အာဏာသိမ်းတာ တစ်နှစ် ပြည့်တော့မယ်။ #FailedCoup လို့ ပြောဆိုနေတဲ့သူတွေ ရှိသလို စစ်ကောင်စီ စစ်ခွေးတွေရဲ့ အကြမ်းဖက်မှုတွေကြောင့် ထိခိုက်နစ်နာ ဘဝပျက်ခဲ့ရတဲ့ မိသားစုပေါင်းလဲ သိန်းချီ သောင်းချီ ရှိနေပြီပဲ ။ မြို့ပြတွေပေါ်မှာ ဘာမှ မဖြစ်ချင်ယောင် ဟန်ဆောင်ပြီး ပျော်သလို နေနေကြပေမယ့် ကျေးလက်တောရွာတွေမှာ လက်နက်ကိုင်တော်လှန်ရေးက နက်နက်ရှိုင်းရှိုင်း ဝင်နေပြီ ။ သားဖြစ်သူ ကိုင်ဖို့ တူမီးလက်နက်အတွက် နားကပ်ဖြုတ်ရောင်းပေးတဲ့ လယ်အလုပ်သမ မိခင်တစ်ယောက်အကြောင်း RFA Interview Video ကြည့်လိုက်ရတယ်။

မနေ့ညက ဆွေမျိုး ကြီးကြီးတစ်ယောက် နှလုံးအမောဖောက်ပြီး ကွယ်လွန်သွားတယ်။ သေဆုံးခြင်း နဲ့ ရှင်ခြင်း ကြားမှာ ပဝါပါးပါးလေးပဲ ခြားတယ် ဆိုသလိုပေါ့ ။ ခေတ်ဆိုးထဲကနေ လွတ်မြောက်သွားပြီ လို့ အကောင်းဘက်ကနေ တွေးကြည့်မိတယ်။ ကျန်နေရစ်သူတွေအတွက်ရော ဘယ်လို စိန်ခေါ်မှုတွေ ဆက်လာဦးမလဲ။ စစ်ကျွန်ဘဝ အောက်မှာရော ဘယ်လောက်ကြာကြာ ဆက်နေရဦးမလဲ။ ပြည်တွင်းစစ်ကြောင့် ကိုယ်ကိုယ်တိုင် အိုးပစ်အိမ်ပစ် ထွက်ပြေးရမယ် ဆိုရင်ကော ဘယ်လို လုပ်သင့်သလဲ။ ဒီနိုင်ငံက တစ်ယောက်စာ ရှောင်သွားနိုင်တယ် ဆိုရင်တောင် ကိုယ့်မိသားစု ဆွေမျိုးတွေအတွက် ဘယ်လို စဥ်းစားရမလဲ။ ဒီနေ့က ပြာသို လပြည့် – အမေနေ့ ။

အနာဂါတ်မှာ ကိုယ့်ကိုယ်ကို ဘာကောင်ဖြစ်မလဲ လို့ စဥ်းစားလို့ မရတဲ့ နေ့တွေ။ 30 days of Javascript – ၅ ရက်မြောက်နေ့ ရောက်ပြီ ။ Gym ဆော့ဖြစ်တယ်။ (တစ်ခုခု ပြေးရလွှားရ ဆို ကိုယ့်ဗိုက်တောင် ကိုယ် မသယ်နိုင်မှာစိုးလို့။) အိပ်ရတော့မယ်။ မအိပ်ခင် ကျောင်းခိုးတက်တဲ့ ခွေးသားတစ်ကောင်ကို ဆဲလိုက်ရသေးတယ်။ ဘယ်သူသေသေ ငတေမာရင် ပြီးရော ဆိုတဲ့ စိတ်ဓါတ်တွေ ။ ဒီလိုစိတ်ဓါတ်တွေကြောင့် စစ်ကျွန်ဘဝ မှာ နေသားကျနေကြတာ။

Categories: Fuck the Coup!