉ နှစ်ဆုံးမှာ Google Certified ဖြစ်ဖို့ အိပ်မက် မက်ခဲ့ပေမယ့် ၂၀၂၀ ထဲမှာ ဖြစ်မလာခဲ့ဘူး။
  • English
    • ကိုယ့်ကိုယ်ကို အားမရဆုံးပဲ ။ ၂၀၂၁ ထဲမှာတော့ IELTS ဖြေနိုင်ဖို့ ကြိုးစားချင်တယ်။

အခုက မနက် ၅ နာရီ ။ Python တွေ ရေးနေရင်းနဲ့ blog ပေါ် ရောက်လာတာ ။ နောင်တချိန် ပြန်ဖတ်တဲ့အခါ ကိုယ့် progress ကို တိုင်းနိုင်ဖို့ ရည်ရွယ်ပါတယ်။

၂၀၂၁ မှာ ဘာဖြစ်ချင်သလဲ လို့ မေးရင် – အိမ်ကို ဒီထက်မက ထောက်ပံ့နိုင်ချင်တယ်။ ကိုယ်ကိုယ်တိုင်လဲ ဒီအခြေအနေထက် (အထူးသဖြင့် – ပညာရေးမှာ) ပိုတိုးတက်ချင်တယ်။

Categories: Monograph